← Chapters

အာကာသ တာအိုနှင့် ထိစပ်ခြင်း။

Vol. 138 Ch. 1928

အာကာသ တာအိုနှင့် ထိစပ်ခြင်း။

Vol. 138 Ch. 1928

ပိုးစုန်းကြူး နတ်ဓားတွင် ထုတ်ဖော် မပြရ သေးသော ဓားပုံစံ လေးခု ကျန်နေ သေးသည်။ ဝှက်ဖဲများ ပို၍ ရှိခြင်းမှာ၊ အကောင်းဆုံး ဖြစ်၏။

သို့သော် အခြားသော လူများ တွင်လည်း၊ သူ့ကဲ့သို့ ပြင်ဆင် ထားနိုင်၏။ ထို့ကြောင့် သူ၏ ကြယ်ဓားကို နှစ်လ အတွင်း တိုးတက်အောင် လုပ်ရ ပေမည်။

နှစ်ရက် ကုန်လွန် ပြီးနောက်၊ မျက်လုံး ပြန်ဖွင့် လိုက်ရာ၊ ဓားပင်လယ်ရှိ မီးတောက် သည် ကလေး လက်သီး အရွယ် အထိ၊ ကြီးထွားလာ ခဲ့၏။

“ စီနီယာ အစ်ကို ကျန့်က ... သူ့ဓားကို ဘယ်လိုများ ... ပျိုးထောင် ထားခဲ့ သလဲလို့ တွေးမိ ပါတယ် ... ။ ”

လင်းယွန်က သက်ပြင်းချ လိုက်သည်။ ကြယ်ဓားသည် သူ စိတ်ကူးထား သည်ထက် ပိုမို ခက်ခဲပြီး၊ အရင်းအမြစ် များစွာ ကုန်ဆုံး စေ၏။

သည့်အတွက် ခုနစ်ရောင် ကောင်းကင် တိမ်လွှာ သစ်သီးများ အားလုံးကို အသုံးပြု ခဲ့ရ သည်။

ထို့ကြောင့် အနာဂတ်တွင် ဓား ရည်ရွယ်ချက်အား မြှင့်တင်ရန်၊ ခက်ခဲ ရပေ လိမ့်မည်။

အစ်ကို ကျန့်ကျင်းရှန်၏ အ​မြင့်သို့ ရရန်၊ မည်မျှ ကြာဦးမည် မသိချေ။ ထိုစဉ်က အစ်ကို ကျန့်မှာ၊ နဂါး သွေးလွှတ်ကြော နယ်ပယ်ဖြင့် ကြယ်ဓားကို ဆုပ်ကိုင် နိုင်ခဲ့ခြင်း ဖြစ်သည်။

မတ်တပ် ရပ်ပြီး လက်ဝှေ့ ယမ်းကာ၊ ဓားပင်လယ်မှ ကြယ်မီးတောက်ကို ခေါ်လျက် လက်ဖဝါး ထက်၌ ပျံဝဲ စေ လိုက်၏။

၎င်းသည် ရွှေရောင် အဆင်း သဏ္ဍာန်ဖြင့် လင်းလက် တောက်ပ နေပြီး၊ ဒေသ တစ်ခုလုံး ကြယ်ရောင်များ ပြည့်နှက် လာစေသည်။

ရွှေချပ်ဝတ်ကို ဆင်မြန်းထား သကဲ့သို့၊ ဆံပင်များ ရွှေရောင် ဖြစ်လာပြီး မြင့်မြတ်သော ရောင်ဝါ အချို့ ထွက်လာ၏။

အဝေးမှ လှမ်းကြည့်သော်၊ လက်ဖဝါး ပေါ်တွင်၊ ​​ကြယ်တာရာ အနှစ်သာရ တစ်ခုကို ကိုင်ထား သည်နှင့် တူ၏။

“ နောက်ဆုံးတော့ ... ဘယ်လို ပြန်ရုတ် ရမလဲ ... ၊ ဘယ်လို ထုတ်ဖော် ရမလဲ ဆိုတာ .. ၊ ငါ နားလည် သွားပြီ။ ”

လင်းယွန်က သက်ပြင်းချ လိုက်၏။ အဖြူဝတ် လူအား ကျေးဇူး တင်ရ ပေမည်။ ၎င်းမှ သူ့ကို ကယ်တင် ခဲ့ခြင်း ဖြစ်သည်။ မဟုတ်သော် အသက် ပေးရ နိုင်၏။

“ သွား ... ။ ”

လက်ဖဝါး ပေါ်က ကြယ်မီးတောက်ကို၊ ဓားပင်လယ်သို့ ပြန်သွား စေကာ၊ ၎င်းအား ဖြန့် ထုတ် လိုက်သည်။

ဓားရောင်ဝါ များက၊ ခန္ဓာကိုယ် အနှံ့ ပြည့်နှက် လာပြီး၊ ကြောက်မက်ဖွယ် အမြင့်သို့ ရောက်ရှိ သွား၏။

ကြီးမားသော ဖိအား အောက်တွင်၊ ဘဝသုံးပါးဘုံ သည်ပင် မတည်မငြိမ် ဖြစ်လာ​ တော့သည်။

“ ဒီနည်းနဲ့ ... ၊ ကြယ်ဓားရဲ့ စွမ်းအား (၁၂၀%)ကို ... ၊ ငါ ထုတ်နိုင်မယ်။ ”

ကြယ်ဓားဖြင့် ကနဦး ဓားကို ​ကြံရွယ် လိုက်၏။ အာကာ​ပြင် တစ်ခုလုံး တုန်ခါလျက်၊ နေရာ အနှံ့ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာသည်။

ဓားဆွဲ နေစဉ် တလျှောက် အာကာပြင် တဖြည်းဖြည်း ကျုံ့လာကာ၊ လုံးလုံး လျားလျား ဆွဲထုတ် ပြီးချိန်တွင်၊ မိုင်တစ်ရာ အတွင်း အက် ကြောင်းများ၊ ထင်လာ တော့၏။

“ ရွှပ် ... ။ ”

လွှဲခုတ် လိုက်​သော အခါတွင်၊ အက်ကွဲ ကြောင်းမှာ၊ မီတာ တစ်ရာ အကွာသို့ ဖြတ်ခနဲ ရောက်ရှိ သွားသည်။

ခြေတစ်လှမ်းနှင့် မီတာ တစ်ရာ ရွေ့လျား သွားခဲ့ခြင်း ဖြစ်၏။ ကနဦး ဓားသည် အာကာသ တာအိုနှင့် ထိစပ် လာချေပြီ။

“ အာကာသ တာအိုက .... ၊ တကယ့်ကို လေးနက်ပါ​ ပေတယ် ... ။ ”

မူလ နေရာမှ သူ့ ပုံရိပ်ထံ ပြန်ကြည့်ကာ၊ ပြောလိုက်မိသည်။ ဓားကို (၉)ကြိမ်ခန့် လွှဲသော် မည်မျှ ခရီး​ရောက် မည်အား၊ မတွေး နိုင်ချေ။

ဤဓားအတွင်း ပါရှိသော ရည်ရွယ်ချက် သည်သာ၊ ပြီးမြောက် သွားပါက၊ ၎င်း၏ အမည် အတိုင်း၊ အလင်း၏ ဘိုးဘေး (ကနဦး ဓား) ဖြစ်လာ နိုင်ပေမည်။

လွယ်ကူ​သော အရာ မဟုတ် သော်လည်း၊ ဤသည်မှာ သူ့မူပိုင် ဓားရေး တစ်ရပ် ဖြစ်သဖြင့် ဆက်လျှောက်ရန်၊ ဆုံးဖြတ် ထားသည်။

ခေတ္တ အနားယူ ပြီးနောက်၊ နက္ခတ် (၈)လုံးကို ဆင့်ခေါ် သည်။ အားလုံးမှာ ရက်စက် ကြမ်း​ကြုတ်သော ကမ္ဘာဦး သားရဲများ ဖြစ်ကြ၏။

“ နောက်တစ်လုံး မခေါ် နိုင်သေးဘူး ... ။ ”

ကောင်းကင် သင်္ချိုင်းသည်၊ စုစုပေါင်း နက္ခတ်(၉)လုံး အပြင်၊ ဓားတစ်လက် ပါရှိသည်။ လက်ရှိ ခွန်အား အရ၊ အားလုံးကို မခေါ်နိုင် သေးချေ။

“ နိဗ္ဗာန် အဆင့် ရောက်မှ၊ ပန်းချီကား ကိုးချပ်ကို ပေါင်းစည်း နိုင်မဲ့ ပုံရတယ်၊ ဒါပေမယ့် အခု ... နက္ခတ် တစ်လုံး​တော့ ထုတ်ပြ ရမှာပဲ၊ ဘယ်နက္ခတ်ကို သုံးသင့်လဲ ... ။ ”

ယဲ့ချင်းရှန်၏ နက္ခတ်မျိုး အသွင်ယူ မရ သဖြင့်၊ ခွန်ပန်ကို ရွေးလိုက်သည်။ ဤနက္ခတ်ကို တစ်ကြိမ်မျှ သူ အသုံးမချ ဖူးချေ။

သူတော်စင် မူလကို၊ သန့်စင်​ခဲ့ ခြင်းမှ ၎င်းအား အမွေ ဆက်ခံ ခဲ့သည်ဟု၊ အ​ကြောင်း ပြချက် ပေးနိုင်၏။

ထို့နောက် ဘဝ-သုံးပါး ဘုံမှ ထွက်လာ ခဲ့သည်။ ဤတစ်​ကြိမ် မိုးပြာ နဂါး ဓားနှလုံးသား ကိုပင် ကောက်ကြောင်းချ နိုင်ခဲ့၏။

သို့​သော် အားနည်း ​နေသေးသည်။ သန်မာသူမှ၊ အင်အား အနည်းငယ် စိုက်ထုတ် ရုံဖြင့်၊ ချက်ခြင်း ပြိုကွဲ သွားနိုင်သည်။

ဘဝ-သုံးပါး ဘုံ၌ နှစ်လသည်၊ ပြင်ပ၌ နှစ်ရက်ပင် မပြည့် ချင်ချေ။ အချိန် တစ်နာရီ ပိုနေ သေးသည်။

ထိုကြောင့် အချိန် မဖြုန်းတီး လိုသဖြင့်၊ လက်ရေးလှ လေ့ကျင့်ရန်၊ စုတ်တံနှင့် စာရွက်ကို ထုတ်ယူ မိသည်။

ဆရာ သခင်သည် လက်ရေးလှ ရေးခြင်းကို နှစ်သက် ချေ၏။ အပင့် အသတ် တစ်ခု စီတိုင်း၌ ကြီးစွာသော နက်နဲမှု ပါရှိသည်။

ရှေးဟောင်း စစ်မြေပြင်၏ တိုက်ပွဲများ ပြီးနောက်၊ အပူပင် ကင်းသော ဓား (၉)ကွက်ကို အဆုံးထိ လေ့ကျင့်ရန် အခွင့်အရေး မရရှိ တော့ချေ။

အဘယ့်ကြောင့် ဆိုသော် ဆရာ သခင်မှ သူ့အား သင်ပေးခဲ့ သည်ကို၊ ထိုစဉ်က လူတိုင်း မြင်ခဲ့ ကြသည်။ သူ အသုံး ပြုသော် ချက်ချင်း မှတ်မိ သွားနိုင်၏။

“ ဟဲဟဲ ... ၊ အစ်ကိုကြီး လင်း ... ၊ နင်ဘာတွေ ရေးနေ တာလဲ။ ”

ခရမ်းငယ် ရောက်လာသည်။ ပြုံးရွှင် နေသော သူမ အမူအရာကြောင့်၊ တစ်ခုခု အကြောင်း ထူးပြီမှန်း သိလိုက်၏။

“ တွေ့ပြီလား ... ။ ”

“ အင်း ... တွေ့ပြီ ထင်တယ်၊ နေ-လ နတ်ရူရ်ကနေ၊ ရောင်ဝါ နည်းနည်း ထုတ်လွှတ် လာတယ်၊ အားနည်း ပေမယ့်၊ ဒါကို ငါ ကောင်းကောင်း ခံစား ရတယ်။ ”

သို့သော် ထိုမျှ ရိုးရှင်းမည် မဟုတ်ကြောင်း လင်းယွန် သိ၏။ ဤသို့ ရှာရ လွယ်ကူ နေ​သော်၊ ဟိုစဉ် ကတည်း ကပင်၊ ဝမ်မူယန် ယူသွားပြီး ဖြစ်ပေ လိမ့်မည်။

“ နင် မယုံဖူးလား ... ၊ ငါ တကယ် တွေ့ခဲ့တာ၊ နေ-လ နတ်ရူရ်က ကောင်းကင် ရေကန်မှာ ရှိတယ်။ ”

ခရမ်းငယ် စကားကြောင့် လင်းယွန် နှုတ်ခမ်းများ တုန်ယင် သွားပြီး၊ သူ့အား အစ်ကို ကြီး လင်းဟု ခေါ်ဆို ရသည့် အကြောင်းရင်း အပေါ်၊ ချက်ချင်း နားလည် လာသည်။

“ ဟဲဟဲ ... ၊ အစ်ကိုကြီး လင်း၊ နင် ငါ့ကို ဘယ်​တော့ ... ကောင်းကင် ရေကန်ဆီ ခေါ်သွား ပေးမှာလဲ၊ ငါတို့ အဆင့် သတ်မှတ်ချက် ပြိုင်ပွဲ ပြီးရင် သွားကြ မလား။ ”

ခရမ်းငယ်မှ ချစ်စဖွယ် ကောင်းသော အပြုံးဖြင့် မေးသည်။

“ တစ်နေ့တော့ သွားကြ တာပေါ့ ... ။ ”

လင်းယွန်က ပြောလိုက်၏။

“ ဟမ့် ... နင်က လူယုတ်မာပဲ၊ နင် ငါ့ကို ကတိ ပေးထားတယ် မဟုတ်လား။ ”

မရေရာသော စကားကြောင့်၊ ခရမ်းငယ်က ဒေါသ ထွက်လာသည်။ တစ်ဖက်တွင် လင်းယွန် မှ ပြုံးရုံသာ ပြုံးလျက်၊ လက်ရေးလှ ဆက်ရေး နေခဲ့သည်။

တစ်ဖက် လူမှ လျစ်လျူရှု သဖြင့်၊ ခရမ်းငယ် တစ်ယောက်၊ လင်းယွန် အနား လျှောက်လာပြီး၊ စိတ်ဝင် တစား ငုံ့ကြည့်သည်။

“ နင် ... ဘာတွေ ရေးနေ တာလဲ၊ တစ်ချက်လောက် ကြည့်ရအောင် ... ။ ”

-ဟု ဆိုလျက် စာရွက်အား ဆွဲယူ ဖတ်ကြည့် လိုက်သည်။

“ ငါ့ မျက်လုံးထဲ မှာတော့ ... ၊ မင်းက ငှက်တွေ ကြားက ဖီးနစ် တစ်ကောင်လို ပါပဲ။ ”

စာဖတ်ကြည့် နေရာမှ၊ ခရမ်းငယ် မျက်နှာ နီရဲ သွားပြီး။

“ နင် ... ငါ့ကို၊ ဒီလို ပုံစံနဲ့ ... ချီးကျူးစာ ရေးနေ စရာ မလို ပါဘူး ... ။ ”

-ဟု ရှက်ရွံ့စွာ ပြော လာသည်။

“ မဟုတ်ဘူး ... ၊ လူတစ်ယောက်က ငါ့ကို ဒီလို စကားတွေ ပြောခဲ့ တာပါ။ ”

လင်းယွန်က ပြုံးပြီး ကောင်းကင် သန့်စင်ခြင်း တောင်ပေါ်မှ၊ သူ့ အတွေ့ အကြုံကို မျှဝေ ပေးလိုက်သည်။

“ ဟမ့် ... နင်က ဖီးနစ် အတု၊ ငါက ဖီးနစ် အစစ်ပဲ၊ သူ ငါ့ကို တွေ့ရင် ချက်ချင်း ဦးညွှတ်ပြီး နာခံမှု ရှိရှိ၊ ဧကရာဇ် ဓားကို ​ပေးအပ် လာ လိမ့်မယ်၊ စောင့်ကြည့်နေ ... ။ ”

“ ဟား ဟား ဟား ... ။ ”

လင်းယွန်က ရယ်မောလျက်၊ လက်ရေးလှ ရေးထားသော စာရွက် များကို မီးရှို့ လိုက်သည်။

“ ဒါဆို ... ငါ့ကို ဧကရာဇ်ဓား ရအောင် ... ကူညီပေး၊ နေ-လ နတ်ရူရ် ရအောင် ​... ငါလည်း ပြန်ကူညီ ပေးမယ်။ ”

“ နင် ... နင်က တကယ့် လူယုတ်မာပဲ။ ”

“ ဘာလို့လဲ ... ၊ နေလ နတ်ရူရ်ကို ယူဖို့က အစီစဉ် တစ်ခု လိုတယ်၊ မင်း ... ထင်သလောက် မရိုး ရှင်းဘူး။ ”

လင်းယွန်မှ လေးနက်စွာ ပြောကြား လိုက်သည်။

“ ငါသိတယ် ... ၊ ဒါပေမယ့် နင် ... ငါ့အတွက် လုပ်ပေး ရမယ်။ ”

“ ကောင်းပြီ ... ကောင်းပြီ၊ ပြိုင်ပွဲ ပြီးရင် ကောင်းကင် ရေကန်ထဲ ဝင်ဖို့ ... ၊ ငါ နည်းလမ်း ရှာမယ်။ ”

“ ကတိ ... ။ ”

ခရမ်းငယ် မျက်လုံးများ တောက်ပလျက်၊ သူ့ပခုံးပေါ် တက်ထိုင် လိုက်သည်။ ပြီးနောက်၊

“ ငါသိတယ် နင်က ... အကောင်းဆုံးပဲ ဆိုတာ၊ စိတ်မပူ ပါနဲ့ ... ၊ ပိုင်ရှုရင် နင့်ကို မသတ် ပါဘူး၊ နတ်ရူရ် ရတဲ့ အခါ ... သူ့ကို အိမ်ဖော် အဖြစ်၊ ငါဖမ်း ပေးမယ်၊ အဲဒီ အချိန် ... နင့် စိတ်ကြိုက် လုပ်နိုင်တယ် ... ။ ”

ထိုစကားကြောင့် လင်းယွန်က သူမအား ထူးဆန်းစွာ ကြည့်လာသဖြင့်၊ ချက်ချင်း မျက်နှာ နီရဲလျက်၊ ထွက်ပြေး သွား​တော့သည်။

“ ဟမ့် ... လူယုတ်မာ၊ ငါ ပြောရုံပဲ ရှိသေးတယ်၊ နင်က တွေးနေပြီ။ ”

လင်းယွန်က ခေါင်းယမ်း လိုက်ပြီး၊ ကောင်းကင် တာအို ဘုံကျောင်း ဆီသို့၊ ဦးတည် သွား တော့သည်။

***

( ကနဦး ဓား ဟူသည်၊ ဓား ရွေ့လျား နှုန်းအား၊ အလင်း အလျင်ထက် မြန်ရ မည်ဟု၊ ဆိုလိုချင် ပုံရသည်။

သိပ္ပံ ပညာရှင် များ၏ အယူအဆ အရ၊ အလင်း အလျင်ထက်၊ မြန်သော အရာ မရှိချေ။

ထို့ကြောင့် အလင်းထက် မြန်လို ပါက၊ ဟင်းလင်းပြင် ကျုံ့ခြင်း သီအိုရီဖြင့်၊ အကျုံး ဝင် ပေမည်။

အဆိုပါ သီအိုရှိ အရပင်၊ အချိန် ခရီးသွားခြင်း ဟူသော၊ အနောက်တိုင်း စိတ်ကူးယဉ် ဝတ္ထုများ ထွက်ရှိ လာခဲ့ ဖူးသည်။

လက်ရှိ တရုတ် ဝတ္ထုများ တွင်လည်း၊ ထိုအယူ အဆကို၊ လက်ခံကာ ထည့်သွင်း အသုံး ပြုထား ချေ၏။

အဘယ့်ကြောင့် ဆိုသော်၊ ဟင်းလင်းပြင် ကျုံ့ခြင်း ဟူသည်၊ အာကာပြင် တွန့်ခေါက်ခြင်း ဟူသော တရုတ် အယူအဆနှင့် တူနေသည်။

ဘာသာ ပြန်သူ များက၊ အာကာသ တာအို၊ ဟင်းလင်းပြင် တာအို၊ လေဟာနယ် ခရီးသွား ခြင်း စသည်ဖြင့် ရေးသား ကြ၏။

မည်သို့ပင် ဆိုစေ ကာမူ၊ အလင်း အလျင်ထက် မြန်လို ပါက၊ လက်ရှိ လူသား များ၏ တွေ့ရှိချက် အရ၊ ဟင်းလင်းပြင် ကျုံ့ခြင်း သဘော တရားမှ မလွတ်ချေ။

တရုတ် အယူအဆ အရ၊ အာကာသ တာအို၏ သဘော တရား ပါဝင် မှသာလျှင်၊ အလင်းထက်၊ မြန်အောင် သွားနိုင်၏။

ထို့ကြောင့် တရုတ် စိတ်ကူးယဉ် ဝတ္ထုများ လူကြိုက်များ လာရသည့် အကြောင်း ရင်းသည်၊ အထက်ပါ သိပ္ပံ ဆိုင်ရာ အချက်အလတ် များနှင့် ဆက်နွယ်ကာ ရေးသား ကြခြင်းကြောင့် ဖြစ် သည်ဟု၊ မြင်သည်။

ဤသည်မှာ ကျွန်တော့် တစ်ဦးတည်း အမြင်ဖြစ်ပြီး၊ ဝတ္ထုနှင့် မဆိုင်လှ သော်လည်း၊ ကနဦး ဓားသည် အာကာသ တာအိုနှင့် ထိစပ် လာချေပြီ၊-ဟု ရေးသား လာသဖြင့်၊ အတွေး ပေါက်မိခြင်း ဖြစ်လေသည်။ )

All Chapters