ငါ့တပည့်က ဓားဧကရာဇ် ... ။
Vol. 138 Ch. 1931
လင်းယွန်အား နိမ့်ကျသော ပုံရိပ်ကို ထိန်းထား စေလို သော်လည်း၊ လုံယွင်၏ ဆန္ဒ မပြည့် ဝချေ။
ဘဝ-သုံးပါး ဘုံ၌ နှစ်လကြာ ကျင့်ကြံခဲ့ ခြင်းသည် သူ့ပြိုင်ဘက် များကို အလွယ် တကူ အနိုင် ယူရန်၊ လုံလောက် နေသည်။
ကြယ်ဓား သည်လည်း ရရှိ ထားသဖြင့်၊ ကျင့်ကြံမှု ကွာခြားချက်သည် ပြောပ စရာ မရှိ တော့ချေ။
ထို့ကြောင့် နက္ခတ်ကို ဆင့်ခေါ် စရာ မလိုခဲ့ဘဲ၊ လွယ်လွယ် ကူကူ အနိုင်ရ လာသည်။ ယင်းက သူတော်စင် အကြီးအကဲ များအား မျက်စိ ကျစေ၏။
“ ယဲ့ချင်းရှန်က ... ၊ တကယ့် ပါရမီ ရှင်ပဲ၊ ဒီအဆင့်မှာ သူ့ကို ဖိနှိမ်နိုင်တဲ့ လူ မရှိလောက် တော့ဘူး။ ”
“ မရဏ အဆင့်နဲ့ ... ၊ ဒီလို အောင်မြင်မှုမျိုး ရဖို့ မလွယ်ဘူး၊ နိဗ္ဗာန် အဆင့် မြန်မြန် ရောက် အောင်၊ ကောင်းကင် စက်ဝန်း ကေျာင်းတော်မှာ၊ ခြွင်းချက် အနေနဲ့ ... ကျင့်ကြံခွင့် ပြုသင့်တယ်။ ”
ကောင်းကင် စက်ဝန်း ကျောင်းတော်သည် ရတနာမြေ ဖြစ်သည့် အတွက်၊ အကျိုး ကျေးဇူး များစွာ ရှိသည်။
၎င်းတွင် လျှို့ဝှက် ရတနာများ၊ ကျင့်ကြံမှု နည်းစနစ်များ၊ သူတော်စင် ဆေးလုံး များနှင့် စိတ်ကူး မယဉ် နိုင်သော ရတနာ များစွာ ရှိလေသည်။
ဘုံကျောင်းတော် အတွင်း တစ်လသည် အပြင်၌ တစ်ရက် ဖြစ်၏။ အာကာသ ရတနာ ဟုဆို နိုင်သည်။
“ သိုင်းဒေါ်လေး ကျောက်စိမ်းဓား သူတော်စင် ... ၊ ဒီယဲ့ချင်းရှန်ကို ဘယ်လို မြင်လဲ ... ။ ”
သူတော်စင် အကြီးအကဲ တစ်ယောက်မှ မေးသည်။ မူလ နဂါး မဟာ သူတော်စင်မှ အဆို ပါ၊ အကြီး အကဲအား မကျေမနပ် ကြည့်၏။
သို့သော် အဆိုပါ အကြီး အကဲသည် ထိုအကြည့်အား မမြင် သကဲ့သို့ ကျောက်စိမ်း ဓား သူတော်စင် ထံသာ ကြည့်နေ ခဲ့သည်။
“ သူက ပါရမီရှင် ပါပဲ၊ နိဗ္ဗာန် အဆင့်ကို ရောက်နိုင်ရင် အနာဂတ်မှာ ... သူတော်စင် ဖြစ် လာလိမ့်မယ်။ ”
ဤသည်မှာ ကျန်းယွီနှင့် ယဲ့ဖေးဖန် တို့ သည်ပင် မရရှိ ခဲ့သော အကဲဖြတ် မှုမျိုး ဖြစ်၏။ မူလ နဂါး သူတော်စင်မှ စိတ်ဓာတ်ကျ သွားပြီး၊ လျှာရှည် လွန်းသော အဆိုပါ အကြီးအကဲအား သတ်ချင်စိတ် ပေါက်သွားသည်။
“ ဒါပေမယ့် ဒီကမ္ဘာ ကြီးမှာ ... ၊ ဘယ် အရာမှ သေချာ လှတယ် မဟုတ် ပါဘူး၊ မူလ နဂါး မဟာ သူတော်စင် ပြောသလိုပဲ၊ သူ မပြောင်း လဲရင် လဲကျဖို့၊ ...
... အလား အလာ မြင့်မားတယ် ... ၊ ဒါကြောင့် နဂါးလို ရှင်သန် မလား၊ ကြယ်တံခွန် လို ချက်ချင်း ကြွေကျ သွားမလား၊ စောင့်ကြည့် ရမယ်၊ ပြီးတော့ ...
... သူ့ဓားရေး ကျွမ်းကျင်မှု ကလည်း ... ၊ ထင်သလောက် မဟုတ် သေးဘူး၊ အများကြီး မြှင့်တင်ဖို့ လိုနေတယ်။ ”
ထိုစကားကို ကြားသော အခါ၊ မူလ နဂါး မဟာ သူတော်စင်က မကျေမနပ်ဖြင့် မျက်လုံး ပွင့်လာသည်။
ထိုအချိန်ကို စောင့်နေ ဟန်ဖြင့် ကျောက်စိမ်း ဓား သူတော်စင်က သူ့ထံ လှမ်းကြည့်ကာ၊
“ လုံယွင် ... ငါ ပြောတာကို ဘယ်လို ထင်လဲ။ ”
-ဟု ပြုံးပြီး မေးလိုက်သည်။
“ ဒါက ကောင်းကင် တာအို ဂိုဏ်းမှာပဲ ဆိုရင်တော့ ... ဒီအကဲ ဖြတ်ချက်တွေ အားလုံး မှန်ပါတယ်၊ ဒါပေမယ့် ခွန်လွန်မှာ ပါရမီရှင် အများကြီး ရှိတယ်၊ ရှေးဟောင်း နယ်မြေ ရှစ်ခုကို အသာ ထားဦး၊ ...
... ဓားစံအိမ်၊ အကြွင်းမဲ့ ကောင်းကင် မြို့တော်၊ နှင်းသူတော်စင် နန်းတော်၊ အနန္တ ဓား ခန်းမနဲ့ ... အနက်ရောင် ငှက်မွှေး နန်းတော်လို အင်အားစုတွေ မှာတောင် ... ဉာဏ်ကြီးရှင် ဓားသမားတွေ အများကြီး ရှိပါတယ်။ ”
ငရဲ သူတော်စင် ဘုရင်က ဝင်ပြော လာသည်။ ကေျာက်စိမ်းဓား သူတော်စင်မှ ခေါင်းညိမ့် လိုက်ပြီး၊
“ မှန်တယ် ... ၊ အကြွင်းမဲ့ ကောင်းကင် မြို့တော် ဆိုရင်၊ ဓားဧကရာဇ် တည်တာ ဖြစ်လို့ ... ၊ သူ့ တပည့်တေွ အားလုံးက အလွန် တရာ ထူးချွန် ပြောင်မြောက် ကြတယ်၊ ...
... ဓားစံအိမ်ရဲ့ အမွေ ကလည်း ... ကောင်းကင် တာအို ဂိုဏ်းထက် အားမနည်း ပါဘူး၊ နှင်းသူတော်စင် နန်းတော် သခင် ကလည်း၊ ရေခဲ ဧကရာဇ် မဟုတ်လား၊ ...
... ရေခဲ ဧကရာဇ်က ထက်ရှတဲ့ ... ၊ ဓားသမား တစ်ဦး ဖြစ်ပြီး၊ နှင်းဓား တာအိုမှာ ယုချင်းဖန် ထက် သာလွန် ပါတယ်၊ ...
... အခုလည်း ကောင်းကင် လမ်းရဲ့ ... ချန်ပီယံတွေ ကြီးပြင်း လာပြီ၊ ပထမ လမ်းရဲ့ ချန်ပီယံ ကူရှီးယန် ဆိုရင်၊ ရှေးဟောင်း လျှပ်စီး ဧကရာဇ် ...
... အမွေကို ရရှိထား တာကြောင့် ... ၊ လွန်ခဲ့တဲ့ (၂)နှစ် တည်းက နိဗ္ဗာန် အဆင့်ကို ရောက်ရှိ နေပြီ၊ ...
... ဒုတိယ ကောင်းကင်လမ်း ... ချန်ပီယံ လည်း၊ မြင်း နတ်ဘုရားရဲ့ အမွေကို ရရှိ ထား တယ်လို့ ကြားတယ်။ ”
-ဟု ပြောလိုက်သည်။
သူမ စကားကြောင့် သူတော်စင် အကြီးအကဲများ အားလုံး တိတ်ဆိတ် သွား တော့၏။ ကောင်းကင်လမ်း (၉)ခု၏ ချန်ပီယံ များသည်၊ ခွန်လွန်ကို တုန်လှုပ် စေသည်။
အထူးသဖြင့် အရှေ့ဘက် ပျက်စီးမြေကို တုန်လှုပ် စေသော နဝမမြောက် ကောင်းကင် လမ်း ချန်ပီယံ လင်းယွန် ဖြစ်၏။
သည့်အပြင် နတ်နဂါး အင်ပါယာ အတွင်း၊ ဧကရာဇ် ကိုးပါး အမွေကို ဆက်ခံ သူများလည်း ရှိနေ သေးသည်၊
“ မြင့်မြတ်မြေတွေ ကလည်း ... ပါရမီရှင် တွေကို မွေးထုတ် ပေးနေတယ် ဆိုတာ ... မမေ့ ကြနဲ့၊ ယဲ့ချင်းရှန် ဆိုတာ ကောင်းကင် တာအို ဂိုဏ်း မှာတောင်၊ ပြိုင်ဘက်ကင်း မဟုတ် သေးဘူး၊ ဒီကမ္ဘာ ကြီးက ...
... အချိန်နဲ့ အမျှ ပြောင်းလဲ နေပြီ၊ အမီ မလိုက်ရင် ရေတွင်းထဲက ဖားတွေ ဖြစ်ကုန် လိမ့် မယ်၊ ဒီတစ်ကြိမ် နဂါးပြာ မှတ်တမ်း ပေါ်လာတဲ့ အခါ၊ ဘယ်လောက် ခမ်းနားတဲ့ ခေတ် ဖြစ်မလဲ တွေးကြည့်လို့ ရတယ်။ ”
ကျောက်စိမ်းဓား သူတော်စင်က လူတိုင်းကို သတိ ပေးသည်။ ဂိုဏ်းအတွင်း မကြာ သေးမီက ပါရမီရှင် များစွာ ပေါ်လာ ခဲ့၏။
သို့သော် ခွန်လွန် ဟူသည် လွန်ခဲ့သော နှစ်ပေါင်း သုံးထောင် မဟုတ်ချေ။ ရေစီးကြောင်း အတိုင်း ရေွ့လျား နေသည်။
ရွှေခေတ်သာ ပြန်လည် ရောက်ရှိ လာခဲ့သော်၊ လက်ရှိ ခွန်လွန်၏ ဂိုဏ်းဂဏများ ရာထူးကို၊ ဆုံးဖြတ် ကြပေ လိမ့်မည်။
ယဲ့ချင်းရှင်သည် ပါရမီရှင် တစ်ဦး ဖြစ် သော်လည်း၊ ခွန်လွန် အနှံ အပြား၌ သူ့ထက် သာလွန်သော လူများစွာ ရှိ၏။
မူလ နဂါး သူတော်စင်မှာ၊ သူ့ တပည့် အကြောင်း၊ သူ သာလျှင် မကောင်း ပြောပေ မည်။
အခြား သူများမှ ပြောဆို ဝေဖန် စေရန်၊ ခွင့်မပြု နိုင်ချေ။ ယဲ့ချင်းရှန် ဟူသည် သူ့တပည့် ဖြစ်သည်။
“ အနာဂတ်ကို ဘယ်သူများ သိလို့လဲ၊ ယဲ့ချင်းရှန်က ရွှေခေတ်မှာ ... ၊ သေချာပေါက် ကြီးပြင်း လာလိမ့်မယ်၊ ပြီးတော့ သူ ဓားအပေါ် ထားတဲ့ ခံစားချက်ကို ... ငါ မြင်တယ်၊ ...
... တစ်ချိန်မှာ ... သက်တံဓား သူတော်စင် ကိုတောင် ကျော်လွန်ပြီး၊ ဓားဧကရာဇ် ဖြစ်လာ လိမ့်မယ်။ ”
ထို့ကြောင့် မူလ နဂါး မဟာ သူတော်စင်က တင်းမာသော လေသံဖြင့် ဝင်ပြော၏။ သူ့စကား ကြားသော အခါ၊ သူတော်စင် အကြီးအကဲများ မျက်နှာ ပြောင်းကုန်သည်။
မူလ နဂါး သူတော်စင်၏ စကားသည် ကျောက်စိမ်းဓား သူတော်စင်အား တိုက်ရိုက် နှိမ့်ချ လိုက်ခြင်း ဖြစ်သည်။
ဆိုလို သည်မှာ ယဲ့ချင်ရှန် စွမ်းရည်သည်၊ ကျောက်စိမ်းဓား သူတော်စင် အပါအဝင် လက်ရှိ ဓားသူတော်စင် သုံးပါးထက် သာလွန် သည်ဟု အဓိပ္ပါယ် ရ၏။
သူတော်စင် အကြီးအကဲ များမှာ၊ သူ့ တပည့်အား ကာကွယ် ပြောကြား နေသည်ကို နားလည် ပေးနိုင်သည်။
သို့သော် ကလေး တစ်ယောက် ကဲ့သို့၊ ဒေါသထွက် နေသည့် မူလနဂါး သူတော်စင်အား ကြည့်ကာ၊ ရယ်ချင် လာကြသည်။
ငရဲ သူတော်စင် ဘုရင်က မုတ်ဆိတ်မွေး များကို ပွတ်သပ်ကာ၊
“ သက်တံဓား သူတော်စင်ကို ကျော်ပြီး ဓားဧကရာဇ် ဖြစ်လာဖို့ကို ခဏ ထားဦး၊ လက်ရှိ ဒီ-အဆင့်မှာ ချန်ပီယံ ဖြစ်ဖို့တောင် မစွမ်းဆောင် နိုင်လောက် ပါဘူး။ ”
-ဟု ပြောကြား လိုက်သည်။
ပုံမှန် ကာလများ၌ မူလ နဂါး မဟာ သူတော်စင်အား၊ ရင်ဆိုင် ပြောမည် မဟုတ်ချေ။ ယခုမူ ကျောက်စိမ်းဓား သူတော်စင် ရှိနေပြီ ဖြစ်သဖြင့်၊ ချွင်းချက် ဖြစ်လာသည်။
“ ချန်ပီယံ ဆုလား ... ၊ ငါ့ တပည့်က လွယ်လွယ်နဲ့ လူတိုင်းကို အနိုင်ယူ ပြလိမ့်မယ်၊ မင်း စောင့်ကြည့် လိုက်။ ”
အစောပိုင်းနှင့် မတူ တော့ဘဲ၊ မူလ နဂါး မဟာ သူတော်စင်က လင်းယွန်အား သည့်ထက် မော်ကြွား စေလို ခဲ့သည်။
ဖြစ်နိုင်ပါက တစ်ချက် တည်းဖြင့် လူတိုင်းကို ထိုးနှက် ပစ်လိုက် စေချင်သည်။
“ လွယ်လွယ်နဲ့ မရနိုင် ပါဘူး။ ”
ငရဲ သူတော်စင် ဘုရင်က အထင်အမြင် သေးစွာဖြင့် ပြုံးတော့သည်။ ယဲ့ချင်းရှန် ဟူသည် အရည် အချင်း ရှိသည် မှန်သော်လည်း၊ ချန်ပီယံ ဖြစ်ရန် မလွယ်ချေ။
ထိပ်တန်း ဆယ်ဦးတွင် ကောင်းကင်ဘုံ ယင်နန်းတော်မှ သန့်ရှင်းသော သမီးတော်၊ ဘဝ ရည်ရွယ်ချက် ဝမ်ယွဲ့၊ ယဲ့ဖေးဖန်နှင့် လင်းတုံပိုင်တို့ ရှိသည်။
၎င်းတို့ အားလုံးသည် ဉာဏ်ကြီးရှင်များ ဖြစ်ပြီး၊ ယဲ့ချင်းရှန်ထက် သာလွန်သော ကျင့်ကြံ မှုမျိုး ပိုင်ဆိုင် ထား၏။
ထိုအချိန်တွင် လင်းယွန်က ပဉ္စမမြောက် ပြိုင်ဘက်နှင့် ရင်ဆိုင် နေရသည်။ ပြိုင်ဘက်မှာ အသက် တစ်ရာ အဘိုးအို ဖြစ်၏။
အဘိုးအိုက စင်မြင့်ပေါ်သို့ တက်လာ ပြီးနောက် လက်ဝှေ့ ယမ်းကာ၊
“ အထက် ကိုးပါး တောင်ထိပ်မှ ရန်တုံ ... ။ ”
-ဟု မိတ်ဆက်သည်။
၎င်းသည် ရုပ်ခန္ဓာ ကျင့်ကြံသူ ဖြစ်ပြီး၊ ယန်မီးတောက် သူတော်စင် ခန္ဓာ ကိုယ်ကို ပိုင်ဆိုင် ထား၏။
ဤသည်မှာ သတ္တု ပေါင်းစပ်ခြင်း သူတော်စင် ကျမ်း ဖြစ်ပြီး၊ အဖိုးတန် သတ္တု များစွာကို သန့်စင် ရပေသည်။
ထို့ကြောင့် ကြောက်မက်ဖွယ် ခွန်အားဖြင့် ပြိုင်ဘက် ဖြစ်သော လင်းယွန်၏ ဝှက်ဖဲ များကို တွန်းထုတ် နိုင်ပေမည်။
“ ဟိတ် ... ။ ”
သို့သော် လှုပ်ရှားမှု ဆယ်ကြိမ် အပြီးတွင်၊ ရန်တုံ တစ်ယောက် မီးလျှံများ ခန္ဓာကိုယ် အနှံ့ တောက်လောင် လာသည်။
လင်းယွန်၏ ဓား ရည်ရွယ်ချက်သည် ခန္ဓာကိုယ် အတွင်းသို့ စိမ့်ဝင်ကာ၊ အတွင်း အင်္ဂါ များကို ပျက်စီး စေ၏။
“ ရပ် ... ရပ် ... ၊ ငါ အရှုံး ပေးတယ်။ ”
ပြင်ပ ဒဏ်ရာ မရှိ သော်လည်း၊ အတွင်း အင်္ဂါများမှာ၊ တောင့်မခံ နိုင်တော့ချေ။ ယင်းက သက်ပြင်းချလျက် စိတ်ပျက် သွားစေ၏။
“ ငါသာ ... အသက် ငါးဆယ်လောက် ပြန်ငယ် နိုင်ရင်၊ မင်းကို ဒီလောက် လွယ်လွယ်နဲ့ အနိုင် ယူခွင့် ပေးမိမယ် မထင်ဘူး။ ”
လင်းယွန်က ခေါင်းညိတ် လိုက်သည်။ ဤအဖိုးကြီး စကားမှာ အမှန် ဖြစ်သည်။ သတ္ထု ခန္ဓာကိုယ်သည် မာကြော လွန်း၏။
၎င်းအသက် အရွယ်ကြောင့်၊ သွေးသား စွမ်အင်များ လျင်မြန်စွာ ကုန်ဆုံး သွားခြင်း ကြောင့်သာ၊ လွယ်လွယ် ရှုံးခြင်း ဖြစ်၏။
ကြယ်ဓားသာ မရှိသော်၊ သိုင်းကွက် သုံးထောင် အတွင်း၊ ဒဏ်ရာ ရအောင် လုပ်နိုင် တော့မည် မဟုတ်ချေ။
***