ခုနစ်ရောင် ကောင်းကင် တိမ်လွှာ သစ်သီး။
Vol. 138 Ch. 1926
ပထမ စမ်းသပ်ချက်နှင့် ယှဉ်သော် ဒုတိယစမ်းသပ် မှုကို လွယ်ကူစွာ ဖြတ်ကျော် နိုင်ခဲ့သည်။
အဆုံးတွင် တောင်ထိပ်မှ ဖိအားများ ထုတ်လွှတ် နေသော ဓားကို မြင်လာ တော့၏။ ခြေလှမ်းတိုင်း လေးလံ နေပြီး၊ ဓားပါးပါးဖြင့် မွှန်းနေ သကဲ့သို့၊ လက်နှင့် ခြေ၌ သွေး ထွက်လာသည်။
အကြိမ်ပေါင်း များစွာ လဲကျလျက်၊ တတိယမြောက် စမ်းသပ်မှုသို့ ရောက်သော အခါတွင်၊ နှလုံးသားမှ ဆက်သွား လိုသော် ငြားလည်း၊ ခန္ဓာ ကိုယ်က မလိုက်ချေ။
ထို့ကြောင့် မီတာ ရာဂဏန်း အကွာသို့၊ ပြန်လည် ဆုတ်ခွာ လိုက်ရသည်။ လွယ်လွယ်နှင့် ရောက်လာခြင်း မဟုတ် သော်လည်း၊ လွယ်လွယ်ဖြင့် ဆုတ်ခွာ မိသည်။
ဤအရာက သဘာဝ အတိုင်း၊ ဒေါသ ထွက်စေ၏။ သူ့ကိုယ်သူ တည်ငြိမ် သွားအောင် အသက် ပြင်းပြင်း ရှူလျက်၊ ဓားကို ဘေးမှာ ချကာ တရား ခဏထိုင် လိုက်သည်။
ခရမ်း-ရွှေရောင်နှင့် အပြာရောင် ကျောက်စိမ်း နဂါး ရူရ်များ ပေါ်လာပြီး၊ သူ့ ခန္ဓာ ကိုယ်အား ဖုံးအုပ် သွား၏။
သူတော်စင် ကိုယ်လုံး ကိုယ်ပေါက် နှစ်ခုလုံးကို ဖြန့်ကျက် ထားသဖြင့်၊ နဂါး (၂) ကောင် ပျံထွက် လာသည်။
မျက်လုံးများ ပြန်ဖွင့်မိ ချိန်၌ ကြိုးကြာ နတ်သမီးက သူ့ရှေ့တွင် ရပ်နေသေး သည်ကို တွေ့လိုက် ရ၏။
ဤကောင်မလေးသည် ဝိညာဉ် ရေးရာ ရုပ်တု တစ်ခု မဟုတ်ချေ။ သက်ရှိ တစ်ကောင် ဖြစ်သည်။
သို့သော် အသက် ငယ်ငယ်ဖြင့် အဘယ့်ကြောင့် သန်မာ နေရသည်ကို၊ နား မလည် နိုင်တော့ချေ။
သူမ အတွက် လမ်းလျှောက် ထွက်နေ သကဲ့သို့ သက်တောင့် သက်သာ ရှိနေသည်။ သူ့ အတွက်သာ ခက်ခဲ နေခြင်း ဖြစ်၏။
တစ်ဖက်တွင် ကြိုးကြာ နတ်သမီး မှလည်း လင်းယွန်ကို ကြည့်ကာ၊ အံ့သြ နေတော့သည်။
( သခင်က ... သူ့ကို ကွဲကွဲ ပြားပြား မြင်နေတာ၊ အံ့သြ စရာတော့ မဟုတ် ပါဘူး၊ မရဏ အဆင့်နဲ့ ... ဒီလောက် ကြာအောင် ခံနိုင်တာ အံ့သြ မိပါတယ်၊ ငါ့တုန်းက နိဗ္ဗာန် အဆင့် ရောက်တာတောင် ... သခင်ရဲ့ လမ်းညွှန်မှုကို မရ ခဲ့ဘူး ... ။ )
ယဲ့ချင်းရှန်သည် သူမထက် ပိုသန်မာ သည်ကို ဝန်ခံ ရပေမည်။ သို့သော် ထိုအတွေးကို၊ ပြန်လည် ငြင်းဆန် တော့၏။
( သူ ဘယ်လောက်ထိ ရောက်နိုင်လဲ ကြည့်ရအောင်၊ ဒါပေမယ့် ဒီတစ်ခါတော့ သခင် ပြောတာ မှားမယ် ထင်ပါတယ်။ )
သခင်သည် ဤလူငယ် အပေါ်၊ မြင့်မားစွာ မျှော်လင့် နေခဲ့ သော်လည်း၊ သူမ မယုံသေးချေ။ အချိန် ကြာလာ သည်နှင့် အမျှ၊ လှမ်းတက်လိုက် ပြန်ဆုတ်ကာ ရပ်နား လိုက်ဖြင့်၊ လင်းယွန်က ဆက်သွား နေသည်။
“ ခရစ် ... ။ ”
ခြေလှမ်း လှမ်းတက် လိုက် ချိန်တိုင်း နဂါးရူရ်များ ကြေမွှ သွားပြီး၊ အရိုး အက်သံများ ကြားလာ ရသည်။
သို့သော် ဇွဲ မလျှော့ဘဲ အံကြိတ် ကြိုးစားနေဆဲ ဖြစ်၏။ ကြိုးကြာ နတ်သမီးက ပြုံးရွှင် စွာဖြင့်၊
“ နင် ဒီအဆင့်ကို ကျော်နိုင်ရင်၊ တတိယ တံခါးစောင့်ကို ဖြေရှင်းဖို့ ... ဓားချက် နှစ်ချက်ပဲ လိုလိမ့်မယ်။ ”
သူမ ဟောကိန်း ထုတ်သည့် အတိုင်းပင်၊ လင်းယွန်မှာ အဆုံးထိ ရောက်ချိန်၌ တံခါးစောင့် အား၊ ဓား(၂) ချက်သာ အသုံး ပြုခဲ့ ရ၏။
ပထမ စမ်းသပ်မှုတွင် အချိန် ကြာမြင့် သော်လည်း၊ ဓားတစ်ချက် တည်းနှင့် ကျော်လွှား နိုင်ခဲ့သည်။
ဒုတိယ စမ်းသပ်မှု၌ (၆)ချက်၊ တတိယ အကြိမ် တွင်မူ၊ ဓား (၂)ချက်သာ အသုံးပြု ခဲ့ရ ၏။
“ အခု ... မင်းရဲ့ သခင်ကို၊ ငါ ပိုသိချင် လာပြီ။ ”
လင်းယွန်က ပြုံးပြီး၊ သူ့ဓားအား သိမ်းလိုက်သည်။
“ တောင်ထိပ် ရောက်ရင် ... နင် သိရ မှာပါ။ ”
ကြိုးကြာ နတ်သမီးက ပြန်ပြော ၏။ လင်းယွန်မှ ခရီးဆက် လာခဲ့သည်။ တောင်ထိပ် ရောက်ခါ နီးတွင် မျက်လုံး၊ နှာခေါင်း၊ နှုတ်ခမ်း၊ နားနှင့် မျက်ခုံး တို့မှ သွေးများ စီးထွက် လာ၏။
ကြိုးကြာ နတ်သမီးက တောင်ထိပ်တွင် ရပ်လျက် ပြုံးပြီး ပြန်ကြည့်သည်။
“ နင် တောင်ထိပ်ကို တက်နိုင်ရင်၊ တံခါးစောင့်ကို ဓားတစ်ချက် တည်းနဲ့ ... အနိုင် ယူနိုင်မယ်။ ”
လက်တစ်ကမ်း၌ ရှိသော တောင်ထိပ်ထံ မော့ကြည့်ကာ၊ လင်းယွန် မျက်နှာ ပြောင်းသွား တော့၏။
“ ဘာရပ်လုပ် နေတာလဲ ... ၊ လာလေ။ ”
ကြိုးကြာ နတ်သမီးက လှမ်းခေါ်သည်။
“ ကြယ်တွေကို မြင်လာရ တာတောင်၊ ငါဘာလို့ မပျော်ရ တာလဲ။ ”
စကားဆုံး သည်နှင့်၊ လင်းယွန်က ခြေတစ်လှမ်း လှမ်းတတ် လိုက်သည်။ နတ်လိပ် အသွင် ပြောင်းနည်းကို၊ ဆက် မထိန်း နိုင်တော့ သဖြင့်၊ မူလ အသွင် အပြင်သို့ ပြန်လည် ရောက်ရှိ သွားခဲ့၏။
နဖူး ပေါ်ရှိ ခရမ်းရောင် ရွမ်းဗက်ပုံ အမှတ်သားက မှော်ဆန်စွာ တောက်ပ လာ၏။ ကြိုးကြာ နတ်သမီးမှ သူ့ကို ကြည့်ပြီး၊
“ ဒါက ... နင့် ပုံစံ အမှန်ပေါ့၊ ရုပ်ဖျက် ထားတဲ့ အသွင်ထက်၊ ဒီမျက်နှာက တော်တော် ကြည့် ကောင်း ပါတယ်။ ”
-ဟု မှတ်ချက် ပေးလာသည်။
“ အစ ကတော့ ... ၊ နင်ကို ရုပ်ဆိုးလို့ ဒီခြေလှမ်းကို လှမ်းဖို့ ... တွန့်ဆုတ် နေတယ် ထင် ထားတာ၊ ဒါပေမယ့် စိတ်မပူ ပါနဲ့၊ ရုပ်ဆိုး နေခဲ့ ရင်တောင်၊ နင့်ကို မထီမဲ့မြင် ပြုမှာ မဟုတ်ဘူး။ ”
ကြိုးကြာ နတ်သမီးမှ ပြုံးကာ ပြောသည်။ စိတ်စွမ်းအင် ကုန်ဆုံး နေပြီ ဖြစ်သော ကြောင့်၊ လင်းယွန်က စကား မပြောနိုင် သေးချေ။
“ ငါ ... ယဲ့ချင်းရှန် မဟုတ်မှန်း ... မင်း သိတယ်လား။ ”
“ ငါ မသိဘူး၊ သခင် သိတာ။ ”
“ မင်း သခင် နာမည် ဘယ်လို ခေါ်လဲ။ ”
“ နင် တောင်ထိပ်ကို တက်လာ နိုင်ပြီ ဆိုတော့၊ နည်းနည်း ပြောပြမယ်၊ ကောင်းကင် တာအို ဂိုဏ်းမှာ ... ၊ ဓားကိုင်သူ နှစ်ယောက် ရှိတယ်လို့ ... လူတိုင်း သိထား ပေမယ့်၊ တကယ်က သုံးယောက်ပဲ။ ”
“ ဒါဆို မင်းသခင်က တတိယ ဓားကိုင် သူလား။ ”
“ ဟုတ်တယ်လို သတ်မှတ်လို့ ရသလို၊ မဟုတ်ဘူး လို့လဲ ... သတ်မှတ် နိုင်တယ်၊ ကဲ စမ်းသတ်မှု စတင်ပြီ။ ”
သူမ စကားဆုံး သည်နှင့်၊ တံခါး စောင့် ပြေးထွက် လာသည်။ သို့သော် ၎င်း ဓားမဆွဲ နိုင်ခင် လင်းယွန်က အနိုင်ယူ လိုက်သည်။
သည့်နောက် သူ့ဓား ရည်ရွယ်ချက်မှာ၊ အမည်ခံ ကြယ်ဓား အဆင့်သို့၊ တိုးလာတော့၏။ ချက်ချင်း ထိုင်ချပြီး အမျိုး မျိုးသော ဖြစ်စဉ်များ နှင့်အတူ၊ တည်ငြိမ်အောင် ကြိုးစား မိသည်။
ဓားရောင်ဝါများ ဖုံးလွှမ်းလျက်၊ ကောင်းကင် ပြင်ပသို့ ရောက်ရှိနေသည့်၊ သူ့ကိုယ်သူ ပြန်တွေ့ လိုက်သည်။
သမုဒ္ဒရာ များက သူ့ရှေ့၌ သေးငယ်သော ဖုန်မှုန့်များ အလား၊ အရေး မပါချေ။ မိုးပြာ နဂါး၊ မီးငှက်၊ ကျားဖြူ၊ လိပ်နက်နှင့် အခြားသော အုပ်စိုးရှင် နက္ခတ် များကို မြင်လာ ရသည်။
အချို့သော နက္ခတ် များမှာ တောက်ပစွာ ထွန်းလင်း နေပြီး၊ အချို့သည် မှိန်ဖျော့ လျက်၊ ကောက်ကြောင်း မျှသာ ကျန်ရှိ တော့၏။
သူ၏ ကောင်းကင် သင်္ချိုင်း ကိုပင် မြင်လိုက်သည်။ များမကြာမီ သူ့ ဦးတည်ရာသို့ ပျံသန်းလာသော ကြယ်တံခွန် တစ်စင်းအား သတိထား မိလာ၏။
“ ဝှစ် ... ။ ”
“ ဖပ် ... ။ ”
၎င်းကို ဖမ်းဆုပ်ပြီး၊ မျက်လုံး ဖွင့်မိ၏။ သို့မှသာ ကောင်းကင် သန့်စင်ခြင်း တောင်ထိပ် တွင်၊ ရှိနေဆဲ ဖြစ်ကြောင်း သိရှိလိုက် ရသည်။
ထူးခြားချက် အနေဖြင့်၊ စိတ်ဝိညာဉ် အတွင်းရှိ ဓားပင်လယ်၌၊ မီးလျှံ တစ်စ တောက် လောင် နေခဲ့သည်။
“ ဒါက ကြယ်ဓား ရည်ရွယ်ချက်လား။ ”
လင်းယွန်က ဝမ်းသာ သွားသည်။ ဤနေ့အား အချိန် အကြာကြီး စောင့်ဆိုင်း နေခဲ့ ရ၏။
“ ဒီမှာ ... နင့် အတွက်။ ”
ကြိုးကြာ နတ်သမီးက (၇)ရောင် ပါရှိသော ကောင်းကင် တိမ်လွှာ သစ်သီး တစ်လုံး ပစ်ပေး လာသည်။
မဆိုင်းမတွ ကိုက်ဝါး မျိုချ လိုက်ပြီး၊ ခရမ်းရောင် နန်းတော် အတွင်းရှိ နဂါး မြစ်အား အသက်သွင်း မိ၏။
အပြာရောင် နဂါး မီးတောက် များက ကြောက်မက်ဖွယ် ကောင်းသော နဂါး ဟောက် သံများ၊ ထုတ်လွှတ် လာသည်။
ဒဏ်ရာများ အားလုံး ပြန်လည် သက်သာ လာပြီး၊ သူတော်စင် ခန္ဓာ နှစ်ခု၏ ပေါင်းစည်းမှု အပေါ်၊ ပို၍ အသားကျ လာစေ၏။
ဆိုလို သည်မှာ ကြယ်ဓားကို ဆုပ်ကိုင် ထားနိုင် ရုံသာ မက၊ မိုးပြာ နဂါး နတ်ခန္ဓာ နှင့် လည်း၊ နီးကပ် လာ ခဲ့သည်။
“ ယဲ့ချင်းရှန် ... ၊ မဟုတ်ဘူး ဒါက နင့် နာမည်မှ မဟုတ်တာ၊ မေ့လိုက်ပါ ... ငါ အခု နင့်ကို ဒီနာမည်ပဲ ဆက်ခေါ် တော့မယ် ။ ”
ကြိုးကြာ နတ်သမီးက ချောက်ကမ်းပါး ရှေ့၌ ရပ်လိုက်ပြီး၊
“ ယဲ့ချင်းရှန် ... နင့်မှာ သိချင်တာတွေ အများကြီး ရှိမယ်လို့ ... ၊ ငါ ယုံကြည် ပါတယ်၊ လာ ... ငါ့ သခင်နဲ့ တွေ့ရအောင်။ ”
“ ရပါတယ် ... ၊ ငါ အလျင် မလိုဘူး၊ ဒါက သတ္တမ အဆင့်ပဲ ရှိသေးတယ် ဆိုတော့၊ ဆက် သွား လိုက်ဦးမယ်၊ နှစ်ဆင့် ကျန်သေးတယ်။ ” .
လင်းယွန်က ငြင်းဆန် လိုက်သည်။ ရှစ်ရောင်နှင့် ကိုးရောင် ကောင်းကင် တိမ်လွှာ သစ်သီး များကို ရယူလို သေး၏။
ကြိုးကြာ နတ်သမီးက သူ့အတွေး များကို မြင်ပြီး ပြုံးလျက်၊
“ နင် ... ဆက်သွားချင် နေတာလား၊ ခုနစ်ရောင် အထက်က သစ်သီးတွေ အားလုံး ငါ့ လက် ထဲမှာ ရှိတယ်။”
-ဟု ပြောလာ၏။
“ အဲဒီလို မဟုတ် ပါဘူး၊ နဝမ အဆင့် ပြီးမှ မင်းရဲ့ သခင်ကို တေွ့ခွင့် ရမယ်လို့ ... ၊ ပြောခဲ့ တာ မဟုတ်လား။ ”
“ ဟုတ်တယ် ငါ့ သခင်ကို တွေ့ချင်ရင် သဘာဝ အတိုင်း၊ နင် နဝမ အဆင့်ကို ဖြတ်ရမှာ၊ ဒါပေမယ့် ... ငါ့ သခင်က တွေ့ချင် ရင်တော့ မလိုအပ် ပါဘူး ။ ”
ကြိုးကြာ နတ်သမီးက ပြုံးကာ ဆိုသည်။
“ မင်းမှာ ကိုးရောင်ခြယ် ကောင်းကင် တိမ်လွှာ သစ်သီးတွေ ရှိလား။ ”
လင်းယွန်မှ စုံစမ်း လိုက်သည်။ လောဘကို အတော မသက်နိုင် သေးချေ၊
“ ယဲ့ချင်းရှန် ... နင်က အရူးလား၊ ငါ့ သခင်က နင့်ကို ဘာလို့ တွေ့ချင် နေတာလဲ ဆိုတာ ... မသိချင် ဖူးလား။ ”
“ ဒါပေမယ့် ... ကောင်းကင် တိမ်လွှာ သစ်သီးတွေ မရ သေးဘူး။ ”
“ အိပ်မက် မက် မနေနဲ့၊ ငါတောင် နင့်လောက် လောဘ မကြီးဘူး၊ ငါ့ သခင်နဲ့ မတွေ့ရင် ... နင် ဘာမှ ရမှာ မဟုတ်ဘူး။ ”
ကြိုးကြာ နတ်သမီးက လင်းယွန်ကို ခေါ်ကာ၊ လေထဲ ပျံသန်း သွားသည်။
“ .... ။ ”
ခုနစ်ရောင် ကောင်းကင် တိမ်လွှာ သစ်သီး များ၏ တည်နေရာကို မြင်သော အခါ လင်းယွန် မျက်လုံးများ တောက်ပ လာတော့သည်။
တိမ်ပင်လယ်ကို ဖြတ်သန်း ပြီးနောက်၊ ချောက်ကမ်းပါး တစ်ခု ပေါ်တွင် စပျစ် သီးများ အလား၊ ကြီးထွား နေသော ကောင်းကင် တိမ်လွှာ သစ်သီး များကို မြင်၏။
အရောင် (၆)မျိုးနှင့် (၇)မျိုး ကြား ခြားနားချက်ကို ခံစားကြည့်ပြီး ဖြစ်သဖြင့်၊ လင်းယွန် မျက်ဝန်းများ တောက်ပ လာသည်။
အရောင် (၆)ပါးသည် နှစ် (၁၀၀၀) သက်တမ်း ရှိပြီး၊ အရောင် (၇)ပါး သစ်သီး များ မှာ၊ အနည်းဆုံး နှစ် (၅၀၀၀) ရှိနိုင်၏။
သို့သော် ကြိုးကြာ နတ်သမီးက သူ့ကို အဝေးသို့ ဆွဲခေါ် သွားသဖြင့်၊ အံကြိတ်ကာ ဖြတ်သန်း နေရသည်။
“ ဝှစ် ... ။ ”
နောက်ဆုံးတွင် သည်းမခံနိုင် တော့ဘဲ၊ မိုးကြိုး လိပ်နက် သံကြိုးများ ပစ်လွှတ်လျက်၊ သစ်သီး (၉)လုံးကို လှမ်းယူ လိုက်တော့၏။
မိုးကြိုး မြွေများ ပြန်လာသော အခါ၊ သစ်သီးများကို ကြည့်လျက်၊ နှလုံး ခုန်သံများ မြန်လာ ခဲ့သည်။
ကြိုးကြာ နတ်သမီးမှ တစ်စုံ တစ်ရာ မူမမှန် သည်ကို၊ သတိ ပြုမိ သဖြင့် ပြန်လှည့် ကြည့်ရာ၊ သစ်သီးများ ကိုင်လျက် အနေ အထားဖြင့်၊ လင်းယွန်အား မြင်လိုက် ရတော့သည်။
***