သူတော်စင်။
Vol. 138 Ch. 1920
လင်းယွန်က သူ့ကိုယ်သူ အနိုင်ရ မည်ဟု ယုံကြည်၏။ သို့သော် မည်သူ မဆို အရှုံးသမား အုပ်စုတွင်း မကျရောက် လိုသဖြင့်၊ စိန်ခေါ်မှု ရှိလာ နိုင်သည်။
၎င်းသည် ရှက်စရာ ကောင်း သကဲ့သို့၊ ပြိုင်ဆိုင်မှု သည်လည်း ပြင်းထန်လျက်၊ ဒဏ်ရာ ရရန် လွယ်ကူ၏။
အမွှေးတိုင် လောင်ကျွမ်းချိန် တစ်ဝက် ကုန်လွန် ပြီးနောက်၊ တိုက်ပွဲ ပြန်လည် စတင် လာသည်။
သူ့ခွန်အား သူ ... ၊ မယုံကြည်သူ များက တိုက်ပွဲများ ရပ်ပြီး၊ ဝှက်ဖဲများ ချန်ကာ အရှုံး ပေး ကုန်ကြသည်။
ယဲ့ဖေးဖန်နှင့် ကျန်းယွီတို့ သည်လည်း စင်မြင့်ပေါ် တက်ရောက် ရ၏။ သူတို့ ပြိုင်ဘက် များမှာ၊ နိဗ္ဗာန်-စတုတ္ထ အဆင့်ရှိ မျိုးဆက် ဟောင်း သူတော်စင် တပည့်များ ဖြစ်သည်။
သို့သော် အလွယ်တကူ အနိုင်ရ ခဲ့ကြသည်။ ထို့နောက်တွင် လင်းယွန်က ဝမ်ယွဲ့နှင့် တိုက်ရန် စင်မြင့်ပေါ်၊ ခေါ်တင်ခြင်း ခံလိုက် ရ၏။
သူတို့ နှစ်ယောက် လုံးသည် အားနည်း သူများ မဟုတ် သဖြင့် လူတိုင်း စိတ်ဝင်စား လာကြသည်။
အချို့သော သူတော်စင် တပည့် များနှင့်၊ သူတော်စင် အကြီး အကဲမှာ လင်းယွန် အပေါ် အကောင်း မမြင်ချေ။
“ ဒီကောင်လေး ... နည်းနည်းတော့ ကံဆိုးတယ်၊ ဝမ်ယွဲ့ရဲ့ ကျင့်ကြံမှုက ... ကျန်းယွီ ထက် နိမ့်ပေမယ့်၊ ဘဝ-ရည်ရွယ်ချက်က သူ့ကို ဒုက္ခပေး နိုင်တယ်၊ ဒါက သူတော်စင်တောင် ဆုပ်ကိုင် နိုင်တဲ့ အရာ မဟုတ်ဘူး။ ”
မူလ နဂါး မဟာ သူတော်စင်က ခေါင်းယမ်းလျက် သူ့တပည့်အား စိုးရိမ်သွား တော့သည်။
“ ဒါတော့ အမှန်ပဲ ... ၊ ယဲ့ချင်းရှန်ရဲ့ ခွန်အားက အကန့် အသတ် ရှိတယ်၊ ဒါပေမယ့် အရေးမကြီး ပါဘူး၊ သူ ငယ်သေးတယ်၊ အချိန် အများကြီး ရပါ သေးတယ်။ ”
သူတော်စင် အကြီးအကဲ တစ်ဦးမှ ဝင်ပြောသည်။ ထိုအချိန်တွင် မထင်မှတ်သော အချင်း အရာ တစ်ခု ပေါ်လာ၏။
၎င်းမှာ ကောင်းကင်ဘုံ ယင် နန်းတော်မှ သန့်ရှင်းသော သမီးတော် ဝမ်မူယန် ရောက်ရှိ လာခြင်း ဖြစ်သည်။
သူမ၏ ကျင့်ကြံမှုသည် နိဗ္ဗာန်-စတုတ္ထ အဆင့်၌ ရှိပြီး၊ ဒီ-အဆင့် ချန်ပီယံ အဖြစ် ရှုမြင် ထားကြ၏။
ကျန်းယွီနှင့် ယဲ့ဖေးဖန်အား၊ လူကြိုက် များကြ သော်လည်း၊ သူမ နောက်၌သာ ဖြစ် သည်။ ချန်ပီယံသည် ဝမ်မူယန် ပေပင်။
“ ယင် နန်းတော်ရဲ့ သမီးတော်က ဒီပွဲကို လာကြည့် တာပဲ၊ ယဲ့ချင်းရှန်ကို ... သူ တကယ် အာရုံစိုက် နေပုံ ရတယ်။ ”
ချစ်စရာ ကောင်းသော ဝမ်မူယန်အား လျစ်လျူရှု မထား နိုင်ချေ။ သူမ ပေါ်လာသော အခါ၊ ထျန်း-အဆင့်မှ တပည့်များ အပါ အဝင်၊ လူတိုင်း အာရုံစိုက် လာကြ၏။
အသက် အရွယ် အရ၊ ယခု နှစ်တွင် ဆယ့်ကိုးနှစ်သာ ရှိသေးသည်။ သို့သော် ထူးခြား စွာပင်၊ မည်သူမျှ သူမ ရုပ်သွင်အား၊ ရှင်းရှင်း လင်းလင်း မမြင် နိုင်ချေ။
စိတ်နေ စိတ်ထား တစ်ခုတည်း ဖြင့်ပင်၊ လူတိုင်း၏ နှလုံးသားကို တဒိတ်ဒိတ် ခုန်လာ ကြစေသည်။
ယင်းကို သတိ ထားမိသော လင်းယွန်က ဝမ်မူယန်နှင့် တိုက်ပွဲကို ချက်ချင်း ပြန်၍ သတိ ရလာသည်။ သူမသည် ထူးခြား လှ၏။
မျက်နှာ အသွင် အပြင်အား၊ တစ်စုံ တစ်ရာ အလွှာ ပါးပါးဖြင့် ဖုံးကွယ်ထား သကဲ့သို့၊ အတိ အကျ ပုံဖော်၍ မရချေ။
“ ယဲ့ချင်းရှန် ... ၊ မင်းက ငါ့ ဝမ်မိသားစုရဲ့ သန့်ရှင်းသော သမီးတော်ကို၊ အာရုံ စိုက်နေတာ လား။ ”
ဝမ်မူယန်၏ အဆင့် အတန်းသည် ဝမ်မိသားစု၌ များစွာ မြင့်မား သောကြောင့်၊ ဝမ်ယွဲ့မှ မနာလို ဖြစ်လာသည်။
ဝမ်ဘိုးဘေး များနှင့်၊ အကြီးအကဲ များစွာ တို့က သူမကို အလေးပေး ကြ၏။ သူမသည် ဝမ် မိသားစု၏ ရတနာလည်း ဖြစ်သည်။
“ ငါ့ကို ချစ်တဲ့ သူတွေ အများကြီး ရှိကြတယ်၊ သူတို့ အားလုံးကို ဂရုစိုက် နေရလို့၊ မင်းရဲ့ သန့်ရှင်းသော သမီးတော်ကို၊ ငါ ... စိတ်မဝင် စားဘူး။ ”
“ ဟား ဟား ဟား ... ပြောတာ ကောင်းတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် ... မင်းက သူမနဲ့ မလိုက်ဖက် ပါဘူး။ ”
ဝမ်ယွဲ့က ဒေါသဖြင့်၊ ဓားကို ဆွဲထုတ် လိုက်သည်။ ဓားကိုယ်ထည် ပေါ်တွင် မီးလျှံများ တောက်လောင် လာ၏။
ချက်ချင်းပင် မြွေများ အဖြစ်၊ ပြောင်းလဲ သွားတော့သည်။ ယခင် တိုက်ပွဲ ဝင်ပုံနှင့် မတူ သောကြောင့်၊ လင်းယွန်က မျက်မှောင် ကြုတ် လိုက်မိ၏။
“ စစ်မှန်တဲ့ ကျွမ်းကျင် သူတွေ ကြားမှာ ... ၊ မင်းက အားနည်း နေပါ သေးတယ်။ ”
ဝမ်ယွဲ့က ပြုံးလျက် ပြောလိုက်ပြီး၊ ခြေတစ်လှမ်း လှမ်းတက်ကာ၊ ဓားဖြင့် ထိုးသွင်း တော့သည်။
တစ်ချိန်တည်း မှာပင်၊ ရာနှင့် ချီသော မြွေများက ဘဝ-ရည်ရွယ်ချက်ကြောင့်၊ အသက် ဝင်လာ ကြ၏။
ငရဲ သစ်ခွ ခြံဝင်း၏ အပြင်းထန် ဆုံးသော ဓားရေး တစ်ရပ် ဖြစ်သည့်၊ ကောင်းကင် လောင် မြိုက်ခြင်း ဓားကို၊ ထုတ်ဖော် ခဲ့ခြင်း ဖြစ်သည်။
၎င်းကို ကောင်းကင် လောင်မြိုက်ခြင်း ဓားသုတ္တန်နှင့် တွဲဖက်ကာ၊ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ ထုတ်လွှတ် နိုင်၏။
အရှေ့ဘက် ပျက်စီး မြေ၌၊ သူတော်စင် နယ်ပယ် အောက်ရှိ၊ အဖျက် စွမ်းအား အပြင်း ဆုံးသော ဓားရေး (၄)ရပ် ထဲမှ၊ တစ်ရပ် ဖြစ်သည်။
“ ကောင်းကင် လောင်မြိုက်ခြင်း ဓားနဲ့ ... ၊ ဘဝ-ရည်ရွယ်ချက် ... ၊ ဒီကောင် ဝမ်ယွဲ့က ... တကယ့် ဉာဏ်ကြီး ရှင်ပဲ။ ”
“ ဒါတောင် နိဗ္ဗာန် ပထမ အဆင့် မှာပဲ၊ ရှိသေးတယ်၊ အမည်ခံ သူတော်စင် ဖြစ်လာတဲ့ အခါ ... ၊ သူ ပြိုင်ဘက်ကင်း လာလိမ့်မယ်။ ”
လင်းယွန် ခမျာ ကြီးမားသော ဖိအားကို ခံစား လာရသည်။ ကောင်းကင် တာအို ဂိုဏ်းရှိ မည်သူ့ ကိုမျှ လျှော့တွက်၍ မရကြောင်း၊ ပြသ လာချေ၏။
သူ့ ဝှက်ဖဲများ မထုတ်သော် ပြိုဘက်၏ ဓားကို ဖြေရှင်းရန် ခက်ခဲ ပေမည်။ နောက်ပြန် ဆုတ်လျက်၊ ပန်းသင်္ချိုင်း ဓားအား ဆွဲလိုက် တော့သည်။
“ ယဲ့ချင်းရှန် ရှုံးပြီ ... ။ ”
“ ကောင်းကင် လောင်မြိုက်ခြင်း ဓားကို ရင်ဆိုင်ဖို့ နောက်ပြန်ဆုတ် တာက၊ သူ့ အမှားပဲ။ ”
အနီးနားရှိ တပည့် များက ခေါင်းယမ်း လိုက်ကြသည်။ လင်းယွန်က အသက် ပြင်းပြင်း ရှူလျက်၊ ထပ်မံ ဆုတ်ခွာ တော့၏။
ခြေလှမ်း သုံးလှမ်း ဆုတ်ခွာ လိုက်ရုံဖြင့် စင်ပေါ်၌ မီးတောက် နေသော မြွေ (၁၀၀၀) ကျော် သွားသည်။
ထို့ကြောင့် ကောင်းကင် လောင်မြိုက်ခြင်း ဓားကို ရင်ဆိုင် ရာတွင်၊ နောက်ဆုတ် ခြင်းသည် တိုက်ပွဲ၌ အောက်စည်းသို့ ရောက်ရှိ သွား စေ၏။
ဝမ်ယွဲ့ မှလည်း လင်းယွန်အား ပြန်၍ တိုက်စစ် ဆင်ခွင့် မပေးချေ။ လင်းယွန် ဓားမှာ ကြောက်စရာ ကောင်းကြောင်း သူ သိသည်။
များမကြာခင် မီးမြွေများ အားလုံး ပေါင်းစပ်ပြီး၊ မီးနဂါး တစ်ကောင် ဖြစ်ပေါ် လာသည်။
လင်းယွန် ဓားကို လေထု အလယ် လွှဲလျက်ပြီး၊ အားယူ လိုက်၏။ ဓား သွားရာ လမ်း တစ်လျှောက် ပိုးစုန်းကြူးများ လိုက်ပါ လာတော့သည်။
( ပိုးစုန်းကြူး= အလင်းမှုန်များ။)
ယင်းက မီးနဂါးကို အဟန့်အတား ဖြစ်သွား စေ၏။
“ ပိုးစုန်းကြူး ရောင်ခြည် ... ။ ”
သည့်နောက် ပိုးစုန်းကြူး ရောင်ခြည်က၊ မီးနဂါးကို ပြန်၍ တွန်းထုတ် တော့သည်။ ဝမ်ယွဲ့ တစ်ယောက် မီတာ ရာဂဏန်း အကွာသို့၊ ပြန်ဆုတ် သွားရ၏။
“ အာရုဏ်ဦး ရောင်ခြည် ... ။ ”
လင်းယွန်က မရပ်သေးဘဲ ဒုတိယ ဓားကို ထုတ်လွှတ်ကာ ကောင်းကင်ကို ဖြိုချ ပစ်လိုက် သည်။
ကောင်းကင် အက်ကွဲကြောင်း အတွင်းမှ ဓားအလင်း ကျဆင်း လာပြီး၊ မီးနဂါးကို ခေါင်း ဖြတ်ပစ် တော့၏။ ဤအရာက ဝမ်ယွဲ့ မျက်နှာကို ပြောင်းလဲ စေသည်။
“ ဆည်းဆာ ရောင်ခြည် ... ။ ”
တတိယ ဓားကြောင့်၊ ကောင်းကင် အက်ကွဲကြောင်း အတွင်းမှ ကျဆင်း နေသော အလင်းရောင်မှာ၊ ကြက်သွေးရောင် အဖြစ်သို့၊ ပြောင်းလဲ သွားသည်။
ယင်းသည် ပျက်စီး နေသော မီးနဂါးကြီး နှင့်အတူ ရပ်လျက်၊ ကျန်ရှိ နေသော ဝမ်ယွဲ့အား အသက်ရှူ ကြပ် သွားစေ၏။
“ ဝှစ် ... ။ ”
လင်းယွန်က ဓားသုံးချက် ထုတ်ဖော် ပြီးနောက်၊ စင်မြင့်ပေါ် ပြန်ဆင်း လာခဲ့သည်။ သူ့ဓား ရောင်ဝါသည်၊ ဝမ်ယွဲ့ ဓားရောင်ဝါအား၊ ကောင်းစွာ တွန်းလှန် နိုင်၏။
“ လကွယ် ည ... ။ ”
ကောင်းကင်၌ လတစ်စင်း ပေါ်ချိန်တွင်၊ ပန်းသင်္ချိုင်း ဓားဖြင့် ၎င်းကို ဆွဲယူကာ ပစ်လွှတ် လိုက် တော့သည်။
“ ပိုးစုန်းကြူး နတ်ဓားပဲ ... ။ ”
“ ဓား ဘယ်နှစ်ချက် ရှိပြီလဲ ... ။ ”
အတွင်း တပည့် များသာ မက၊ သူတော်စင် တပည့်များ သည်ပင်၊ မတ်တပ်ထရပ် လာတော့ သည်။
မရဏ အဆင့် မျှဖြင့်၊ ပိုးစုန်းကြူး နတ်ဓားကို၊ စတုတ္ထ အဆင့် သို့တိုင် ကိုင်ဆောင် ထားနိုင် သည်လော။
ဓား ရည်ရွယ်ချက်က နှင်းများ အဖြစ် ငေွ့ရည် ဖွဲ့ကာ၊ ထိုနှင်းစက် များမှ ခရမ်းရောင် အလင်းများ၊ တောက်ပ လာ၏။
ဤသည်မှာ ကောင်းကင်ဘုံက နှင်း တောင်တန်း ဟူသော၊ ပိုးစုန်းကြူး နတ်ဓား၏ ပဉ္စမမြောက် ဓားပုံစံ ဖြစ်သည်။
၎င်းဓား ပြီးနောက်၊ ဝမ်ယွဲ့၏ ကောင်းကင် လောင်မြိုက်ခြင်းဓား အငွေ့ အသက်မှာ၊ လုံးဝ ပြိုကျ သွားတော့၏။
နှင်းပွင့် များက မီးတောက် များကို ငြိမ်းသတ်လျက်၊ ဝမ်ယွဲ့ လက်မှ ဓားပေါ် တူ တစ်လက်လို၊ ပြုတ်ကျ လာသည်။
“ ရွှပ် ... ။ ”
သို့တိုင် ဝမ်ယွဲ့က သူ့ဓားကို အတင်း ဆွဲတင်ကာ၊ ဖိအားကို ခွဲပစ် လိုက်သည်။ ဓားကို ပြန်ပက် ချိန်တိုင်း၊ နောက်တစ်လှမ်း ပြန်ဆုတ် ပေးလိုက် ရ၏။
“ ပဉ္စမ ဓား ... ။ ”
ကောင်းကင် တာအို ဂိုဏ်းမှ သူတော်စင် အကြီး အကဲ များ၏၊ မျက်ဝန်းများ တောက်ပ လာတော့သည်။
မြင့်မြတ်မြေ များ၌၊ ပိုးစုန်းကြူး နတ်ဓား ရှိသည်။ သို့သော် မရဏ အဆင့်ဖြင့်၊ ဆဋ္ဌမ ဓား ကို ဆုပ်ကိုင် နိုင်သူမှာ၊ (၁၀) ယောက်ပင်၊ မပြည့် ချေ။
“ ကောင်းကင် တာအို ဂိုဏ်းမှာ ... ၊ နောက်ထပ် ဓား သူတော်စင် တစ်ပါး မွေးဖွား လာတော့ မှာပဲ။ ”
သူတော်စင် အကြီးအကဲ တစ်ဦးက၊ ဝမ်းသာအားရ ဆိုသည်။ သို့သော် လူတိုင်းက သူ့စကားပေါ် အာရုံ မရ သေးဘဲ၊ မျက်လုံးပြူး နေကြ၏။
အဘယ်ကြောင့် ဆိုသော် ယဲ့ချင်းရှန်မှ နောက်တစ်ကြိမ် ဓားအား မြောက် နေသော ကြောင့် ဖြစ်သည်။
“ ရွှပ် ... ။ ”
၎င်း၏ ဆံပင်နှင့် အဝတ် အစားများ လေထဲ လွင့်ပျံလျက်၊ ငွေရောင် ဓားရောင်ခြည် တစ်စင်း ပျံထွက် လာ၏။
ဤသည်မှာ ပိုးစုန်းကြူး နတ်ဓား၏ ‘ငွေသွေး’- ဟု ခေါ်သော ဆဋ္ဌမမြောက် ဓားပုံစံ ဖြစ်ချေပြီ။
***