← Chapters

ဒီနေ့ကိုစောင့်လာတာကြာပြီ

Vol. 46 Ch. 919

ဒီနေ့ကိုစောင့်လာတာကြာပြီ

Vol. 46 Ch. 919

ညအရှင်အိမ်တော်၊ အမှောင်နတ်မိစ္ဆာနန်းတော်၊ မီးတောက်မြို့တော်၊ တခြားအင်အားစုပေါင်းထားသည့်လေးဖွဲ့၊ ဤတိုက်ကြီးတွင် စီရင်ချက်ဗိမာန် အတွက် ယခုကဲ့သို့ အုတ်မြစ်ရရန် ဖြစ်နိုင်မည်လား။

ထိုအကြောင်းကို တွေးကြည့်လိုက်သောအခါ အားလုံးသိမ့်သိမ့်တုန်ကြ သည်။

“ကျိမင် ခွေးရူးလိုမျိုးဟောင်ဖို့မလိုပါဘူး၊ ကျုပ်တို့ဘုရင်က ခင်ဗျားကို နှစ်ပေါင်းများစွာ လျစ်လျူရှုထားခဲ့တာ ကြောက်လို့မဟုတ်ဘူး၊ ခင်ဗျားက ဒီတိုက်ကြီးမှာ ကောင်းစားရင်ကောင်းစားမယ်၊ ဒါပေမဲ့ ကိုယ့်အသက်ကို ဂရုမစိုက်နိုင်လောက်အောင် အရမ်းတုံးအ,တာကတော့ နှမြောဖို့ကောင်းတယ်၊ သခင်လေး ၉ ကိုပြဿနာရှာရဲသေးတယ်၊ သခင်လေး ၉ က ခင်ဗျားရဲ့ တရားမဝင်သားကို သတ်ခဲ့ရုံတင်ပဲမလား၊ ခင်ဗျားတို့က မျိုးရိုးနာမည်တူတာ လည်းမဟုတ်ဘူး၊ အညံ့ခံဖို့အချိန်တွေရသေးတယ်၊ တရားမဝင်သားတစ် ယောက်မပြောနဲ့ ၁၀ ယောက်၊ အယောက် ၁၀၀ အယောက် ၁၀၀၀ မွေးလို့ရ သေးတယ်၊ အခု ခေါင်းမာပြီး တင်းခံနေရင် အခုရင်ဆိုင်နေရတဲ့ ဘေးကပ်ဆိုး အတွက် ဘယ်သူ့ကို အပြစ်တင်တော့မှာလဲ”

ဘာ... တရားမဝင် ကလေးဟုတ်လား။

ထိုအတင်းအဖျင်းစကားများကိုကြားပြီးနောက် အကြီးအကဲကြီးမှလွဲ၍ ဘုန်းတော်ကြီးများသည် ရှန့်ကျွင်းအား မယုံနိုင်သောမျက်လုံးများဖြင့် ကြည့်ကြ လေသည်။ စီရင်ချက်ဗိမာန်သည် ခေတ်သစ်ဘုရားကျောင်းကဲ့သို့မဟုတ်သည် ကို သိထားရမည်။ စိရင်ချက်ဗိမာန်၏ အမြင့်ဆုံးအဆင့်ရှိသူသည် စီရင်ချက် နတ်ဘုရား၏ရေဖျန်းခြင်းမင်္ဂလာကိုခံယူရမည်ဖြစ်သည်။

သာမန်အချစ်ရေးသည် စီင်ချက်နတ်ဘုရားအတွက် အစွန်းအထင်းဖြစ်စေ လိမ့်မည်။

ယခုအခါ သေသွားသည့် သန့်စင်သောသားတော်နှစ်ယောက်အနက်မှ တစ်ယောက်သည် ရှန့်ကျွင်း၏ တရားမဝင်သားဟု ပြောနေသည်။ သူတို့ ဤ အရာကိုမည်သို့ ယုံရမည်နည်း။

သို့သော် အမှောင်နတ်မိစ္ဆာနန်းတော်မှလူများ လိမ်နေခြင်းမဟုတ်သည် ကို သူတို့၏ အလိုလိုသိစိတ်မှပြောနေကြသည်။

“အဓိပ္ပာယ်မရှိတာ မင်းတို့တွေ မဟုတ်မဟတ်တွေပြောနေကြတာပဲ သူတို့ကိုသတ်လိုက် သူတို့ကိုသတ်လိုက်ကြ”

ထပ်ပြီးမပြောနိုင်တော့ပေ။ ထိုလူများ သူ့ကိုသံသယဝင်လာလျှင် သူသည် ရှန့်ကျွင်းဖြစ်လျှင်တောင် သစ္စာရှိတော့မည်မဟုတ်ပေ။ စီရင်ချက် နတ်ဘုရား၏ရေဖျန်းခြင်းမင်္ဂလာသည် မည်မျှတင်းကြပ်သည်ကို တခြားသူများ ထက် သူပိုသိသည်။ သူသည် နတ်ဘုရားဖြစ်လျှင်တောင် ထိုလူများသည် သူ့ကို အလွတ်ပေးမည်မဟုတ်ပေ။ သူတို့အားလုံးကို သတ်ရမည်လား။

ထိုလူများကို ၃၃ ရက်လေဟာနယ်မှလူများ တိုက်ရိုက်အမိန့်ပေးနေလိမ့် မည်ဟု မည်သူသိမည်နည်း။

ရှန့်ကျွင်း၏ ငြင်းဆန်မှုကိုကြားပြီးနောက် အားလုံးသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။ သူတို့သည် အမှောင်နတ်မိစ္ဆာနန်းတော်မှ လူများပြောသည့်စကားကို သံသယမဝင်သော်လည်း သူတို့ ယုံကြည်ရန် ရွေးချယ်ရတော့မည်။ ရှန့်ကျွင်းသည် နတ်ဘုရားတစ်ပါးဖြစ်ကာ သူ ဝန်မခံ သ‌ရွေ့ သူတို့သည် ယုံကြည်ရန်ကိုသာ ရွေးချယ်ရတော့မည်။

ကျိမင်သည် စီရင်ချက်လှံတံကိုကိုင်ကာ မိုးပေါ်မှ ပြည့်ဝန်းနေသောလကို မော့ကြည့်လိုက်သည်။ ထိုအချိန်တွင် သူသည် ကောင်းကင်နှင့်မြေကြီးအကြား တွင် ပို၍သန့်စင်နေပုံပေါက်သည်။ တောက်ပသောအဖြူရောင်အလင်းတန်းကို ရွှေရောင်နတ်အလင်းဖျော့ဖျော့အလွှာနှင့် အုပ်ထားသည်။ ကြီးမားသော ပြောင်းလဲမှုသည် ကောင်းကင်နှင့်မြေကြီးအကြားတွင်နေရာယူကာ လရောင် မှဆွထားသည့် စွမ်းအားသည် ကျိမင်၏လက်ထဲမှ လှံတံဆီသို့ ထိုးဝင်လေ၏။

“မြူခိုးမြက် ဒီစီရင်ချက်တိုက်ပွဲကဘာလဲ၊ ဒီလိုမျိုးတိုက်ခိုက်တဲ့အချိန် ဘာလို့ မကျိုးတာလဲ”

မူလက ပေထင်းဟွမ်ကြောင့် ကျိုးပျက်သွားသည့် ကျိမင်၏လက်ထဲမှ စီရင်ချက်လှံတံသည် ယခုအခါ ကြီးမားသောစွမ်းအားကြောင့် ပြန်ဆက်သွား သည်။ ပေထင်းဟွမ်သည် ဒေါသထွက်လွန်းရာ ထခုန်လုမတတ်ပင်။

“သခင်လေး ၉ က စီရင်ချက်တိုက်ပွဲကို ၂ ခါ ပျက်ဆီးနိုင်တော့ ဝမ်းသာရ မယ်ထင်တယ်၊ မဟုတ်ရင် စွမ်းအားက ပိုကြီးလာမှာ” ရွှမ်းဝူသည် မရယ်ဘဲမနေ နိုင်တော့ပေ။ ထို့နောက် သူ မိုးပေါ်မှ လပြည့်ကိုကြည့်လိုက်ချိန်တွင် မျက်နှာ တွင် စိုးရိမ်မှုများဖြင့် ပြည့်သွားသည် “လရောင်က ဒီနေ့က တော်တော်ပြည့်နေ တာပဲ၊ ကောင်းကင်နဲ့မြေကြီးကြားက စွမ်းအင်ကလည်း အရမ်းသန်မာတယ်၊ သခင်လေး ၉၊ ပီဖန်းနဲ့ ကျွန်တော် ဒီမှာရှိမယ် မင်းအရင်သွားနှင့်လိုက်ပါ”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ငါ ဒီနေ့ကိုစောင့်လာတာကြာပြီ” ပေထင်းဟွမ် ပြောပြီးသည်နှင့် သူတို့နှစ်ယောက်ကိုင်ထားသည့်လက်ကြားမှ အလွယ်တကူရုန်းထွက်ကာ လက်ထဲတွင် ဓားပျော့ကို ထပ်မံကိုင်ဆွဲလိုက်၏။ သူမ၏ခြေထောက်အောက်တွင် ကြယ်ပုံစံအစီအရင်တစ်ခုပေါ်လာသည်။

All Chapters