ကျို့ယန် ငါ့ကိုကူညီပါဦး
Vol. 46 Ch. 920
“ထွက်လာခဲ့ ငါ့လက်တွဲဖော်”
ကြည်လင်သောခေါ်သံတစ်ခုသည် စီရင်ချက်ဗိမာန်၏အထက်၊ ကောင်းကင်တွင်ပေါ်လာသည်။ ပေထင်းဟွမ်၏ခြေထောက်အောက်ရှိ ဆဌဂံ ကြယ်အစီအရင်အတွင်းတွင် ငွေရောင်အလင်းတန်းသည် အနီရင့်ရင့်အရောင် ကို မပိတ်ပင်နိုင်ပေ။ မြေခွေးမျက်လုံးများသည် မျက်နှာချင်းဆိုင်စခန်းတွင်ရှိနေ သည့် လူများကို ဖြည်းဖြည်းချင်းကြည့်နေသည်။ ထိုအချိန်တွင် ရောင်ဝါတစ်ခု သည် သခင်အတိုင်း တဖြည်းဖြည်းမြင့်တက်လာသည်။
“ကျို့ယန် ငါ့ကို ကူညီပါဦး”
ပေထင်းဟွမ် အသံဆုံးသည်နှင့် လက်မြှောက်ကာ ကျို့ယန်၏ဦးခေါင်း ထိပ်ကို ပွတ်သပ်ပေးလေသည်။ မိုးပြာရောင်စွမ်းအင်သည် သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်သွားသည်။ ထိုအချိန်တွင် ကျို့ယန်သည် အလင်းတန်းအဖြစ်ပြောင်းကာ ပေထင်းဟွမ်၏ ခြေထောက်များဆီသို့ တိုးဝင်လေသည်။ အနီရဲရဲတိုက်ခိုက်ရေး ဖိနပ်တစ်စုံသည် ပေထင်းဟွမ်၏ ခြေချင်းဝတ်ကို ရစ်ပတ်လိုက်သည်။ အနီ ရောင်တိမ်တိုက်သည် ပေထင်းဟွမ်၏ခြေထောက်ကို အုပ်ကာ အနီရောင် ကြာပန်းမီးအလင်းတန်းသည် သူမတစ်ကိုယ်လုံးတွင် စီးဆင်းသွားလေသည်။ ထိုအချိန်တွင် ပတ္တမြားကဲ့သို့ပင် ထူးဆန်းသောအလင်းနှင့်အတူ တောက်ပလေ သည်။
“ကျိမင် မင်းရဲ့ ကျန်တဲ့ဘဝမှာ နောင်တရလိမ့်မယ်၊ မင်းက ငါ့ကံတရား ကို ဆွပေးလိုက်တာပဲ”
ပေထင်းဟွမ်၏ ကြည်လင်၊ မောက်မာပြီး ရက်စက်သည့်အသံသည် သန့်စင်သောမြို့တစ်ခုလုံးတွင် ပျံ့နှံ့သွားလေသည်။ မီးတောက်စစ်ပွဲလာနေ သည်ကိုမသိချင်တွင် မြို့တစ်ခုလုံးသည် ပျာယာခတ်နေသည်။ မည်သူမှ ဝင်ခွင့် ထွက်ခွင့်မရှိခဲ့ပေ။ သို့သော် ဤအချိန်တွင် မြို့မှအလောတကြီးထွက်သွားသည် ကို မတားနိုင်တော့ပေ။ သတိပေးချက်ခေါင်းလောင်းသံသည် အဘက်ဘက်မှ ထွက်လာပြီး နတ်ဘုရားဗိမာန်ရှိရာနေရာမှ အလင်းများတောက်ပလာသည်။
ထိုအချိန်တွင် မြို့တံခါးဆီသို့ ဦးတည်နေသောလူအုပ်ကြီးသည် တညီ တည်းရပ်သွားကြကာ စီရင်ချက်ဗိမာန်အထက်ရှိ မိုးကောင်းကင်ဆီသို့ မော့ကြည့်ကြလေသည်။ မိုးကောင်းကင်အထက်တွင် ပူပြင်းသောနေကဲ့သို့ဖြစ် နေသော အနီရဲရဲ လူငယ်တစ်ယောက်သည် လေကိုမျက်နှာမူကာ ရပ်နေသည်။ သူမခန္ဓာကိုယ်မှအလင်းသည် လပြည့်အဆုံးသတ်တွင် အရိပ်ထင်နေသည်။
သူတို့ကြားတွင် မည်မျှပင်ကွာဝေးစေကာမူ လူငယ်၏မျက်လုံးထဲမှ မဖုံး ကွယ်နိုင်သောအလင်းတန်းကို အားလုံးခံစားမိကြသည်။
“ပေထင်းဟွမ်၊ ဒီနေ့၊ ငါမင်းကိုစီရင်မယ် သန့်စင်တဲ့မြို့တစ်မြို့လုံးရှေ့မှာ စီရင်မယ်” နတ်ဘုရားများ၏လက်ထဲတွင် စွမ်းအားသည် စီးကြောင်းသဖွယ် ပင်မတိုက်ကြီးကိုလွှမ်းမိုးနိုင်သည့်စွမ်းအားကို သယ်ဆောင်ကာ ပေထင်းဟွမ် ဆီသို့ ဦးတည်လေသည်။
“ဟင်း ငါ့သခင်ကို သေစေချင်တာလား အိပ်မက်မက်နေလိုက်”
ထိုအချိန် ပေထင်းဟွမ်၏လက် ဘယ်ဘက်တွင် ကိုးရောင်နိဗ္ဗာန်မီးကို ကိုင်ထားပြီး ညာဘက်တွင် ကြာပန်းနီနတ်မိစ္ဆာမီးလုံးကို ကိုင်ထားသည်။ ကြာပန်းနီနတ်မိစ္ဆာမီးသည် အမြီးကိုးချောင်းမြေခွေး၏ ဝမ်းတွင်းပါမီးဖြစ်၏။ အထွတ်အမြတ်သားရဲသို့အဆင့်တက်ပြီးနောက် နဂိုကောင်းကင်မီးအဆင့်ရှိ သည့် အမြီးကိုးချောင်းမြေခွေးသည် အလွန်ထူးခြားသည့် ကြပန်းနီနတ်မိစ္ဆာမီး သို့အဆင့်တက်သွားလေသည်။
မီးမြေခွေးမိသားစုဖြစ်သည်။ ကောင်းကင်နှင့်မြေကြီး၏ ကစဥ့်ကလျား နေရာတွင် ၎င်းသည် ငရဲမှလွတ်မြောက်လာသည့် မီးအမျိုးမျိုးကိုဝါးမျိုးနိုင် သည့် အမြီးကိုးချောင်းမြေခွေးအဖြစ်အဆင့်တက်ခဲ့သည်။ ပေထင်းဟွမ်သည် ထိုအထူးခြားဆုံးမီးတောက်ကို စမ်းကြည့်ရန်မစောင့်နိုင်တော့ပေ။ သည်တစ်ခါ တွင် အခွင့်အရေးရောက်လာပြီဖြစ်သည်။
ကိုးရောင်မီးသည် မမြင်နိုင်သော အစိမ်းရောင်အလွှာစွမ်းအင်နှင့် ဖုံးအုပ် ထားသည်။ မီးတောက်နှစ်ခုကို ရောလိုက်ရန်မဖြစ်နိုင်ပေ။ သို့သော် ပေထင်းဟွမ် ထိုအရာကိုမစိုးရိမ်ပေ။ ကစဥ့်ကလျားနတ်အရင်းအမြစ်စွမ်းအင် နှင့်ဆိုလျှင် မည်မျှပင် ကြမ်းတမ်းစေကာမူ ကိုင်တွယ်နိုင်သည်။ ထို့အပြင် ကိုးရောင်နိဗ္ဗာန်မီး၏ပိုင်ရှင် မင်၏တာဝန်သည် ကစဥ့်ကလျားနတ်အရင်းအမြစ် ကို ကာကွယ်ရန်ဖြစ်သည်။
ကစဥ့်ကလျားနတ်အရင်းအမြစ်၏ ဆွဲဆောင်မှုကြောင့် ကြာပန်းနီ နတ် မိစ္ဆာမီးသည် ပေထင်းဟွမ်၏ ဘယ်ဘက်လက်မှ နိဗ္ဗန်မီးကို ရစ်ပတ်လေသည်။ သို့သော် အလယ်တွင် ပေထင်းဟွမ်သည် မိုးပြာရောင်စွမ်းအင်ပိုက်ကွန်အောက် တွင်ရှိတုန်းပင်။ ကစဥ့်ကလျားနတ်အရင်းအမြစ်၏ ဆွဲငင်မှုအောက်တွင် သဟဇာတမဖြစ်သော မီးတောက်နှစ်ခုသည် ဖြေရှင်းပြီးသားဖြစ်သွားလေ၏၊