← Chapters

သူတော်စင် အကြီးအကဲ အသီးသီးမှ ... သူတို့၏ တပည့် များဖြင့် မိတ်ဆက် ပေးခြင်း။

Vol. 138 Ch. 1929

သူတော်စင် အကြီးအကဲ အသီးသီးမှ ... သူတို့၏ တပည့် များဖြင့် မိတ်ဆက် ပေးခြင်း။

Vol. 138 Ch. 1929

ပြင်းထန်သော တိုက်ပွဲ သုံးရက် ကြာ ပြီးနောက်၊ နောက်ဆုံး တိုက်ပွဲ အတွက်၊ လူ တစ်ရာကျော် တက်ရောက် ခွင့်ရသည်။

ဤတစ်ကြိမ်၌ ထိပ်ဆုံး (၁၀) ယောက်အား ဆုံးဖြတ် ပေမည်။ ထို့ကြောင့် စိတ်လှုပ်ရှား ဖွယ် တိုက်ပွဲ တစ်ခု ဖြစ်လာ နိုင်၏။

ထိပ်ဆုံး ဆယ်ယောက် အတွက်၊ ပေးအပ်မည့် ဆုလာဘ် များသည်၊ လူတိုင်းအား မနာလို ဖြစ်​စေသည်။

နိဗ္ဗာန် အဆင့် တွင်၊ နိဗ္ဗာန် ဆေးလုံးနှင့် အရင်းအမြစ် များစွာ လို၏။ ၎င်းအား အကျိုး ဆောင် အမှတ် များဖြင့်၊ လဲလှယ် နိုင်မည်။

အရေးအကြီး ဆုံးမှာ၊ အဆင့် သတ်မှတ်ချက်၏ ထိပ်ဆုံး (၁၀) ဦးသည်၊ ကောင်းကင် စက်ဝန်း ကျောင်းတော်သို့ ဝင်ရောက်ခွင့် ပေးခြင်း ဖြစ်၏။

ကောင်းကင် တာအို ဘုံကျောင်း ရှေ့၌ တပည့်များစွာ စုဝေး နေခဲ့ ကြသည်။ ထိပ်ဆုံး ဆယ်​ယောက် အတွက်၊ ပြီးခဲ့သော ပွဲများကို အခြေခံကာ၊ ခန့်မှန်း စာရင်း ထွက်ပြီ ဖြစ်၏။

ပထမသည် ချွင်းချက် မရှိ ဝမ်မူယန် ဖြစ်သည်။ သူမသည် အငယ်ဆုံး ဖြစ်သော် လည်း ကောင်းကင် စက်ဝန်း ဘုံကျောင်းထံ ဝင်ထား ဖူး၏။

ထို့ကြောင့် အခြား​သော သူတော်စင် တပည့်များနှင့် ယှဉ်က၊ အဆင့်သစ် တစ်ခုတွင် ရှိနေသည်။

ဒုတိယနှင့် တတိယ အဆင့်မှာ ကျန်းယွီ၊ ယဲ့ဖေးဖန်တို့ ဖြစ်သည်။ နှစ်ဦး စလုံးသည် ပါရမီ ရှင်များ ဖြစ်၏။

သူတော်စင် တိုက်ရိုက် တပည့်နှင့် သူတော်စင် တပည့်များ ကြားတွင် ကွာခြားချက် များစွာ ရှိသည်။

စတုတ္ထ အဆင့်၌ လင်းတုံပိုင် ဖြစ်ပြီး၊ မျိုးဆက်ဟောင်း သူတော်စင် တပည့် ဖြစ်သည်။ ဝမ်ယွဲ့သည် အရှုံး သမား အုပ်စုတွင်၊ ပွဲသုံးဆယ် အနိုင် ရကာ ဖိုင်နယ်သို့ တက်လှမ်း နိုင်ခဲ့ပြီး၊ အဆင့် ခုနစ် ၌ပင်၊ ရပ်တည် နိုင်သည်။

လင်းယွန် အတွက်မူ၊ ပိုးစုန်းကြူး နတ်ဓားကြောင့်၊ ထိပ်တန်း ဆယ်ဦး စာရင်း ဝင် သော်ငြားလည်း၊ ဝမ်ယွဲ့ထက် နိမ့်ကျ လေသည်။

ချန်ဖန် ရှင်းပြချက် အရ၊ အထက်ပါ ထိပ်တန်း ဆယ်ဦး စာရင်းကို၊ လူ အများ၏ ဆန္ဒမဲ များဖြင့် ကောက်ယူ ထားကြောင်း သိလိုက် ရ၏။

“ ဒါက အဓိပ္ပါယ် မရှိဘူး၊ ကျန်းယွီနဲ့ ယဲ့ဖေးဖန်က ... ထိပ်ဆုံး သုံးဦး အဆင့် ဝင်ပြီး၊ အစ်ကို ကြီးကို ရှုံးခဲ့တဲ့ ... ဝမ်ယွဲ့ ကတောင် ၊ အဆင့် ခုနစ်မှာ ရှိနေတယ်။ ”

ချန်ဖန်မှ ဒေါသ တကြီး ပြောသည်။ အခြားသော မရဏ မိုးကြိုး တောင်ထိပ်၏ တပည့်များ သည်လည်း မကျေနပ်ချေ။

သူတို့က ယဲ့ချင်းရှန်အား ထောက်ခံမှု ပြသရန်၊ ယ​နေ့ ရောက်ရှိ လာ​ခြင်း ဖြစ်သည်။ လောချန်က ငရဲ သစ်ခွ ခြံဝင်း၏ တပည့်များ ခြံရံကာ ရောက်ရှိ လာပြီး၊

“ စီနီယာ အစ်ကို ဝမ်က ... ၊ သတိ လက်လွတ် ဖြစ်လို့သာ ဒဏ်ရာရ ခဲ့တာပါ၊ မဟုတ်ရင် မင်းတို့ ယဲ့ချင်းရှန်က ဘာမှ လုပ်နိုင်မှာ၊ ...

... မဟုတ်ဘူး၊ မင်းတို့ရဲ့ မရဏ မိုးကြိုး တောင်ထိပ်က၊ ငရဲ သစ်ခွ ခြံဝင်းကို အနိုင် ယူ နိုင်မယ်များ ထင်နေလား။ ”

“ မှန်တယ် ... ယဲ့ချင်းရှန်ရဲ့ အောင်ပွဲက အစစ်အမှန် မဟုတ်ဘူး။ ”

“ စောင့်ကြည့် ရအောင်၊ အခု စာရင်းက ခန့်မှန်း ချေပဲ၊ မင်းတို့ ယဲ့ချင်းရှန်က နောက်ဆုံး တိုက်ပွဲ အပြီးမှာ၊ ထိပ်​ဆုံး ဆယ်​​ယောက်​​တောင်​ ဝင်​​မှာ မဟုတ်ဘူး။ ”

ငရဲ သစ်ခွ ခြံဝင်း၏ တပည့် များက ယဲ့ချင်းရှန် အပေါ်၊ ရန်ငြိုး ဖွဲ့ထား ကြလေသည်။ နေရာအနှံ့ ငြင်းခုံမှုများ ဖြစ်ပွားနေပြီး၊ အမည်ခံ သူတော်စင် ချီယွင် ရောက်လာ မှသာလျှင် ရပ်တန့် သွားခဲ့၏။

အခြားသော ပြိုင်ပွဲ များမှာ မစ သေးချေ။ ပြိုင်ပွဲဝင် အရေအတွက် ကွဲပြား သောကြောင့် ကျင်းပမည့် အချိန် သည်လည်း မတူချေ။

ထျန်း-အဆင့်နှင့် ဟွမ်-အဆင့်တွင် လူ အနည်းငယ်သာ ရှိသောကြောင့်၊ အချိန် အများ ကြီး ပေးစရာ မလို သဖြင့်၊ ခဏ ရွေ့ဆိုင်း ထားသည်။

ရွှမ်-အဆင့် ပြိုင်ပွဲ အတွက်မူ၊ လူနည်း လွန်းသဖြင့် ယမန်နေ့ တည်း ကပင်၊ ပြီးဆုံး သွား၏။

“ ဒီနေ့ ... ၊ အဆင့် သတ်မှတ်ချက် နာမည် စာရင်းကို၊ လူတိုင်း မြင်ကြ မယ်လို့ ထင်ပါတယ်၊ ဒါက မင်းတို့ရဲ့ ကျင့်ကြံမှုနဲ့ တိုက်ပွဲဝင် စွမ်းအားကို အခြေ ခံပြီး၊ ...

... ဆုံးဖြတ် ထားတာပဲ၊ ဒီတစ်ကြိမ် စည်းမျဉ်းက ရိုးရှင်းတယ်၊ လူ တစ်ရာကို အုပ်စု ဆယ်စု ခွဲပြီး ... အုပ်စု အတွင်း ချန်ပီယံက ထိပ်ဆုံး ဆယ်ဦး နေရာကို၊ ဆက်​ပြိုင် ရလိမ့်မယ်။ ”

ချီယွင် အသံ ထွက်ပေါ် လာသည်။ ဤစည်းမျဉ်းနှင့် အစောပိုင်း အဆင့် သတ်မှတ် ချက် များမှာ ဆက်စပ် နေသည်။

အမြင် အရ သန်မာသူ များကို၊ ၎င်းတို့ အချင်းချင်း မတွေ့ စေရန်၊ ရည်ရွယ် ထားပုံ ရသည်။

လူတိုင်း ဆီသို့ တံဆိပ်များ ပစ်လွှတ် ဝေငှ လာသည်။ လင်းယွန်၏ တံဆိပ်မှာ (၀) ဖြစ်ပြီး၊ ဆယ်အုပ် (၁၀)ဟု အဓိပ္ပါယ် ရသည်။

ထိုစဉ် အပြာရောင် အဝတ် အစားဖြင့်၊ အမျိုးသမီး တစ်ဦး ကောင်းကင်မှ ဆင်းသက် လာ လေသည်။

၎င်းပေါ်လာသော အခါတွင်၊ လူတိုင်း၏ ဓားများ တုန်ခါလျက်၊ မြည်သံ ပြုလာ၏။

“ စိတ် လျော့ ... ။ ”

လင်းယွန်က ပန်းသင်္ချိုင်းကို၊ တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင်ကာ၊ နှစ်သိမ့် လိုက်သည်။ လူတိုင်း မှလည်း၊ သူတို့၏ ဓားများကို တည်ငြိမ် အောင် အစွမ်း ကုန်ကြိုးစား နေခဲ့ ကြ၏။

“ ဝှစ် ... ။ ”

အပြာ၀တ် အမျိုးသမီးက၊ သူတော်စင် အကြီးအကဲများ ရှိရာ ​နေရပ်သို့၊ ရေွ့လျား သွား တော့သည်။

သူတော်စင် အကြီးအကဲ များက ချက်ချင်း ထရပ်ကာ၊ နှုတ်ဆက် လိုက်ကြသည်။ မူလ နဂါး သူတော်စင် သည်သာ ခေါင်းညိတ် ရုံဖြင့် ပြီး သွား၏။

“ သိုင်းဒေါ်လေး ... ၊ ဘာ အတွက်များ ရောက်လာ ရတာလဲ၊ သိုင်းဒေါ်လေးကို အာရုံ စိုက်မိ စေတဲ့ ... ၊ တစ်စုံ တစ်ယောက်များ တွေ့လာ လို့လား။ ”

ငရဲ သူတော်စင် ဘုရင်မှ ပြုံးကာ စုံစမ်း လိုက်သည်။ ကျောက်စိမ်းဓား သူတော်စင်သည်၊ သူမ ရုပ်သွင်အား၊ အသက် နှစ်ဆယ်ကျော် အရွယ် မျှသာ၊ ခံယူ ထား၏။

“ ဒီလောက်လည်း ယဉ်ကျေး နေဖို့ မလိုပါဘူး၊ ဒီ-အဆင့်မှာ ... ဓားသမား ထူးချွန် သူတွေ အများကြီး ရှိတယ် ဆိုတာ ကြားမိလို့ လာကြည့် တာ ... ။ ”

“ ဒီ-အုပ်စုက ... နည်းနည်းလေး အားနည်း ပါသေးတယ်၊ ငရဲ သစ်ခွ ခြံဝင်းရဲ့ သန့်ရှင်းသော သမီးတော်ကို မယှဉ်နိုင် ပါဘူး၊ သိုင်းဒေါ်လေးက ထျန်း-အဆင့် ပြိုင်ပွဲ ကိုသာ ကြည့်သင့်တယ်။ ”

ငရဲ သူတော်စင် ဘုရင်က ကျောက်စိမ်းဓား သူတော်စင်နှင့်၊ ကောင်းမွန်သော ဆက်ဆံရေး တစ်ခုကို ဖန်တီး နေခဲ့သည်။

သူတော်စင် ဘုရင် ဟူသော မာန်မာနမျိုး လုံးဝ မရှိချေ။

“ မှန်ပါတယ် ... ၊ သိုင်း ဒေါ်လေး အတွက် မသင့်လျော် ဖူးလို့ ... ထင်ပါတယ်။ ”

အခြား​သော သူတော်စင် အကြီး အကဲ များ မှလည်း ခေါင်းညိတ် လာကြသည်။ အရှေ့ဘက် ပျက်စီး​​ မြေ၏ ဓားသူတော်စင် တစ်ပါး အနေဖြင့်၊ အချိန်​သည် တန်ဖိုး ရှိ၏။

ဓားတာအို၌ သူမအား အခြားသော ဓားသူတော်စင် နှစ်ဦးသာ ယှဉ်နိုင် ပေမည်။

“ ဒီအုပ်စု ထဲမှာ ... ဉာဏ်ကြီးရှင် တစ်ယောက် ရှိတယ်။ ”

ကျောက်စိမ်းဓား သူတော်စင်က ​​ပြန်ပြော လိုက်သည်။ သူမ စကားကို မကြား သော်လည်း၊ ၎င်းရောက်ရှိ လာခြင်းသည်၊ ဒီ-အဆင့် ​ပြိုင်ပွဲ ဝင်များကို၊ တုန်လှုပ် လာစေ၏။

“ သိုင်း ဘိုးဘေးက တကယ် ရောက်လာ တာပဲ၊ တစ်စုံ တစ်ယောက် သူမ အာရုံ အပေါ်၊ ဖမ်းစား နိုင်လို့ များလား။ ”

ကျောက်စိမ်းဓား သူတော်စင် ဟူသည်၊ ဂိုဏ်း၌ ရာထူး ကြီးမြင့် သဖြင့်၊ ငယ်ရွယ်သော တပည့် များမှာ၊ သိုင်း ဘိုး​ဘေး အဖြစ်၊ အရို အသေ ပေးရသည်။

သူမ၏ တည်ရှိမှုသည် ဓားဂိုဏ်းရှိ သက်တံဓား သူတော်စင် ဓားဂိုဏ်း၌ တည် ရှိသော ရာထူးနှင့် ညီမျှ၏။

“ သိုင်း ဘိုးဘေးက သူ့ကိုယ်တိုင် ... လမ်းညွှန်ဖို့၊ ဓားသမား တေွကို လိုက်ရှာ ​​​နေ တယ်လို့ ... ၊ ငါ ကြားတယ်။ ”

“ မင်း ... တကယ် ပြောနေ တာလား၊ ဘယ်သူက ငါတို့ ဘိုးဘေးကို စိတ်ဝင် စားစေ တာလဲ။ ”

ကျောက်စိမ်းဓား သူတော်စင်မှ သူမ မျက်နှာကို၊ သူတော်စင် ရောင်ခြည်ဖြင့် လွှမ်းခြုံ ထားလေရာ၊ မည်သူမျှ မမြင် နိုင်ချေ။

သို့တိုင် ကျောက်စိမ်းဓား သူတော်စင် မှန်းသိကြ သော​ကြောင့်၊ လူတိုင်း စိတ်လှုပ်ရှား လာ ကြသည်။

“ ဘိုး​ဘေး ... ကျောက်စိမ်းဓား သူတော်စင်ရဲ့ အာရုံကို ဖမ်းစား နိုင်ရင် ... မဟာ သူတော်စင် တပည့် ဆိုတဲ့ ... ၊ ယဲ့ချင်းရှန် ရာထူးကို ဂရု စိုက်စရာ မလို တော့ဘူး၊ ...

... သူမက ဓားသူတော်စင် သုံးပါး ထဲက တစ်ပါး ​ဖြစ်ပြီး၊ မူလ နဂါး မဟာ သူတော်စင် ထက် ပိုကျော်ကြားတယ်။ ”

သူတော်စင် ဘုရင်၏ တပည့် ဟူသော နောက်ခံသည်၊ ဂိုဏ်း၌ မြင့်မား သော်လည်း၊ ကျန်ယွီမှာ ယဲ့ချင်းရှန်အား မယှဉ် နိုင်ချေ။

ထို့ကြောင့် ကျောက်စိမ်းဓား သူတော်စင်အား တွေ့ချိန်၌ အတွေးဖြင့် ရွှင်မြူးလာ တော့သည်။

( ဒီတစ်ကြိမ် ကောင်းကောင်း လုပ်ရမယ်၊ သိုင်းဘိုးဘေး လာတာ ဓားညီလာခံနဲ့ သက်ဆိုင် တယ်လို့ ဆရာ ပြောဖူးတယ်။ )

အချက် အလတ် များကို၊ အခြား လူ များထက် ပိုရထား သဖြင့်၊ ကျန်းယွီမှ ရင်ခုန် လာခဲ့သည်။

လင်းယွန် မှာမူ၊ တည်ငြိမ်သော အသွင်ဖြင့် ကျောက်စိမ်းဓား သူတော်စင်ကို ခိုးကြည့်သည်။ စိတ်ထဲမှ တုန်လှုပ် နေမိ၏။ အဆုံး၌ သူမအား မဆင်မခြင် ဓားဖြင့်၊ စစ်​ဆေး ခဲ့ဖူးသည်။

သူမသည် ဆရာ သခင်၏ မိတ်ဆွေ ဖြစ်ခဲ့ ဖူးသော်လည်း၊ လက်ရှိ စိတ်နေ သ​ဘောထားကို မသိ သေးချေ။

ချစ်သူများ ဖြစ်ခဲ့ကာ၊ ဆရာ သခင်မှ သစ္စာဖောက် ထားသော်၊ သူ့၌ ပြဿနာ ဖြစ်နိုင် သည်။ ထိုသို့ မဖြစ် နိုင်ဟု မျှော်လင့်လျက် ခေါင်းယမ်း လိုက်မိ၏။

“ သိုင်း ဒေါ်လေး သူက ယဲ့ဖေးဖန်ပါ၊ ယဲ့မိသားစုရဲ့ ... မျိုးဆက်သစ် ပါရမီရှင် တစ်ယောက်ပဲ။ ”

“ သိုင်းဒေါ်လေး ... ဒီကောင်လေးက လင်းတုံပိုင်ပါ ... ၊ အဆင့် သတ်မှတ်ချက်မှာ ခန့်မှန်း စတုတ္ထ နေရာ ရထားတယ်။ ”

“ သိုင်းဒေါ်လေး သူက၊ ကျွန်တော့် တပည့် ကျန်းယွီ၊ လက်ရှိမှာ ဒီ-အဆင့်ရဲ့ ထိပ်ဆုံး (၃)ဦး စာရင်း ဝင်တယ်၊ သူတော်စင် ကိုယ်လုံး ကိုယ်ပေါက် ရှိပြီး၊ ဓားတာအို မှာလည်း ခရီးရောက် နေပြီ။ ”

အခြား သူတော်စင်များ နည်းတူ၊ ငရဲ သူတော်စင် ဘုရင်မှ ဝမ်းသာ အားရ သူတပည့် ကျန်းယွီနှင့် မိတ်ဆက် ပေးလာ တော့၏။

***

All Chapters