ဘဝ-ရည်ရွယ်ချက်။
Vol. 138 Ch. 1919
ဓားဖြင့် ညွှန်ပြ ခံရ ပြီးနောက် ကျန်းချောင် မျက်နှာ ဖြူဖျော့ လာသည်။ အသက် ရှူ ရန်ပင် မဝံ့ တော့ချေ။
“ ယဲ့ချင်းရှန် ... ၊ မင်း ငါနဲ့ ထပ်ပြိုင်ဖို့ သတ္တိ ရှိလား။ ”
“ ဟမ့် ... အမှိုက် တစ်စ အတွက်၊ ဘာလို့ အချိန်ဖြုန်း ရမှာလဲ၊ ထွက်သွား ... ။ ”
လင်းယွန်က လှည့်ထွက် သွား တော့၏။
“ ယဲ့ချင်းရှန် ... ငါ မရှုံး သေးဘူး။ ”
ကျန်းချောင်က သူ့နက္ခတ်ကို ဆင့်ခေါ်ကာ ပြောသည်။ ပေ (၃၀)ခန့် မြင့်သော ရှေးဟောင်း သစ်ပင်ကြီး ဖြစ်၏။
သစ်ပင်တွင် မရဏ အငွေ့ အသက်များ ဖုံးအုပ် နေပြီး၊ သူ့ ခန္ဓာကိုယ် အတွင်း၌၊ နိဗ္ဗာန် ရောင်ဝါများ စုရုံး လာသည်။
၎င်းရောင်ဝါမှာ ယခင်နှင့် လုံးဝ မတူ တော့ဘဲ၊ သူ့ဓားမော့ကို လက်ဝှေ့ ယမ်းလျက်၊ ခေါ်ယူ လိုက်သည်။
“ သေ လိုက် တော့ ... ။ ”
သည့်နောက် ကောင်းကင်ပေါ် ပျံတက်ကာ၊ သွေ့ရော် ဓားမော့ ပညာရပ်၏ အနှစ် သာရကို အပြည့် အ၀ ပြသ လိုက်သည်။
ကြောက်မက်ဖွယ် ကောင်းသော မရဏ ရောင်ဝါများက၊ လမ်းကြောင်း တစ်လျှောက် တိုက်စား လာ သဖြင့်၊ လူတိုင်း မျက်နှာ ပြောင်းလဲ သွား၏။
ဤကျန်းချောင်သည် ရှုံးနိမ့်မှုကို ငြင်းဆန်ကာ၊ လင်းယွန်အား နောက်ကျောမှ အလစ် ဝင်တိုက်ခဲ့ လေသည်။
တစ်ဖက်တွင် ကျန်းချောင် အမြင်၌၊ သတိ လက်လွတ် ဖြစ်နေသော ကြောင့်သာ၊ သူ ရှုံးခဲ့ရခြင်း ဖြစ်၏။
နက္ခတ် ခေါ်ကာ၊ သွေ့ရော် ဓားမော့ ပညာရပ်အား ထုတ်ဖော်သော်၊ အောင်နိုင် မည်ဟု ယုံကြည် သည်။
ဤမြင်ကွင်းသည် လူတိုင်းကို အံ့အား သင့်စေသည်။ ကျန်းယွီနှင့် ယဲ့ဖေးဖန် တို့မှာ၊ ဝမ်းမြောက် သွား၏။
သို့သော် လင်းယွန်က ဓားဖျားကို လက် နှစ်ချောင်းဖြင့်၊ ဖမ်းယူ လိုက်၏။ ဓါးရှိ မရဏ ရောင်ဝါမှာ သူ့ခန္ဓာ ကိုယ်ထဲ ချက်ချင်း စိမ့်ဝင် သွား တော့၏။
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”
ကျန်းခေျာင် မျက်နှာ ပြောင်းသွားသည်။ ဓားထံ ပေးပို့ ခဲ့သော မရဏ ရောင်ဝါ သည်သာ မက၊ နက္ခတ် ဖြစ်သော ရှေးဟောင်း သစ်ပင်ရှိ မရဏ အငွေ့ အသက် သည်ပင်၊ တစ်စ တစ်စ ညှိုးနွမ်း လာတော့သည်။
မည်သည့် အရာများ ဖြစ်နေ သည်ကို၊ အတွေးပွား နေမိစဉ်၊ လင်းယွန် အောက်၌ ငရဲပန်း တစ်ပွင့် ပွင့်လာ ခဲ့၏။
ပွင့်ချပ် (၇၂) ပြည့်သော အခါ၊ ကျန်းချောင် နက္ခတ်က အပိုင်းပိုင်း ကွဲလျက်၊ သွေး တစ်လုတ် အန်ချ လိုက်ရသည်။
သို့တိုင် လင်းယွန်က သူ့ဓားကို ညှပ်ဖမ်း ထားဆဲ ဖြစ်သည်။
“ ပျင်းစရာပဲ ... ။ ”
လင်းယွန်က ဓားဖျားကို လွှတ်ကာ၊ နောက်ဆုတ်လျက် လက်ဝှေ့ ရမ်း လိုက်သည်။ ဓားမော့က ကျန်းချောင်ထံ လှည့်ကာ၊ ပျံသန်း သွားပြီး၊ ရင်ဘတ်အား ထိုးဖောက်လျက် စိုက်ဝင် သွား တော့သည်။
“ စွပ် ... ။ ”
ပတ်ဝန်းကျင် တစ်ခုလုံး၊ ရုတ်ရုတ် သဲသဲ ဖြစ်ကုန်၏။
“ ဒီကောင်က ... အရမ်း ရက်စက်တယ်။ ”
“ အဲဒီ လိုတော့ ပြောလို့ မရဘူး၊ ကျန်းချောင်က ခိုးကြောင် ခိုးဝှက် တိုက်ခိုက် တာကိုး၊ ဒါတောင် ရှုံးနေ တယ်ဆိုတော့ ...။ ”
“ အခုတော့ ဒီကောင်ကို သန့်ရှင်းသော သမီးတော် နှစ်ပါးက ဘာလို့ စိတ်ဝင်စား လာလဲ ဆိုတာ ငါသိပြီ၊ အစွမ်း ထက်တဲ့ ယောက်ျား မျိုးကို၊ ဘယ် မိန်းမက မကြိုက်ပဲ နေမလဲ။ ”
“ ဟီး ဟီး ... စီနီယာ အစ်ကို ယဲ့က တော်တော် ကြောက်ဖို့ ကောင်းတယ်။ ”
အတွင်း တပည့် များနှင့်၊ အမျိုးသမီး တပည့်များ သည်လည်း၊ လင်းလက် တောက်ပ နေသော မျက်ဝန်း များဖြင့်၊ လင်းယွန်ထံ ကြည့်လာ ကြသည်။
သူတို့၏ မျက်လုံး ထဲတွင် ယဲ့ချင်းရှန် ဟူသည်၊ လုံးဝ ကွဲပြားသူ တစ်ဦး ဖြစ်လာ တော့၏။
မူလ နဂါး မဟာ သူတော်စင်က ထိုမြင်ကွင်းကို ကြည့်ပြီး၊
“ ကောင်းကင် ရေစင် တောင်ထိပ်က ... ၊ ထိပ်ဆုံး တောင်ထိပ် ကိုးလုံး ထဲက တစ်လုံး ပါပဲ၊ ဒါကို ဘာလို့၊ ...
... တပည့် တစ်ယောက်က၊ ဒီလောက် အရှက်မဲ့ နေရ တာလဲ၊ ကြည့်ရတာ တောင်ထိပ် သခင်က၊ ကောင်းကောင်း အလုပ် မလုပ် ပုံပဲ၊ ပြောင်းသင့်ပြီ ထင်တယ်။ ”
အခြားသော သူတော်စင် အကြီးအကဲ များမှာ ထိတ်လန့် လာပြီး၊ ကျန်းချောင် ကဲ့သို့ မပြုမူ ကြရန် သက်ဆိုင်ရာ အဖွဲ့ အသီးသီးထံ တိတ်တဆိတ် သတင်းပို့ လိုက်ကြသည်။
ယနေ့တွင် ကျန်းချောင် ရှုံးသွား သည်မှာ၊ ကံကောင်း ချေ၏။ မဟုတ်ဘဲ၊ လင်းယွန် သာ ဒဏ်ရာ ရခဲ့သော်၊ ကောင်းကင် ရေစင် တောင် ထိပ် တစ်ခုလုံး၊ ပျက်သုဉ်း သွား ပေမည်။
မူလ နဂါး မဟာ သူတော်စင်မှ၊ အမှန် တကယ် ဒေါသ ထွက် နေကြောင်း၊ မည်သူ မဆို ပြောနိုင်သည်။
မဟာ သူတော်စင် တစ်ပါး၏ ဒေါသမှာ၊ မည်မျှ ကြောက်စရာ ကောင်းမှန်း သူတို့ နား လည် ထား၏။
ကျန်းယွီနှင့် ယဲ့ဖေးဖန်က၊ ကျန်းချောင် ရှုံးနိမ့် သွားသည့် အတွက်၊ မျက်နှာ ပျက်ယွင်း ကုန် တော့သည်။
ထို့နောက်တွင် အခြားသော တိုက်ပွဲ များတွင်လည်း၊ သွေ့ရော် ဓားမော့ ပညာ ရပ်ကို အသုံးပြု ကြသည်ကို သတိထား မိလာသည်။
( ကောင်းကင် တာအို ဂိုဏ်းရဲ့ တပည့် တွေက ဘယ်လို နက္ခတ်မျိုး သုံးကြလဲ ... ၊ ငါ စောင့်ကြည့် ရမယ်။ )
လင်းယွန်က တိုက်ပွဲ များကို၊ ကြည့် နေလျက်မှ တွေးတော မိ၏။ လက်ရှိ အချိန်၌ သာမာန် တိုက်ပွဲများ ဖြစ်သဖြင့်၊ နက္ခတ်ကို မည်သူမျှ ဆင့်ခေါ်မည် မဟုတ်ချေ။
“ ငရဲ သစ်ခွ ခြံဝင်းက ... ဝမ်ယွဲ့။ ”
“ တော်ဝင် သမီးတော် ခြံဝင်းရဲ့ ... ဆုကျန်း။ ”
ရွှေအဖွဲ့မှ တပည့် နှစ်ယောက်ကြား တိုက်ပွဲဖြစ် သဖြင့်၊ လင်းယွန်က အာရုံ ပြန်စိုက် လိုက်မိသည်။
၎င်းတို့ အနက်မှ အနိုင် ရသူသည်၊ နောက် တစ်ဆင့်တွင်၊ သူ့ ပြိုင်ဘက် ဖြစ်လာ နိုင်ပေ၏။
နန်းတော် (၂)လုံးနှင့် ခြံဝင်း (၃)ခုသည် တောင်ထိပ် (၁၀၈)လုံးထက် ကျော်ကြားသော အင်အားစု ဖြစ်သည်။
ထို့ကြောင့် သူတို့၏ တပည့် များမှာ၊ အခြားသူ များထက် ပို၍ သန်မာ၏။ ဆုကျန်း ဟူသည်၊ အသက် ငါးဆယ်ကျော် ရှိပြီး၊ ‘နှင်း လွင်ပြင် ဓား’- ဟု ခေါ်သော၊ အဆင့်မြင့် တစ္ဆေ ဝိညာဉ် ပညာ ရပ်ကို၊ အသုံး ပြုသည်။
ထိုဓားရေးသည် ဗုဒ္ဓ ဘာသာ ဂိုဏ်း များမှ လာ၏။ အစွမ်း ထက်ပြီး ဗုဒ္ဓ ရောင်ခြည် များက၊ သူမ ဓားနှင့် တွဲလျက် လိုက်ပါ နေသည်။
ဤအရာက စင်မြင့် တစ်ခု လုံးကို၊ ရွှေရောင် လွှမ်းခြုံထား တော့၏။ လွှမ်းမိုးပြီး ပြိုင်ဘက်၏ ဆုတ်ခွာမှု လမ်းကြောင်းများ အားလုံးကို ပိတ်ပစ် နိုင် ခဲ့သည်။
တစ်ဖက်တွင် ဝမ်ယွဲ့က၊ သူမ၏ တိုက်ခိုက်မှုကို ဖြေရှင်းရန်၊ ပုံစံ အမျိုးမျိုး ပြောင်း လဲကာ၊ ရင်ဆိုင် နေရသည်။
“ မိုးလုံး အပြည့် ... ။ ”
ဆုကျန်းက သူမကိုယ် သူမ နက္ခတ်နှင့် ပေါင်းစည်း ပစ်ကာ၊ ကောင်းကင်မှ ရွှေရောင် ရုပ်တုကြီး အလား ဆင်းသက် လာ၏။
ဓား ရည်ရွယ်ချက် များက သိပ်သည်း လွန်းသောကြောင့်၊ ငွေ့ရည် ဖွဲ့ပြီး မိုးအဖြစ် တဖွဲ့ဖွဲ့ ရွာကျ လာတော့သည်။
“ ပလောက် ... ။ ”
မိုးစက် ထိမှန်ရာ စင်မြင့် ကြမ်းပြင်၌ အပေါက်များ ဖြစ်ပေါ်လာ၏။ စင်မြင့် တစ်ခု လုံးကို အမည်ခံ သူတော်စင်ပင်၊ မဖျက်ဆီး နိုင်သော အစီရင်ဖြင့် ဖုံးအုပ် ထားသည်။
“ တော်ဝင် သမီးတော် ခြံဝင်းရဲ့ ... ဓားရေးက တကယ့်ကို လွှမ်းမိုး လွန်းပါတယ်၊ သူက အမျိုးသမီး ဖြစ်ပေမယ့် ... ယောက်ျား တေွထက် ... ပိုမို ကြီးစိုးတယ်။ ”
“ ဓားပညာကို ဗုဒ္ဓ ရောင်ဝါနဲ့၊ ပေါင်းစပ် ထားတယ်၊ ကိုယ်တိုင် မရင်ဆိုင် ဖူးပဲနဲ့ ... ဒီဓားဘယ်လောက် စွမ်းလဲ၊ တွေးကြည့်လို့ မရဘူး။ ”
သူတော်စင် တပည့် များက ဆုကျန်းအား ချီးကျူး လာ၏။ ဝမ်ယွဲ့က သူ ရှုံးတော့ မည်ကို သိသဖြင့်၊ လှုပ်ရှားမှုအား ပြောင်းလဲ လိုက်သည်။
ဤသည်မှာ လူတိုင်း သိသော ငရဲ သစ်ခွ ဓားရေး ဖြစ်ပြီး၊ ဆုကျန်း ဓားကို ပြန်တွန်းထုတ် နိုင်ခဲ့သည်။
တစ်ချိန်တည်း မှာပင်၊ သစ်ခွ ပန်းများ စင်မြင့် အနှံ့ ပွင့်လာ တော့၏။ ၎င်းတို့က ဓား ရောင်ခြည် များကို စုပ်ယူလျက်၊ ပို၍ လှပ လာခဲ့သည်။
“ ဟိုစဉ် ကတည်းက ... ပန်းတွေ အမြဲ ပွင့်ကြတယ်။ ”
ဝမ်ယွဲ့က ဓားကို ရင်ဘတ် ရှေ့တွင် ကန့်လန့်ကာ လိုက်ပြီး၊ ဘယ်လက်ဖြင့် ဓား ကိုယ်ထည်ပေါ် ပွတ်ဆွဲ လိုက်၏။
သစ်ခွပန်းများ ကောင်းကင်ပေါ် ပျံတက် ကုန်တော့သည်။
“ ဘဝ ရည်ရွယ်ချက် ... ။ ”
လင်းယွန် တစ်ယောက် အံ့သြ သွား၏။ အဆုံးတွင် သေခြင်း တရားထက် များစွာ ပို၍ ခက်ခဲသော ဘဝ-ရည်ရွယ်ချက်ကို ဆုပ်ကိုင် ထားနိုင်ခြင်း ဖြစ်သည်။
မရဏ ရည်ရွယ်ချက်ကို ထပ်မံ ဆုပ်ကိုင် နိုင်ပါက၊ အမြင့်ဆုံး ဖြစ်သော ဘဝ-မရဏ အား ဆုပ်ကိုင် နိုင်ပေမည်။
ဘဝ-မရဏသည် အချိန်-အာကာသနှင့် ယှဉ်နိုင်သော အသန်မာဆုံး ရည်ရွယ်ချက် ဖြစ် ခေျ၏။
ဝမ်ယွဲ့က ဘဝ-ရည်ရွယ်ချက်အား ထုတ်ဖော်ခဲ့ ပြီးနောက်၊ ဆယ်ကြိမ် အတွင်း အနိုင် ရသွားသည်။
“ ငရဲ သစ်ခွ ခြံဝင်းက ... ၊ ပါရမီရှင် တစ်ယောက် မွေးဖွား နိုင်ခဲ့ တာပဲ။ ”
ဆုကျန်းက ဦးညွှတ် လိုက်သည်။
“ စီနီယာ အစ်မ ပိုင်နဲ့ ... ယှဉ်ရင်၊ ငါက ဘာမှ မဟုတ်သေး ပါဘူး ။ ”
ဝမ်ယွဲ့က နှိမ့်ချသော ပုံစံဖြင့် လက်ဝှေ့ယမ်းကာ၊ ပြန်လည် ဦးညွှတ် လိုက်သည်။ ဤသည်မှာ ဒီ-အဆင့် အတွင်း ပြင်းထန်သော တိုက်ပွဲ အဖြစ် သတ်မှတ် နိုင်၏။
“ သာမန် ဓားရေး တစ်ရပ်က ... ၊ ဒီလောက်တောင် ကြောက်စရာ ကောင်းတဲ့ စွမ်းအားတွေ ရှိနေတာလား၊ ဘဝ-ရည်ရွယ် ချက်က ... တကယ့်ကို စိတ်ဝင်စား စရာပဲ။ ”
“ ဝမ်ယွဲ့က တော်တော် လေးကို ... ၊ သိမ်သိမ် မွေ့မွေ့ နိမ့်ချပြီး နေတတ်တယ်၊ သူက ဝမ် မိသားစု ကပဲ မဟုတ်လား။ ”
ဤဝမ်ယွဲ့သည် ကြောက်မက်ဖွယ် ကောင်းသော ပြိုင်ဘက် ဖြစ်လာ မည်ဟု လင်းယွန်မှ ခံစားနေ ရ၏။
၎င်းသည် သာမာန် ဓားရေးများ ကိုသာ အသုံးပြု ခဲ့သောကြောင့်၊ ဝှက်ဖဲများ ကျန်ရှိပေ နိုင်မည်။
ယဲ့ဖေးဖန်နှင့် ကျန်းယွီ ပြီးနောက်၊ ဝမ်ယွဲ့မှာ ဒီ-အဆင့်၏ ရေပန်းစားသော ပြိုင်ပွဲ တစ်ဦး ဖြစ် လာခဲ့သည်။
လေးနာရီ ကုန်လွန် ပြီးနောက်၊ အုပ်စု တစ်ခုစီ၌ လူသုံးဆယ် ခန့်သာ ကျန်ရစ် ခဲ့သည်။ အများ အပြားမှာ ဒဏ်ရာ ပြင်းထန်စွာ ရခဲ့ သဖြင့်၊ အနိုင်ရ သော်လည်း နုတ်ထွက် လိုက်ရသည်။
ချီယွင်က ကောင်းကင်ပေါ် ပျံတက် လာပြီး၊
“ အမွေးတိုင် လောင်ကျွမ်းချိန် တစ်ဝက် ရပ်နားမယ်၊ ပြီးရင် ငါတို့ တိုက်ပွဲတွေ ... ဆက် သွား ရအောင်၊ အနိုင်ရ သူတွေက သုံးရက် နေရင်၊ ထိပ်ဆုံး ဆယ်ဦး အတွက်၊ ...
... ဒီနေရာမှာ ပြန်လည် ယှဉ်ပြိုင် ရမယ်၊ အရှုံး သမားတွေ ကလည်း၊ သက်ဆိုင်ရာ နေရာ အတွက် ယှဉ်ပြိုင်မယ်။ ”
-ဟု ကြေငြာ လိုက်တော့သည်။
***