ဒီစီရင်ချက်ကို ငါ့အတွက် ဆွဲချပေး
Vol. 46 Ch. 916
ပေထင်းဟွမ်သည် လူကယ်ရန်အတွက် ပင်မခန်းမဆီသို့ အမြန်ပြေးလာခဲ့ ပြီး မုချင်းလင်ကို လက်ပတ်အတွင်းသို့ တစ်ခဏအတွင်းပို့ပေးခဲ့သည်။ ထိုအချိန်တွင် ခန်းမတစ်ခုလုံးတွင် စီရင်ချက်ဗိမာန်မှစစ်သည်များအားလုံး သတိပေးချက်ရကာ သတိပေးသံများလည်း အပြင်ဘက်သို့ လွင့်ပျံသွားလေ သည်။ ချက်ချင်းဆိုသလိုပင် စီရင်ချက်ဗိမာန်တစ်ခုလုံးနှင့် သန့်စင်သောမြို့ တစ်ခုလုံးပင် ပျာယာခတ်ကုန်သည်။
“အမြင့်ဆုံးသတိပေးချက်ပဲ”
နတ်ဘုရားအသံသည် နီးကပ်လာသည်။ ပေထင်းဟွမ်၏မျက်လုံးထဲတွင် အေးစက်သောအလင်းရှိနေပြီး စီရင်ချက်နတ်ဘုရား၏လက်ထဲမှ လှံတံကို စိုက်ကြည့်နေသည်။ ဒါက သခင်ကြီးရဲ့ လက်နက်မဟုတ်ဘူးလား။ ပေထင်းဟွမ်သည် လက်ထဲမှဓားကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ “ဒီ သခင်ကြီးလက်နက်ကို မချိုးနိုင်ရင်တောင် စီရင်ချက်ဗိမာန်က ဒီရုပ်ထုကို ဖျက်ဆီးလို့ရနိုင်တယ်”
တစ်ကိုယ်လုံးမှစွမ်းအားများ လှုပ်ရှားသွားပြီး ကစဥ့်ကလျားနတ်အရင်း အမြစ်နှင့် မင်စွမ်းအင်တို့သည် ပေထင်းဟွမ်၏အကြောထဲတွင် အရူးအမူး ပြေး လွှားကာ ကောင်းကင်နှင့်မြေကြီး စွမ်းအားတို့သည် ပေထင်းဟွမ်၏ ခန္ဓာကိုယ် ထဲသို့ ရူးသွပ်စွာ ထိုးဝင်သွားပြီး ပေထင်းဟွမ်ကို သက်ပြင်းချမိစေသည်။ စီရင်ချက်ဗိမာန်၏အလိမ်အညာကြောင့်သာမဟုတ်လျှင် လေ့ကျင့်ရန် နေရာ ကောင်းဖြစ်လိမ့်မည်။
ဓားပျော့အစွန်တွင် ကိုးရောင်နိဗ္ဗာန်မီးစုပုံလာကာ စွမ်းအားများ စုစည်း လာသည့် အတောက်ပဆုံး အလင်းထွက်လာသည်။ ပေထင်းဟွမ်၏လက်ထဲမှ ဓားပျော့သည် စီရင်ချက်ဗိမာန်ရုပ်ထု၏ လက်ထဲရှိ လှံတံဆီသို့ ရိုက်ချလေ၏။ စွမ်းအင်ရစ်ပတ်ထားသော ကိုးရောင်နိဗ္ဗာန်မီးသည် စီရင်ချက်လှံတံကိုရိုက်မိ သည်နှင့် ပေထင်းဟွမ်၏ခန္ဓာကိုယ်သည် ကြယ်ကြွေသကဲ့သို့ ခန်းမမှ လွင့်စင် သွားလေသည်။
ဘုန်း..
စီရင်ချက်ဗိမာန်၏ ပင်မခန်းမဆီမှ မီးတောက်များ ပွင့်ထွက်လာပြီး ကြီး မားသော အဖြူရေင်မီးလုံးသည် မိုးပေါ်သို့လွင့်သွားလေသည်။ ထိုအားကောင်း သော အင်အားကြောင့် ခန်းမတစ်ခုလုံးသည် ပြိုကွဲသွားကာ အဘက်ဘက်သို့ ပြန့်ကျဲသွားလေသည်။ ၎င်းပွင့်သွားသောအခါ ပင်မခန်းမလည်းပြိုကျသွားလေ သည်။
ကိုးရောင်နိဗ္ဗာန်မီးသည် သေချာပေါက် သာမန်မီးမဟုတ်ပေ။ ၎င်းသည် သေးငယ်သောအမျှင်စုလေးဆိုလျှင်တောင် လေ သို့မဟုတ် ရေနှင့် မခွဲခြားနိုင် ပေ။ မည်သည့်ပစ္စည်းမဆို ၎င်းနှင့်အနည်းငယ်ထိမိလျှင် လောင်ကျွမ်းသွားပြီး မီးတောက်ကို ခွဲခြားရမည်မဟုတ်ပေ။ မီးတောက်ထဲမှ စွမ်းအင်သည် အလိုလို ပင် လောင်ကျွမ်းသွားမည်ဖြစ်သည်။
ထိုအချိန်တွင် ကိုးရောင်နိဗ္ဗာန်မီးထွက်သွားကာ မီးပွားတစ်ခုချင်းစီသည် ဆိုးသွမ်းသောကလေးများအလား စီရင်ချက်ဗိမာန်၏ထောင့်တိုင်းဆီသို့ ရောက် သွားပြီး မီးတောက်အဖြစ်စုပုံလေသည်။
စီရင်ချက်ဗိမာန်တစ်ခုလုံးတွင် မီးတောက်ပင်လယ်ဝေသွား၏။
ရှန့်ကျွင်းကျိမင်သည် လျင်မြန်စွာပင် စီရင်ချက်ဗိမာန်အင်အားစုကို ဦးဆောင်ပြီး မြို့တံတိုင်းမှပြန်လာချိန်တွင် ကမ္ဘာအဆုံးသတ်သည့်မြင်ကွင်းကို မြင်လိုက်ရသည်။ ခမ်းနားပြီးသန့်စင်သောနန်းတော်တွင် ကိုးရောင်ပင်လယ် ဖြင့်ပြည့်နှက်နေသည်။ မီးတောက်များကွဲအက်သံသည် နေရာတိုင်းတွင် လောင်ကျွမ်းနေသည်။ ဗိမာန်စစ်သည်များသည် ပေထင်းဟွမ်အား နေရာအနှံ့ လိုက်ရှာကြသည်။ ပေထင်းဟွမ်သည် ညပိုင်းနတ်သမီးအလား ဗိမာန်စစ်သည် များအကြားမှ ခွဲထွက်သွားလေသည်။
သူမလက်ထဲမှ ငွေရောင်ဓားပျော့သည် သေမင်းတံစဉ်လိုပင်။ သူမကို မည်သူပင်ထိစေကာမူ သူမ၏လက်ထဲမှဓားပျော့သည် ပျံထွက်သွားသည်။ လူ တစ်ယောက်၏ အသက်ကို ရိတ်သိမ်းရသည်မှာ ဂေါ်ဖီထုပ်ကို ဖြတ်တောက် နေရသလိုပင်။
ထိုမြင်ကွင်းကိုကြည့်ပြီး ရှန့်ကျွင်းသည် ဒေါသကြောင့် နောက်ပြန်လဲကျ မတတ်ပင်။ ပေထင်းဟွမ်မှ မုချင်းလင်ကိုချုပ်ထားသော လှောင်အိမ်ကို ဖွင့်လိုက်ကတည်းကပင် သူ အာရုံရထားသည်။ သူသည်လည်း မျှော်စင်ကို မျက်နှာချင်းဆိုင်ထားသောလူကို သိသွားသည်။ “ပေထင်းဟွမ်သည်” အတုဖြစ် သည်။ သူသည် အလျင်စလိုပြန်လာသော်လည်း ပေထင်းဟွမ်သည် စီရင်ချက် ဗိမာန်ထဲသို့ ဖောက်ဝင်ပြီး စီရင်ချက်ဗိမာန်ကို ဖျက်ဆီးထားလိမ့်မည်ဟု ထင် မထားပေ။
“ငါ့အတွက် ဒီစီရင်ချက်ယူပေး”
ထိုအချိန်တွင် ပေထင်းဟွမ် သန့်စင်သောမြို့ထဲဝင်ပြီး စီရင်ချက်ဗိမာန် သို့ရောက်နေသည်ကို သိရန် အလွန်နောက်သွားပြီဖြစ်၏။ သူသည် မြို့ထဲတွင် လတစ်ဝက်ကြာအောင်နေခဲ့သော်လည်း ပေထင်းဟွမ်သည် လွတ်ပေါက်ကို အခွင့်ကောင်းယူခဲ့သည်။ ဤကဲ့သို့အရာမျိုးသည် စီရင်ချက်ဗိမာန်ကို ကမ္ဘာ့ အလယ်တွင် ဟာသတစ်ခုဖြစ်စေပြီး သူ၏အစွမ်းအစကို မေးခွန်းထုတ်စေ၏။