← Chapters

ဒေါသ ... ။

Vol. 138 Ch. 1924

ဒေါသ ... ။

Vol. 138 Ch. 1924

ကောင်းကင် သန့်စင်ရေး တောင်သို့ ရောက်သော အခါ လမင်းမှာ အ​တောက် ပဆုံး အလင်းများ ထုတ်လွှတ် နေပြီ ဖြစ်သည်။

ဤတောင်ကို အစီရင်ဖြင့်၊ ကာရံ ထားရှိပြီး၊ တစ်လလျှင် တစ်ကြိမ်သာ ဖွင့်လှစ်မည် ဖြစ်၏။ လင်းယွန် ရောက်ချိန်၌ တပည့် တစ်ဦးမျှ မရှိ တော့ချေ။

“ ရပ် ... ။ ”

အမည်ခံ သူတော်စင် တစ်ယောက် ရုတ်တရက် ပေါ်လာပြီး၊ ဟန့်တား တော့သည်။

“ မင်္ဂလာပါ အကြီး အကဲ ... ၊ ငါက မူလ နဂါး မဟာ သူတော်စင်ရဲ့ တိုက်ရိုက် တပည့် ယဲ့ချင်းရှန်ပါ။ ”

လင်းယွန်က သူ့တံဆိပ်ကို ပေးအပ် လိုက်သည်။ အပြာဝတ် အဘိုးကြီးက တံဆိပ် အား၊ လရောင်ထဲ ထောင်ကြည့်ပြီး၊

“ မင်းက စတုတ္ထ အဆင့်ကို ရောက်​ပြီး ပြန်သွား တာလား။ ”

“ ဟုတ်ကဲ့ ... မဟာ သူတော်စင်ရဲ့ ... တိုက်ရိုက် တပည့် တစ်ယောက် အနေနဲ့၊ အခု စမ်းကြည့်လို့ ရမလား။

လင်းယွန်မှ မေးသည်။

“ ရတာပေါ့ ... ၊ မဟာ သူတော်စင်ရဲ့ တိုက်ရိုက် တပည့် တစ်ယောက်က၊ ဒီတောင် ပေါ်ကို အချိန်မရွေး လာရောက် နိုင်ပါတယ်၊ ဒါပေမယ့် ...

... မင်း ဒဏ်ရာ ရခဲ့ ရင်​တော့ ... နောက်သုံးရက် နေရင် ကျင်းပမဲ့ ... ၊ ပြိုင်ပွဲကို လက်လွှတ် ရလိမ့်မယ်။ ”

အဘိုးအိုက တံဆိပ်အား ပြန်ပေးကာ ပြောသည်။

“ ဟုတ်ကဲ့ ... ၊ အစီရင် ဖွင့်​ပေးဖို့ ... စီနီယာ ကိုပဲ ... ဒုက္ခပေးရ တော့မယ်။ ”

“ ပထမ အဆင့် ကနေ ပြန်စ ချင်လား ... ၊ ဒါမှ မဟုတ် ... လက်ရှိ ရောက်ခဲ့တဲ့ စမ်းသပ်မှု ကနေပဲ ... ပြန်စ ချင်လား။ ”

အပြာဝတ် အဘိုးအိုက မေးသည်။

“ လက်ရှိ ရောက်ခဲ့တဲ့ ... ၊ စတုတ္ထ အဆင့် စမ်းသပ်မှုဆီ တိုက်ရိုက် ပို့ပေးပါ။ ”

ပထမ အဆင့်တွင်၊ အဆင့်နိမ့် ကောင်းကင် တိမ်လွှာ သစ်သီးများ ကိုသာ ရရှိမည် ဖြစ်ရာ၊ သူ့ အတွက် အချိန် ဖြုန်း​ခြင်း မည်၏။

“ ဝှစ် ... ။ ”

အပြာဝတ် အဘိုးအိုက အစီရင်အား ဖွင့်​ပြီး၊ လက်ဝှေ့ယမ်း လိုက်ရာ၊ ကောင်းကင် ကြိုးကြာ တစ်ကောင် ပျံဆင်း လာ၏။

“ ကိုယ့်ကိုကိုယ် အတင်း အကျပ် မလုပ်နဲ့ ... ။ ”

အဘိုးအို၏ သတိပေး စကား အပေါ် ခေါင်းညိတ်လျက် ကောင်းကင် ကြိုးကြာထံ ခုန်တက် လိုက်တော့သည်။

တောင်ခါးပန်းရှိ ကျောက်တိုင် ကြီးထံ လှမ်းကြည့် လိုက်မိသော အခါတွင်၊ ယဲ့ချင်းရှန် ဟူသော အမည်က၊ စတုတ္ထ စမ်းသပ်မှု နေရာ၌ ထင်ပေါ် ​နေ၏။

လရောင် အောက်တွင် တိမ်ပင်လယ် ကြီးက၊ သုခဘုံ တစ်ခု အလား၊ တိတ်ဆိတ် ငြိမ်းချမ်း နေ တော့သည်။

ယင်းကြောင့် နတ်ကျောက်စိမ်း ပလွေ ထုတ်ကာ၊ ဖီးနစ် နှလုံးသားကို တီးမှုတ် လိုက် ၏။

“ ဖီးနစ် မိသားစုရဲ့ ... ရှေးဟောင်း သီချင်း တစ်ပုဒ်ပဲ၊ သာယာတယ်။ ”

စတုတ္ထ အဆင့်သို့ ​ခေါ်​​ဆောင် နေစဉ်၊ ကောင်းကင် ကြိုးကြာမှ ချီးကျူး ပြောဆို လာ ခဲ့သည်။

ရုတ်တရက် ဖြစ်သဖြင့် လင်းယွန်မှ ထိတ်လန့် သွား၏။ ထို့နောက် ပြုံးရယ်လျက်၊

“ ကောင်းကင် ကြိုးကြာ တစ်ကောင်က ဂီတကို တကယ် သိတာပဲ။ ”

-ဟု ပြောလိုက် တော့သည်။

ကောင်းကင် ကြိုးကြာက လင်းယွန်အား၊ မြေပြင်ပေါ် ချပေး လိုက်ပြီး၊ သူ့ခန္ဓာ ကိုယ်အား တစ်ပါတ် လှည့်လိုက်ရာ၊ လှပသော မိန်းကလေး အဖြစ် ပြောင်းလဲ သွား၏။

“ ဟမ့် ... ၊ နင်က ဘယ်သူ့ကို ... အထင် သေးနေမိ တာလဲ သိလား၊ ငါ့ သခင်က နင့်ထက် တီးမှုတ်တာ ပိုကောင်းတယ်။ ”

သူမ စကားကြောင့် လင်းယွန်မှ ပြုံးလိုက် မိ၏။ သို့သော် ရုတ်တရက် တစ်စုံ တစ်ရာကို သတိရ လာသည်။

ကောင်းကင် သန့်စင်ခြင်း တောင်ရှိ၊ စမ်းသပ်ချက် ကိုးပါး လုံးကို၊ အစီရင် တစ်ခုဖြင့် ချိတ်ဆက် ထားသည်။

ထို့ကြောင့် ၎င်းကို ထိန်းချုပ်ရန် တစ်စုံ တစ်ယောက် ထားရှိ ရပေမည်။ မဟုတ်သော် ဝိညာဉ် ရေးရာ အစီရင် တစ်ခုသည်၊ နှစ်ပေါင်း များစွာ လည်ပတ် နိုင်မည် မဟုတ်ချေ။

“ မင်း ... နာမည် သိလို့ ရမလား၊ မင်းတို့ ကောင်းကင် ကြိုးကြာ အားလုံးက လူသား ပုံစံ ခံယူ နိုင်ပြီလား။ ”

“ ငါ့ကို ... ကြိုးကြာ နတ်သမီးလို့ ခေါ်နိုင်တယ်၊ ငါတို့ အားလုံးက လူသား အသွင် မယူနိုင် ပါဘူး၊ ကျန်တဲ့ ကြိုးကြား တွေက သာမန် သားရဲ တွေပါ၊ ငါသာ သခင့် အနား အကြာကြီး နေခဲ့လို့၊ ...

... လူသား အသွင် ယူနိုင်တာ ... ၊ ပြီးတော့ ငါ့တာဝန်က မဟာ သူတော်စင်ရဲ့ ... ၊ တိုက်ရိုက် တပည့်တွေ ကိုသာ လက်ခံ ဖို့ပဲ။ ”

​ကောင်မလေးက ပြုံးကာ ဖြေသည်။

“ မင်းရဲ့ သခင်က ဘယ်မှာ နေလဲ၊ ငါ့ကို သူ့ဆီ ခေါ်သွား ပေးနိုင် မလား ... ၊ မင်းအတွက် စားစရာ ငါ ပေးမယ်။ ”

လင်းယွန်က ကျန်ရှိ နေသော အရည် အသွေးနိမ့် ကောင်းကင် တိမ်လွှာ သစ်သီး တစ်လုံးကို ထုတ်ယူပြီး ကောင်မလေးထံ ပေးလိုက်သည်။

ကြိုးကြာ နတ်သမီးက မျက်လုံးများ တောက်ပလျက်၊ ကောင်းကင် တိမ်လွှာ သစ်သီး ကို၊ တစ်ကိုက်တည်း မျိုချ ပစ်၏။

“ နင်နဲ့ ... ၊ စကား ပြောရတာ ကောင်းပါတယ်၊ ငါ့ သခင်က နဝမ အဆင့်မှာ ရှိတယ်၊ သူ့ကို တွေ့ချင်ရင် ... နင်ကိုယ်တိုင် လုပ်ရမယ်၊ ...

... ငါ ခေါ်သွားလို့ မရဘူး ... ၊ ဒီလို အသီးအနှံမျိုး ငယ်ငယ် တည်းက စားဖူးတယ်၊ ငါ့သခင် အိမ်မှာ အများကြီးပဲ၊ သူတို့က ဒီထက် ပိုချိုတယ်။ ”

သူမ စကားကြောင့်၊ လင်းယွန်က စစ်ဆေး ကြည့်လိုက် မိရာ၊ ၎င်းခန္ဓာ ကိုယ်ရှိ ထက်ရှသော ဓားတစ်လက်ကို သတိ ပြုမိ လိုက်သည်။

ဖိအားများ ခံစားလိုက် ရသဖြင့်၊ စိတ်ထဲ တုန်လှုပ် သွားခဲ့၏။ အထွတ် အထိပ် အဆင့် ကြယ်ဓား ရည်ရွယ်ချက် ဖြစ်နိုင်သည်။

ကောင်းကင် သန့်စင်ခြင်း တောင်ထိပ်၌ နေထိုင်သော ငှက် တစ်ကောင်သည် သူ့ထက် သန်မာ နေချေပြီ။

“ နင် ငါ့ကို စစ်ဆေးခွင့် မရှိဘူး၊ အ ... မေ့သွားတယ်၊ သခင်က ... ငါ့ကို တခြားလူ တွေနဲ့ ... ၊ စကား မပြောဖို့ မှာထားတယ်၊ နင့်ကြောင့် ငါ ပြောမိပြီ။ ”

ကြိုးကြာ နတ်သမီးမှ အပစ် တင်လျက်၊ ကြိုးကြာ အဖြစ်သို့ ပြောင်းလဲ ပျံသန်းသွား​ တော့သည်။

လင်းယွန်က သူမအား ဖမ်းယူ စီးနင်းရန် အကြံရ လာသည်။ ဤနည်းဖြင့် နဝမ အဆင့် အား တိုက်ရိုက် ရောက်နိုင်၏။

သို့သော် ဤနေရာသည် ရတနာ နယ်မြေ ဖြစ်ပြီး၊ ဖြေရှင်း စရာ လျှို့ဝှက်ချက်များ ရှိနေ၏။ အတွေး များကို ရှင်းထုတ်လျက်၊ ရှေ့သို့ မျှော်ကြည့် လိုက်သည်။

တိမ်ပင်လယ် အတွင်း နစ်မြုပ် နေသော နန်းတော်ထံ ငေးကြည့်ကာ၊ ကြယ်ဓား ဆုပ်ကိုင် နိုင်လိမ့် မည်ဟု၊ ပို၍ ယုံကြည် လာ၏။

ထို့နောက် နတ်ကျောက်စိမ်း ဝါးပလွေကို ထုတ်ယူကာ၊ စတင် တီးမှုတ် တော့သည်။ ပလေွ သံကြောင့် ကြာပန်း ကိုးပွင့် ပန်းချီကား ပျံထွက် လာပြီး၊ ဖြည်းညှင်းစွာ ပွင့်လာ၏။

“ ဝှစ် ... ။ ”

လေထဲ ခုန်လျက်၊ ကြာပန်း ကိုးပွင့် ပန်းချီကားပေါ် ဆင်းသက် လိုက်တော့သည်။ ပန်းချီကားက ရပ်လျက် အနေ အထား​​ဖြင့် သူ့အား သယ်ဆောင် သွား၏။

ကြာပန်း ကိုးပွင့် ပန်းချီကားကို နတ်ရူရ် များနှင့် ဖန်တီး ထားပြီး၊ ၎င်းအား အလုံးဆုံ မထိန်းချုပ် နိုင်သေးချေ။

ကြာပန်း များသည် ပြိုင်ဘက် များ၏ သွေးသား စွမ်းအင်ကို စားသုံး နိုင်သဖြင့်၊ ဝှက်ဖဲ အဖြစ် သုံးနိုင်၏။

လက်ရှိ အချိန်တွင် လက်နှစ်ဖက် စလုံး မအားလပ်တော့ လေရာ၊ နန်းတော်သို့ သွားရာ လမ်းခရီး၌ သူ့အား ကာကွယ် ပေးရန်၊ အသုံးချ ရပေမည်။

များမကြာခင် ရုပ်သေးများ ထွက်ပေါ် လာ၏။ ၎င်းတို့သည် နိဗ္ဗာန်-ပထမ အဆင့်သာ ​ဖြစ် သော်လည်း၊ အရေ အတွက် များကြောင့် အားသာချက် ရှိသည်။

ပန်းချီကားရှိ ကြာပန်း ကိုးပွင့်က လင်းလက်လျက်၊ ပန်းချီကား အပြင်သို့ ပျံထွက် လာသည်။ ထို့နောက် ဝိညာဉ် ရုပ်သေးများ အနား မကပ် နိုင်မီ၊ ချေမှုန်း ပစ်​တော့၏။

မတူ ညီသော နတ်ရူရ် ကိုးခု ကလည်း၊ လင်းယွန်အား အလွှာ တစ်ခု ကဲ့သို့၊ သိုင်းခြုံ ကာကွယ် ပေးလာသည်။

တစ်ချိန်တည်း မှာပင် နဖူးမှ အလင်းများ တောက်ပ လာပြီး၊ နန်းတော်၏ ဓားရောင်ဝါကို တွန်းလှန် တော့၏။ ဤသည်မှာ ကောင်းကင် အမိုးဓား ဖြစ်သည်။

များမကြာခင် နန်း​တော်နှင့် ဆယ်ပုံ တစ်ပုံခန့် နီးကပ် လာသည်။ သူ မျှော်လင့် ထားသည့် အတိုင်း အလုပ် ဖြစ်ချေပြီ။

ခရမ်းငယ် အကြံ ပေးစဉ် ကပင် ဤနည်းလမ်းကို သတိရ လာခြင်း ဖြစ်သည်။ လေးနာရီ အကြာတွင် နန်းတော်သို့ ဆိုက်ရောက် သွားတော့၏။

ထိုအချိန်၌ စိတ်စွမ်းအင် အားလုံး နီးပါး ကုန်ဆုံး သွားပြီး ဖြစ်သည်။

“ ငါ လုပ်နိုင်ပြီ ... ။ ”

ပန်းချီကား ပေါ်မှ ခုန်ချ လိုက်၏။ ထိုစဉ် ဓားရောင်ဝါများ ဖြာထွက် နေသော လက်ဖဝါး တစ်ဖက်၊ ကောင်းကင်မှ ကျဆင်း လာသည်။

“ ဒီလို လှည့်စားပြီး၊ စမ်းသပ်မှုကို ဖြတ်ကျော်ချင် ​နေတာလား၊ ထွက် သွား စမ်း ... ။ ”

နန်းတော်မှ ဟောက်သံ တစ်သံ ထွက်လာပြီး၊ တံခါးစောင်မှ မကျေ မနပ်ဖြင့် လင်းယွန်ကို မောင်းထုတ် လေသည်။

“ မင်းက တံခါးစောင့် ... တစ်ယောက်ပဲ၊ ငါ့ကို ထွက်သွားလို့ ပြောရ​အောင် ... ငရဲကို ဘာ ထင်နေလဲ၊ ဟမ့် ... ။ ”

အချိန် မဖြုန်းလို သဖြင့်၊ မိုးပြာ နဂါး နေလထီးကို ထုတ်ယူကာ၊ သူတော်စင် ခန္ဓာ နှစ်ခုအား တစ်ပြိုင် နက်တည်း အသက် သွင်းလိုက်သည်။

သွေးသား စွမ်းအင်များ နေလ ထီးထဲ စီးဝင်သွားပြီး၊ ဓားရောင်ခြည်များ ဖြာထွက် နေသော လက်ဖဝါးအား ခံယူ လိုက်၏။

လက်ဖဝါးကြီး ချက်ခြင်း ပျက်စီး သွားတော့သည်။

“ အုပ်စိုးရှင် သူတော်စင် လက်ရာ။ ”

မျက်လုံး ပြူးလျက် ထိတ်လန့် နေသော အဖြူဝတ် အမျိုးသား တစ်ဦး လေထဲ ထွက်ပေါ် လာသည်။

၎င်းကျင့်ကြံမှုသည် နိဗ္ဗာန်-ပထမ အဆင့် ဖြစ်၏။ စတုတ္ထ အဆင့်ကို စောင့်ကြပ် နေသော တံခါးစောင့် ပေပင်။

“ ငါ အောင်မြင် ခဲ့တာကို ... ၊ မင်း မကေျနပ် ဖူးလား။ ”

အဖြူဝတ် တံခါးစောင့်က နေလ ထီးကို ကြောက်ရွံ့နေ သော်လည်း၊ လင်းယွန်အား မထီ မဲ့မြင် ပြုံးပြ လိုက်သည်။

“ ကြာပန်း ကိုးပွင့် ပန်းချီကား မပါဘဲ၊ ​ကောင်းကင် အမိုးဓား တစ်ခု တည်းနဲ့ ... မဖြတ် ကျော်နိုင် ဖူးလို့၊ မင်း ... ထင်နေ တာလား။ ”

လင်းယွန်က ထပ်မေး လိုက်သည်။

အဖြူဝတ် တံခါး စောင့်က ပြန်ကြည့် လိုက်ရာ၊ လင်းယွန်၏ ဓား ရည်ရွယ်ချက်သည် နားမလည် နိုင်အောင် ဖြစ်နေ သည်ကို၊ သတိ ပြုမိ လိုက်၏။

“ ဒါ ... ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ၊ မင်းရဲ့ ဓား ရည်ရွယ်ချက်က ... ကောင်းကင် အမိုးဓား အဆင့် မှာပဲ ရှိသေး တာပါ၊ ဘာလို့ အမည်ခံ ကြယ်ဓားကို ယှဉ်နိုင် ရတာလဲ။ ”

အဖြူဝတ် တံခါးစောင့်မှ အော်သည်။

“ စကား မများနဲ့ ... ၊ မင်း ငါ့ကို ခွင့်ပြု မလား၊ မပြု ဖူးလား ပြော။ ”

လင်းယွန်က အေးစက်စွာ မေးလိုက်၏။ အဖြူဝတ် တံခါးစောင့်မှ ခေါင်းမာ စွာဖြင့်၊ ငြင်း ဆန်သည်။

“ ခွင့်မပြုဘူး၊ မင်းက ... ပြင်ပ အရာဝတ္ထု အားကိုးနဲ့ ကျော်ဖြတ်တယ်။ ”

“ ဒါဆို ကျန်နဲ့ လူတွေက ... ၊ ပြင်ပ ပစ္စည်းတွေကို မသုံးဖူးလို့ ... ၊ မင်း အာမခံ မှာလား။ ”

“ သူတို့က သူ့တို့ လက်နက် တွေပဲ သုံးတာ၊ မင်းလည်း ဓားကို သုံးရင် ... ၊ ငါ ဘာမှ ပြောမှာ မဟုတ်ဘူး၊ အခု မင်းက ... အုပ်စိုးရှင် သူတော်စင် ရတနာတွေ သုံးတယ်။ ”

အဖြူဝတ် တံခါးစောင့်က ​ပြန်လည် ငြင်းခုံသည်။

“ မင်းက ငါ့အရည် အချင်းနဲ့ ... ဒါကို မဖြတ်ကျော် နိုင်ဖူးလို့ ... ထင်နေ တာလား။ ”

“ ဒါဆို လုပ်ကြည့်လေ ... ၊ မင်းရဲ့ ကျင့်ကြံမှု နိဗ္ဗာန် အဆင့် ရောက်လာရင် ... ဓားနဲ့ လာပြန် စမ်းကြည့် လိုက်။ ”

တံခါးစောင့်က ဒေါသတကြီး ပြောပြီး ရယ်၏။

“ ဒီ​နေ့ ... ငါ့ကို ဘယ်သူမှ တားဆီး နိုင်မည်မှာ မဟုတ်ဘူး၊ မင်းလို ဝိညာဉ် ရုပ်သေး တစ်ခုက ငါ့လမ်းမှာ တားဖို့ သတ္တိ ရှိတယ်လား၊ မင်း သေချင် နေတာဘဲ။ ”

ဘုန်း​နေမင်းနှင့် ဘုန်းလမင်း ဝိညာဉ်​တော် များကို၊ တပြိုင် နက်တည်း အသက် သွင်းကာ၊ နေလ ထီးအား ဖွင့်လိုက်သည်။

ထီး၏ ဖိအားကြောင့် အဖြူဝတ် တံခါးစောင့်မှာ ချက်ချင်း လဲကျ သွားတော့၏။ ထိုမျှ​ဖြင့် မရပ် သေးဘဲ၊ လင်းယွန်မှ တံခါး စောင့်ထံ၊ လက်လှမ်း လိုက်သည်။

“ ဒီကို လာ ... ။ ”

တံခါးစောင့် ပျံသန်းလာ သဖြင့်၊ ၎င်း၏ လည်ပင်းကို ဖမ်းဆုပ် လိုက်သော အခါတွင်၊ ကြောက်လန့် သွားပြီ၊

“ လွတ်ပါ ... မင်းကို ခွင့်ပြုမယ်။ ”

-ဟု ဆို​လာ တော့သည်။

သို့သော် လင်းယွန်မှ မလွှတ်ချေ။ အားစိုက်ပြီး ညှစ်ထုတ် ချေမွှ ပစ်လိုက်သည်။ ထို့နောက် အရောင် (၄)မျိုး ပါရှိသော သစ်သီး များ​ထံ မော့ကြည့် မိ၏။

“ ဝှစ် ... ။ ”

မိုးကြိုး လိပ်နက် သံကြိုး များကို ထုတ်ဖော်လျက်၊ သစ်သီး နှစ်ရာ ကျော်အား ချက်ချင်း သိမ်းယူ လိုက်တော့သည်။

***

All Chapters