← Chapters

မင်းတပည့် ဘယ်လောက် အထိ ... ၊ ကံကောင်း နေဦး မလဲ ကြည့်ရအောင်။

Vol. 138 Ch. 1930

မင်းတပည့် ဘယ်လောက် အထိ ... ၊ ကံကောင်း နေဦး မလဲ ကြည့်ရအောင်။

Vol. 138 Ch. 1930

သူတော်စင် အကြီးအကဲ များက ပြုံးရွှင်သော အသွင်ဖြင့်၊ သူတို့၏ တပည့် များအား မိတ်ဆက် ပေးလာ ကြသည်။

မူလ နဂါး မဟာ သူတော်စင် တစ်ဦးတည်း သည်သာလျှင်၊ နှုတ်ဆိတ် နေခဲ့၏။

“ မူလ နဂါး မဟာ သူတော်စင် ... ၊ မင်း ဘာလို့ စကား မပြော ရတာလဲ ... ၊ ယဲ့ချင်းရှန် လည်း ... ထိပ်ဆုံး ဆယ်ယောက်ထဲ ပါတယ် မဟုတ်လား။ ”

ကျောက်စိမ်းဓား သူတော်စင်က၊ မူလ နဂါး မဟာ သူတော်စင်ကို လှည့်ကြည့်ကာ၊ မေးလိုက် သည်။

“ သိုင်း ဒေါ်လေး ... ၊ ကျောက်စိမ်းဓား သူတော်စင် ... ၊ မင်း နောက်ပြောင် နေတာလား၊ သူ့ရဲ့ ကျင့်ကြံမှုနဲ့ ... ၊ အခြေခံ အုတ်မြစ် အရ ဆိုရင်၊ ယဲ့ချင်းရှန်က အားနည်း ပါသေးတယ်၊ ကံကောင်းပြီး အဆင့်ဝင် ခဲ့တာပါ၊ ...

... ဒါကလည်း သူတော်စင် မူလကို သန့်စင်ထား လို့ပဲ၊ မဟုတ်ရင် ... သူ့ အရည် အချင်းက၊ ဒီအထိ လာနိုင်မှာ မဟုတ်ဘူး၊ ဓားတာအို လည်း သာမန် ပါပဲ။ ”

“ အိုး ... ဟုတ်လား၊ သူက ပိုးစုန်းကြူး နတ်ဓားရဲ့၊ ပုံစံ (၆)မျိုး ရထား တယ်လို့ ... ကြား ခဲ့တယ်၊ အနာဂါတ်မှာ သေချာပေါက် ... ၊ ဓား သူတော်စင် ဖြစ်လာမယ် လို့တောင်၊ ပြောနေ ကြတယ်။ ”

ကျောက်စိမ်းဓား သူတော်စင်မှ ပြန်ပြောသည်။

“ ဓားသူတော်စင် တစ်ယောက် ဖြစ်ဖို့က ခက်ခဲတယ်၊ အတွေ့ အကြုံလည်း လိုအပ်တယ်၊ ပြီးတော့ သူက မပြောင်းလဲ သေးဘူး၊ အရင်လို ရိုင်းစိုင်း နေတုန်းပဲ။ ”

မူလ နဂါး သူတော်စင်မှ အေးစက်သော အမူအရာဖြင့် ခပ်ပြတ်ပြတ် တုန့်ပြန် လိုက်၏။

“ သူ့ အကျင့် စရိုက်နဲ့ ... ဓားသူတော်စင် တစ်ယောက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ် ဘူး၊ ဒါကြောင့် ဒရာကိုဖီ သူတော်စင် ခန္ဓာ ကိုယ်ကို ကျင့်ကြံဖို့ ... ခိုင်းထားတယ်၊ ...

... သူရဲ့ ကိုယ်ရည် ကိုယ်သွေးကို ပြောင်းလဲဖို့ လိုနေပြီ၊ မဟုတ်ရင် ... နောင်မှာ အမှား ထပ်လုပ်မိ နိုင်တယ်။ ”

ကိုယ့်တပည့် အကြောင်း၊ ဆိုးဆိုး ရွားရွား မှတ်ချက်ပေး နေသော၊ မူလ နဂါး သူတော်စင် ကြောင့်၊ လူတိုင်းကို အံ့သြ ကုန်သည်။

ကျောက်စိမ်းဓား သူတော်စင်မှ စကား ထပ်မဆို တော့ချေ။ သို့သော် မူလ နဂါး မဟာ သူတော်စင်မှာ စိုးရိမ် နေဆဲ ဖြစ်သည်။

ယဲ့ချင်းရှန် တစ်ယောက် ပြိုင်ပွဲ၌ ရှုံးနိမ့် သွားစေ ရန်သာ ဆုတောင်း နေမိ၏။ ဒီ-အဆင့် ဆုကြေး လောက်တော့၊ သူလည်း ပေးနိုင်မည်။

အဘယ့်ကြောင့် ဆိုသော်၊ ယဲ့ချင်းရှန်နှင့် ကျောက်စိမ်းဓား သူတော်စင်သည်၊ ဓားသမား များ ဖြစ်ကြ ချေ၏။

ထို့ကြောင့် ဂုဏ်သတင်း ကျော်ကြား လာသော ယဲ့ချင်းရှန်အား လုယူ သွားမည်ကို စိုးရိမ် မိသည်။

လင်းယွန်က စင်မြင့်ပေါ် တက်လာကာ၊ ပြိုင်ဘက်အား စောင့်ဆိုင်း နေခဲ့သည်။ ထိပ်ဆုံး (၁၀)ဦး ဝင်ပါက၊ ပြိုင်ဘက် ကိုးဦးကို၊ အနိုင် ယူရန် လို၏။

“ အထက် ကိုးပါး တောင်ထိပ်မှ ... ချီယု ။ ”

အပြာဝတ် လူ တစ်ယောက်၊ စင်မြင့်ပေါ် တက်လာပြီး လက်ဝှေ့ ယမ်းကာ၊ မိတ်ဆက်လေ သည်။

၎င်းမှာ ဓားသမား တစ်ယောက် ဖြစ်ကာ၊ နိဗ္ဗာန်-တတိယ အဆင့်၊ အသက် ငါးဆယ်ကျော် အရွယ်၊ မျိုးဆက်ဟောင်း သူတော်စင် တပည့် တစ်ဦး ဖြစ်သည်။

တစ်ချိန်က ကောင်းကင် တာအို ဂိုဏ်း၌ ပါရမီရှင် အဖြစ်၊ တောက်ပ ခဲ့ဖူး သည်သာ မက၊ ဂိုဏ်းအပြင် မှာပင်၊ နာမည်ကြီး ချေပြီ။

“ မရဏ မိုးကြိုး တောင်ထိပ်ရဲ့ ... ယဲ့ချင်းရှန်။ ”

လင်းယွန်မှ မိတ်ဆက် လိုက်သည်။

“ ငါ့ရဲ့ ဓားရေးက မင်းထက် နိမ့်ပေမယ့် ကျင့်ကြံမှု အရ၊ မင်းကို အနိုင်ရဖို့ အလား အလာ ရှိတယ်၊ ဘာပဲ ဖြစ်ဖြစ် မင်းက ကောင်းကင် တာအို ဂိုဏ်းရဲ့ သမိုင်းမှာ၊ ...

... အပြောင် မြောက်ဆုံး ... ပါရမီရှင်တွေ ထဲက တစ်ယောက် ဖြစ်ချင် ရင်တော့ ... ၊ မင်း အာရုံစိုက် ရမယ်။ ”

ချီယုမှ ပြောသည်။ ဤလူငယ်သည် အနှေးနှင့် အမြန် ဆိုသလို သူ့အား ကျော်လွန် သွားနိုင် ပေမည်။

သို့သော် လက်ရှိ အချိန်၌ ကျင့်ကြံမှု ကွာဟချက်ကြောင့်၊ ၎င်းအား အနိုင်ယူ နိုင် မည်ဟု ယုံကြည်၏။

“ မင်းရဲ့ စကားလုံး တွေနဲ့၊ ငါ့ကို ချီးကျူး နေတာလား၊ ငါတို့ အချိန် ဖြုန်းတာကို ရပ်လိုက် ကြရအောင်။ ”

လင်းယွန်မှ ပြုံးကာ ပြောလိုက်သည်။

ချီယုက ချက်ချင်းပင် သူ့နက္ခတ် မီး ဝိညာဉ်ကို ဆင့်ခေါ်၏။ ၎င်းသည် နဖူး ပေါ်၌ ဦးချို တစ်ချောင်း ပါရှိသော ဝိညာဉ် ပေပင်။

နက္ခတ်မှ ထုတ်ပေးသော ရောင်ဝါသည်၊ မျိုးဆက် တစ်ခု တည်းရှိ၊ ပါရမီရှင် များထက် သာလွန် အားကောင်း ချေ၏။

နိဗ္ဗာန်-နဝမ အဆင့်၊ ပါရမီရှင် များပင်၊ သတိထား ရမည် ဖြစ်သည်။ သို့သော် တစ်ဖက် တွင်၊ လင်းယွန်က နက္ခတ် ခေါ်ရန်၊ ဆန္ဒ မရှိချေ။

ချီယုက မျက်မှောင်ကြုတ် လိုက်သဖြင့်၊ လင်းယွန်မှ ပြုံးသည်။

“ မင်းနဲ့ တိုက်ခိုက်ဖို့ ... ငါ့ နက္ခတ်ကို မလိုဘူး။ ”

“ မင်းမှာ မောက်မာတဲ့ စရိုက် ရှိတယ်၊ ဒါမျိုးကို ... ငါ ကြိုက်တယ်၊ အရင်က အနိုင် ရဖို့ (၇၀%) ဆိုပေမယ့်၊ အခု (၁၀၀%) သေချာ သွားပြီ၊ ဟား ဟား ဟား ... ။ ”

“ ဒါဆို လာပါဦး။ ”

“ ကြယ်တာရာ လောင်ကျွမ်းခြင်း။ ”

ချီယုက ဓားကို ဆွဲထုတ်ပြီး၊ အဆင့်မြင့် တစ္ဆေ ဝိညာဉ် ပညာရပ်အား ထုတ်ဖော် လိုက် တော့သည်။

နက္ခတ်၏ ထောက်ပံ့မှု အောက်တွင်၊ ဓားရောင်ဝါမှာ ပို၍ ကြောက်စရာ ကောင်း လာ တော့၏။

ဓားမီးတောက် များက၊ ကောင်းကင်ကို ဆုတ်ဖြဲလျက်၊ လင်းယွန်ထံ ဦးတည် လာလေ သည်။ ဧရိယာ တစ်ခုလုံး ဓားရောင်ဝါများ ဖုံးလွှမ်း သွား၏။

“ ရွှပ် ... ။ ”

တစ်ဖက်တွင် လင်းယွန်က ပန်းသင်္ချိုင်း ဆွဲထုတ်ကာ နဂါး မူလများ လောင်းထည့်လျက်၊ ဓားမီးတောက် များကို ဖြတ်ချ လိုက်သည်။

“ ဝှစ် ... ။ ”

တစ်ချိန်တည်း မှာပင် ချီယု အနား ရွေ့လျားပြီး၊ မျက်နှာချင်းဆိုင် တိုက်ခိုက်ပစ် တော့၏။ နှစ်ယောက်သား ဆုတ်ခွာရန် ရည်ရွယ်ချက် မရှိ ကြချေ။

ပြိုင်ဘက်အား အနိုင် ယူနိုင် မည်ဟု အသီးသီး ယုံကြည် ထားခဲ့ ကြသည်။ တစ်ဦးမှ ဓားအပေါ် အားကိုးပြီး၊ ကျန် တစ်ဦးသည် ကျင့်ကြံမှု အပေါ်၊ ပုံအပ် ထား၏။

မျက်စိ တစ်မှိတ် အတွင်း (၇၂) နှစ်ကြိမ်ခန့် ဖလှယ်လိုက် ကြသည်။ စင်မြင့် တစ်ခုလုံး ကွဲလု နီးပါး အက်ကြောင်း ထလာ၏။

“ ခရစ် ... ။ ”

အထူး သဖြင့် ချီယု၏ နက္ခတ်မှာ၊ ပို၍ အက်ကွဲ လာသည်။ သူ့ခန္ဓာကိုယ် အနှံ့ ဒဏ်ရာ များ၊ ဖုံးလွှမ်း သွားကာ၊ တိုက်ပွဲဝင် စွမ်းအား ကျဆင်း သွားခဲ့၏။

များ မကြာခင် ချီယုမှ၊ ဒူးတစ်ဖက် ထောက်လျက်၊ သွေးများ ဖုံးလွှမ်းကာ၊ လဲကျ သွားတော့သည်။

“ ဓားဒဏ်ရာ (၇၂)ချက် တောင်လား၊ တစ်ချက်မှကို ကာကွယ် နိုင်ခြင်း မရှိ ဖူးလား၊ မင်းရဲ့ ဓားရေး ကျွမ်းကျင်မှုကို၊ ငါ လျှော့တွက် မိပြီ ထင်တယ်။ ”

ချီယုက စိတ်ပျက် လက်ပျက်နှင့် စင်မြင့် ပေါ်မှ ဆင်းသွား တော့သည်။ ကြည့်နေ သူများ မှ၊ တုန်လှုပ် သွားကြ၏။

“ သုံးရက် အတွင်း ... ပြန်ကောင်း လာတာပဲ။ ”

လင်းယွန်သည် သုံးရက်နှင့် လျင်မြန်စွာ ကောင်းမွန် လာသဖြင့်၊ ဝမ်မူယန်က အံ့ဩသွား လေသည်။

ယဲ့ဖေးဖန်နှင့် ကျန်းယွီမှာ အကြည့်ချင်း ဖလှယ် လိုက်ကြပြီး၊ မျက်နှာများ ပျက်ယွင်းလာ တော့သည်။

“ ဒီကောင်လေးရဲ့ ... ၊ ဓားက ပြီးပြည့်စုံ သွားပြီလို့ ... ငါ ခံစား နေရတယ်၊ သူ့ဓားရေးက ဒါကြောင့် ထက်ရှ လာတာကိုး။ ”

သူတော်စင် အကြီး အကဲ တစ်ဦးက သက်ပြင်းချကာ ပြောလာသည်။

“ အခု သူ့မှာ ... ဘီလူးအို ကြီးတွေလို၊ ကြောက်စရာ ကောင်းတဲ့ ... ၊ အလား အလာ ရှိနေပြီ။ ”

“ ဟုတ်တယ် ... ၊ သူ့ ဓားရေး ... ကျွမ်းကျင်မှုက၊ အသက် နှစ်ဆယ်ကျော် အရွယ် ကောင်လေး တစ်ယောက် ပုံစံမျိုး မဟုတ် တော့ဘူး။ ”

ကျန်ရှိ နေသော သူတော်စင် အကြီးအကဲ များသည်လည်း၊ အံ့အားသင့် သွားပြီး၊ မူလ နဂါး မဟာ သူတော်စင် သာလျှင်၊ ဒေါသ ထွက်နေ၏။

လင်းယွန်သည် ကောင်းကင် သန့်စင်ခြင်း တောင်ထိပ်သို့ ရောက်ခဲ့ပုံ ရသည်။ ထိုသူ ကိုပင် မြင်ခဲ့ ရပုံ ရ၏။

“ မူလ နဂါး မဟာ သူတော်စင် ... ၊ မင်းရဲ့ တပည့် ယဲ့ချင်းရှန်က ... ကံကောင်း သွားပြန်ပြီ။ ”

ကျောက်စိမ်းဓား သူတော်စင်မှ အလွတ် ပေးလိုပုံ မရဘဲ၊ ရယ်မော လိုသော အပြုံးမျိုးဖြင့် မူလ နဂါး မဟာ သူတော်စင်ထံ လှည့်ကြည့် လေသည်။

“ ဒါက ... ဒီလောက်လည်း မဟုတ် သေးပါဘူး၊ သူ့ပြိုင်ဘက် ချီယုက အားနည်း လွန်း လို့ပါ ... ၊ နိဗ္ဗာန်-တတိယ အဆင့်နဲ့၊ မရဏ အဆင့်ကို၊ ...

... ရှုံးတယ် ဆိုတာ၊ သူ ဘယ်လောက် ညံ့ဖျင်းလဲ ဆိုတာ ပြနေ တာပဲ၊ အမှိုက် တစ်စကို အနိုင်ယူ နိုင်တာက၊ ဘာများ ဂုဏ်ယူ စရာ ရှိလို့လဲ။ ”

ထိုစကားကို ကြားသော အခါ၊ သူတော်စင် အကြီးအကဲများ တုန်လှုပ် သွား၏။ ကံကောင်း ထောက် မစွာဖြင့်၊ ချီယုအား မည်သူမျှ တပည့် အဖြစ် ရွေးမထား မိသည်မှာ၊ ကံကောင်း ချေပြီ။

မဟုတ်သော် ၎င်း၏ ဆရာ ဖြစ်သူမှာ၊ ချက်ချင်း သေဆုံး သွားနိုင်၏။

“ ဒါဆို မင်းရဲ့ ... ‘သာမန်’ တပည့်က ဘယ်လောက် အထိ ကံကောင်း နိုင်မလဲ ဆိုတာ ဆက်ကြည့် ရအောင်။ ”

ကျောက်စိမ်းဓား သူတော်စင်မှ ပြော လာသည်။ အဆုံးတွင် အခြားသော သူတော်စင် အကြီးအကဲ များမှာ၊ တစ်စုံ တစ်ရာ မှားယွင်း နေကြောင်း၊ သတိထား မိလာ၏။

ငရဲ သူတော်စင် ဘုရင်ပင် မျက်နှာ ပြောင်းသွားသည်။ ယဲ့ချင်းရှန် အတွက် ရောက် လာသည် လောဟု၊ တွေးမိ လာ၏။

မူလ နဂါး မဟာ သူတော်စင် မှာမူ၊ စိတ်တည်ငြိမ်မှုကို ထိန်းသိမ်းရန် အစွမ်းကုန် ကြိုးစား နေခဲ့ သော်လည်း၊ ဂနာ မငြိမ် ဖြစ်လာသည်။

သူ့ အကြည့် များက၊ လင်းယွန်ထံ အရောက်တွင်၊ ဒေါသ ပိုထွက်လာ တော့၏။ သူကောင်းသားသည် နိမ့်ကျသော ပုံရိပ်အား မည်သို့ ထိန်းသိမ်း ထားရ မည်ကို၊ လုံးဝ သိပုံမရချေ။

***

All Chapters