Chapters

ကျိမင် နောက်ဆုံးတော့ မင်းထွက်လာပြီပဲ

Vol. 46 Ch. 917

ကျိမင် နောက်ဆုံးတော့ မင်းထွက်လာပြီပဲ

Vol. 46 Ch. 917

နတ်စွမ်းအားတစ်ခုမှ ပိတ်ထားသဖြင့် ပေထင်းဟွမ်သည် ခြေလှမ်းများကို ရပ်လိုက်သည်။ သူမသည် ခေါင်းမော့ပြီး ကောင်းကင်ပေါ်မှ သူမကို ချည်းကပ် လာသော ပုံရိပ်များကို ကြည့်နေလိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု နည်းနည်းမှမရှိသည့်အပြင် ဆန့်ကျင်ဘက်အနေနှင့် လှောင်ပြောင်သည့် အကြည့်ဖြင့်ပင်ကြည့်လေသည်။

“ကျိမင် နောက်ဆုံးတော့ ထွက်လာပြီပဲ၊ သခင်လေးကို ရှာဖို့ ခက်သွား လား”

“ပေထင်းဟွမ် ငါမင်းကို ပို့ပေးဖို့စိတ်မရှိပါဘူး၊ ဒီနေ့ မင်းအသက်ကို ဒီမှာ ပဲ အပ်နှံရမယ်”

ကျိမင်၏လက်ထဲတွင် နတ်တောင်ဝှေးရှိနေသဖြင့် ပေထင်းဟွမ်၏ မျက်ခုံးများသည် ခပ်ကြမ်းကြမ်းတုန်ခါသွားသည်။ စီရင်ချက်ဗိမာန်၏ တရင်းတနှီးရှိလှသောလှံတံကုကြည့်ရင်းနှင့် သူမ စိတ်ထဲမှ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ သူမသည် သတ်ဖြတ်ရန် ဓားတိုကိုသုံးပြီး သူမ၏ခွန်အား အားလုံးကိုစုဝေးခဲ့သော်လည်း သခင်ကြီး၏လက်နက်ကို ဖျက်ဆီးရန်မဖြစ်နိုင်ခဲ့ ပေ။ သို့သော် လှံတံအလယ်ရှိ အပြာနုရောင် သလင်းကျောက် အသက်ကျောက် တုံးသည် ကွဲသွားခဲ့သည်။

ထိုသခင်ကြီးလက်နက်သည် လော့ရှန်းမို့၏ ထျန်းလော့ထီးနှင့် ယှဉ်နိုင် သလားဆိုသည်ကို သူမ မသိပေ။ ၎င်းသည် သခင်ကြီး၏လက်နက် ဝိညာဉ်ဖြစ် သည်။ ပေထင်းဟွမ်၏ သတ်ဖြတ်မည့်ရိုက်ချက်အောက်တွင် အသက်သလင်း ကျောက်သည် ကွဲသွားခဲ့သည်။ ၎င်း၏ခွန်အားအရ လော့ရှန်းမို့၏ထျန်းလော့ ထီးထက်ပင် ပို၍မြင့်သည်။

ထိုအချိန်က နတ်ဘုရားများ ထိုအကြောင်းကို မသိခဲ့၍ဖြစ်မည်။

သူသည် လက်ထဲမှစီရင်ချက်လှံတံကို မြှောက်ကာ လပြည့်၏တောက်ပမှု ကို ကြိုဆိုပြီးနောက် ပေထင်းဟွမ်ဘက်သို့ ချိန်ရွယ်လေသည်။ အားကောင်းပြီး လွှမ်းမိုးနိုင်သည့်ရောင်ဝါနှင့်အတ ကြီးမားသော အဖြူရောင်အလင်းတန်းသည် ပေထင်းဟွမ်အား လှောင်အိမ်တစ်ခုလို အုပ်မိုးလေသည်။ ၎င်းသည် လူတစ်ဦး ၏ ဝိညာဉ်အသိစိတ်ကို တိုက်စားနိုင်ပြီး ဝိညာဉ်ကွဲသွားလျှင် သေသွားမည်ဖြစ် သည်။

ထိုအချိန်တွင် ပေထင်းဟွမ်ပင် ထိုသခင်ကြီးလက်နက်ကို ထိပ်တိုက် မတွေ့ရဲပေ။ သူမလက်ထဲမှ ဓားပျော့ထသို့ ခွန်အားအကုန် လောင်းထည့်လိုက် ကာ နတ်ဘုရားလှောင်အိမ်ဆီသို့ အားပါပါလွှဲခုတ်လိုက်သည်။ ငွေရောင်ဓား ပျော့သည် မြင်းတစ်ကောင်ကဲ့သို့ ခါယမ်းသွားကာ မြင်းပေါ်တွင် ခုန်ပေါက်နေ သော ကိုးရောင်နိဗ္ဗာန်မီးသည် တဟုန်းဟုန်းတောက်နေသောအလင်းကို တစ်ခါ တည်း လောင်ကျွမ်းစေသည်။ စီရင်ချက်ဗိမာန်၏ သခင်ကြီးလက်နက်သည် ပေထင်းဟွမ်၏ ရိုက်ချခြင်းကိုခံရလိမ့်မည်ဟု မည်သူမှထင်မထားပေ။ ၎င်း အောက်တွင် ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

ကြီးမားသောအင်အားတစ်ခုမှ တိုးဝင်လာရာ စီရင်ချက်လှံတံကိုကိုင်ထား သည့် ရှန့်ကျွင်းသည် ဤကဲ့သို့ ထိပ်တိုက်တွေ့မှုကြီးကို မမျှော်လင့်ထားသဖြင့် ခန္ဓာကိုယ်သည် နောက်လန်သွားလေသည်။ သူ့အနောက်မှ အကြီးအကဲကြီးမှ သူ့ကို ဆွဲကိုင်ထားခြင်းကြောင့်သာမဟုတ်လျှင် နတ်အဆင့်ရှန့်ကျွင်းသည် မိုးပေါ်မှ ရုတ်တရက်ကျသွားနိုင်သည်။

ထိုအချိန်တွင် ရှန့်ကျွင်းနောက်မှအမြဲပါတတ်သော ဘုန်းတော်ကြီးသည် ဖန်းချီနှင့် အမြဲတမ်းဆက်ဆံရေးကောင်းသူဖြစ်သည်။ ထိုအချိန်တွင် သူတို့ နှစ် ယောက်သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ကြလေသည်။ တစ်ယောက် သည် လက်ဗလာနှင့် နောက်တစ်ယောက်သည် လှံတံရှည်နှင့်ဖြစ်ကာ တိုက်ကွက်တစ်ချက်တည်းကပင် နောက်တစ်ယောက်ကို လဲကျသွားစေသည်။ စီရင်ချက်ဗိမာန်မှဘုန်းတော်ကြီးများ ရုတ်တရက် တစ်ချက်တည်းတိုက်ခိုက်ခံရ သဖြင့် အကြီးအကဲကြီးနှစ်ယောက်သည် ပေထင်းဟွမ်ဆီသို့ သွားလေသည်။ သူတို့နှစ်ယောက်သည် ပေထင်းဟွမ်၏ခန္ဓာကိုယ်ကို တစ်ယောက်တစ်ဖက်ဆွဲ ကာ အော်လိုက်သည် “သွားကြမယ်”

အပြောင်းအလဲသည် မြန်ဆန်လွန်းသည်။ အသက်တစ်ရှိုက်သာ ကြာလေ သည်။ စီရင်ချက်ဗိမန်၏ ရာထူးမြင့်အရာရှိများထဲတွင် နတ်ဘုရားကို အကဲဖြတ် သူရှိနေခဲ့သည်။ ထိုအချိန်တွင် ဖန်းချီ၏သစ္စာဖောက်မှုသည် အားလုံးကို စိတ်အေးသွားစေသည်။ ပေထင်းဟွမ် ဗိမာန်ထဲသို့ မည်သို့ဝင်လာခဲ့သည်ကို မည်သူမှ သံသယမဝင်တော့ပေ။ ဖန်းချီခေါ်လာသော သူဖုန်းစား တူလေးသည် ပေထင်းဟွမ်ဖြစ်သည်ကို ပြောရန်ပင်မလိုတော့ပေ။

“သေလိုက်စမ်း”

ရှန့်ကျွင်း၏ဒေါသသည် ငေးငိုင်နေသော ဘုန်းတော်ကြီးများကို သတိ ပြန်ဝင်စေသည်။ ကောင်းကင်အထက်တွင် ဖန်းချီနှင့် စီရင်ချက်နတ်ဘုရား၏ ဘုန်းတော်ကြီးမှ ပေထင်းဟွမ်ကို ခေါ်ထုတ်လာခဲ့နိုင်လေသည်။