← Chapters

ငါ့ ချစ်သူ ... ။

Vol. 138 Ch. 1921

ငါ့ ချစ်သူ ... ။

Vol. 138 Ch. 1921

ပတ်ဝန်းကျင်ရှိ ပြန့်ကျဲ နေသော နှင်းပွင့်များက၊ ဓားကိုင် ထားသည့် လင်းယွန် အနားတွင် စုရုံးလာ ခဲ့သည်။

မျက်စိတစ်မှိတ် အတွင်း၊ ငွေရောင် နဂါး​ငေွ့တန်း အဖြစ်၊ ပြောင်းသွားပြီး စုပ်ဝဲ အသွင် ဖြစ်ပေါ် လာသည်။

ဓား ရည်ရွယ်ချက်က ကြယ်တံခွန် ကဲ့သို့ တောက်ပ နေ၏။ ယင်းက ကြယ် သမုဒ္ဒရာ​ကြီး လှိုင်းထန် နေခြင်းနှင့် တူသည်။

ကြယ်သမုဒ္ဒရာ အတွင်းမှ၊ ကြယ် အလင်းများ လှိုင်းအသွင်၊ ပြေးထွက် လာသည်။ ဝမ်ယွဲ့က ဟန့်တား နိုင်လိုက် သော်လည်း နောက်သို့ ယိုင်ထွက် သွား၏။

ဤနည်းဖြင့် ကြယ်အလင်း များကို ဟန့်တားလျက်၊ စင်မြင့့် ထောင့်သို့ ရောက်ရှိ လာသည်။

“ ရွှပ် ... ။ ”

ထိုအချိန်တွင် လင်းယွန် ဓားရောင်ဝါမှာ၊ အထွတ် အထိပ် ရောက်ရှိ လာပြီး၊ ငွေရောင် အလင်း များက၊ ကြက် သွေးရောင် အဖြစ် ပြောင်းလဲ ပြေးဝင် ထွက်သွား၏။

ဝမ်ယွဲ့ ခမျာ အစွမ်းကုန် ရှောင်တိမ်းရန် လိုက်သော်လည်း၊ ဘယ်ဘက် ရင်အုံ​ကို ထိမှန် ခံရသည်။

“ ဝှစ် ... ။ ”

သွေးများ စီးကျ လျက်၊ စင်မြင့် တစ်ခုလုံး ဖြန့်ကျက် ထားသော ဘဝ-ရည်ရွယ်ချက် သစ်ခွ ပန်းများ နှင့်အတူ၊ လွင့်စဉ် သွားတော့၏။

“ ဒါလည်း ... ပိုးစုန်းကြူး နတ်ဓား ပဲလား၊ သူ ဘယ်လိုတောင် နားလည် ထားလဲ၊ မယုံနိုင် စရာ ကောင်းလိုက်တာ။ ”

ယနေ့တွင် သူတော်စင် အကြီးအကဲများ ကိုပင်၊ ယဲ့ချင်းရှန်မှ အံ့သြဖွယ် ရာများ ပေးစွမ်း နေချေပြီ။

ကနဦးတွင် ဝမ်ယွဲ့အား ယှဉ်ရန် ယဲ့ချင်းရှန် အတွက်၊ နှစ်နှစ်မျှ အချိန် ယူရ မည်ဟု၊ ထင်မိခဲ့ ကြ၏။

ဝမ်ယွဲ့သည် သူတို့ ကဲ့သို့ သူတော်စင် အကြီးအကဲ များပင် နားမလည် နိုင်သော ဘဝ ရည်ရွယ်ချက်ကို ဆုပ်ကိုင် ထား သောကြောင့် ဖြစ်သည်။

သို့သော် တကယ့် တိုက်ပွဲတွင် ဓားသမား စင်စစ် ဟူသည် မည်မျှ ကျေးဇူးတော် ရှိကြောင်း ယဲ့ချင်းရှန်မှ ပြသ လာ၏။

ဝမ်ယွဲ့ တစ်ယောက် စင်မြင့် ပေါ်မှ လွင့်စင်တော့ မည်ကို မြင်သဖြင့်၊ ငရဲ သစ်ခွ ခြံဝင်းမှ တပည့် များက၊ သစ်ခွ နံရံ တစ်ခုကို လျင်မြန်စွာ တည်ဆောက် ခဲ့သည်။

“ ဝုန်း ... ။ ”

ဝမ်ယွဲ့မှာ ထိုနံရံအား ထိမှန်​လျက်၊ ပြန်၍ ခုန်ထွက် သွားတော့သည်။ ကြမ်းပြင်ပေါ် ခြေချ မိသည်နှင့်၊ နှစ်ယောက်သား တစ်ဦးကို တစ်ဦး ပြန်ကြည့် နေမိသည်။

လင်းယွန်၏ ညာဘက် လက် အက်ကွဲ သွားကာ၊ လက်ဖဝါး ကြားမှ သွေးများ စီးကျ ​နေ၏။

( ငါ့ရဲ့ ကျင့်ကြံမှုက အားနည်းချက်ပဲ ... ၊ အစွမ်းထက်တဲ့ ပြိုင်ဘက်ကို ရင်ဆိုင် ရတဲ့ အခါ၊ ဒါက သိသာတယ်၊ သူတို့ကို အမီ လိုက်ချင်ရင် ကြယ်ဓား ရှာရမယ်။ )

ထိုအတွေးနဲ့ အတူ၊ ဒဏ်ရာများ ကုသရန် အတွက်၊ မိုးပြာ နဂါး သူတော်စင် ခန္ဓာ ကိုယ်ကို၊ အသက် သွင်းလိုက်သည်။

သို့တိုင် သူ့ခန္ဓာ ကိုယ်ထဲ ပေးပို့ ထားသော ဝမ်ယွဲ့၏ စွမ်းအင် များသည်၊ ဖြေရှင်းရ ခက်နေ နေသေး သဖြင့်၊ အံ့အားသင့် သွားသည်။

ဝမ်ယွဲ့ အတွက်လည်း မလွယ်ကူ ခဲ့ချေ။ လင်းယွန် ဓား သည်သာ အနည်းငယ် မြန်ဆန် ခဲ့ပါက၊ သူ့ရင်ဘတ်ကို ထိုးဖောက် သွားမည် ဖြစ်သည်။

ထိုအချိန်တွင် မသေ သော်မှ၊ ချိနဲ့လျက် ပြိုင်ပွဲအား စွန့်ခွာ သွားရ ပေမည်။

“ မင်းက မရဏ အဆင့်နဲ့ ... ပိုးစုန်းကြူး နတ်ဓားရဲ့ ... ဓားပုံစံ များစွာကို .. ဆုပ်ကိုင်ထား နိုင်တဲ့ ... ဘီလူး တစ်ကောင်ပဲ၊ ငါ့ သိုင်း ရည်ရွယ်ချက်သာ၊ ...

... မင်းရဲ့ ဓားရောင်ဝါကို ... မတားဆီး နိုင်ခဲ့ရင်၊ ရလဒ်က သေချာသွားမယ်၊ ဒါပေမယ့် အခုတော့ ... မင်းအတွက် အခွင့် အရေး မရှိ တော့ပါဘူး။ ”

ယခုထက် ပို၍ ကြီးကြီး မားမား ဒုက္ခ ရောက်စရာ မရှိတော့ဟု ဝမ်ယွဲ့မှ ယုံကြည်၏။

“ ငရဲ သစ်ခွတွေ ပွင့်လာပြီ။ ”

ထို့ကြောင့် တွန့်ဆုတ်ခြင်း မရှိ၊ ဓားကို လွှဲလိုက်ရာ၊ ငရဲ သစ်ခွ ပန်းများ ကြမ်းပြင်၌ တစ်ဖန် ပြန်၍ ပေါ်လာ တော့သည်။

ကောင်းကင် လောင်​မြိုက်​ခြင်း ဓား၏ ဖိအားသည် ​ပြိုင်ဘက်ကို မထိ​ရောက် တော့မှန်း သိသဖြင့်၊ ဤတစ်ကြိမ်တွင် ငရဲ သစ်ခွ ဓားကို ပြောင်းလဲ အသုံးပြု လိုက်သည်။

ဓားရောင်ဝါ သည်လည်း မယှဉ်နိုင် သောကြောင့်၊ ဘဝ-ရည်ရွယ်ချက် ရောင်ဝါ ကိုသာ အသုံးပြု မိ၏။

ယင်းက သူ၏ အားသာချက်ကို၊ ပိုမို ချဲ့ထွင်နိုင် ပေမည်။ တစ်ဖက်တွင် လင်းယွန်မှာ၊ အကျပ်ရိုက် သွားသည်။

သူတော်စင် ခန္ဓာ နှစ်ခုနှင့် မိုးပြာ နဂါး ဓားရေးကို အသုံး မပြုနိုင် သ​ဖြင့်၊ အနည်းငယ် ရင်ဆိုင် ပြီးနောက်၊ ခက်ခဲသော အနေ အထားသို့၊ ကျရောက် လာသည်။

“ ငါ မြင်ပြီ ... ၊ မင်းက တကယ် ဉာဏ်ကောင်း တယ် ... ။ ”

လင်းယွန်က ပြုံးလျက် ငရဲ သစ်ခွ ပန်း များကို ကြည့်ကာ၊ ချက်ချင်း နောက်ပြန် ဆုတ် လိုက် မိသည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ဓား ရောင်ခြည်များ ရောယှက် လာပြီး၊ လင်းယွန် ခြေဖဝါး အောက်၌၊ အနက်ရောင် လိပ်ခွံ တစ်ခု ပေါ်လာ၏။

“ လိပ်နက် ရူရ်လား။ ”

“ လိပ်နက် သူတော်စင် ရူရ်ပဲ၊ အမည်ခံ သူတော်စင် တစ်ပါး​တောင် ချိုးဖျက်ရ ခက်ခဲ တယ်။ ”

“ နေဦး ဒါ ... ဒါက တော်ဝင် မိုးကြိုးဓား မဟုတ်လား၊ လိပ်နက် မျိုးရိုးရဲ့ ဓားပညာ ပဲ၊ ဆုပ်ကိုင်ရ ခက်တယ်၊ ပြီးခဲ့တဲ့ နှစ်က သူ ... ဘာတွေများ ကြုံခဲ့ ရလဲ။ ”

“ တော်ဝင် မိုးကြိုးဓားလား ... ။ ”

ဝမ်မူယန်မှာ အံ့သြ သွား၏။ ​တော်ဝင် မိုးကြိုးဓား ဟူသည် လိပ်နက် မျိုးရိုး မိသားစု အတွင်း ၌ပင်၊ ပျောက်ဆုံး​ နေ​သော ပညာရပ် ဖြစ်သည်။

ဤလူငယ်သည် အမှန်ပင် မည်သူ ဖြစ်မည်ကို သိချင် လာတော့၏။ သည်ပွဲအား လာကြည့် ရသည့် အကြောင်း ရင်းမှာ၊ ၎င်းအား စစ်ဆေး လိုခြင်းကြောင့် ဖြစ်သည်။

ပိုးစုန်းကြူး နတ်ဓားကို အဆင့် မြင့်မြင့့် အောင်မြင် ထားပြီး၊ ယခု အခါ တော်ဝင် မိုးကြိုး ဓားကို၊ ပြောင်းလဲ လာ၏။

ဤအရာက ဝမ်ယွဲ့ကို သဘာဝ အတိုင်း စိတ်ပျက် လာစေသည်။ ပြိုင်ဘက်၏ ဓားရေးမှာ ခံစစ်-တိုက်စစ် အားကောင်းပြီး၊ ချိုးဖြတ်ရ ခက်ခဲ နေချေ၏။

ထိုစဉ် ဓားအလင်းများ ဖြာလျက်၊ ယဲ့ချင်းရှန်အား မမြင်ရတော့ချေ။ ၎င်းအစား လျှပ်စီးမြွေ တစ်ကောင် ပေါ်လာ၏။

“ ဂျိန်း ... ။ ”

“ ရွှီး ... ။ ”

လျှပ်စီး မြွေက ဝမ်ယွဲ့ ဓားကို ရိုက်ချ လိုက်ပြီး၊ လက်ကောက် ဝတ်အား ကိုက်ခဲ လာ တော့သည်။

“ ချလွမ် ... ။ ”

ဝမ်ယွဲ့ ခဗျာ ဓားလွတ်ကျ သွားပြီး၊ ဘယ်လက်ဖြင့် လျှပ်စီး မြွေ၏ ဦးခေါင်းကို ဖမ်းညှစ် လိုက်ရ၏။

လျှပ်စီး မြွေ၏ ကြီးမား လှ​သော ခန္ဓာ ကိုယ်က သူ့အား ရစ်ပတ် လာကာ၊ လေထုကို တဝုန်းဝုန်း ပေါက်ကွဲ သွားစေသည်။

“ ဝမ်ယွဲ့ ... ၊ မင်းရဲ့ ဓားကို ဆုံးရှုံး လိုက်ရတာ တောင်မှ ... ၊ အရှုံး မပေးချင် သေးဖူးလား။ ”

လင်းယွန်က မေးသည်။

“ မင်းက လိပ် တစ်ကောင်လို ... ၊ ပုန်းအောင်း တိုက်ခိုက် ဖို့သာ သိတဲ့ လူပဲ၊ အရှက်မဲ့ လိုက်တာ ... ။ ”

အားနည်း သူများကို အနိုင် ကျင့်ပြီး၊ သန်မာသူ များကို ကြောက်ရွံ့ကာ၊ စက်ဆုပ် ရွံရှာဖွယ် ကောင်းသော ယဲ့ချင်းရှန် အကြောင်းကို၊ သူ ကြားဖူး၏။

ငရဲ သစ်ခွ ခြံဝင်း၏ သန့်ရှင်းသော သမီးတော်ကို ချောင်းကြည့်ရန်၊ ကောင်းကင် ရေကန်၌ တစ်လကြာ ပုန်းအောင်း ခဲ့၏။

ထိုအချင်း အရာ များမှာ၊ ကောလ ဟာလများ မဟုတ်ကြောင်း၊ လေ့ကျင့် ထား သော ဤဓား​ရေးမှ သက်သေ ပြနေသည်။

“ တော်ဝင် မိုးကြိုးဓားက ခုခံ ကာကွယ် ရေးနဲ့ တိုက်ခိုက်ရေး ဆိုင်ရာ ဓား​ရေး တစ်ရပ်ပဲ၊ ကောင်းပြီ ... မင်း အရှုံး မပေးချင် သေးရင်၊ ငါတို့ ဆက်တိုက် ရအောင်။ ”

“ ငါ အရှုံး ပေးတယ်။ ”

သို့သော် ဝမ်ယွဲ့က စိတ်ပျက်စွာ ဝန်ခံ၏။ တစ်ဖက်တွင် အလေျာ့ မပေး လိုဘဲ၊ မခံချင်စိတ် အပြည့်ဖြင့်၊

“ မင်း စောင့်နေ ... ၊ အရှုံးသမား အဖွဲ့က ငါပြန်လာရင်၊ မင်းရဲ့ ဓား​ရေးကို ချိုးဖျက် နိုင် မယ့် ... နည်းလမ်း ငါ ရှာ​ပြမယ်။ ”

အမှန်တွင် သူ့၌ ဝှက်ဖဲများ ကျန်ရှိ နေ သေးသည်။ သို့သော် ရင်ဘတ် အပေါက်​ကြီးမှ သွေးများ စီးကျကာ၊ လက် ကောက်ဝတ် ဒဏ်ရာ ရရှိ နေပြီ ဖြစ်၏။

ဆက်၍ တိုက်ခိုက် ခဲ့သော်၊ ဝှက်ဖဲများ အားလုံး သုံးလျှင်ပင် ရှုံးနိုင် ပေမည်။ နောက် တစ်ကြိမ် တွင်မူ၊ အနိုင် ရမည် ဖြစ်၏။

“ မင်းက ... ဉာဏ်ကောင်းတယ်၊ ဒါပေမယ့် ဒါက မင်းကို ပျက်စီးစေ လိမ့်မယ်၊ မင်း .. ဓားကို ယူပြီး ဆင်းသွား။ ”

လင်းယွန်က ဓားကို ပြန်သိမ်းလျက်၊ ပြောလိုက်သည်။ ဝမ်ယွဲ့ တစ်ဝိုက် မိုးခြိမ်း သံများ ပျောက်ကွယ် သွား၏။

ဝမ်ယွဲ့မှာ ဉာဏ်ကောင်း သော်လည်း၊ သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲ နေသည့် အတွက်၊ သနား စရာ ပေပင်။

မိုးကြိုးဓားကို ဖြတ်ကျော်နိုင် လျှင်ပင်၊ ဝှက်ထားသော ပိုးစုန်းကြူး နတ်ဓား၏ ဓားပုံစံ လေးမျိုး ကျန်ရှိနေ သေးသည်။

“ ယဲ့ချင်းရှန် ... အဲဒီမှာ ရပ်စမ်း။ ”

ရုတ်တရက် လူ နှစ်ယောက်က လင်းယွန်အား ဟန့်တား လိုက်သည်။ ၎င်းတို့မှာ ကျန်းယွီနှင့် ယဲ့ဖေးဖန်တို့ ဖြစ်၏။

“ စီနီယာ အစ်ကို ချင်းရှန် ... ၊ မင်းက တစ်နှစ် အတွင်းမှာ ... အများကြီး တိုးတက် လာ တာပဲ၊ အံ့သြ မိပါတယ်။ ”

“ ဘာဖြစ် တာလဲ၊ မင်းက မနာလို လို့လား၊ ဒါဆို ဘိုးဘေးတွေ ဆီမှာ၊ သူတော်စင် မူလကို သန့်စင်ခွင့် သွားတောင်း ပါလား။ ”

လင်းယွန်မှ ပြုံးလျက် ပြန်ပြော၏။

“ ဟမ့် ... ၊ မင်းရဲ့ အောင်မြင်မှု တွေက သူတော်စင် မူလနဲ့ ... မသက်ဆိုင် ပါဘူး၊ ငါတို့ မျိုးရိုးမှာ တော်ဝင် မိုးကြိုးဓား မရှိဘူး၊ ဒါကို မင်း ဘယ်က ရလာ တာလဲ။ ”

ယဲ့ဖေးဖန်မှ လှောင်ပြုံးဖြင့်၊ အေးစက်စွာ မေးသည်။

“ မင်း ဘယ်သူလဲ ... ၊ မင်းက ယဲ့ချင်းရှန် မဟုတ်ဘူး၊ ယဲ့ချင်းရှန်က အမှိုက်ပဲ ... ၊ တစ်နှစ် အတွင်း ပိုးစုန်း​ကြူး နတ်ဓား ပုံစံ (၆) မျိုးကို၊ သူ အောင်မြင် လာစရာ အကြောင်း မရှိဘူး။ ”

ကျန်းယွီက ဝင်ပြော လာသည်။ ဤနေ့ ရောက်လာ မည်ကို၊ လင်းယွန်မှ ခန့်မှန်းထားပြီး ဖြစ်၏။

“ ပိုးစုန်းကြူး နတ်ဓားနဲ့ ... တော်ဝင် မိုးကြိုးဓားတင် ငါ သိတာ မဟုတ်ဘူး၊ မင်းနဲ့ အချိန် ဖြုန်းဖို့ ဆန္ဒ မရှိဘူး၊ ထွက်သွားစမ်း။ ”

လင်းယွန်က ပြောင်ငြင်း လိုက်သည်။ ယဲ့ဖေးဖန်နှင့် ကျန်းယွီမှ မျက်နှာများ ပြောင်းလဲ သွား၏။

“ ခစ် ခစ် ခစ် ... ၊ နင်တို့ နှစ်ယောက် ဘာတွေ ပြောနေ တာလဲ၊ သူ ယဲ့ချင်းရှန် မဟုတ် ရင် ... ၊ ကောင်းကင် တာအို ပလ္လင်ပေါ် တက်ခဲ့ တုန်းက ... ဘာလို့ တုန့်ပြန်မှု မရှိရ တာလဲ။ ”

ထိုစဉ် ဝမ်မူယန်က သူတို့ထံ လျှောက်လှမ်းလာ လျက်မှ ပြောသည်။ အနား ရောက် သည်နှင့် လင်းယွန် ခါးအား ဖက်ကာ၊

“ နင်တို့က တကယ့် လူမိုက်​ တွေပဲ၊ သူတော်စင် အကြီးအကဲ တွေထက် ... ၊ နင်တို့ရဲ့ အမြင်က ပိုစူးရှတယ် ထင်နေ တာလား၊ ချင်းရှန် ဆိုတာ ငါ့ချစ်သူပဲ၊ ငါ မမှတ်မိ နိုင်စရာ မရှိဘူး။ ”

-ဟု ဆိုလိုက်၏။

ကျန်းယွီနှင့် ယဲ့ဖေးဖန် တို့မှာ၊ အံ့သြ တုန်လှုပ် သွားပြီး၊ မျက်လုံးများ ပြူးကျယ်လာ တော့သည်။

***

All Chapters