← Chapters

မင်းပျော်တာကိုမြင်ချင်တယ်

Vol. 46 Ch. 915

မင်းပျော်တာကိုမြင်ချင်တယ်

Vol. 46 Ch. 915

“ရှောင်ကျို့လား”

ထိုအချိန်၌ အသက်လှောင်အိမ်တွင်းမှ မုချင်းလင်သည် မြေပေါ်မှထကာ သူမအားလာကယ်သည့် ပေထင်းဟွမ်အား မယုံကြည်နိုင်စွာကြည့်လေသည်။ သို့သော် သူမသည် တစ်ဦးတည်းလာခြင်းဖြစ်သည်။

“လင်အာ ငါ့လင်အာလေး ငါ နောက်ကျသွားတယ်”

အသက်လှောင်အိမ်ကိုကြည့်လိုက်ရာ သာမန်မှော်သားရဲများကို ချုပ်သည့် လှောင်အိမ်များထက်ပင် ပို၍တင်းကြပ်ကာ အပြင်တွင် ရွှေရောင် နတ်စွမ်းအားဝိုင်းရှိနေသည်ကို မြင်လိုက်ရသည်။ စွမ်းအားပါဝင်ကာ ၎င်းကို ဖျက်ဆီးလိုက်လျှင် ရှန့်ကျွင်းသည် ချက်ချင်းသိမည်ဖြစ်သည်။

သို့သော် ဘာဖြစ်သနည်း။

စိတ်ထဲတွင်တွေးလိုက်သည်နှင့် ပေထင်းဟွမ်၏လက်ထဲမှ ခါးပတ်သည် ဓားပျော့အဖြစ်ပြောင်းသွားကာ ပေထင်းဟွမ်ပင် သတိမပြုမိသည့် မိုးပြာရောင် စွမ်းအင်နှင့် မင်၏စွမ်းအားတို့ ရောနှောသည့်စွမ်းအားတို့ ပြည့်နှက်သွားလေ သည်။ ကိုးရောင်နိဗ္ဗာန်မီးကို ရွှေ့ပြောင်းလိုက်သည်နှင့် ဓားပျော့ထဲမှစွမ်းအား သည် အသက်လှောင်အိမ်ဆီသို့ ခပ်ကြမ်းကြမ်းဝင်ခုတ်လေသည်။

ဘုန်း...

ကမ္ဘာမြေကြီးနှင့်တောင်များ လှုပ်ယမ်းသည့်အသံနှင့်အတူ အသက် လှောင်အိမ်သည် ပေထင်းဟွမ်၏ရိုက်ခတ်မှုအောက်တွင် ပြိုကွဲသွားကာ အပိုင်းအစများသည် ရှန့်ကျွင်း၏ပုလ္လင်ပေါ်ထိ လွင့်စင်သွားလေသည်။ တောက်ပပြီး အဆင့်အတန်းမြင့်၊ သန့်စင်သောပုလ္လင်သည် မြင်မကောင်းရှု မကောင်းတော့ပေ။

“ရှောင်ကျို့ ဘယ်လိုလုပ် တစ်ယောက်တည်းလာတာလဲ နင် နင်.. နင် တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ၊ ဘာလို့ အဲလောက်တောင် တုံးအရတာလဲ၊ ငါ သေသွားရင်လည်း ဘာဖြစ်လဲ” ယိုယွင်းနေသောလှောင်အိမ်ထတွင်ရပ်ကာ မုချင်းလင် ဘာပြောနိုင်မည်နည်း။ သူမသည် ဂရုမစိုက်နိုင်တော့ပေ။ သူမသည် ပေထင်းဟွမ်၏လက်ကို ဆုပ်ကိုင်ပြီး ဆက်တိုက်စောဒကတက်နေသည်။

သူမ လာမည်ကို ရှင်းလင်းစွာသိထားသည်။ မည်သို့ပင်ဖြစ်စေကာမူ သူမ လာလိမ့်မည်။ သို့သော် ပေထင်းဟွမ် အမှန်တကယ်ရောက်လာချိန်တွင် မုချင်းလင်သည် လွန်စွာနောင်တရမိသည်။ သူမရောက်လာရန် ဘာကြောင့် မျှော်လင့်မိသနည်း။ အကယ်၍ သူမတစ်စုံတစ်ရာဖြစ်သွားလျှင် မည်သို့လုပ်ရ တော့မည်နည်း။ မုချင်းလင်သည် မတွေးရဲတော့ပေ။ သူမသည် ရှေ့တိုးက ပေထင်းဟွမ်အားပွေ့ဖက်ပြီး ထိန်းချုပ်မဲ့စွာ ငိုကြွေးမိသည်။

“အရူး ငါက ဘယ်လိုလုပ် မလာဘဲနေလို့ရမလဲ၊ လော့ပေမြို့မှာ မင်းငါ့ကို ဘယ်လိုမျိုးတွေ ကာကွယ်ပေးခဲ့လဲဆိုတာမှတ်မိလား၊ သူများတွေ ငါ့ကိုရိုက် တုန်းက မင်းက ငါ့ရှေ့မှာကာကွယ်ပေးခဲ့တာလေ၊ ငါ့မှာ စားစရာမရှိတုန်းက မင်းက ပေါက်စီယူလာခဲ့ပေးတယ်၊ ပေါက်စီကအေးနေလို့ မင်းခန္ဓာကိုယ်နဲ့ နွေးအောင်လုပ်ပြီးမှ ငါ့ကိုကျွေးခဲ့တာလေ၊ ငါ နေမကောင်းဖြစ်ရင် နေမဝင် တောလိုမျိုး အန္တရာယ်များတဲ့နေရာကို တစ်ယောက်တည်းသွားပြီး ဆေးရှာပေး ခဲ့တာလေ၊ မင်း ငါ့ကိုကောင်းကောင်းသိတာပဲ.. ပြီးတော့ မင်းက ဘာမှ စောဒကမတက်ခဲ့ဘူး၊ သူများတွေရှေ့မှာ ငါ့ရဲ့ဇနီးလောင်းဖြစ်ရတာ လင်အာ.. အသက်က ဒီကမ္ဘာမှာ အဖိုးတန်ဆုံးဖြစ်ချင်ဖြစ်လိမ့်မယ်၊ ဒါပေမဲ့ တချို့ခံစား ချက်တွေက အသက်ထက် ပိုအဖိုးတန်တယ်” ပေထင်းဟွမ်သည် သူမကို လက် တစ်ဖက်ဖြင့် ပွေ့ဖက်ပြီး နူးညံ့စွာပြောလေသည်။

သူမသည် မုချင်းလင်၏ ပါးလွှာသောပခုံးကို ဆိတ်ပြီး နူးညံ့မှုများဖြင့် ပြည့်နေသောအသံနှင့်ပြောလေသည် “နောက်ဆိုရင်သေမယ့်အကြောင်းမပြော နဲ့တော့ ငါနဲ့ဆိုရင် မင်းအသက်ကို ဘယ်သူမှယူမသွားစေရဘူး၊ ငရဲမင်းဆိုရင် တောင်မပြောနဲ့၊ လင်အာ၊ ငါမကြောက်ဘူး၊ ငါ့ကိုယုံ ငါတို့အဆင်ပြေမှာပါ၊ ငါက ငတုံးမှမဟုတ်တာ ငါ ဒီကိုတစ်ယောက်တည်းလာတာမှန်ပေမဲ့ ငါတို့ကို ဂရုစိုက် ပေးနေတဲ့သူရှိတယ်၊ မင်းက အကောင်းဆုံးမိန်းကလေးပဲ၊ နောက်ဆိုရင် မင်း မြေးတွေမြေးမတွေနဲ့ အသက်ရှည်ရှည်နေရမှာ၊ ငါ မင်းပျော်ရွှင်တာကို ကြည့်ချင်သေးတယ်”

မုချင်းလင်သည် သူမကိုစောင့်ကြည့်နေသူရှိသည်ဟု ကြားသည်နှင့် စိတ် ငြိမ်သွားသည်။ သူမသည် ခေါင်းမော့ပြီး ပေထင်းဟွမ်အားကြည့်ရာ ကျရှုံးမှု မရှိ သည့်မျက်လုံးများကိုမြင်သည်နှင့် မုချင်းလင်သည် လေးလံစွာနှင့်ခေါင်းညိတ် လိုက်သည် “ရှောင်ကျို့ ငါ မကြောက်ဘူး”

“ဟုတ်ပြီ အရင်ဆုံး မင်းကို နေရာတစ်ခုကိုပို့ပေးမယ် အဲဒီမှာ ရက် နည်း နည်းလောက်ခဏလောက်နေလိုက်ပါ၊ ပြီးရင် မင်းကိုထုတ်ပေးမယ်”

ပေထင်းဟွမ်သည် ပြောပြီးသည်နှင့် တစ်စက္ကန့်မှအချိန်မဆွဲပေ။ တစ်ချက်တွေးလိုက်ပြီး မုချင်းလင်ကို လက်ပတ်နေရာထဲသို့ ပို့လိုက်သည်။ သူမသည် ခန္ဓာကိုယ်မှ အနက်ရောင်ဝတ်ရုံကိုဆုပ်ကိုင်ပြီး အထဲမှ ပြောင်မြောက်သော ချပ်ဝတ်တန်ဆာရဲရဲကို ထုတ်ပြလေသည်။ မီးနှင့်တူသော ကြာပန်းနီစီးဆင်းလာပြီး အဆင့်မြင့် နတ်လက်နက်ချပ်ဝတ်တန်ဆာသည် နတ်ဘုရားများ၏ ရိုက်ချက်ကိုပင် တောင့်ခံနိုင်ပုံပေါ်လေသည်။

All Chapters