← Chapters

ကြယ်ဓား ရည်ရွယ်ချက်။

Vol. 138 Ch. 1927

ကြယ်ဓား ရည်ရွယ်ချက်။

Vol. 138 Ch. 1927

လိပ်နက် သံကြိုး များက (၇)ရောင် ကောင်းကင် တိမ်လွှာ သစ်သီး (၉)လုံးအား သိမ်းယူလျက် ပြန်ရောက် လာ၏။

သူ့ ဓား ရည်ရွယ်ချက်သည် ကြယ်ဓား အဆင့်သို့ ရောက်ရှိ လာသော်လည်း၊ ကနဦး အဆင့် တွင်သာ ရှိသည်။

သူတော်စင် အသီးအနှံ များစွာသည် ကျင့်ကြံမှုကို အားကောင်း စေနိုင် သော်လည်း၊ ဓားတာအို အပေါ် သက်ရောက် စေသော သစ်သီး များမှာ ရှားပါး ချေ၏။

ထို့ကြောင့် ဓား ရည်ရွယ်ချက်ကို တိုးပွားစေသော သာမန် ကောင်းကင် တိမ်လွှာ သစ်သီးများ ပင်လျှင်၊ ပြင်ပ ကမ္ဘာ၌ ရှားပါး ရတနာ ဖြစ်သည်။

ခုနစ်ရောင် ကောင်းကင် တိမ်လွှာ သစ်သီးများမှာ၊ ပို၍ပင် ရှားပါးပြီး၊ ကောင်းကင် တာအို ဂိုဏ်း၌၊ များများ စားစား မရှိချေ။

“ ယဲ့ချင်းရှန် ... ၊ နင်က အရည် အချင်း ရှိတာပဲ၊ စောစောက နင့်ကို ပေးခဲ့တဲ့ သစ်သီး ... ငါ့ပြန် ပေးပါ။ ”

ကြိုးကြာ နတ်သမီးမှ (၇)ရောင် သစ်သီး များကို မြင်ချိန်၌ ပြန်လည် တောင်းဆို လာ၏။ လင်းယွန်က ဖုံးကွယ်၍ မရမှန်း သိသဖြင့်၊ သစ်သီး အချို့အား ပေးချင် သော်လည်း၊

“ ကျင့်ကြံ ရတာ မလွယ်ဘူး။ ”

-ဟု ဆိုလျက်၊ မပေးပဲ မျက်နှာ ပြောင်တိုက် နေလိုက်သည်။

“ ငါ့ သခင်က ... ၊ နင့်ကို ဘာလို့ ... စိတ်ဝင်စား နေတာလဲ ငါ သိချင်တယ်၊ အခု နင် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ၊ ပြုတ်ကျရင် ... ငါ ကယ်မှာ မဟုတ်ဘူး။ ”

ကြိုးကြာ နတ်သမီးက လင်းယွန်ကို ကြည့်ကာ အံကြိတ်လိုက်၏။ အလင်း တံခါး (၂) ပေါက်ကို ဖြတ်သွား ပြီးနောက်၊ တိမ် ပင်လယ် ကြီးအား၊ မြင်လိုက် ရသည်။

“ ဒင် ... ။ ”

တိမ်ပင်လယ် အတွင်း၊ နန်းတော် တစ်လုံး ရှိနေ၏။ နန်းတော် ခြံဝင်း အတွင်း၌ အဖြူဝတ် လူတစ်ဦး၊ ဗျပ်စောင်း တီးခတ် နေသည်။

ဗျပ်စောင်း သံသည် ကျယ်လောင်ပြီး၊ လူသတ် လိုသော ရည်ရွယ်ချက်များ ပြည့်နှက် နေခဲ့၏။

လင်းယွန်နှင့် ကြိုးကြာ နတ်သမီးက မနှောက်ယှက်ဘဲ၊ အဖြူဝတ် လူထံ ကြည့်နေ မိသည်။

လင်းယွန်က၊

“ ဒါက ရှေးဟောင်း သီချင်း ဖြစ်တဲ့ ကောင်းကင် စစ်ပွဲပဲ ... ။ ”

-ဟု ပြောလိုက်သည်။

ကောင်းကင် ရနံ့ သင်းသင်းတွင် အချိန် အတော် ကြာအောင် နေထိုင် ခဲ့ပြီး၊ ရှေးဟောင်း သီချင်း အချို့ကို မြင်တွေ့ ခဲ့ဖူး၏။ ထို့ကြောင့် ဤသီချင်းအား ကောင်းစွာ သိသည်။

“ ဘယ်လိုလဲ ... ၊ ဂီတမှာ ငါ့ သခင်ရဲ့ အောင်မြင်မှုက ... နင့်ထက် သာတယ် မဟုတ် လား။ ”

ကြိုးကြာ နတ်သမီးက ဂုဏ်ယူ ဝင့်ကြွားစွာ မေးလာသည်။

“ မဆိုး ပါဘူး ... ။ ”

လင်းယွန်က ပြုံးပြီး ပြန်ဖြေ လိုက်၏။ အဖြူ၀တ် လူသည် ဂီတတွင် အားကောင်း နိုင် သော်လည်း၊ သူ့ထက် မသာချေ။

စိတ် စွမ်းအင်မှာ ထက်မြက် လှပြီး၊ ကျွမ်းကျင်မှု အားနည်း၏။ ထို့ကြောင့် မဟာ သူတော်စင် အသံ ၌သာ ရပ်တန့် နေသည်။

မုရွယ်လင် ကဲ့သို့ တစ်စုံ တစ်ယောက်နှင့် ရင်ဆိုင် ရပါက၊ တစ်ချက်ပင် ခံနိုင်မည် မဟုတ် ကြောင်း ပြောနိုင်၏။

ကြိုးကြာ နတ်သမီးက လင်းယွန် အဖြေ အပေါ်၊ မကျေမနပ် ဖြစ်လာပြီး၊ ပြန်ကြည့်သည်။ သူမ သခင်ကို မထီမဲ့မြင် ပြုနေသည်ဟု မြင်၏။

“ ဟဲအာ ... လက်ဖက်ရည် ဝိုင်း သွား ပြင်တော့ ... ၊ သူ ပြောတာ မှန်တယ်၊ ဂီတနဲ့ ပတ်သက်ရင် ... ၊ ငါက သာမာန်ပဲ။ ”

အဖြူဝတ် လူက ဂီတကို ရပ်လိုက်ပြီး၊ ပြောလာသည်။ ဟဲအာ ဆိုသည်မှာ ကြိုးကြာ နတ်သမီးကို ပေးထားသော အမည် ဖြစ်၏။

ဟဲအာက မကျေနပ် သော်လည်း၊ သူမ သခင် စကားတိုင်း လက်ဖက် ရည်အိုးနှင့်၊ ပြန်ရောက် လာသည်။

“ ကြယ်ဓားကို နားလည် ခဲ့တဲ့ အတွက်၊ စီနီယာကို ကျေးဇူး တင်ပါတယ်၊ စီနီယာ အမည် ဘယ်လို ခေါ်ရ မလဲ။ ”

လင်းယွန်က ရိုးသားစွာ မေးသည်။ ၎င်း အကူအညီ မပါသော်၊ သတ္တမ စမ်းသပ်မှုအား ကျရှုံး သွားမည် ဖြစ်သည်။

ထိုအချိန်တွင် ကြယ်ဓားကို လိုသော်၊ နိဗ္ဗာန်အဆင့် ရောက်သည့် တိုင်အောင်၊ စောင့်ရ ဦးမည် ဖြစ်၏။

“ မင်း နှလုံးသားက ... ၊ အဲဒီ အဆင့် မရောက် သေးပေမယ့်၊ ကြယ်ဓား ရည်ရွယ်ချက် အပေါ်၊ မင်း ဆုပ်ကိုင် ထားပြီး သားပါ ... ၊ ဒီမှာ ငါပြောတဲ့ ‘နှလုံးသား’ ဆိုတာ၊ ဓားနှလုံးသား မဟုတ်ဘူး။ ”

“ ကျွန်တော် ... နား မလည်ဘူး။ ”

လင်းယွန်မှ ဝန်ခံ သည်။

“ နှလုံးသားက ဒီခွက်နဲ့ တူတယ်။ ”

အဖြူဝတ် လူက ရေနွေးကြမ်း ခွက်ကို မြှောက်ပြီး၊ လှည့်ပတ် ကစား၏။ သည့်နောက် လက်ဖက်ရည် အိုးကို ကောက်ကိုင်ကာ၊

“ ရေနွေးကြမ်းက ... ဓား ရည်ရွယ်ချက်ပဲ။ ”

-ဟု ဆိုလျက်၊ ရေနွေးကြမ်းများ လျှံကျလာသည် အထိ၊ လောင်းထည့် ပြတော့ ၏။

“ ကြာလာရင် ... ဓား ရည်ရွယ်ချက်က အခုလို ပြည့်လျှံ သွားနိုင်တယ်။ ”

လင်းယွန်က လျှံကျ လာသော ရေနွေး များကို ငေးကြည့်နေ မိ၏။

“ ဒါပေမယ့် မင်းက ဓားနှလုံးသားကို နားလည် လိုက်တဲ့ အတွက် ... ၊ ဒီလိုတွေ လျှံကျ မလာ တော့ဘူး။ ”

ရေနွေးကြမ်းခွက် မျက်နှာ ပြင်တွင် ငွေရောင် ရူရ်များ ရုတ်တရက် ပေါ်လာ၏။ သို့မှ သာ လောင်းထည့် သမျှသော ရေနွေးကြမ်း များင၊ တွင်းနက် ကြီးထဲ ကျသွား သကဲ့သို့၊ လျှံလာခြင်း မရှိတော့ချေ။

ဤမြင်ကွင်းကြောင့် လင်းယွန် ခမျာ၊ ထိတ်လန့် သွားပြီး၊ ဖြစ်ပျက်နေ သမျှ ချက်ချင်း နားလည် လာ၏။

သူသည် သူ့ကိုယ်သူ၊ ပိတ်မိနေ သည်ဟု ထင်ခဲ့ သော်လည်း၊ ကောင်းကင် အမိုး ဓားမှာ၊ အမြဲ တိုးလာ နေခဲ့သည်။

ယင်းက ခွက်ထဲ ရေနွေး ကြမ်းများ အဆတ်မပြတ် လောင်းထည့် နေခြင်းနှင့် တူ၏။ ဓား နှလုံးသား ကြောင့် လျှံကျ မလာ သဖြင့်၊ မသိ ခဲ့ခြင်း ဖြစ်သည်။

“ ဒီတိုင်း ဆက်သွားရင် ... ဘာဖြစ် မလဲ သိလား။ ”

အဖြူဝတ် လူက ပြုံးပြီး၊ လင်းယွန်ကို မော့ကြည့် လာ၏။ လင်းယွန်မှ စကား ပြောရန် ပါးစပ် ဟလိုက် ချိန်၌၊ ရေနွေး ခွက်မှာ အက်ကွဲ သွားတော့သည်။

“ ခရစ် ... ။ ”

“ ခွမ်း ... ။ ”

ယင်းကြောင့် နှလုံးသား တစ်ခုလုံး တဆတ်ဆတ် တုန်လာ၏။ ကြယ်ဓား အဆင့်ကို တက်လှမ်း နိုင်ခြင်း မရှိသော်၊ တိုးလာ နေသော ကောင်းကင် အမိုးဓားကြောင့်၊ ခန္ဓာ ပေါက်ကွဲ သေဆုံး နိုင်သည်။

“ အမှန်ဆို ... မင်းရဲ့ ဓားက၊ ကြယ်ဓား အဆင့်နဲ့ ယှဉ်နိုင်တဲ့ အမြင့်ကို၊ ရောက် နေတာ ကြာပြီ၊ အဆင့် ချိုးဖြတ်ဖို့၊ နည်းနည်းလေး လိုအပ်ချက် ရှိနေ ခဲ့တာ၊ အဲဒါက ကြောက်စိတ်ပဲ၊ ...

... ဒါကြောင့် သတ္တမမြောက် စမ်းသပ်မှု အပြီးမှာ၊ နောက်ထပ် စမ်းသပ်မှု တွေက ... မင်း အတွက် ပိုလွယ်သွားတာ၊ နောက်ဆုံး စမ်းသပ်မှု ဆိုရင်၊ ဓားတောင် မလို တော့ဖူး မဟုတ်လား။ ”

“ ကျွန်တော့်ကို ဘာလို့ ကူညီပေး တာလဲ။ ”

လင်းယွန်မှ မေးသည်။

“ ငါ့ မျက်လုံး ထဲမှာ၊ မင်းက တခြား လူတွေထက် ... တောက်ပ နေတယ်၊ ငှက်တွေ ကြားက ဖီးနစ် တစ်ကောင် လိုပဲ။ ”

“ စီနီယာ ... ၊ စီနီယာ နာမည်ကို သိလို့ ရမလား၊ ကျွန်တော်က ယဲ့ချင်းရှန် မဟုတ်မှန်း သိတယ် မဟုတ်လား။ ”

“ မင်းက မူလ နဂါး မဟာ သူတော်စင်ရဲ့ ... တပည့်ပဲ၊ သူ့တပည့် ဆိုတာ ... ငါ့ရဲ့ မြေးတပည့် တော်တယ်၊ နောက်ပြီး ငါက ... မင်းရဲ့ ဓားကိုပဲ ကြည့်တာ၊ မင်းကို မဟုတ်ဘူး။ ”

အဖြူဝတ် အဖိုးအိုက ပြုံးပြီး၊ ပြန်ဖြေ လာ သဖြင့်၊ လင်းယွန် တစ်ယောက် တုန်လှုပ် သွား တော့၏။

သူတော်စင် လုံယွင် သည်ပင်၊ မဟာ သူတော်စင် တစ်ပါး ဖြစ်သောကြောင့်၊ ဤလူ သည် မည်သည့် နယ်ပယ်၌ ရှိမည်ကို သိချင် လာသည်။

မူလ နဂါး မဟာ သူတော်စင်သည် ကောင်းကင် သန့်စင်ခြင်း တောင်သို့၊ သူ့အား သွားရောက် စေလို သည်မှာ၊ ဤလူနှင့် ဆုံ စေရန် ရည်ရွယ်ခြင်း ဖြစ်နိုင်၏။

“ စီနီယာ မင်းက ... တတိယ ဓားကိုင် သူလား။ ”

လင်းယွန်က မေးသည်။

“ ကောင်းကင် သန့်စင်ခြင်း တောင်ရဲ့၊ စမ်းသပ်မှု နှစ်ဆင့် ကျန်သေးတယ်၊ အောင်မြင် ခဲ့ရင် ငါ ပြောပြမယ်၊ ကံကောင်းပြီး ... ဧကရာဇ် ဓား ကိုတောင်၊ မင်း မြင်ရ နိုင်တယ်။ ”

ကောင်းကင် တာအို ဂိုဏ်းတွင်၊ နတ်ဘုရား အဆင့် ဓားသုံးလက် ရှိသည်။ ကောင်းကင် ဓား၊ တာအို ဓားနှင့် ဧကရာဇ် ဓားတို့ ဖြစ်၏။

“ ဧကရာဇ် ဓားက ပျောက်နေတာ ကြာပြီဆို။ ”

လင်းယွန်မှ မယုံကြည် ဟန်ဖြင့် မေးလိုက်သည်။

“ ဓားက ထွက်သွားဖို့ ... ဆန္ဒ ရှိသလို၊ ပြန်လာ ဖို့လည်း ... ဆန္ဒ ရှိနိုင် ပါတယ်။ ”

ထို့နောက် စကားစမြည် ပြောဆိုလျက်၊ လင်းယွန် တစ်ယောက် မရဏ မိုးကြိုး တောင် ထိပ်သို့၊ ပြန်လာ ခဲ့ရသည်။

နေအိမ် ရောက် ပြီးနောက်၊ ဘဝ-သုံးပါး သစ်သီးကို အသက် သွင်းကာ၊ ဝင်ရောက် လိုက် သည်။

ပြိုင်ပွဲများ ပြန်လည် စတင်ရန်၊ နှစ်ရက် လိုသေး၏။ ထိုနှစ်ရက်သည် ဘဝ-သုံးပါး ဘုံ၌၊ နှစ်လခန့် အချိန်ရ ပေမည်။

ဘဝ-သုံးပါးဘုံ အတွင်း၊ အသက် ပြင်းပြင်း ရှူလျက်၊ ကြယ်ဓားကို ဦးစွာ တည်ငြိမ် စေခဲ့၏။ ဓားပင်လယ် အတွင်း၌၊ ကြောက်မက်ဖွယ် မီးလျှံ တစ်ခု တောက်လောင် နေသည်။

၎င်းကို တည်မြဲ လိုသော်၊ ကျန့်ကျင်းရှန် နည်းလမ်း အတိုင်း၊ နေမင်း အဖြစ် ပြောင်းလဲ ရ ပေမည်။

ထိုမှ နေရောင်ခြည်များ ထုတ်လွှတ်ကာ၊ ကောင်းကင် သုံးဆယ့်ခြောက် လွှာကို ပိုင်းဖြတ် နိုင်မည် ဖြစ်၏။

“ ကြယ်ဓား ရည်ရွယ်ချက်ကို ဆုပ်ကိုင် ထားပြီ ဆိုတော့၊ ဓား နှလုံးသားကို၊ ဆက်ပြီး လေ့ကျင့် ရမယ်။ ”

ယဲ့ကူဟန် ပြသ ခဲ့သော ဓားနှလုံးသား ကျင့်ကြံမှု နည်းစနစ်သည်၊ ကြယ်ဓားကို ရရှိပြီး မှသာ၊ လေ့ကျင့် နိုင်သည့်၊ လျှို့ဝှက် ပညာရပ် ဖြစ်သည်။

မိုးပြာ နဂါး ရည်ရွယ်ချက်နှင့် ဓား နှလုံးသားကို ပေါင်းစပ် နိုင်သော်၊ မိုးပြာ နဂါး ဓား နှလုံးသား -အား၊ ရရှိ ပေမည်။

ဓား ရည်ရွယ်ချက် သည်သာ၊ နောက် တစ်ဆင့် ရောက်ရှိ ပါက၊ မိုးပြာ နဂါး ဓား နယ်မြေကို ဖန်တီး နိုင်မည် ဖြစ်၏။

မိုးပြာ နဂါး ဓားနှလုံးသား ဟူသည်၊ ဓားနယ်မြေ တစ်ခုလုံး၏ အကြမ်းဖျဉ်း ပုံစံငယ် ပေပင်။

(၇) ရက် ကုန်လွန် ပြီးနောက်၊ ဓား နှလုံးသားကို၊ မိုးပြာ နဂါး ရည်ရွယ်ချက်ဖြင့် ပေါင်းစပ် နိုင်ခဲ့သည်။

ဤမျှ လွယ်ကူ ခဲ့ခြင်းမှာ၊ မိုးပြာ နဂါး သူတော်စင် ခန္ဓာ ကိုယ်ကို၊ ပိုင်ဆိုင် ထားပြီး၊ ယခင် မိုးပြာ နဂါး နက္ခတ် အား၊ မြင်ထား ဖူးသောကြောင့် ဖြစ်၏။

“ ဒီလို ဆိုရင်၊ ငါ တစ္ဆေ ဝိညာဉ် ပညာရပ် တွေနဲ့၊ ရင်ဆိုင် ရရင်တောင် ... ၊ အားနည်းချက် ရှာတွေ့ နိုင်တော့မယ်။ ”

ပြိုင်ဘက်၏ ချို့ယွင်းချက်ကို ရှာဖွေ နိုင်သော သူ့ စွမ်းရည်မှာ၊ တိုးတက် လာပြီ ဖြစ် သဖြင့်၊ စိတ်ထဲမှ ရွှင်မြူး သွားသည်။

ခန္ဓာ ကိုယ်မှ ငေွရောင် အလင်းများ ဖြာလျက်၊ ဓားရောင်ဝါ များက ပေ တစ်ရာ သို့တိုင်၊ ဖုံးလွှမ်း လာ၏။

ထိုအကွာ အဝေး အတွင်း၊ လေနှင့် လျှပ်စီး စွမ်းအင် များကို၊ လွတ်လပ်စွာ ထိန်းချုပ် စေနိုင် ခဲ့သည်။

သည့်စဉ် မိုးကြိုး မုန်တိုင်းများ ပြည့်နှက် နေသော ကမ္ဘာကြီး တစ်ခု၊ ‘ဖျတ်ခနဲ’ ပေါ်လာ တော့သည်။

“ ငါ့အနား ပေတစ်ရာ အထိ ... ၊ မကပ် နိုင်ခဲ့ရင်၊ သူတော်စင် တစ်ပါးတောင်မှ တစ်ချက် တည်းနဲ့၊ ငါ့ကို သတ်လို့ မရနိုင် တော့ဘူး။ ”

သို့သော် ယင်းကို သေချာအောင် စမ်းကြည့်ရန်၊ ပြိုင်ဘက် မရှိ သဖြင့်၊ သနား စရာ ကောင်းနေသည်။

အဆင့် သတ်မှတ်ချက် ပြိုင်ပွဲ ပြီးနောက် နတ်ဆိုး သားရဲ များနှင့် တိုက်ခိုက်ရန် ခရီးကြမ်း နှင်ရ တော့မည့် ပုံရ၏။

ဝမ်ယွဲ့နှင့် ထပ်မံ ရင်ဆိုင် ရပါက၊ အနိုင် ယူရန်၊ တော်ဝင် မိုးကြိုးဓား ပညာရပ်ကို အသုံး ပြုစရာ မလို တော့ချေ။

“ ဒါပေမယ့် ဝမ်ယွဲ့နဲ့ ယဲ့ဖေးဖန်မှာ ... ၊ ဝှက်ဖဲတွေ ရှိနိုင်မယ်၊ ငါ သတိ မမူပဲ ... နေလို့ မရဘူး။ ”

သူ့ဝှက်ဖဲမှာ ပိုးစုန်းကြူး နတ်ဓားနှင့် ကနဦးဓား ဖြစ်၏။ ကြယ်ဓားကို တည်ငြိမ်စေ ပြီးနောက်၊ ထိုဓားရေး များမှာ အစွမ်းထက် လာမည် ဖြစ်သည်။

***

All Chapters