ပိုးစုန်းကြူး နတ်ဓား။
Vol. 138 Ch. 1932
ငယ်ရွယ် နုပျိုလွန်းသော ယဲ့ချင်းရှန်အား ရန်တုံမှ မနာလိုစွာ ကြည့်ပြီး သက်ပြင်းချ လိုက် သည်။
“ မင်းလို လူငယ် တွေကို ... ငါ တကယ် မုန်းတယ်။ ”
လင်းယွန်က စကား တစ်ခွန်းမျှ မပြော လိုသော်လည်း၊ ရန်တုံ၏ ညည်းတွား သံက သူ့ နှလုံးသားကို ကြိုးတစ်ချောင်း အလား၊ တုပ်နှောင် သွား၏။
“ နေဦး ... ။ ”
“ ဘာဖြစ် တာလဲ ... ၊ ငါ အရှုံးပေး တာတောင် ... ၊ မင်းက ငါ့ကို အရှက် ခွဲချင် နေတာလား။ ”
ယဲ့ချင်းရှန်သည် ဂိုဏ်း၌ နာမည်ကောင်း မရှိသဖြင့်၊ ဟန့်တား လာခြင်း အပေါ်၊ သံသယ ဝင်လာခြင်း ဖြစ်သည်။
လင်းယွန် ခေါင်းခါ လိုက်ပြီး၊
“ ငါ့ မျက်လုံးထဲ မှာတော့ ... ဓားသမား ဆိုတာ အသက် အရွယ်နဲ့ မဆိုင်ဘူး၊ အသက် ဘယ်လောက် ကြီးကြီး၊ ပန်းတိုင်ကို လျှောက် နေရမယ်၊ သေသည့်တိုင် အောင်ပဲ။ ”
ဤသည်မှာ သူ့အတွေး ဖြစ်၏။ အသက် ငယ်သော်လည်း ဤအဖိုးအိုထက် အသက်နှင့် သေခြင်း ဆိုင်ရာ အတွေ့ အကြုံ ပိုများသည်။
ထို့ကြောင့် နှလုံး သွေးများ ပွက်ပွက်ဆူ လာတော့၏။ အဖိုးအို ခမျာ တုန်လှုပ် သွားလေ သည်။
မရဏ တောင်ထိပ်မှ တပည့် ငယ်တိုင်း သွေးများ ပွက်ပွက် ဆူလာတော့၏။ ရုတ်တရက် လေးနက် သွားသော အစ်ကိုကြီးကို ကြည့်ကာ၊ ချန်ဖန်မှ မျက်လုံးပြူး သွားသည်။
အဖြူရောင် ၀တ်စုံဖြင့် အစ်ကိုကြီးကို ကြည့်ရ သည်မှာ၊ တောင်ကြီး ကဲ့သို့ ပြတ်သား ခိုင်မာ နေချေပြီ။
“ ဒါက ငါတို့ သိတဲ့ စီနီယာ အစ်ကိုလား၊ သူ ပြောင်းလဲ သွားပြီ။ ”
“ သူက သန့်ရှင်းသော သမီးတော် နှစ်ယောက်ရဲ့ ... အာရုံ စိုက်မှုကို ရနိုင်တာ၊ အံ့သြစရာ မရှိတော့ ပါဘူး။ ”
အမျိုးသမီး တပည့်များ အားလုံးက၊ သူရဲကောင်း တစ်ယောက်အား မြင်နေ ရသည့် အလား၊ လင်းယွန်ထံ ကြည့်လာ ကြသည်။
“ ဒီကောင်က ဘယ်လို ... ၊ သရုပ်ဆောင် ပြရ မလဲ ဆိုတာ တကယ် သိတာပဲ။ ”
ကျန်းယွီက အံကြိတ်ကာ ပြော၏။
“ ဒီကောင် ဘယ်လောက်ထိ ဟန်ဆောင် နိုင်မလဲ ဆက်ကြည့် ရအောင်။ ”
ယဲ့ဖေးဖန်မှ အေးစက်စွာ ဝင်ပြောသည်။
“ မင်းရဲ့ သွန်သင်မှုတွေ အတွက် ... ကျေးဇူး တင်ပါတယ်။ ”
ရန်တုံက ဦးညွှတ်ပြီး စင်ပေါ်မှ ထွက်သွား တော့သည် ။ ကိုးကြိမ် ဆက်တိုက် အောင်ပွဲ ရရှိ ပြီးနောက်၊ လင်းယွန်အား ယှဉ်နိုင်သူ မရှိ တော့ချေ။
သူ့ဓားရေးများ၊ လေးနက်သော အမူ အရာနှင့် စကားလုံး အသုံး အနှုန်း များသည် လက်ရှိ လူတိုင်းထက် သာလွန် နေ၏။
လေးနာရီခန့် ကုန်လွန် ပြီးနောက်၊ အခြားသော အဖွဲ့များ သည်လည်း၊ ရလာဒ် ထွက်ပေါ် လာသည်။
ထို့ကြောင့် အုပ်စု ချန်ပီယံ ဆယ်ဦး ထွက်ပေါ်လာ တော့၏။ ၎င်းတို့ အားလုံးတွင် မည်သူ တစ်ဦး တစ်ယောက်မျှ အားနည်း သူများ မဟုတ်ချေ။
အစောပိုင်း အချိန်၌ ဝမ်မူယန် ချန်ပီယံ ဖြစ်မည်ဟု ထင်ထား ကြသူ များပင်၊ သို့လော သို့လော ဖြစ်လာ ကြသည်။
ချီယွင်က ကောင်းကင်မှ ဆင်းလာပြီး၊ ၎င်းတို့ ဆယ်ယောက်ထံ တစ်ချက် ကြည့်သည်။ ထို့နောက် သူကပင်၊
“ ထိပ်တန်း ဆယ်ယောက် ထဲကို ဝင်လာ နိုင်တဲ့ အတွက် ဂုဏ်ယူ ပါတယ်၊ ကဲ အားလုံးပဲ တိုက်ပွဲ ပြန်စမယ်။ ”
-ဟု ကြေငြာ တော့သည်။
ဤသည်မှာ ချန်ပီယံ အတွက် ယှဉ်ပြိုင် ကြရခြင်း ဖြစ်၏။ ချန်ပီယံ သာလျှင် လူတိုင်း မှတ်ဉာဏ် အတွင်း တည်ရှိ နေရန်၊ အရည် အချင်း ရှိသည်။
“ မင်းတို့ ထဲက ... တစ်ယောက်ကို ရွေးချယ်မယ်၊ အဲ့ဒီလူက သူ့ ပြိုင်ဘက် တွေကို တစ်ယောက်ပြီး တစ်ယောက် ဒါမဟုတ် တပြိုင် နက်တည်း စိန်ခေါ် နိုင်တယ်၊ ဒီအတွက် သူမှာ တစ်ကြိမ် ရှုံးနိမ့်ခွင့် ရှိမယ်။ ”
ချီယွင်က စည်းမျဉ်းကို ကြေငြာသည်။ သို့သော် မည်သူမှ ထိုနေရာကို မလိုချင် ကြချေ။ အဘယ်ကြောင့် ဆိုသော် ထိုအရွေးချယ် ခံသည် ပွဲပမ်း နိုင်၏။
“ ကောင်းပြီ ... ဘယ်သူမှ ဆန္ဒ မရှိရင် ... ၊ ငါတို့ မဲနှိုက် ရမယ်။ ”
ချီယွင်က ဤသို့ မျှော်လင့်ထား ပြီးသား ဖြစ်သည်။
“ ဆန္ဒ ရှိပါတယ် ... ။ ”
သို့သော် လင်းယွန်က ရုတ်တရက် လှမ်းထွက် လာသည်။ ဤအရာက လူတိုင်းကို အံ့အားသင့် သွားစေ ခဲ့၏။
ငရဲ သူတော်စင် ဘုရင်မှ ပြုံးပြီး၊
“ မူလ နဂါး မဟာ သူတော်စင် ပြော သလိုပါပဲ၊ ယဲ့ချင်းရှန်က သူ့အကျင့်ကို မပြောင်း လဲ နိုင်သေးဘူး၊ သူသာ ဘယ်လို ပြုမူ နေထိုင် ရမယ် ဆိုတာ မသိရင်၊ မကြာခင် ကျရှုံးရ လိမ့်မယ်။ ”
-ဟု ပြောလာ တော့သည်။
မူလ နဂါး မဟာ သူတော်စင်က၊ တစ်ဖက်လူအား စိတ်ထဲမှ ကျိန်ဆဲ လိုက်မိ၏။ သို့တိုင် ဣန္ဒြေ ရရ ပြုံးလျက်၊
“ ငါ့ တပည့်ရဲ့ ခွန်အားနဲ့ ... နိမ့်ကျတဲ့ ပုံရိပ်မျိုး ... ဘယ်လို လုပ်ပြီး၊ ခံယူလို့ ရမှာလဲ၊ ငရဲ သူတော်စင် ဘုရင်၊ မင်း ... ရလဒ်ကို ဆက်ကြည့် ထားလိုက်။ ”
-ဟု ပြန်ပြော လိုက်သည်။
ငရဲ သူတော်စင် ဘုရင်မှ တိတ်ဆိတ် သွားတော့၏။ မူလ နဂါး မဟာ သူတော်စင် တစ်ယောက် မည်သည့် အချိန်ထိ၊ ပြုံးနိုင်ဦး မည်အား သိချင် လာသည်။
“ ဝမ်ယွဲ့ ... မင်း လာ။ ”
လင်းယွန်က ဝမ်ယွဲ့အား ခေါ်ထုတ် လိုက်သည်။ ဝမ်ယွဲ့ တစ်ယောက် မျက်နှာ ပြောင်း သွား၏။
အရှုံးသမား အဖွဲ့မှ ပြန်လာ ပြီးနောက်၊ လင်းယွန်အား လက်စား ချေရန်၊ သူ့၌ အစီစဉ် ရှိလေသည်။ သို့သော် တစ်ဖက် လူမှ ဤသို့ ချက်ချင်း ခေါ်ထုတ် လိမ့်မည်ဟု မထင်ထား သဖြင့်၊ စိတ်လှုပ်ရှား လာသည်။
“ ဝမ်ယွဲ့ ... ငါ့ဓားကို ဖြတ်ကျော်ဖို့ နည်းလမ်း ရှာခဲ့ ပြီလား။ ”
“ ဘာလို့ ... စမ်း မကြည့် ရတာလဲ။ ”
ဝမ်ယွဲ့က ပြန်ပြော လိုက်သည်။ တစ်ဖက် လူ၏ ဓားရေး အပေါ်၊ လမ်းစ ရှာပြီး ဖြစ်ချေ၏။ ဤတစ်ကြိမ်၌ ပြိုင်ဘက်အား အံ့အားသင့် စရာများ ပေးနိုင် မည်ဟု၊ ယုံကြည်သည်။
“ ငရဲ သစ်ခွတွေ ပွင့်နေတယ်။ ”
ငရဲ သစ်ခွ ဓားကိုပင် ဝမ်ယွဲ့မှ အသုံးပြု လာ၏။
“ ဒါပဲလား ... ။ ”
လင်းယွန်က ပြုံးလိုက်သည်။ ယခင် ဤဓားရေးကြောင့် တော်ဝင် မိုးကြိုး ဓားကို ထုတ်ဖော် ခဲ့ရ ဖူးသည်။
လက်ဝှေ့ရမ်း ခြင်းဖြင့်၊ ငရဲ ပန်းတစ်ပွင့် ပေါ်လာ၏။ ၎င်းမှ မရဏ ရောင်ဝါက ဝမ်ယွဲ့၏ ရောင်ဝါအား ပိတ်ဆို့ပစ် တော့သည်။
ငရဲပန်းနှင့် ငရဲ သစ်ခွများ အချင်းချင်း တိုက်မိသည့် အခိုက်၊ လေဆင် နှာမောင်း နှစ်ခု အဖြစ်၊ ပြောင်းလဲ သွား၏။
တစ်ခုတွင် မရဏ အရိပ် အာဝါသများ ပြည့်နှက် နေပြီး၊ နောက် တစ်ခု၌ အသက် စွမ်းအင်များ ပါဝင်သည်။
အချိန် အနည်းငယ်ကြာ ပြီးနောက်၊ လေဆင်နှာမောင်း များက၊ ပေ တစ်ရာ အရွယ် အစားထိ၊ ရောက်ရှိ လာ၏။
ဤသည်မှာ သေခြင်း တရားနှင့် ရှင်သန်ခြင်းကြား ထိပ်တိုက် ရင်ဆိုင်မှု တစ်ခု ဖြစ်နေ ချေပြီ။
လေဆင် နှာမောင်း နှစ်ခု တွေ့ဆုံ ချိန်၌၊ ပွင့်ချပ်များ ပျံဝဲ ကုန်သည်။ ကောင်းကင် ယံ၌ မိုးခြိမ်း သံများ၊ တဖြည်းဖြည်း မြည်ဟည်း လာတော့၏။
“ ဂျိန်း ... ။ ”
လင်းယွန်နှင့် ဝမ်ယွဲ့အား ထိုလေဆင် နှာမောင်း နှစ်ခုက သိုင်းခြုံလျက်၊ လူ မြင်ကွင်းမှ ကွယ်လိုက်သည်။
“ ရွှပ် ... ။ ”
“ ထန် ... ထန် ... ။ ”
လေဆင် နှာမောင်း အတွင်း၊ နှစ်ဦးသား ဓားများ လွှဲလိုက် ကြ၏။ မီးပွားများ ပွင့်ထွက် လာကာ၊ တိုက်မိ သွားသည်။
“ ပိုးစုန်းကြူး ရောင်ခြည် ... ။ ”
“ ပိုးစုန်းကြူး ရောင်ခြည် ... ။ ”
ဓားများ တိုက်မိ သွားသော အခါတွင် ကောင်းကင် ပထမ အလွှာ ကွဲအက်လျက် ကြယ်ရောင်များ ဖြာကျ လာ၏။
“ အာရုဏ်ဦး ရောင်ခြည်။ ”
“ အာရုဏ်ဦး ရောင်ခြည်။ ”
“ ဆည်းဆာ ရောင်ခြည်။ ”
“ ဆည်းဆာ ရောင်ခြည်။ ”
“ လကွယ်ည ... ။ ”
“ လကွယ်ည ... ။ ”
“ ကောင်းကင် ဘုံက နှင်းတောင် ... ။ ”
“ ကောင်းကင် ဘုံက နှင်းတောင် ... ။ ”
ပိုးစုန်းကြူး နတ်ဓားအား အတူတကွ ထုတ်ဖော် နေကြသည့် မြင်ကွင်းကြောင့်၊ လူ အများမှ အံ့အားသင့် ကုန်၏။
ဝမ်ယွဲ့ တစ်ယောက် ဤဓားရေးကို တတ်ကျွမ်း နေလိမ့် မည်ဟု၊ မမျှော်လင့် မိချေ။ လေဆင် နှာမောင်း နှစ်ခု ရောနှော သွားပြီး၊ ဘဝနှင့် မရဏ ရည်ရွယ်ချက် ဖြစ်စဉ်များ ပေါ်လာ၏။
ပတ်ဝန်းကျင် လေဟာနယ် သည်လည်း ကွဲထွက် သွားကာ၊ လေဆင် နှာမောင်း ကြီးမှာ ပေ(၁၀၀၀) အထိ ရှိလာသည်။
“ ငွေသွေး ... ။ ”
“ ငွေသွေး ... ။ ”
ငွေရောင် ကြယ်စုံ ကောင်းကင် နှစ်စင်း သူတို့ နောက်၌ ပေါ်လာပြီး ဓားများမှာ သွေး အလား ရဲရဲ နီလာ၏။
“ ထန် ... ထန် ... ။ ”
ဓားချင်း တိုက်မိ သွားပြီး၊ လေဆင် နှာမောင်း ကွဲထွက် သွားတော့၏။ နှစ်ဦးသား ကောင်းကင်မှ ပြန်လည် ဆင်းသက် လာသော အခါ၊ ဝမ်ယွဲ့ မျက်ဝန်း၌ မယုံကြည် ရိပ်များ ထင်ဟပ် လာသည်။
ပိုးစုန်းကြူး နတ်ဓားသည် သူ၏ ဝှက်ဖဲ ဖြစ်ပြီး၊ ယဲ့ချင်းရှန်အား အံ့အားသင့်စွာ ဖမ်းနိုင် လိမ့်မည်ဟု ထင်ခဲ့၏။
သို့သော် ကျရှုံး ခဲ့သည်။ တစ်ဖက်တွင် လှပသော ရှုခင်းကို ခံစားနေ သကဲ့သို့၊ ပတ်ပတ် လည်တွင် ပျံဝဲ နေသော ပန်းပွင့်ချပ် များကို ကြည့်ကာ၊ လင်းယွန်မှ ရပ်နေသည်။
ဝမ်ယွဲ့က အံကြိတ်ပြီး သူ့နက္ခတ်ကို ခေါ်လိုက်သည်။ ကြက်သွေးရောင် မီးနဂါးကြီး ပေါ်လာ၏။
ဤသည်မှာ စစ်မှန်သော နဂါး အမျိုးအစား ဖြစ်သည်။ နဂါး အငွေ့ အသက်မှ၊ ဝမ်ယွဲ့ ခြေကို ဗဟို ပြုလျက်၊ အက်ကွဲ ကြောင်းများ ပျံ့နှံ့ လာစေ၏။
“ စစ်မှန်သော ကြက်သွေးရောင် နဂါးပဲ ... ၊ အစ်ကို ဝမ်ရဲ့ နက္ခတ်က ကြောက်စရာ ကောင်း လိုက်တာ။ ”
“ ဒီနက္ခတ် အတွက် ဝမ်မိသားစုက သူ့ကို နဂါးသွေး ပေးခဲ့ တယ်လို့ ကြားတယ်၊ ဒါက သူ့ ဝှက်ဖဲပဲ။ ”
လူတိုင်းက ကြက်သွေးရောင် နဂါးကို ကြည့်ကာ၊ ကြောက်လန့် တကြား အော်လိုက် ကြသည်။
“ ယဲ့ချင်းရှန် ... မင်းရဲ့ နက္ခတ်ကို ထုတ်ပါ။ ”
“ မင်း ဆန္ဒ အတိုင်းပဲ ။ ”
လင်းယွန် ခန္ဓာ ကိုယ်မှ ပန်းချီကား တစ်ချပ် လွင့်ထွက် လာ၏။
“ ဒါ ... ဒါက ကမ္ဘာဦး ဖျက်ဆီးခြင်း သားရဲ မဟုတ်လား။ ”
လူတိုင်းက ထိတ်လန့် စွာဖြင့်၊ အော်ဟစ် လာကုန် တော့သည်။
***