ပန်းသင်္ချိုင်းက ငါ့ကို ယုံတယ်။
Vol. 138 Ch. 1925
တံခါး စောင့်ကို သတ် ပြီးနောက်၊ လင်းယွန်၏ စိတ်နှလုံး ကြည်လင် လာသည်။ သူ့ကိုယ်သူ ယဲ့ချင်းရှန် အဖြစ် အရှက် မရှိသော လူ တစ်ယောက် အလား ရှင်သန် ခဲ့ရသည်။
ဤအရာက သူတော်စင် ကိုယ်လုံး ကိုယ်ပေါက် အပါအဝင်၊ အသုံး မပြု နိုင်သော ဓားရေး များစွာ ရှိလာ စေသည်။ ဆိုလို သည်မှာ၊ ကန့်သတ် ခံထား ရသူ တစ်ဦး ကဲ့သို့၊ မလွတ်လပ် ခဲ့ချေ။
ဓားသမား တစ်ဦး အတွက်၊ မိမိ ကိုယ်ကို နှိမ့်ချ ခြင်းသည်၊ စိတ်ပျက်ဖွယ် ကောင်းသော ခံစားမှု တစ်ရပ် ဖြစ်သည်။
တံခါးစောင့်သည် သူ့စိတ် ဖြေရာ ဖြစ်သွား တော့၏။ ပန်းသင်္ချိုင်း ဓားကို ကိုင်လျက် သတ္တမ အဆင့်သို့ တက်လှမ်း လာလိုက်သည်။
ထိုအချိန်တွင် ပန်းချီကား တစ်ချပ် ရှေ့၌၊ ရပ်နေသာ မိန်းကလေး တစ်ယောက်အား မြင် လိုက် ရသည်။
အသက် အရွယ်မှာ ငယ်သေး သော်လည်း၊ သူမ၏ ဓားရည်ရွယ် ချက်မှာ ကြောက်မက်ဖွယ် ကောင်း နေ၏။ တောက်လောင် နေသော မီးဖို ကြီးနှင့်၊ အလား သဏ္ဍာန် တူသည်။
“ ကြိုးကြာ နတ်သမီး ... ၊ မင်း ဘာလုပ် နေတာလဲ။ ”
လင်းယွန်က မေးသည်။
“ ငါ့သခင်က နင့်ကို ဒီမှာ ... စောင့်ပြီး၊ ခေါ်ခဲ့ဖို့ အမိန့်ပေး ထားတယ်၊ ဒါကြောင့် စောင့် နေတာ။ ”
ကြိုးကြာ နတ်သမီးက ပြုံးကာ ပြောသည်။
“ မင်းရဲ့ သခင်က ... ငါ့ကို မှတ်မိ သွားပြီလား။ ”
“ ဒီစမ်းသပ်မှု ပြီးမှ ... ဆက်ပြောကြ ရအောင်။ ”
ကြိုးကြာ နတ်သမီးက လျှို့ဝှက် ဆန်းကြယ်သော အပြုံးကို ထုတ်ဖော်လျက်၊ ချောက်ကမ်းပါး နံရံရှိ ရှေးဟောင်း ပန်ချီကားထံ ဆက်ကြည့် နေခဲ့သည်။
လင်းယွန် သည်လည်း လိုက်ပါ ကြည့်ရှု လိုက်မိ၏။ သတ္တမမြောက်-ပထမ စမ်းသပ်မှု၏၊ ပန်းချီကားချပ် ဖြစ်သည်။
ပန်းချီကား ပွင့်လာသော အခါ၊ ချောက်ကမ်းပါး ပေါ်ရှိ၊ ရူရ် များက အားကောင်း လှသော ဓားတစ်လက် အဖြစ် ပြောင်းလဲ လာသည်။
ယင်းသည် ပန်းချီကား အတွင်းမှ၊ ထွက်လာသော တံခါးစောင့်၏ ဓား ရည်ရွယ် ချက် ဖြစ်၏။ အမည်ခံ ကြယ်ဓား အဆင့် ပေပင်။ ရပ်နေရုံ မျှဖြင့် လင်းယွန်အား ကြီးစွာသော ဖိအားပေး ချေ၏။
“ ဘယ်သူ ရောက်လာ တာလဲ၊ ဒီမှာ ငါအဖော်မဲ့ နေတာ ... နှစ်ပေါင်း များစွာ ရှိနေပြီ၊ မင်းလား ... မင်းက ဆက်သွားဖို့ အရည်အချင်း ရှိရဲ့လား ... ငါ ကြည့်ရအောင်။ ”
အဖြူဝတ် တံခါးစောင့်က ပျင်းရိစွာ ပြောသည်။ လင်းယွန်က ဓား ရည်ရွယ်ချက်နှင့် နဂါး မူလကို ဓားအတွင်း လောင်းထည့် လိုက်၏။
မိုးပြာ နဂါး ရည်ရွယ်ချက် ကိုပါ၊ အသုံးပြု လိုက်သဖြင့်၊ ကောင်းကင် အမိုးဓားမှာ ပြီးပြည့် စုံ သွားသည်။
နဂါး ဟောက်သံ နှင့်အတူ၊ မိုးပြာ နဂါး ပုံရိပ်က ဓား၌ ရစ်ခွေ နေ၏။ သို့တိုင် တံခါး စောင့်၏ ဓားရည်ရွယ်ချက်မှာ သူ့ထက် မြင့်မား နေဆဲ ဖြစ်သည်။
ကွာခြားချက်သည် နယ်ပယ် တစ်ခု၏ တစ်ဝက် မျှသာ ဖြစ်သော်လည်း၊ သူ့ကို ဖိနှိမ်ရန် အတွက်၊ လုံလောက် လေသည်။
သို့သော် သူ့ဓား ပင်လယ်သည် သန့်ရှင်း ကြည်လင်ပြီး၊ ဓားဝိညာဉ် နှစ်ပါးကို ပိုင်ဆိုင် ထားသောကြောင့်၊ ကြောက်ရွံခြင်း မရှိချေ။
“ ဝှစ် ... ။ ”
တံခါးစောင့်က စတင် တိုက်ခိုက် လာ၏။ မြန်လွန်း သဖြင့်၊ လင်းယွန် ခမျာ နောင်တရ သွား သည်။
ပြိုင်ဘက်အား ဦးစွာ တိုက်ခွင့် မပေး သင့်ချေ။ ၎င်း၏ ဓားရေးမှာ လျင်မြန်ရုံ သာမက၊ အပြောင်း အလဲများ လှ၏။
ထို့ကြောင့် အသည်း အသန် ရုန်းကန် နေရ တော့သည်။ နောက်ဆုံးတွင် ဆက် မထိန်းနိုင် တော့ဘဲ၊ ဓားဖြင့် ထိုးခြင်း ခံလိုက် ရ၏။
“ စွပ် ... ။ ”
ဓားက ညာဘက် ပခုံးကို ထိုးဖောက် လာသော်လည်း၊ တစ်စုံ တစ်ခုနှင့် ထိမိပြီး၊ ကွေးညွှတ် သွားသည်။
ထိုကွေးညွှတ်မှုမှ ပြန်ကန် အားသည် တံခါးစောင့်ကို အဝေးသို့ ပြန်လည် တွန်းထုတ် တော့၏။
တစ်ဖက်တွင် လင်းယွန် နှုတ်ခမ်းမှာ သွေးများ စီးကျ လာပြီး၊ သူ့ကိုယ်သူ တည်ငြိမ် အောင် ခြေလှမ်း များစွာ ဆုတ်ခွာ ပေးလိုက် ရသည်။
သူ ရှုံးနိမ့် သွား သည်ကို သိ၏။ ဘုန်း သူတော်စင် လက်ရာ များကို အသုံး ပြုခဲ့ သဖြင့် ပင်ပန်း နွမ်းနယ် နေပြီ ဖြစ်သည်။
အကျိုးအမြတ် အနေ ဖြင့်လည်း၊ အရောင် (၅)မျိုး၊ (၆)မျိုးနှင့်၊ (၁၀)မျိုး ပါရှိသော သစ်သီး များ ရရှိ ထားခဲ့သည်။
သို့တိုင် ဤသည်မှာ ကြယ်ဓား မဟုတ် သဖြင့်၊ စိတ်ပျက် စေသည်။ အရောင် ငါးမျိုးနှင့် ခြောက်မျိုး သစ်သီး များကို စားခဲ့ သော်လည်း ထူးခြားမှု အရိပ် အယောင် မပြချေ။
နှုတ်ခမ်းမှ သွေးများကို သုတ်လိုက်ပြီး စမ်းသပ်မှုမှ ထွက်ခွာရန် ပြင်လိုက် တော့သည်။ ရှုံးခဲ့ ပြီမို့ ဆင်ခြေ ပေးနေစရာ အကြောင်း ရှိချေ။
“ နေပါဦး ... ၊ ဒီစွပ်ပြုတ်ရည် သောက်လိုက်ပါ ။ ”
ကြိုးကြာ နတ်သမီးက ပန်းကန်လုံး တစ်လုံးကို ကိုင်ကာ လျှောက်လှမ်း လာသည်။
“ မင်းသခင် ပေးတာလား။ ”
“ မှန်တယ်။ ”
ကြိုးကြာ နတ်သမီးက ခေါင်းညိမ့်၏။ စွပ်ပြုတ်ကို ယူသောက် ပြီးနောက်၊ သူ့ဒဏ်ရာ များ လုံးဝ ပြန်လည် ကောင်းမွန် သွားသည်။
အမည်ခံ ကြယ်ဓားသည် သူတော်စင် ကိုယ်လုံး ကိုယ်ပေါက် နှစ်မျိုး အထိ၊ ပိုင်ဆိုင် ထားသော သူ၏ ပြန်လည် ကုသ နိုင်စွမ်းအား ကန့်သတ် ထားသည်။
“ ဘယ်လောက် မှော်ဆန် လိုက်လဲ။ ”
စွပ်ပြုတ် တစ်ခွက်သည် ထိုအရာ များကို ချက်ချင်း ဖြေရှင်း ပေးခဲ့သည်။
“ နင် သုံးကြိမ် ရှုံးပြီး ... ၊ လေးကြိမ် မြောက်မှာ ... အနိုင်ယူ နိုင်မယ်လို့ ... သခင်က ပြောတယ်။ ”
“ မင်းသခင်က အနာဂါတ်ကို ကြိုမြင် နိုင်လို့လား၊ ဟမ့် နေဦး ... ၊ ဒါဆို ငါထပ်ပြီး၊ ကြိုးစားလို့ ရတာပေါ့။ ”
လင်းယွန်မှ သတိထား မိကာ မေးသည်။
“ စည်းမျဉ်း အရ ဆိုရင်တော့ လူတိုင်း တစ်ကြိမ်ပဲ အခွင့် အရေး ရှိတယ်၊ ထပ်ကြိုးစား ချင်ရင် အချိန် တစ်လ အထိ စောင့်ရမယ်၊ ဒါပေမယ့် အများစု ကတော့ အနည်းဆုံး ခြောက်လလောက် အချိန်ယူ ကြတယ်။ ”
ကြိုးကြာ နတ်သမီးက လင်းယွန်ကို ထပ်စမ်းကြည့်ရန် အချက်ပြ လာလေသည်။
“ ကောင်းပြီ ... ။ ”
လင်းယွန်က အစောပိုင်း တိုက်ပွဲ အပေါ် အသေးစိတ် ပြန်၍ သုံးသပ်ရန်၊ ခဏမျှ ထိုင်ချ လိုက်သည်။
ပြီးနောက် တံခါးစောင့်ကို လှမ်းကြည့် လိုက်၏။ ဤတစ်ကြိမ်တွင် ပြင်းထန်သော မိုးကြိုးဓား ပညာ ရပ်ကို အသုံး ပြုခဲ့သည်။
“ ဂျိန်း ... ။ ”
လိပ်ခွံက သူ့အား လှည့်ပတ် ကာကွယ် ပေးနေ သော်မှ၊ တံခါးစောင့်၏ ဓားချက် (၁၀၈) ချက်ကို ခံယူပြီး ချိန်၌၊ ရှုံးနိမ့် သွားရသည်။
ဒဏ်ရာမှာ ယခင်ထက် များစွာ ပြင်းထန်နေ၏။ အရိုးများ ကျိုးလျက် ရင်ဘတ်၌ ပြတ်ရှ ရာကြီး ရှိနေသည်။ ထိုဓားသည် သူ့အား နှစ်ခြမ်း ခွဲလု နီးပါး ဖြစ်၏။
ကြိုးကြာ နတ်သမီးက ပြုံးလျက် စွပ်ပြုတ် တစ်ပန်းကန် ပေးလာသည်။ ဤတစ်ကြိမ်တွင် လင်းယွန်မှာ ပြန်၍ မပြုံးနိုင် တော့ချေ။
စိတ်ပျက် လက်ပျက်ဖြင့်၊ သစ်ကိုင်း တစ်ကိုင်းကို ကောက်ကိုင်ပြီး၊ တံခါးစောင့်နှင့် တိုက်ပွဲအား မြေပြင်၌၊ ပြန်၍ ရေးဆွဲတော့၏။
အဆုံးတွင် မျက်ဝန်းများ တောက်ပ လာပြီး၊ ခြားနားသော ချဉ်းကပ်မှု တစ်ခုကို အကြံရ လာ ခဲ့သည်။
“ ငါ ... သူ့ထက် မြန်ရမယ်။ ”
“ ရွှပ် ... ။ ”
ပန်းသင်္ချိုင်းကို ဆွဲထုတ် လိုက်သည်။ ထိုအခိုက်တွင် သူ့ နဖူးသို့ ဓားတစ်လက် ဝင်လာပြီ ဖြစ်၏။
ထိတ်လန့်ပြီး အော်ဟစ် လိုက်စဉ်၊ တံခါးစောင့်က ဓားဖျားကို ရင်ဘတ်ထံ ပြောင်း ပစ်တော့သည်။
ထို့ကြောင့် ဒူးတစ်ဖက် ထောက်ကျ သွားကာ၊ မျက်နှာ ဖြူဖျော့ သွား၏။ မြေပြင်ရှိ ပန်းသင်္ချိုင်း ဓားထံ တစ်ချက် ကြည့်ကာ၊ တံခါးစောင့်ထံ မော့ကြည့် လိုက်မိသည်။
“ ဒါ ... ။ ”
ဓားကို သူ့လက်မှ လွတ်ကျအောင် လုပ်နိုင်သည့် ပြိုင်ဘက်မျိုး မတွေ့ရ သည်မှာ ကြာပြီ ဖြစ်သည်။
ဤတံခါး စောင့်သည် နိဗ္ဗာန်- ပထမ အဆင့်သာ ဖြစ်သော်လည်း ထိုအချင်း အရာကို လုပ်ဆောင် နိုင်ခဲ့၏။
“ နင့်ထက် သန်မာတဲ့ ဓားသမားနဲ့ ... ရင်ဆိုင် ရတဲ့ အခါ၊ ဓားကို ဘယ်လို သုံးရ မလဲ မသိဖူးလား။ ”
ကြိုးကြာ နတ်သမီးက စွပ်ပြုတ် ပန်းကန် နှင့်အတူ၊ ရောက်လာ ပြန်၏။ သူမ မေးခွန်းက လင်းယွန်ကို ထိတ်လန့် သွားစေသည်။
စွပ်ပြုတ် ပန်းကန်ကို စိုက်ကြည့်လျက် တေွဝေ သွားသည်။ မျိုးဆက် တူများ အတွင်း သူ့ထက် မြင့်မားသော ဓား ရည်ရွယ်ချက် ပိုင်ဆိုင် ထားသူ မရှိချေ။
ဓားသမား တစ်ယောက် အနေနှင့် သာလွန်သော ပြိုင်ဘက်အား ရင် မဆိုင် နိုင် ခြင်းသည် ရှက်စရာ ဖြစ်၏။
သူ့ အရည် အချင်းသည် အစစ်အမှန် မဟုတ်ဟု ဆိုရာ ရောက်သည်။ တံခါး စောင့်၏ အမည်ခံ-ကြယ်ဓားမှာ ဤပြဿနာ များကို ဖန်တီးနေခြင်း ဖြစ်သည်။
သူ့ထံ ရှုံးသည့် လူတိုင်း၊ ဤသို့ ခံစား ခဲ့ရ သည်လော။ သူအား ထူးချွန် သည်ဟု မယူဆ ကြဘဲ၊ သာလွန်သော ဓား ရည်ရွယ်ချက် ကြောင့်သာ၊ အနိုင်ရ သွားသည်ဟု မြင်ကြ ပေမည်။
ကြိုးကြာ နတ်သမီးထံ ပြန်လှည့် ကြည့်ကာ၊
“ ငါက ကြယ်ဓား ရဖို့ပဲ ... အာရုံစိုက် နေမိလို့ပါ။ ”
-ဟု တုန့်ပြန် လိုက်သည်။
“ ဘာလို့ ... ဒေါသ ထွက်နေ ရတာလဲ၊ ငါမြင်တာကို ပြောတာလေ ... ၊ ဒေါသ ဆိုတာ ကိုယ့်ကိုယ်ကို၊ ...
... သံသယ ဝင်ခြင်း ကနေ စလာ တာပဲ၊ နင့်မှာ နောက်ဆုံး အခွင့်အရေး တစ်ကြိမ် ကျန် ပါ သေးတယ်။ ”
လင်းယွန်က စကား တစ်ခွန်းမျှ မပြောတော့ဘဲ၊ ပန်းသင်္ချိုင်းကို လက်လှိုင်းဖြင့် လှမ်းခေါ် လိုက်သည်။
သို့သော် ပန်းသင်္ချိုင်းက တုန်ခါလျက်၊ မလာချေ။ ပန်းသင်္ချိုင်း သည်ပင် သူ့အား အာရုံ မရှိ တော့ပုံ ရသည်။
သက်ပြင်းချ လိုက်စဉ် ပန်းသင်္ချိုင်းက တုန်ခါလျက်၊ လေထဲ ပျံတက် လာတော့သည်။ ရှုံးနိမ့်မှုကို လက်ခံ ချင်ပုံ မရခေျ။
“ ပြန်လာခဲ့ ... ။ ”
လင်းယွန်က ပန်းသင်္ချိုင်းကို၊ တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင်ပြီး၊ နှစ်သိမ့် ပေးလိုက်တော့ သည်။
မျက်လုံးများ မှိတ်ချ လိုက်၏။ အသက် ပြင်းပြင်း ရှူလျက်၊ ဖြည်းညှင်းစွာ ပြန်ဖွင့်ကာ၊
“ ပြန် စရအောင်။ ”
-ဟု ဆိုလိုက် လေသည်။
“ ဝှစ် ... ။ ”
တံခါးစောင့်က ပန်းချီကား ထဲမှ ပြေးထွက် လာပြီး၊ ယခင် ကဲ့သို့ပင် သူ့နဖူးထံ ဓားဖျားအား ဦးတည် ခဲ့သည်။
ဤတစ်ကြိမ်တွင် လင်းယွန်က ရှောင်တိမ်းခြင်း မရှိဘဲ၊ ဓားဖြင့် ၎င်း၏ နဖူးထံ ပြန်လည် ထိုးသွင်း လိုက်သည်။
“ စွပ် ... ။ ”
ပန်းသင်္ချိုင်းက တံခါးစောင့် နဖူးထဲ ဝင်ရောက် နေစဉ်၊ သူ့ဓား ရည်ရွယ်ချက်တွင် ပြောင်းလဲမှု အချို့ ဖြစ်ပေါ် လာ၏။
တစ်ဖက် တွင်မူ တံခါးစောင့်မှာ ဓားကို ဆန့်တန်းလျက်၊ နံရံ တစ်ချပ် ပိတ်ဆို့ နေသည့် အလား၊ လင်းယွန်နှင့် ခြေတစ်လှမ်း အကွာ၌၊ ရပ်တန့် ပျောက်ကွယ် သွားသည်။
“ နင် ဘယ်လို လုပ်လိုက် တာလဲ။ ”
ကြိုးကြာ နတ်သမီးက အံ့ဩ သွား၏။ အကြိမ်တိုင်း ရှုံးနိမ့်ပြီး အဆုံး၌ ဓား တစ်ချက် တည်းဖြင့် အနိုင် ရရှိ သွားသည်။
ဓားသမား တစ်ယောက် အနေနှင့် မည်သို့သော ရန်သူကို မဆို တစ်ချက် တည်းဖြင့် သတ်ရန် လိုသည်။
“ သူက ... ဓားရေး ကြွယ် ပေမယ့်၊ ကန့်သတ်ချက် ရှိတယ်၊ ငါ့ဓား ရည်ရွယ်ချက်ကို တိုးတက်အောင် လုပ်တာနဲ့၊ သူ့ကို အနိုင်ယူ တာက မတူဘူး ၊ ... ပြီးတော့ ပန်းသင်္ချိုင်းက ငါ့ကို ယုံသလို၊ ငါ့လည်း သူ့ကို ယုံတယ်။ ”
လင်းယွန်က သူ့လက်ထဲမှ ဓားကို ကြည့်ပြီး ပြောလိုက်သည်။
“ နင်က ဓားကို ညီအစ်ကိုလို ဆက်ဆံ နေတာပဲ၊ စောစောက နင့် အကြောင်း မကောင်း ပြောမိ တာကို၊ သူ ပျော်ပုံ မရဘူး။ ”
“ မဟုတ် ပါဘူး၊ မင်းက ပြဿနာကို ထောက်ပြ တာပါ၊ ငါ သိတယ်၊ မင်းရဲ့ ညွှန်ပြမှု မရှိဘဲ၊ ဒီကြောက်ရွံ့မှုကို ငါ ကျော်လွှား နိုင်မှာ မဟုတ်ဘူး။ ”
လင်းယွန်က ပြုံးကာ ဝန်ခံ လိုက်သည်။
“ သွားကြ ရအောင် ... ၊ နှစ်ကြိမ် ဖြတ် ကျော်ဖို့ ကျန်သေးတယ်၊ နင့်ကို ငါ တောင်ထိပ် ကနေ စောင့်မယ်။ ”
ကြိုးကြာ နတ်သမီးက ပြုံးပြီး ဦးဆောင် ထွက်ခွာ သွားတော့သည်။
***