ငါတို့ အမြင် မှာတော့ ... ၊ သူက ယဲ့ချင်းရှန်ပဲ။
Vol. 138 Ch. 1923
ခရမ်းငယ်အား ပြန်ခေါ်ကာ၊ ကောင်းကင် သန့်စင်ခြင်း တောင်အကြောင်း၊ ဆွေးနွေး လိုက် မိသည်။
“ ဒီဓားက နင့်လို အရူးပဲ ဖြစ်မယ်။ ”
ခရမ်းငယ်က သတိရ သွားပြီး၊ ဓားကို ကြည့်ကာ ပြောလိုက်သည်။ သူမ စကားကြောင့် လင်းယွန်ပေါင် ပေါ်ရှိ ဓားက တုန်ခါ ပြ၏။
၎င်းအား ဘုန်း သူတော်စင် လက်ရာ ဖြစ် လာအောင်၊ အဆင့် မြှင့်တင် ပြီးနောက်၊ သူ့အား အသိ အမှတ် ပြုခဲ့သည်။
“ ဟား ဟား ဟား ... ၊ ဓားတစ်လက်က ဒေါသရှိ တယ်လား၊ စိတ်ဝင်စားဖို့ ကောင်းလိုက် တာ။ ”
ခရမ်းငယ်က ပြုံးပြီး၊ ပန်းသင်္ချိုင်းကို အဝေးသို့ ရွေ့ရန် ပြင်၏။ သို့သော် လင်းယွန်က လက်ဖြင့် ဖိလျက်၊ သူမကို ခွင့်မပြု ခဲ့ချေ။
“ နင် ပြောသလို ... သူက နင့်ရဲ့ အမျိုး သမီးကို ရှာပေး နိုင်ပါတယ်၊ လူဝင်စား ခြင်းနဲ့ ကံကြမ္မာ ဆိုတာ ... ဒီလောက ကြီးမှာ၊ တကယ် ရှိတယ်။ ”
“ ဝမ်မူယန်က ကောင်းကင် သန့်စင်ခြင်း တောင်ပေါ်မှာ၊ ငါ့ အသက်ကို ယူဖို့ ... ကြိုးစားခဲ့ ဖူးတယ်၊ သူမက ငါတို့ လိုပဲ၊ နေလ ရူရ်ကို စုံစမ်း နေတယ်၊ ယဲ့ချင်းရှန်ကို ခိုင်းတာ သူပဲ။ ”
လင်းယွန် ပြောသည်ကို ကြားပြီးနောက်၊ ခရမ်းငယ်မှ၊
“ ဒါဆို ... အဲဒီ အမျိုးသမီးက၊ နင့်ကို ယဲ့ချင်းရှန် ဟုတ်-မဟုတ် မသေချာလို့၊ စုံစမ်း နေပုံပဲ၊ သူရဲ့ လျှို့ဝှက်ချက် တွေကိုသာ ... နင် သိရင်၊ နှုတ်ပိတ်မဲ့ သဘော ရှိတယ်။ ”
လင်းယွန်က ခေါင်းညိတ် လိုက်သည်။ ဝမ်မူယန်သည် ခေါင်းကိုက် စရာ ဖြစ်၏။ သူမ မည်သူ ဖြစ်မည်ကို စုံစမ်းရန် နည်းလမ်း မတွေ့ချေ။
“ ပန်းသင်္ချိုင်း ဓားကို ... ၊ ငါ ဆွဲထုတ် နိုင်ရတဲ့ အကြောင်း ရင်းက၊ ဖီးနစ် ဖြစ်နေ လို့ပဲ၊ ဖီးနစ်က နတ်သားရဲ တစ်ကောင်မို့၊ မွေးရာပါ မြင့်မြတ်ခြင်း ဆိုတဲ့ ကျက်သရေ ရှိတယ်၊ ...
... ဒါ့ကြောင့် ... အုပ်စိုးရှင် သူတော်စင် လက်ရာ ဆိုရင်တောင်၊ ငါ အလွယ် တကူ ကိုင်ဆောင် နိုင်တယ်။ ”
ခရမ်းငယ်က မေးစေ့ကို ဟန်ပါပါ ပွတ်သပ်လျက်၊
“ နင့်ရဲ့ ဝမ်မူယန်က ဆွဲထုတ် နိုင်ခဲ့တဲ့ အတွက် ... သူ့မှာလည်း အလားတူ အစွမ်းထက် မျိုးဆက် သွေးမျိုး ရှိနေ ရမယ်။ ”
“ ဖြစ်နိုင်တယ် ... ။ ”
“ ဟီးဟီး ... အဲဒီ အတွက်၊ နင် အရမ်း စိတ်ရှုပ် နေစရာ မလို ပါဘူး၊ သူ့ကို ... ဖမ်းပြီး နေလ ရူရ် အကြောင်း ဘယ်လောက် သိလဲ၊ စစ်မေး လိုက်ရင် ရပါတယ်။ ”
“ ကောင်းပြီ ... ၊ ငါတို့ နည်းလမ်း ရှာမယ်၊ လောလော ဆယ်တော့ ... ခဏ ထား လိုက်ဦး၊ သူက ယင် နန်းတော်ရဲ့ သန့်ရှင်းသော သမီး တော်ပဲ၊ ကျန်းယွီနဲ့ မတူဘူး၊ ဒါနဲ့ ...
... ကောင်းကင် သန့်စင်ခြင်း တောင်ရဲ့ ... ၊ ပဉ္စမ အဆင့်ကို တက်ဖို့ ... ၊ မင်းမှာ နည်းလမ်း ရှိလား။ ”
လင်းယွန်မှ မေးသည်။
“ လွယ်ပါတယ် ... ၊ ဒါက ပြင်ပ အကူအညီ ယူလို့ ရတာမို့၊ အနီး အနားမှာ ဘယ်သူမှ မရှိရင် နင့် ရတနာတွေ ထုတ်လိုက်ပေါ့။ ”
ခရမ်းငယ်မှ ပြန်လည် ဖြေကြား၏။
“ အဲဒါက အလုပ် မဖြစ် လောက်ဘူး။ ”
လင်းယွန်မှ ထိုအချင်း အရာကို စဉ်းစားပြီး ဖြစ်သော်လည်း၊ ဘုန်းသူတော်စင် လက်ရာများ သုံးရ သည်မှာ၊ ပင်ပန်း လွန်းချေပြီ။
ဝမ်မူယန်နှင့် ပိုင်ရှုရင် တို့ပင် သူတို့၏ လက်နက် များကို ဆွဲကိုင်ကာ၊ ကြာရှည် တိုက်ပွဲ ဝင်နိုင်မည် မဟုတ်ချေ။ တန်ဖိုး တစ်ခု ပေးဆပ် ရနိုင်၏။
“ နင် ... ဂီတနဲ့ စမ်းကြည့် ပါလား။ ”
ခရမ်းငယ်မှ အကြံ ပြုသည်။
“ ဂီတလား ... ဟုတ်ပြီ၊ ငါ အဖြေ တွေ့ပြီ။ ”
“ ဘာလဲ ... ။ ”
“ ဟား ဟား ဟား ... ၊ မပြော ဘူး။ ”
လင်းယွန် ပြုံးရွှင် စွာဖြင့်၊ ခရမ်းငယ် ခေါင်းကို ပွတ်သပ် လိုက်သည်။ ဤနည်းဖြင့် ယခု တစ်ကြိမ် ပဉ္စမ အဆင့်သို့ ရောက်ရှိ နိုင်မည်ဟု ယုံကြည် လာမိ၏။
“ ဟမ့် ... ၊ နင်က လူယုတ်မာ၊ ဒီည ငရဲ သစ်ခွ ခြံဝင်းကို နောက်တစ်ကြိမ် ထပ်သွားမယ်၊ နင့်ကို အားကိုး နေလို့ မရဘူး။ ”
“ မလုပ်နဲ့ ... ကောင်းကင် ရေကန်က၊ တားမြစ် မြေပဲ၊ မင်းကို အလွယ် တကူ ဖမ်းမိ နိုင်တယ်။ ”
လင်းယွန်မှ ပြောသည်။
“ ဒါဆို ... ၊ နင် ငါ့အစား သွားပေး မယ်လို့ ကတိ ပေးပါ။ ”
လင်းယွန် မျက်နှာ မည်းလာ၏။ ထောက်ချောက် အတွင်း ဖမ်းမိ သွားကြောင်း နားလည် လိုက်သည်။
ကောင်းကင် ရေကန်၌ သူ့အား တစ်စုံ တစ်ယောက်မှ ဖမ်းမိသော်၊ ယဲ့ချင်းရှန် အဖြစ်၊ ထပ်မံ ရှင်းပြ နိုင်စရာ အကြောင်း ပြချက် မရှိတော့ချေ။
“ ဟမ့် ... မရဘူး၊ ဒါ ကတိပဲ။ ”
ညရောက်သော အခါ လင်းယွန်က ကောင်းကင် သန့်စင်ခြင်း တောင်သို့ သွား ရောက် မိသည်။
ခရမ်းငယ် မှာမူ၊ နဂါးလေးအား ခေါ်ကာ၊ ကောင်းကင် ရေကန် ထံသို့၊ ဦးတည် သွားတော့ ၏။
ထိုအချိန်တွင် ကျန်းယွီသည် သူ့ဆရာ ငရဲ သူတော်စင် ဘုရင်အား၊ တောင်းဆိုမှု တစ်ခုကို ပြုလုပ် နေခဲ့သည်။
“ ဆရာ ... ကျွန်တော်တို့ စစ်မေး ကြည့်ရအောင်၊ ယဲ့ချင်းရှန်က တကယ် သံသယ ဝင်စရာပဲ၊ တစ်ယောက် ယောက်၊ ...
... သူ့ အသွင် ယူထား တာလို့ ... ခံစားရတယ်၊ ယဲ့ဖေးဖန်တောင် ကျွန်တော်နဲ့ အမြင် တူတယ်။ ”
သူ့တပည့် စကားကြောင့် ငရဲ သူတော်စင် ဘုရင်က စိတ်ပျက် သွားသည်။
“ ငါတို့လို သူတော်စင် ဘုရင်တွေကို မျက်မမြင် တွေလို့ မင်း ထင်နေ တာလား၊ ငါတို့ သံသယ ဝင်နေတာ ကြာပြီ၊ ဒါပေမယ့် သူ့ရဲ့ ရုပ်ဖျက်မှုမှာ ဘာ ချို့ယွင်းချက်မှ မတွေ့ဘူး၊ ...
... နေ့ခင်းက သူတော်စင် မျက်လုံးကို အသုံးပြုခဲ့ တာတောင်၊ အမှား အယွင်း မတွေ့ ခဲ့ဘူး၊ သူက ငါတို့ အမြင်မှာ ယဲ့ချင်းရှန်ပဲ။ ”
ငရဲ သူတော်စင် ဘုရင်က သက်ပြင်းချ လိုက်သည်။
“ ဒါက ... ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ၊ တစ်နှစ် တည်းနဲ့ ဒီလောက် တိုးတက်အောင် ဘယ်သူမှ မလုပ် နိုင်ဘူး။ ”
ကျန်းယွီမှ ငြင်းဆန် ၏။
“ သူ တစ်ခုခု မှားနေတာ သေချာတယ်။ ”
“ ငါ့ မျက်လုံးထဲ မှာတော့ ... မင်းသာ တစ်ခုခု မှားနေတာ၊ ယဲ့ချင်းရှန်က ရိုင်းစိုင်းပြီး အရှက်မဲ့ ပေမယ့်၊ မင်းလို ... မိုးလုံး ပြည့်လျှံ ဆေးလုံး နဲ့တော့၊ လျှောက်သွား နေမှာ မဟုတ်ဘူး။”
ကျန်းယွီ တစ်ယောက် ပါးစပ် ပိတ်ကျ သွားသည်။ ဤဖြစ်ရပ်မှာ အိမ်မက်ဆိုး ဖြစ်ပြီး၊ သူ့ဆရာပင် လှောင်ပြောင် ခံနေရ၏။
“ မင်းက လူပြက် ဖြစ်သွားပြီ ဆိုတာ မင်းသိလား၊ ငါ့ကို မြင်တိုင်း သူတော်စင် အကြီး အကဲ တစ်ယောက်က၊ မိုးလုံး ပြည့်လျှံ ဆေးလုံး လာတောင်းတယ်၊ သူတို့က မင်းကို ငါ သန့်စင် ပေးထားတယ် ထင်နေ ကြတာ။ ”
ငရဲ သူတော်စင် ဘုရင်က ဆူပူ ကြိမ်းမောင်း တော့သည်။
“ ဆရာ ... ပေးလိုက်လား။ ”
ကျန်းယွီမှ မေး၏။
ငရဲ သူတော်စင် ဘုရင် တစ်ယောက်၊ သွေးအန်ချင် စိတ် ပေါက်လာသည်။
“ မင်းက ဉာဏ်ရည် ထက်မြက်တဲ့ သူပါ၊ ဘယ်လို လုပ်ပြီး၊ ယဲ့ချင်းရှန်နဲ့ တွေ့မှ ဒီလောက် မိုက်မဲ လာရ တာလဲ။ ”
“ ဟုတ်ကဲ့ ... ။ ”
သို့မှသာ သူ့မေးခွန်း မှားသွားကြောင်း ကျန်းယွီ သဘော ပေါက်သွား၏။
“ ထွက်သွား ... ၊ တခြား ဘာကိုမှ ဂရု မစိုက်နဲ့၊ သုံးရက် အတွင်း၊ ယဲ့ချင်းရှန်ကို အနိုင် ယူဖို့ အာရုံစိုက်ပါ။ ”
ကျန်းယွီက ခေါင်းညိတ် လိုက်သော်လည်း၊ ထွက်သွားခြင်း မရှိချေ။ သူ့ဆရာ တည်ငြိမ်သွား သည် အထိ စောင့်ကာ၊
“ ဆရာ ... ၊ တစ်ယောက် ယောက်က တစ်နှစ် အတွင်း ပိုးစုန်းကြူး နတ်ဓားကို (၆) ကွက်မြောက် ပုံစံ အထိ၊ နားလည် ပါ့မလား၊ မဖြစ် နိုင်ဖူး ထင်တယ်။ ”
“ ဟုတ်တယ် မဖြစ် နိုင်ဘူး ... ၊ ဒါပေမယ့် သူအမှား မလုပ်သေးတော့ ... ဘာမှ လုပ်ပေးလို့ မရဘူး၊ သူက မဟာ သူတော်စင် တပည့်ပဲ။ ”
ငရဲ သူတော်စင် ဘုရင်က သက်ပြင်းချကာ ပြန်ဖြေသည်။ ဤမြင်ကွင်းကြောင့် ကျန်းယွီမှာ ရွှင်မြူး သွား၏။
သူ့ဆရာ သည်လည်း သံသယ ရှိနေ သဖြင့်၊ ထိုလူအား စုံစမ်းရန် နည်းလမ်း အချို့ ရှာကြံရ ပေမည်။
“ ဆရာ အမည်ခံ သူတော်စင် တစ်ပါနဲ့ ဖိအား ပေးကြည့် ရအောင်။ ”
“ မင်းက ... ဘယ် အထိတောင် မိုက်မဲ နေဦးမှာလဲ၊ သူသာ တကယ် ယဲ့ချင်းရှန် ဆိုရင် မင်း ဘယ်လို လုပ်မလဲ။ ”
“ မဟုတ်ဘူး ဆရာ၊ သူက သူလျှိုပဲ၊ ကောင်းကင် တာအို ဂိုဏ်းထဲကို ... ခိုးဝင် ရတဲ့ ရည်ရွယ်ချက် ရှိကို- ရှိရမယ်။ ”
“ ဒါဆို မူလ နဂါး သူတော်စင် ကိုလည်း မင်းက သူလျှိုလို့ ပြောချင် နေတာလား၊ ငါသူ့ကို မေးခွန်း ထုတ်သင့် သလား။ ”
ငရဲ သူတော်စင် ဘုရင်မှ ပြုံးကာ ပြန်မေး လာသည်။
“ ဟုတ်ကဲ့ ... ၊ အဲဒီလို လုပ်တာ ကောင်းမယ်။ ”
ကျန်းယွီက ခေါင်းညိတ် နေရာမှ၊ တစ်စုံ တစ်ရာ မှားယွင်း နေကြောင်း သတိ ထားမိ သွားကာ၊ သူ့ဆရာထံ ပြန်မော့ ကြည့်မိ လေသည်။
“ လူမိုက် ... မင်းက တကယ့် ... လူမိုက် ဖြစ်သွားပြီ၊ မိုးလုံး ပြည့်လျှံ ဆေးလုံးတွေ ဘယ် လောက်တောင် ... သောက်လိုက်လဲ၊ မူလ နဂါး မဟာ သူတော်စင်က ... ၊ ငါ့ကို လက်ညှိုး တစ်ချောင်း တည်းနဲ့ သတ်နိုင်တယ်။ ”
တုယွဲ့က သူ့တပည့်အား ကြည့်ကာ၊ စိတ်ပျက် လက်ပျက်ဖြင့် ပြောလာ တော့သည်။ ထိုစကား များသည် အနည်းငယ် ချဲ့ကားခြင်း မည် သော်လည်း၊ တစ်ဖက် လူ၏ ရာထူးကို ဖော်ညွှန်းရာ ရောက်ချေ၏။
ဓားကိုင်သူ နှစ်ဦး မပေါ် သရွေ့၊ မဟာ သူတော်စင် ဟူသည်၊ ဂိုဏ်း၌ မြင့်မားသော ရာထူး ရှိပြီး၊ မဟာ သူတော်စင် အချင်းချင်း သာလျှင်၊ တားဆီး နိုင်ပေ၏။
သူ ဟူသည် သူတော်စင် ဘုရင် တစ်ပါး ဖြစ်သဖြင့်၊ အကြီး အကဲများ ကြားတွင် အဆင့် အတန်း မြင့်မား သော်လည်း၊ ထိုမဟာ သူတော်စင် များနှင့် မယှဉ် နိုင်ချေ။
အကြောင်း ပြချက်များ ရှိလျှင်ပင်၊ တစ်ဖက်လူ မပျော် ပါက၊ ဒုက္ခ ရောက်နိုင်၏။ ကျန်းယွီမှာ ချွေးများ ရွဲနစ် လာ သော်လည်း၊ လက်မလျော့ သေးချေ။
“ ဒါဆို သူ့ကို ဘာမှ လုပ်လို့ မရတော့ ဖူးလား၊ ဒါပေမယ့် သူက တစ်ခုခု မှားနေတယ် ဆိုတာ သိသာ နေတာပဲ။ ”
တုယွဲ့က မတ်တပ် ထရပ်လိုက်ပြီး၊
“ သူ့မှာ အပြစ် မရှိရင်၊ ဒါကို မေ့ထား လိုက်တော့၊ ဝမ်မူယန်က မျက်နှာ တစ်ထောင် နတ်မိစ္ဆာ ပညာ ရပ်ကို လေ့ကျင့် ထားတာမို့၊ အမည်ခံ သူတော်စင် တစ်ပါး တောင်မှ၊ သူမ ရုပ်သွင်ကို မမြင် နိုင်ဘူး၊ သူတော်စင် အကြီးအကဲ တွေက၊ ...
... သံသယ ဖြစ်ပေမယ့်၊ မွေးရာပါ သူတော်စင် နှလုံးသားနဲ့ ... ၊ နတ်နေလ ယင်-ခန္ဓာ ကိုယ်ကြောင့်လို့ ... ဝမ်မိသားစုက ကြေငြာ ထားတယ်၊ ဒါကြောင့် ... ဘယ်သူမှ ဘာမျှ မလုပ် နိုင်ဘူး၊ တာအို ယန် နန်းတော်ရဲ့၊ ...
... သန့်ရှင်းသော သားတော်လည်း ဘာထူးလဲ၊ မူလ နတ်မိစ္ဆာ မျက်ဝန်းကြောင့် အကြီး အကဲတွေ အကုန်လုံး၊ ထိတ်လန့် ခဲ့ရတယ် မဟုတ်လား၊ ဒါပေမယ့် ...
... ဘယ်သူများ မေးခွန်း ထုတ်ဝံ့ခဲ့ လို့လဲ၊ မင်းရဲ့ မိသားစုက ... ‘ကျန်း’-မင်းသား တောင်မှ နဂါး မိသားစု ပညာ ရပ်တွေ ... လေ့ကျင့် ထား ခဲ့တယ်၊ ဒါက သူ ဂိုဏ်းအပေါ် တကယ် သစ္စာ ရှိမယ်လို့ ... မင်း အာမခံ သလား။ ”
တုယွဲ့၏ စကား များကြောင့် ကျန်းယွီ တစ်ယောက်၊ စကား တစ်ခွန်းမျှ မဆို နိုင်တော့ ချေ။
“ ဒါတင် ပဲလား ဆိုတော့ ... မဟုတ် သေးဘူး၊ ပိုင် မိသားစုရဲ့ ... သန့်ရှင်းသော သမီး တော်က၊ မွေးရာပါ ယန် သူတော်စင် ခန္ဓာမျိုး ပိုင်ဆိုင် ထားပြီး၊ ဆန်းကျယ် လှတယ်၊ ... သူမ ဆရာ ကျောက်စိမ်းဓား သူတော်စင်ကြောင့် ဘယ်သူ မေးခွန်းထုတ် ရဲလဲ၊ ...
... သတ်ဖြတ်ခြင်း မဟာ သူတော်စင်ရဲ့ တပည့်မ မြောင်ရင်ရော ... ၊ သူမ ဆိုရင်လည်း ဘယ်က လာတယ် ဆိုတာ၊ ဘယ်သူမှ မသိဘူး၊ ပြီးတော့ ...
... သန့်ရှင်းသော ဝိညာဉ်တော် ရင်ပြင်မှာ၊ အနှစ် (၂၀) ရှိပြီ၊ တံခါးပိတ် ကျင့်ကြံနေတုန်း ဆိုတဲ့ ... ၊ ရှန့်လင်ဇီ ကိုလဲ မမေ့နဲ။ ”
ဤသူနှင့် ပတ်သတ်၍ ကောလာ ဟလ များကိုသာ ကြားဖူးသည်။ ဆရာ သခင်မှ ထုတ် ပြော လာချိန်၌၊ ကျောရိုး အနှံ့ အေးစက် သွားတော့၏။
တုယွဲ့က သက်ပြင်းချကာ၊
“ လွန်ခဲ့တဲ့ နှစ်ပေါင်း ... သုံးထောင် လောက်က ... ၊ ငါတို့ ဂိုဏ်းချုပ်ကို ဓားဧကရာဇ် ယုချင်းဖန် သတ်လိုက်ပြီး တည်းက၊ ဂိုဏ်းဟာ ဆုတ်ယုတ် လာတယ်၊ ...
... အမြင် အရသာ စည်းလုံး နေပေမယ့်၊ တင်းမာတဲ့ လေထုက ကောင်းကင်မှာ အမြဲဝဲနေ တုန်းပဲ၊ ဒါကြောင့် ယဲ့ချင်းရှန်နဲ့ ပတ်သတ်ပြီး ပြဿနာ ရှိနေရင် တောင်မှ၊ ...
... ဒါက ယဲ့မိသားစုနဲ့ ... ၊ မူလ နဂါး မဟာ သူတော်စင် ကိစ္စပဲ ... ၊ ငါတို့တွေ ဝင်စွက် ဖက်ဖို့ အရည် အချင်း မရှိဘူး။ ”
-ဟု လေးနက်စွာ ပြောကြား လိုက်တော့သည်။
***