မင်းက တကယ်ပဲ အမှောင်နတ်မိစ္စာနန်းတော်ကပဲ
Vol. 46 Ch. 918
“မင်းက ဘယ်သူလဲ ဘယ်လိုများနတ်ဘုရားကို အကဲဖြတ်ရဲတာလဲ၊ မင်း က နတ်ဘုရားရဲ့ အကဲဖြတ်သူလား”
ရှန့်ကျွင်းသည် ဒေါသထွက်လေသည်။ သူ့လက်ထဲမှ ဗိမာန်၏ရတနာ တစ်ပါးဖြစ်သော သခင်ကြီးလက်နက်ပင်လျှင် ဖျက်ဆီးခံလိုက်ရကာ ထိန်းချုပ် ၍မရတော့ပေ။ သူသည် ဖန်းချီနှင့် အပေါင်းအပါများကို ကျိုးပျက်နေသော နတ်လက်နက်ဖြင့် ချိန်ရွယ်ကာ အားလုံး၏စိတ်ထဲတွင်ရှိနေသော မေးခွန်းကို မေးထုတ်လိုက်သည်။
“ငါက ဘယ်သူလဲဟုတ်လား သခင်ရှန့်ကျွင်းကို အကြံပေးလိုက်မယ် အဲမေးခွန်းမမေးနဲ့” ထိုအချိန်တွင် ဖန်းချီသည် နှင်းဖြူရောင်ဝတ်ရုံကို ဖြဲပြီး အထဲမှ ချပ်ဝတ်တန်ဆာကို ထုတ်ဖော်ပြလိုက်သည်။ မူလကသန့်စင်ပြီး ခမ်းနားသည့် သဘောထားသည် လွင့်ပျံသွားကာ တစ်ကိုယ်လုံးမှ အမှောင်ထု များထုတ်လွှတ်လေသည်။ ဆိုးယုတ်သည့်ရောင်ဝါနှင့်အတူ သူ၏သရုပ်မှန်မှာ ထင်ရှားလွန်းသည်။
“အမှောင်နတ်မိစ္ဆာနန်းတော်လား၊ မင်းက တကယ်ပဲ အမှောင်နတ်မိစ္ဆာ နန်းတော်ကလား”
လုံလောက်စွာပင် စိတ်တိုသည်ထက်ပင် စိတ်တိုစရာကောင်းလှသည်။ တခြားလူသည် ဆိုးညံ့သည့်အကြည့်ပြနေသည်ကိုမြင်ရသည်မှာ ဖိနှိပ်မှုမှ ရုန်း နိုင်သည့် ဖန်းချီနှင့်သူတို့နှစ်ယောက်၏ ခွန်အားသည် တစ်ဆင့်မြင့်ကာ အဆင့် မြင့်ကြယ်ဝိညာဉ်ဂိုဏ်း၏ သန်မာသောလူများဖြစ်သည်မှာ ထင်ရှားနေသည်။ သူ၏အသားအရေသည် အကျဉ်းတန်သည်ဟုပင် မဖော်ပြနိုင်တော့ပေ။
ပေထင်းဟွမ်သည်လည်း သူမကို တင်းကြပ်စွာကာကွယ်နေသည့်လူနှစ် ယောက်ကို ငေးငိုင်စွာကြည့်နေမိသည်။ မျက်နှာများမှာစိမ်းသော်လည်း အသံ မှာ ရင်းနှီးသလိုရှိသည်။ သူမအား မွေးနေ့လက်ဆောင်အဖြစ် နတ်သားရဲကို ပေးခဲ့သည့်လူ၏အသံသည် ထိုအသံကဲ့သို့ပင်ဖြစ်သည်။ ထိုအခါမှပင် ပေထင်းဟွမ်သတိထားမိလေသည်။ ထိုလူသည် သူမကို တစ်ချိန်လုံး ကူညီပေး နေသည့် ချုံချီဖြစ်သည်။ သူမသည် ပီဖန်းနှင့်ရွှမ်းဝူကိုတော့ သိပ်မရင်းနှီးလှပေ။
ယခုအချိန်တွင် ထိုလူနှစ်ယောက်လည်းရှိနေသည်။
“မင်းတို့ပဲ” အမှောင်နတ်မိစ္ဆာနန်းတော်မှ နတ်မိစ္ဆာဘုရင်သည် ညအရှင် ယန်ယဲ့ဖြစ်သည်ကို ခန့်မှန်းမိပြီးသားဖြစ်သည်။ သို့သော် တော်ဝင်လေလံပွဲတွင် အမှောင်နတ်မိစ္ဆာနန်းတော်ဝတ်ရုံဝတ်ဆင်သည့် လူလေးယေက်သည် သူတို့ ကိုယ်ရံတော်လေးယောက်ဖြစ်နေလိမ့်မည်ဟု ထင်မထားပေ။
ထိုကိစ္စသည် ပိုနက်ရှိုင်းသွားပြီဖြစ်သည်။
“သခင်လေး ၉ ရဲ့ သရုပ်ဆောင်ကတော့ လက်အောက်ငယ်သားတွေကိုပါ လေးစားသွားစေပါတယ်” အရင်ကဖန်းချီ ရွှမ်းဝူသည် ပေထင်းဟွမ်အား ဦးညွှတ်လေသည်။ ပေထင်းဟွမ်၏အတွေးများကိုမြင်ရသဖြင့် သူသည် အဓိပ္ပာယ်ပါပါနှင့် ပြောလေသည်။
ဤနေရာတွင် နှုတ်ဆက်နေကြသဖြင့် ကျိမင်သည် ဒေါသထွက်နေ၏ “ညအရှင်သခင်က တော်တော်လှည့်ကွက်ကောင်းတာပဲ၊ ပင်မတိုက်ကြီးမှာ ထက်မြက်ပြီး ဂုဏ်ရှိတဲ့ညအရှင်သခင်က အမှောင်နတ်မိစ္ဆာနန်းတော်ကဆိုတာ ကို လူတွေမသိကြဘူးပဲ၊ နတ်မိစ္ဆာဘုရင် ဘာတွေးရမလဲတောင်မသိတော့ဘူး”
ကျိမင်သည် ယန်ယဲ့နှင့် အမှောင်နတ်မိစ္ဆာနန်းတော်တို့ကြားမှ ဆက်ဆံ ရေးသည် မရှင်းလင်းသည်ကို အစောကတည်းက သံသယဝင်ခဲ့သည်။ သို့သော် ညအရှင်နှင့် နတ်မိစ္ဆာဘုရင်တို့သည် တစ်ယောက်တည်းဖြစ်နေလိမ့်မည်ဟု ထင်မထားပေ။ သူသည် ညအရှင်ကို သတ်ရန်အကောင်းဆုံးကြိုးစားခဲ့သည်။ သို့သော် တစ်ဖက်လူသည် သူ့အိပ်ရဘေးတွင် စစ်တုရင်ရုပ်များကို မြှုပ်သွား လိမ့်မည်ဟု ထင်မထားခဲ့ပေ။
“ပြောပါဦး ငါ့စီရင်ချက်ဗိမာန်ထဲကို ရောက်နေတာ ဘယ်လောက်ကြာပြီ လဲ၊ ညအရှင်သခင်က ဒီလိုမျက်နှာပြောင်ပြီး အရှက်မဲ့တဲ့နည်းလမ်းသုံးလိမ့်မယ် လို့ လုံးဝမျှော်လင့်မထားဘူး တော်တော်အရှက်မဲ့တာပဲ”
ထင်ရှားစွာပင် ပီဖန်းနှင့် ရွှမ်းဝူတို့၏ မျက်နှာအပြောင်းအလဲသည် စီရင်ချက်ဗိမာန်မှလူများ တုံးအခြင်းကို ထိတ်လန့်သွားစေကာ လူအများကို အလန့်တကြားဖြစ်စေသည်။ ထိုအချိန်တွင် စုဝေးလာကြသော ဘုန်းတော်ကြီး များသည် တစ်ယောက်နှင့်တစ်ယောက် အနားမကပ်ရဲကြတော့ပေ။ ပေထင်းဟွမ်နှင့်တခြားသူများကို ကြောက်သည့်အပြင် သူတို့အပေါင်းအဖော် များ၏ ပုန်ကန်ခြင်းခံရမည်ကို ကြောက်ကြသည်။
ရှန့်ကျွင်း၏ ဒေါသအကြီးအကျယ်ထွက်မှုအောက်တွင် အဘက်ဘက်မှ ဖိနှိပ်မှုများဖြစ်ပေါ်လာပြီး သူ့အနောက်တွင် ဖိအားများစွာထွက်ပေါ်လာသည်။ အသက်ရှူရန်ပင် ကြောက်စရာကောင်းလောက်သဖြင့် သူတို့အားလုံးသည် မျက်နှာချင်းဆိုင်တွင်ရှိနေသော လူသုံးယောက်ကို နာကြည်းစွာကြည့်ကြလေ သည်။ အမှောင်နတ်မိစ္ဆာနန်းတော်သည် သူတို့၏ တားမြစ်ထားသော ရန်သူဖြစ် ခဲ့သည်။ ယခုအခါ ပြိုင်ဘက်သည် စီရင်ချက်ဗိမာန်ကို တိုက်ရိုက်ထိပ်တိုက် ရင်ဆိုင်နေသည်။ ၎င်းသည် သူတို့၏ ခွန်အားနည်းခြင်းကြောင့်မဟုတ်ဘဲ ညအရှင်သခင်၏ ရန်သူအပေါ်အထင်သေးခြင်းကြောင့်ဖြစ်သည်။