ကံကြမ္မာက သတ်မှတ် ပေး ထားတဲ့ အမျိုးသမီး ... ။
Vol. 138 Ch. 1922
လူတိုင်း မျက်လုံးပြူး ကုန်သည်။ ယဲ့ချင်းရှန်အား ဝမ်မူယန်မှ ခါးဖက် ထားချေ ၏။ ဤသည်မှာ ဝမ်ယွဲ့အား အနိုင် ယူခြင်း ထက်ပင်၊ မယုံနိုင် စရာ ဖြစ်သည်။
တစ်ဖက်တွင် ခါးဖက်ကာ၊ ထွက်ခွာ သွားသော လင်းယွန်တို့ အတွဲထံ ကြည့်ပြီး၊ ပိုင်ရှုရင် မျက်နှာ အေးစက် သွား၏။
ဝမ်မူယန်သည် မိစ္ဆာ တစ်ဦး ဖြစ်မှန်း၊ သူမ သိထား သဖြင့်၊ ၎င်းအား မမုန်းချေ။ ယဲ့ချင်းရှန် အပေါ်သာ၊ မုန်းတီး မိ၏။
ကျန်းယွီက အံကြိတ်ပြီး၊
“ အဲဒီကောင် ကြာကြာ မခံ ပါဘူး။ ”
-ဟု ဆိုလိုက် တော့သည်။
ထိုစကားကို ယဲ့ဖေးဖန်မှ ခေါင်းငြိမ့် ပြလိုက်သည်။
“ ဟား ဟား ဟား ... ။ ”
သူတို့ နှစ်ဦး ပြောသည်ကို ကြားသွားသော သူတော်စင် တပည့် တစ်ယောက်က၊
“ ဒါက ဖြစ်နိုင်တယ်၊ ဒီကောင် ... ယဲ့ချင်းရှန်မှာ၊ စီနီယာ အစ်ကို ကျန်းလို၊ မိုးလုံး ပြည့်လျှံ ဆေးလုံး မရှိတော့၊ အလွယ် တကူ ပြီးဆုံး သွားလိမ့်မယ်။ ”
-ဟု ဝင်ပြော လာတော့၏။
ထိုအသံသည် မတိုးလှ သဖြင့်၊ လူတိုင်း ကြားလိုက် ရကာ၊ ပြုံးရွှင် လာသည်။ ယင်းက ကျန်းယွီ မျက်နှာကို ရှက်စိတ်ဖြင့်၊ နီရဲသွား စေ၏။ သူက လှည့်ကာ၊
“ ဘယ်သူ ပြောတာလဲ ... ။ ”
-ဟု ပြန်မေး လိုက်သည်။
ထိုအဖြစ် အပျက် ပြီးနောက်၊ ဂိုဏ်းရှိ လူတိုင်းက၊ သူသည် သေးငယ် လွန်းလှ သဖြင့်၊ သွား လေရာ မိုးလုံး ပြည့်လျှံ ဆေးလုံးကို ဆောင်ထားကြောင်း ပြောဆို နေကြ၏။
ဤအရာက သူ့အား ဂိုဏ်း အတွင်း အကြီးကျယ်ဆုံး ရယ်မော လှောင်ပြောင် စရာ ဖြစ်လာ စေသည်။
“ ငါ ... ။ ”
ဝမ်ယွဲ့က အေးစက်စွာ ပြန်ဖြေ၏။
“ မင်းက အရှုံး သမားပဲ ... ၊ မင်း ငါနဲ့ မတွေ့ စေဖို့ ... ဆုတောင်း ထားပါ။ ”
ကျန်းယွီမှ အေးစက်စွာ ကြိမ်းဝါး လိုက်သည်။
“ ဟား ဟား ဟား ... ကောင်းပြီ၊ ငါတို့ တွေ့မယ်၊ ဒါပေမယ့် ငါက မင်းလိုတော့ မိုးလုံး ပြည့်လျှံ ဆေးလုံး မဆောင်ရ ပါဘူး။ ”
“ မင်း ... သေချင် နေတာလား။ ”
ကျန်းယွီ တစ်ယောက် ဒေါသ အမျက် ထွက်ကာ၊ တိုက်ခိုက်ရန် ပြင်လိုက် တော့သည်။ သို့သော် စည်းမျဉ်း များကို ကျော်လွန် သဖြင့်၊ ယဲ့ဖေးဖန်မှ သူ့အား လှမ်းဆွဲ ထားလိုက် ရ၏။
ထိုအချိန်တွင် လင်းယွန်က ဝမ်မူယန်အား ကြည့်ပြီး၊
“ ဒီမှာ ဘယ်သူမှ မရှိ တော့ဘူး ... ၊ မင်းငါ့ကို လွှတ်လို့ ရပြီ။ ”
-ဟု ပြောလိုက် တော့သည်။
“ ငါ နင့်ကို ကူညီပေး တာလေ ... ။ ”
“ မင်း မကူညီ ရင်တောင် ... ၊ သူတို့ ငါ့ကို ဘာမှ မလုပ်နိုင် ပါဘူး၊ သူတော်စင် အကြီးအကဲ တောင်မှ ... မမြင် နိုင်တာ၊ အဲဒီ အမှိုက် နှစ်စက ပိုဝေး သေးတယ်။ ”
“ ယဲ့ချင်းရှန် ... ၊ ကျန်းယွီနဲ့ ယဲ့ဖေးဖန်က အားနည်းသူ မဟုတ်ဘူး၊ ဒီလိုမျိုး မော်ကြွားတဲ့ အပြု အမူမျိုး လုပ်နေရင်၊ မကြာခင် နင် ခံရ လိမ့်မယ်။ ”
ဝမ်မူယန်မှ သတိ ပေးသည်။
“ မင်း ... ငါ့ကို သင်ပြပေး နေတာလား။ ”
“ အစ်ကိုကြီး ရှန် ... ၊ နင် ငါ့ကို ဒီလောက် အထိ၊ သူစိမ်း မဆန် ပါနဲ့၊ နေလ ရူရ် အကြောင်း မသိချင် တော့ဖူးလား၊ အရှေ့ဘက် ပျက်စီး မြေ ရဲ့ ... ဓားသူတော်စင် သုံးပါးရဲ့ ... ၊ အတိတ် ကိုရော။ ”
ဝမ်မူယန်မှ မျက်ခုံး ပင့်ကာ ပြုံးသည်။ လင်းယွန်က ခြေလှမ်းကို ရပ်လိုက် သော်လည်း၊ လှည့်မကြည့်ဘဲ၊ ဆက်၍ ထွက်ခွာ သွားတော့ သည်။
သူ သိချင် သော်လည်း၊ ထောင်ချောက်ထဲ မဝင်လို တော့ချေ။ အချိန်တန်က သူမကို ဖမ်းမိ ပေမည်။
“ ခစ် ခစ် ခစ် ... ၊ ပူးပေါင်း ဆောင်ရွက်ဖို့ အခွင့်အရေး ရှိသေး တယ်နော်၊ နင် ... မယုံရင် ကြိုက်ရာ မေးခွန်း တစ်ခု၊ ငါ ဖြေပေးမယ်။ ”
ဤတစ်ကြိမ်၌ လင်းယွန်က ရပ်ပြီး ပြန်လှည့်ကြည့်ကာ၊ ‘ တကယ် ဖြေမှာလား။’ -ဟု မေးမြန်း လိုက်သည်။
“ မေး ... ။ ”
ဝမ်မူယန်မှ ခေါင်းညိတ်၏။
“ မင်းရဲ့ ရုပ်ရည်က ... ဒီလောက်လည်း လှတာ မဟုတ် ပါဘူး၊ ဘာလို့ သူများ တွေက၊ မင်းကို ကြည့်ပြီး၊ ရူးသွပ် နေကြ တာလဲ။ ”
ပထမဆုံး စတွေ့စဉ် ကတည်း ကပင်၊ ထိုအချက်ကို သတိထား မိခဲ့၏။ ယဲ့ချင်းရှန် ကျရှုံး သွားသည်မှာ၊ မယုံနိုင် စရာ ပေပင်။
ဝမ်မူယန်မှ မျက်လုံးပြူး သွားပြီး၊
“ ဒါက ငါ့ရဲ့ လျှို့ဝှက်ချက် တစ်ခုပဲ၊ ဒါပေမယ့် ... နင် သိချင်ရင် ပြောပြ နိုင်ပါတယ်၊ ငါက လျှို့ဝှက် ကောင်းကင်ဘုံ ယင်ကျမ်းကို လေ့ကျင့် ထားလို့ပါ၊ ...
... ဒါကြောင့် တစ်ယောက် ယောက်က၊ ရမ္မက်တွေနဲ့ ကြည့်မိရင်၊ ငါ့ အပေါ် ... ပိုပိုပြီး၊ ယစ်မူး သွားစေတယ်၊ ...
... ဆိုလို တာက အလှ တရား အပေါ်၊ လူတိုင်းက အမျိုးမျိုး စံသတ်မှတ် ထားပေမယ့်၊ ငါ့ကို တစ်ချက် ကြည့်ပြီးရင်၊ လူတိုင်း အမြင်မှာ ငါက အလှဆုံးပဲ။ ”
လျှို့ဝှက် ကောင်းကင်ဘုံ ယင်ကျမ်း ဆိုသည်ထက်၊ ကောင်းကင် ရမ္မက် ကျမ်း ဆိုက ပိုသင့်လျော်၏။
“ ဒါဆို ... ၊ ငါ့ ကျတော့ရော ... ။ ”
“ အစ်ကို ရှန် ... ၊ နင့်မှာ ရမ္မက် မရှိဘူး၊ ဒါကြောင့် ထင်ယောင် ထင်မှား မဖြစ်တာ၊ ဒါက အစ်ကိုရှန်က လူကြီး လူကောင်း တစ်ယောက် ဆိုတာ သက်သေပဲ၊ ဒါပေမယ့် ...
... အစ်ကိုရှန် မြင်နေ တာက၊ ငါ့ရုပ်ရည် အစစ် မဟုတ်ဘူး၊ ရမ္မက် မရှိတဲ့ ... ချစ်ခြင်းနဲ့ ကြည့်မှသာ၊ ငါ့ ရုပ်ရည် အစစ်ကို မြင်ရမှာ၊ ဆိုလို တာက အစ်ကို ရှန်က ... ၊ ငါ့ကို တကယ် မချစ်ဘူး၊ နှလုံးသား မဲ့တဲ့ လူပဲ။ ”
ဝမ်မူယန်က ချစ်စဖွယ် အမူ အရာဖြင့် ဆိုသည်။ လင်းယွန်မှ အလုံးစုံ မယုံ သော်လည်း၊ တွေဝေ သွားမိ၏။
“ အခု ... အစ်ကိုရှန် အလှည့်ပဲ။ ”
လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ထုတ်လျက်၊
“ ငါ့မှာ လျှို့ဝှက်ချက်ကြီး တစ်ခု ရှိတယ်၊ ဒီဓားကို တောင်ပိုင်း ဧကရာဇ် အသုံးပြု ခဲ့ဖူးတဲ့ မရဏ အသူရာ ဓားလို့ ခေါ်တယ်၊ သူက ချစ်ခြင်း မေတ္တာကို ဖော်ညွှန်းတယ်၊ ...
... ဆွဲထုတ် နိုင်တဲ့ ဘယ်သူ မဆို၊ ကံကြမ္မာက သတ်မှတ် ပေးတဲ့ ... ငါ့ မိန်းမပဲ၊ သူ သာ ငါ့ရုပ်သွင် အစစ် အမှန်ကို မြင်နိုင်မယ်။ ”
“ ထိကြည့်လိုက် ... ၊ ငါက ကလေးပဲ ရှိသေးတယ်၊ အစ်ကိုရှန် ... ငါ့ကို လှည့်ဖျားဖို့ ကြိုးစား နေတာတော့ မဟုတ်ဖူး မလား။ ”
ဝမ်မူယန်က ပြုံးလိုက်ပြီး၊ သူမ ရင်ဘတ်ကို တောင်ကြီး နှစ်လုံး ကဲ့သို့၊ ကြွတက် လာအောင်၊ ညှစ်ပြ တော့သည်။
( ဒါလား ... ကလေး။ )
လင်းယွန်မှ တည်ငြိမ်စွာ ပြုံးလျက်၊
“ ငါ အမှန်ပြော နေတာ၊ မင်း မယုံရင် စမ်းကြည့်လို့ ရတယ်။ ”
-ဟု ဆိုလိုက်သည်။
ပန်းသင်္ချိုင်းသည် တောင်ပိုင်း ဧကရာဇ်ပိုင် ဓားဖြစ်ပြီး၊ လူတိုင်း ဆွဲထုတ် နိုင်သော အရာမျိုး မဟုတ်ချေ။
ထို့ကြောင့် ဝမ်မူယန် ဆွဲထုတ် နိုင်က ထူးဆန်းနေ ပေလိမ့်မည်။ ထိုစဉ် ပန်းသင်္ချိုင်းက လင်းယွန် စကား အတိုင်း၊ စိန်ခေါ် နေဟန်ဖြင့်၊ ဝမ်မူယန်အား တုန်ခါ ပြ၏။
“ ဒါဆို ... စမ်းကြည့်မယ်။ ”
ဝမ်မူယန် မျက်နှာ နီရဲ သွားပြီး၊ လင်းယွန်ထံမှ ဓားကို လှမ်းယူကာ၊ ကြိုးစား ဆွဲထုတ် တော့သည်။
“ ချလွမ် ... ။ ”
သို့သော် ချက်ချင်း ကျွတ်ပါ လာ၏။
“ စိတ်ဝင်စား စရာပဲ။ ”
ထို့နောက် ဓားအား ဓားအိမ်ထဲ ပြန်ထည့်ကာ၊ လင်းယွန်ထံ ပြန်ပစ်ပေး လိုက်ပြီး၊
“ ယဲ့ချင်းရှန် ... ၊ နင်က တကယ့် လူယုတ်မာပဲ ... ၊ ငါ့လို ကလေး တစ်ယောက်ကို ဘယ်လိုများ လှည့်ဖျား ရတာလဲ၊ ဘာလဲ ငါက နင့်ရဲ့ ကံကြမ္မာက ပေးတဲ့ မိန်းမ ဟုတ်လား။ ”
-ဟု ကျိန်ဆဲ တော့သည်။
တစ်ဖက်တွင် လင်းယွန်က ပန်းသင်္ချိုင်း ဓားကို အံ့ဩစွာ ပြန်ကြည့် လိုက်မိသည်။ အမှန် ပင် ဝမ်မူယန်မှ ဆွဲ၍ ရသွားသည်။ မယုံနိုင် စရာပင်။
“ နင့်ရဲ့ သရုပ်ဆောင် စွမ်းရည်က မဆိုး ပါဘူး၊ ငါ့လို ကလေး တစ်ယောက် ကိုတောင် လှည့်ဖျားပြီး၊ နင့် မိန်းမ အဖြစ် သိမ်းယူချင် နေပုံပဲ၊ ...
... ဒါပေမယ့် ဒီနေ့ လွှတ်ပေး လိုက်မယ်၊ နောက်သုံးရက် နေရင် ... ၊ နင့် နာမည် အရင်း ပြောဖို့၊ စဉ်းစား ထားပါ။ ”
စကားဆုံး သည်နှင့် ပြုံးလျက် ထွက်ခွာ သွားတော့သည်။ လင်းယွန်က တောင်ထိပ်သို့ ပြန်လာပြီး၊ ခရမ်းရောင် နယ်မြေ အတွင်း ဝင်လိုက်သည်။
နဂါးလေးထံ ပန်းသင်္ချိုင်းကို ပစ်ပေးကာ၊ ‘ဆွဲထုတ် ကြည့်စမ်း။’-ဟု ပြောလိုက် မိသည်။ နဂါးလေးက ဆွဲထုတ်သည်။ မရချေ။
ထို့ကြောင့် နဂါး မျောက်ဝံ ပုံစံ ပြောင်းကာ၊ ဆွဲထုတ် တော့သည်။ မည်မျှ ကြိုးစား စေကာမူ၊ မအောင်မြင်ချေ။ လင်းယွန်မှ ခေါင်းညိတ် လိုက်၏။
“ ငါ စမ်းကြည့်မယ်။ ”
ခရမ်းငယ်က ရုတ်တရက် သူတို့ အနား ရောက်လာပြီး၊ ပန်းသင်္ချိုင်း ဓားကို လုယူကာ၊ ဆွဲထုတ် လိုက်သည်။
“ ချလွမ် ... ။ ”
လင်းယွန်နှင့် နဂါးလေးက မျက်လုံးပြူး သွားတော့၏။
“ မင်း ဘယ်လို လုပ်လိုက် တာလဲ ... ။ ”
“ ဒါက ဓား တစ်လက်ပဲ၊ နတ်ဘုရား လက်ရာမှ မဟုတ်တာ၊ ငါက ဘာလို့ မဆွဲထုတ် နိုင်ရ မှာလဲ။ ”
ခရမ်းငယ်မှ ပြန်ဖြေသည်။
“ ဝမ်မူယန် လည်း ... ရတယ်။ ”
“ ဘယ်က ဝမ်မူယန်လဲ။ ”
လင်းယွန်က အဖြစ်အပျက် များကို ပြန်၍ ရှင်းပြ လိုက်တော့သည်။ စကား ဆုံး သည်နှင့် ခရမ်းငယ်မှ လှောင်ပြုံး ပြုံးလိုက်သည်။
“ ဘာလဲ နင်က ... ၊ ငါ့ကို ကံကြမ္မာက ပေးတဲ့၊ မိန်းမလို့ ... ထင်နေ တာလား၊ ငါက ဖီးနစ်ပဲ၊ စိတ်ကူးယဉ် မနေနဲ့။ ”
-ဟု ဆိုလျက် ချက်ချင်း လှည့်ထွက် သွားတော့သည်။
လင်းယွန်မှာ အတွေး များဖြင့် ကျန်ရစ် ခဲ့လေသည်။ ကောင်းကင် တာအို ဂိုဏ်းမှ အမျိုး သမီး များသည်၊ လျော့တွက်၍ မရကြောင်း နားလည် လိုက်သည်။
ပန်းသင်္ချိုင်းသည် တောင်ပိုင်း ဧကရာဇ် ပိုင်ဆိုင်သော ဓားဖြစ်ပြီး၊ မည်သူမျှ ဆွဲ၍ မရ ခဲ့ချေ။ သူသည် ၎င်းနှင့် ရင်းနှီး နေသော ကြောင့်သာ၊ ဆွဲခွင့် ရခြင်း ဖြစ်၏။
သို့သော် ဝမ်မူယန်နှင့် ခရမ်းငယ်မှာ အသာလေး ဆွဲထုတ် နိုင်ခဲ့သည်။ ပြိုင်ပွဲအား (၃)ရက်တိုင် ရပ်နား ထား၏။
ထိုရက်များ အတွင်း၊ ကောင်းကင် သန့်စင်ခြင်း တောင်မှ၊ စမ်းသပ်ချက် များကို ဖြတ်ကျော် ကြည့်ရန်၊ ဆုံးဖြတ် လိုက်တော့ သည်။
***