← Chapters

လူသတ်ဓား

Vol. 008 Ch. 778

လူသတ်ဓား

Vol. 008 Ch. 778

ဧရာမဖီးနစ်က အတောင်ပံများကို ဖြန့်လိုက်သည်တွင် ဖီနစ်ဓားသွားများ အဖြစ် အောက်ကို ကျဆင်းလာသည်။ ဖီးနစ်၏နောက်တွင် ဧရာမသစ်ပင်ကြီး တစ်ခုပေါ်လာကာ ဓားသွားများအား တားဆီးသည်။ ရှေးဟောင်းသစ်ပင်က သစ်ကိုင်းများ ကြီးမား ရှည်လျားလာပြီး လေထဲမှ ဓားသွားများအား တားဆီးကြသည်။

ဟူး… ကျောက်ယို၏ ခန္ဓာကိုယ်က ရွှေရောင် လျှပ်စီးတန်းအဖြစ် ပြောင်းလဲသွားပြီး မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် အောက်ကို ကျဆင်းလာပြီး လက်ဝါးဖြင့် လှမ်းရိုက်လိုက်သည်။ ချက်ချင်းပင် ပတ်ပတ်လည်မှ မီးတောက်များ အားလုံးက သူကိုယ်တိုင်အား ဗဟိုထားစုစည်းလာကာ ဖီးနစ်ထံကို လက်ဝါးနှင့်အတူ တိုးဝင်သွားကြသည်။ ကြောက်မက်ဖွယ် ကောင်းသော ဖျက်ဆီးအားကို ခံစားမိသည်တွင် ဖီးနစ်အား သတ်ပင်ကြီးက ရစ်ပတ်သွားပြီး မရေမတွက်နိုင်သော မီးတောက်နွယ်များက ကျောက်ယိုထံကို တိုးဝင်သွားကြသည်။

“ဖြတ်တောက်စမ်း…” ကျောက်ယိုက အေးစက်စွာ ပြောသည်။ ရွှေရောင်ဖီးနစ်ငှက်က အောက်ကို ကျဆင်းလာကာ နွယ်ပင်များအား ဖြတ်တောက်သည်။ တစ်ချိန်တည်းမှာပင် သူ့လက်မှ ထွက်လာသော စွမ်းအားက မီးလျှံနယ်ပယ် တစ်ခုအဖြစ် ပြောင်းလဲသွားကာ သစ်ပင်ကြီးအား အရည်ပျော် လောင်ကျွမ်းစေသည်။

သစ်ပင်ကြီးကလည်း ရွှေရောင်မီးလျှံများ ရစ်ပတ်သွားကာ ကိုယ်ရောင် ကိုယ်ဝါက တဖြည်းဖြည်း အားနည်းလာသည်။ ကျောက်ယိုက လက်ကို မြှောက်ကာ ရှေ့ကို တက်လိုက်သည်တွင် ဖီးနစ်မီးငှက်က လေထဲမှ​အောက်ကို ဆင်းသက်လာသည်။ ရိုက်ချက်တစ်ခုနှင့်အတူ မီးတောက် သစ်ပင်ကြီးက အဆက်မပြတ် ပေါက်ကွဲသွားပြီး မြန်ဆန်သော အရိပ်တစ်ခုက ဖီးနစ်ထံသို့ တိုးဝင်လာသည်။

သူ၏မြင်ကွင်းထဲကို ဖီးနစ် ပေါ်လာသည်တွင် မီးတောက်သစ်ပင်၏ နွယ်ပင်များကလည်း သူ့ခန္ဓာကိုယ်သို့ အဆက်မပြတ် တိုးဝင်လာကြသည်။ ကျောက်ယို၏ မျက်လုံးတွင် ရွှေရောင် အလင်းတစ်ချက် လင်းလက်သွားကာ သူက ဆက်လက်၍​ ဆင်းသက်လာသည်။

ဘုန်း…

ရွှေရောင်ပုံရိပ်က ဖီးနစ်ထံကို မြန်ဆန်စွာ တိုးဝင်လာ၏။ ဖီးနစ်က ရှောင်တိမ်းခြင်း မပြုပေ။ လက်ဝါးက သူမအား ရိုက်မိသည်တွင် ဖီးနစ်၏ပါးစပ်မှ သွေးတစ်ပွက် အန်ကျကာ မီးတောက်နွယ်ပင်များ ကလည်း ကျောက်ယိုအား ရစ်ပတ်သွားသည်။

ကျောက်ယို မျက်မှောင်ကြုတ် လိုက်သည်။ ဖီးနစ်က တမင် ရှောင်တိမ်းခဲ့ခြင်း မရှိပေ။

“မင်းက သေချင်နေတာလား…” ကျောက်ယိုက သူ့ရှေ့မှ လှပသော မိန်းကလေးကို ကြည့်ကာ မာကြောစွာ မေးသည်။ ရွှေရောင် မီးတောက်များက သစ်ပင်ကြီးအား တစ်စတစ်စ လောင်ကျွမ်းကာ ပျက်စီးစေသည်။ သူက လက်ဝှေ့ယမ်းသည်တွင် ရွှေရောင်ဖီးနစ်က ဖီးနစ်ထံကို တိုးဝင်သွားပြီး သူမအား ပိုမို၍​ သွေးများ အန်စေသည်။

ကျောက်ယိုက ဆက်လက်၍ တိုက်ခိုက်လိုသည်။ သို့သော် ထိုအခိုက်တွင် သူက မျက်မှောင်ကြုတ် လိုက်၏။ သူ၏ခန္ဓာကိုယ်ထဲတွင် ထာဝရ မီးတောက်တစ်ခုက လောင်ကျွမ်းနေကာ သူ့အား သွေးဆုတ်စေ ဖြူရော်လာစေသည်။ သူ၏သွေးထဲတွင် အားကောင်းသော မီးတောက်များက လောင်ကျွမ်းသည်တွင် သူက ဖယ်ရှားရန် ကြိုးစားသည်။ သို့သော်လည်း မီးတောက်ထံမှ အလွန်တရာ အားကောင်းသော တုံ့ပြန်မှုကို သူခံစားရသည်။ မီးတောက် တစ်ခုစီက ဖီးနစ်ငှက် တစ်ကောင်အလား သူ၏ခန္ဓာကိုယ်အတွင်း လှည့်ပတ် တိုက်ခိုက်နေကာ အလွန်တရာ နာကျင်မှုဒဏ်ကို ခံစားရ၏။

“ထာဝရမီးတောက်…” ကျောက်ယို၏ အမူအရာက အေးစက်သွားကော ဖီးနစ်အား လှမ်းကြည့်သည်။ သူမက ပါးစပ်မှ စီးကျလာသော သွေးများအား သုတ်ကာ သူ့အား ကြည့်ကာ ပြောသည်… “ကျွန်မ အရှုံးပေးတယ်…” ထို့နောက် သူမက ဒယိမ်းဒယိုင်ဖြင့် မြေရိုင်းပြည်နယ် ဧည့်ကြည့်စင်ဘက်ကို ပြန်ဆင်း သွားသည်။

“မင်း အဆင်ပြေလား…” ရီဖူရှင်းက ဖီးနစ်ကို စိုးရိမ်စွာ ကြည့်သည်။ သည်မိန်းကလေးက အဘယ်ကြောင့် ထိုမျှ စိတ်ဓာတ်ပြင်းထန် ရသည်နည်း။

“ငါ အဆင်ပြေတယ်...” ဖီးနစ်က ဆေးလုံးတစ်လုံးကို သောက်ကာ တင်ပျဉ်ခွေထိုင်လျက် ပြောသည်။ ရီဖူရှင်းက ထိုမြင်ကွင်းကို မြင်သည်တွင် စိတ်အေး သွားရသည်။ ဖီးနစ်၏ပြန်လည် ကုစားနိုင်စွမ်းကား အလွန် အားကောင်းရာ သူက သိပ်စိတ်ပူစရာ မလိုပေ။ သို့သော်လည်း သူမက ကျောက်ယိုကို ဒဏ်ရာရအောင် လုပ်ခြင်းဖြင့် သူမ၏ ခံယူချက်ပြင်းထန်ပုံကို မြင်ရသည်။

ထိုအခိုက်တွင် ကျောက်ယိုကလည်း သူ၏နေရာကို ပြန်သွားကာ မြေပြင်၌​ ထိုင်နေသည်။ သူ့အား မီးတောက်များက ရစ်ပတ်ထားရာ သူ၏ကိုယ်တွင်းမှ မီးတောက်များအား ပယ်ဖျက်ရန် ကြိုးစားနေသည်မှာ သေချာ၏။

ပထမတိုက်ပွဲတွင် ကျောက်မဟာ ပြည်ထောင်မှ​ ကျောက်ယိုက အနိုင်ရခဲ့၏။ နောက်ဆုံးတွင် မြေရိုင်းပြည်နယ်ကား တစ်ယောက် အထုတ်ခံခဲ့ရပြီ ဖြစ်သည်။ သို့သော်လည်း ဖီးနစ်၏ စိတ်ဓာတ် ပြင်းထန်မှုက လူအများအား အံ့အားသင့် စေခဲ့သည်။ သူမက ကျောက်ယိုကို ဒဏ်ရာရစေခဲ့ကာ သူမအား အနိုင်ယူခဲ့သည့် အတွက် ပေးဆပ်စေခဲ့၏။

မြေရိုင်းပြည်နယ်မှ ပြိုင်ပွဲဝင်များကား သာမန်မဟုတ်ပေ။

ယခုကား မြေရိုင်းပြည်နယ်မှ ခြောက်ယောက်သာ ကျန်ရစ်ပြီ ဖြစ်သည်။

လူအုပ်ကြီးက အတွေးများ မဆုံးသေးမီတွင်ပင် နောက်တစ်ယောက်က ရှေ့ကို ထွက်လာသည်။ သူကား မြေရိုင်းပြည်နယ်မှ စုချွဲဖြစ်၏။

“စိန်ခေါ်မှုကို မတုံ့ပြန်ရင် ဒါက ရိုင်းစိုင်းတာပဲ… ကျုပ်က မင်းကို စိန်ခေါ်တယ်…” စုချွဲက အရှေ့ဘက် ပြည်နယ်မှ တစ်ယောက်ကို လက်ညှိုးထိုးကာ ပြောသည်။ သူက ကျောက်ယို၏ဘေးမှ တစ်ယောက်ကို လက်ညှိုးထိုးရာ သူကား သေချာပေါက် ကျောက်မဟာ ပြည်ထောင်မှ တစ်ယောက် ဖြစ်ပေမည်။

မျက်လုံးပေါင်း များစွာကော စုချွဲထံကို ရောက်လာသည်။

စုချွဲက ကျောက်မဟာ ပြည်ထောင်မှ ကျောက်ရန်အား စိန်ခေါ်သည်။

ကျောက်ယိုက မြေရိုင်းပြည်နယ်မှ ဖီနစ်အား စိန်ခေါ်ကာ အနိုင်ယူခဲ့သည်။ ယခု မြေရိုင်းပြည်နယ်မှ စုချွဲက ကျောက်မဟာ ပြည်ထောက်မှ ကျောက်ရန်ကား ပြန်လည် စိန်ခေါ်သည်။

သို့သော်လည်း ကျောက်ရန်ကား အားမနည်းပေ။ သူ့အား အလွန် အားကောင်းသည်ဟု ပြောလျှင် မမှားပေ။ အမှောင်လောကဓာတ် ပိုင်ရှင်စုချွဲက ကျောက်ရန်အား အနိုင်ယူနိုင်မလား ဟူသည်ကိုကား မည်သူမှ အတပ်မပြောနိုင်ပေ။

တစ်ချိန်တည်းမှာ ကျောက်ရန်က ရှေ့ကို တက်လာပြီး သူ၏မျက်လုံးကလည်း စုချွဲထံကို ရောက်လာသည်။

မြေရိုင်းပြည်နယ်က နောက်ဆုံးလူ တစ်ရာစာရင်းတွင် ခုနစ်ယောက်အထိ ပါဝင်နိုင်ပြီး ကျောက်မဟာ ပြည်ထောင်မူကား လေးယောက်မျှသာ တက်ရောက်နိုင်ခဲ့၏။ ဦးဆုံး တိုက်ပွဲနှစ်ပွဲကား ကျောက်မဟာ ပြည်ထောင်နှင့် မြေရိုင်းပြည်နယ်တို့၏တိုက်ပွဲများ ဖြစ်ကြသည်။ သူတို့ကား လက်ရှိတွင် အရေအတွက်အားဖြင့် နည်းပါးနေပြီဖြစ်ရာ ကျောက်ရန်က မြေရိုင်းပြည်နယ်မှ လူများထံတွင် ရှုံးနိမ့်၍ မရပေ။

ကောင်းကင်ရှန့်ထိုက ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကို ကြည့်ကာ ပြုံးလျက်ပြောသည်… “ခင်ဗျား အမြင်မှာ ဘယ်သူအနိုင်ရမလဲ​… ဘုရင်မင်းမြတ်…”

ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ထူးမခြားနားစွာ ဖြေသည်… “ကျောက်ရန်…”

“ဒါဆိုလည်း…” ကောင်းကင်ရှန့်ထိုက ပြုံးလျက်ပြောသည်… “ခင်ဗျားက တော်တော် ယုံကြည်ချက် ရှိတာပဲ... ဘုရင်မင်းမြတ်…” သူ့တွင် ပြိုင်ပွဲဝင်တပည့် မရှိသော်လည်း ကောင်းကင်ရှန့်ထိုကား ပြိုင်ပွဲကို အလွန် စိတ်ဝင်စားဟန်ရသည်။

ကျောက်ယိုကား ကျောက်မဟာ ပြည်ထောင်မှ​ ပြိုင်ပွဲဝင်သူများထဲ၌​ အတော်ဆုံးဖြစ်ကာ သူက ဖီးနစ်ကို စိန်ခေါ်ပြီး အနိုင်ရခဲ့သည်။ သို့သော်လည်း မြေရိုင်းပြည်နယ်က နောက်တစ်လှည့်တွင်ပင် ကျောက်မဟာ ပြည်ထောင်ကို ပြန်လည် စိန်ခေါ်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ထို့ကြောင့် ဦးဆုံးစိန်ခေါ်ပွဲနှစ်ခုက မြေရိုင်းပြည်နယ်နှင့် ကျောက်မဟာ ပြည်ထောင်တို့၏တိုက်ပွဲ ဖြစ်လာသည်။

ကျောက်မဟာ ပြည်ထောင်က သည်တိုက်ပွဲတွင် အနိုင်ရခဲ့ပါက အဆင်ပြေ၏။ သို့သော် သူတို့ကသာ ရှုံးနိမ့်ခဲ့ပါက ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်အား အရှက်ရစေပေလိမ့်မည်။

ကျောက်ယိုက ပုံမှန်အားဖြင့် ထူးချွန်သူဖြစ်သော်လည်း စုချွဲကား မြေရိုင်းပြည်နယ်၏ အထူးချွန်ဆုံး မဟုတ်ပေ။ နောက်အလှည့်များ၌ ယူချင်းကလည်း ကျောက်မဟာ ပြည်ထောင်ကို စိန်ခေါ်ပါက အခြေအနေသည် အလွန် စိတ်ဝင်စားဖွယ် ကောင်းလာပေတော့မည်။

“စုချွဲ... တော်ဝင်ကျဲနန်းတော်…” ပျင်းရိသော အသံတစ်သံကို ကြားကြရသည်။ စုချွဲက ထူးမခြားနားစွာ ရပ်နေသော်လည်း လူအများအပြားက သူ့အား လျှော့မတွက်ရဲကြပေ။ အရိပ်မှ တိတ်တဆိတ် သတ်ဖြတ်နိုင်စွမ်း မြင့်သော စုချွဲကား သာမန် တိုက်ခိုက်မှုမတွင် သိပ်အား မကောင်းသော်လည်း သေခြင်းရှင်ခြင်း တိုက်ပွဲများ၌​ ကြောက်စရာ အကောင်းဆုံး လူသတ်သမားများ ဖြစ်ကြသည်။

“ကျောက်ရန်…” အေးစက်သော အသံတစ်သံကို ကြားကြရသည်။ ရွှေရောင် ဖီးနစ်ငှက်ပုံရိပ်တစ်ခု လင်းလက်စွာ ပေါ်လာသည်။ သူကား ရွှေရောင် မီးတောက်များဖြင့် ခြုံလွှမ်းထားသည်။ ကျောက်မဟာ ပြည်ထောင်၏ မျိုးဆက်တစ်ယောက် အနေဖြင့် သူကား ရွှေဖီးနစ်သွေးကို နိုးထစေနိုင်ခဲ့ကာ မူလပါရမီကလည်း ကြောက်မက်ဖွယ် ကောင်းပေသည်။

ရွှေရောင်မီးတောက်က ပတ်ဝန်းကျင်ကို လောင်ကျွမ်းစေသည်။ ကျောက်ရန်ထံမှ ထွက်လာသော ကိုယ်ရောင်ကိုယ်ဝါက အရာခပ်သိမ်းအား လောင်ကျွမ်း စေနိုင်ပေသည်။ ဖီးနစ်အော်သံနှင့်အတူ ဖီးနစ်ငှက်ပုံရိပ်က စုချွဲထံသို့ မြန်ဆန်စွာ ပျံသန်းသွားသည်။ သို့သော်လည်း ပုံရိပ်ယောင် တစ်ခုနှင့်အတူ စုချွဲကား မူလနေရာ၌​ ပျောက်ကွယ် သွားပြီဖြစ်သည်။

ပုံရိပ်ယောင် ဖြတ်သန်းသွားရာ နေရာတိုင်း၌​ မီးခိုးရောင်အငွေ့များ ရိုက်ခတ်သွားကာ စုချွဲ၏ပုံရိပ်က နေရာတိုင်းတွင် ရှိနေဟန် ထင်မှတ်ရသည်။ အနက်ရောင် အငွေ့အသက်များက ကျောက်ရန်ကို ရစ်ပတ်ထားကာ ထိုနေရာတစ်ခုလုံးက အရိပ်နှင့် ပေါင်းစပ်နေဟန် ရသည်။

“အမှောင်လောကဓာတ်…” အားလုံး၏ မျက်လုံးများက တိုက်ပွဲကွင်းထဲကို ရောက်လာကာ ဖြတ်ပျက်နေသည် များအား သေသေချာချာ ကြည့်နေကြသည်။ အလင်းဓာတ်နှင့် အမှောင်ဓာတ်တို့က တိုက်ခိုက် ဖျက်ဆီးအား မပါဝင်သော်လည်း ကြောက်မက်ဖွယ် အကောင်းဆုံးသော လောကဓာတ်များထဲ ပါဝင်ပေသည်။ အထူးသဖြင့် ထိုသို့သော လောကဓာတ်ကို ပြည့်စုံကောင်းမွန်စွာ အသုံးချသူတို့ လက်ထက်တွင် ကြောက်မက်ဖွယ် ကောင်းလွန်းပေသည်။

ထိုအခိုက်တွင် စုချွဲက အနက်ရောင် အငွေ့အသက်များထဲ​ ပျောက်ကွယ်သွားဟန် ရသည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါ အငွေ့အသက်များပင် ရှာမတွေ့တော့ကာ ထိပ်သီး ရှီတန်ခိုးရှင်များပင် စုချွဲ မည်သည့်နေရာကို ရောက်သွားသည်ကို မပြောနိုင်ကြပေ။

ကျောက်ရန်ကား အနက်ရောင် အငွေ့အသက်များထဲ အံ့အားသင့် မှင်တက်နေသည်။ သူက အဆုံးအစမဲ့သော မီးတောက်များအား အဆက်မပြတ် ထုတ်လွှတ်နေ၏။ ဖီးနစ်၏ပုံရိပ်က အလွန်အမင်း ကြီးမားလာကာ အနက်ရောင် အငွေ့အသက်များအား ဖုံးလွှမ်းရန် ကြိုးစားသည်။ သို့သော်လည်း ဖီးနစ်အလင်းက အနက်ရောင် အငွေ့အသက်များကို ဝါးမျိုပြီးသည်နှင့် ထိုဖီးနစ်အလင်းက အနက်ရောင် အငွေ့အသက်အဖြစ် ပြန်လည် ပြောင်းလဲသွားသည်။

ရွှေရောင်မီးတောက်များကား လောကဓာတ်၏ မူလဘူတများ မဟုတ်ရာ သူတို့က အမှောင် လောကဓာတ်အား ထွင်းဖောက်ခြင်း မရှိနိုင်သည်မှာ မထူးဆန်းပေ။

ဖီးနစ်ပုံရိပ်က ပိုမိုကြီးမားလာကာ ရွှေရောင် အတောင်ပံများအား ပြင်းထန်စွာ ရိုက်ခတ်သည်။ ကျောက်ရန်က လေထက်ကို တဖြည်းဖြည်း မြင့်တက်လာ၏။ သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ ဖြာထွက်လာကာ သူ့ရှေ့မှ အနက်ရောင်နယ်ထဲကို ပစ်လွှတ်သည်။ အလင်းတန်းများ အနက်ရောင်နယ်ထဲကို ထွင်းဖောက် သွားသည်ကိုမြင်လျှင် လူအများအပြား၏ အမူအရာများ ပြောင်းလဲ သွားကြသည်။ ထိုတိုက်ခိုက်မှုကား အနက်ရောင်နယ်ထဲကို အမှန်ပင် ထွင်းဖောက်သွားကာ စုချွဲအား သတ်ဖြတ်ရန် ကြိုးစားသည်။

ဘုန်း…

ဧရာမ အနက်ရောင် လှိုင်းကြီးအား ကျောက်ရန်က ကြီးမားသော စွမ်းအားဖြင့် ထွင်းဖောက် လိုက်သည်တွင် ဘုန်းခနဲမြည်ကာ အနက်ရောင် အငွေ့အသက်များ လွင့်ပါးသွား၏။ သို့သော်လည်း ထိုနေရာတွင် စုချွဲအား မတွေ့ရပေ။

တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ အနက်ရောင် နယ်များထဲမှ အလွန်ကြီးမားသော အန္တရာယ် အငွေ့အသက်တစ်ခုအား ကျောက်ရန်က ခံစားလိုက်ရပြီး မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ အနက်ရောင် လှိုင်းတစ်ခုက သူ့အား အရှိန်အဟုန် ကြီးစွာဖြင့် ဝါးမျိုလာကာ အကယ်၍ သူကသာ ထိုအားလှိုင်းထဲ ဝင်ရောက် ခံလိုက်ရပါက သူ ရှုံးနိမ့်သွားမည် သေချာသည်။

ကျောက်ရန်က အနီးဝန်းကျင် နေရာများ အားလုံးကို ကြည့်ကာ မျက်နှာက အလွန်အမင်း ပြာနှမ်းသွား၏။ အတောင်ပံများအား ပြင်းထန်စွာ လှုပ်ခတ်သည်တွင် ရွှေရောင်အလင်းများက အနက်ရောင် လှိုင်းထံသို့ တိုးဝင်သွားသည်။ ကြောက်မက်ဖွယ် ရွှေမီးတောက်များက အနက်ရောင် နယ်များအား အရူးအမူး လောင်ကျွမ်းကြ၏။ သို့သော်လည်း ကျောက်ရန်၏ မျက်လုံးများက အမှောင်ထုထဲ မြင်တွေ့ရန် မလွယ်ကူပေ။ သူ၏အမြင်အာရုံကို ထား၍ ​စိတ်ဝိညာဉ် စွမ်းအားကပင် မည်သည့် လှုပ်ရှားမှုကိုမှ ထောက်လှန်းနိုင်ခြင်း မရှိပေ။ သို့သော်လည်း အနက်ရောင် အငွေ့အသက်များ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းလာသော အချိန်တွင်ကား သူ့တွင် ရွေးချယ်စရာ မရှိတော့ဘဲ​ ရှေ့ကို ဆက်တိုးရန်သာ ကျန်တော့သည်။

ထိုအခိုက်တွင်ပင် ကြီးမားသော သတ်ဖြတ်ခြင်း အငွေ့အသက်က သူ့ထံကို ဆင်းသက် လာတော့သည်။ ဖီးနစ်အတောင်ပံက တဖျတ်ဖျတ် လက်သွားကာ သူ့ထံ ရောက်လာသော အငွေ့အသက်များဖြင့် ရင်ဆိုင်မိသည်။

သို့သော် ထိုအခိုက်တွင်ပင် ကျောက်ရာက အရိုးစိမ့်မတတ် အေးစက်မှု တစ်ခုအား ခံစားလိုက်ရသည်။ ထိုအသိကား တခြားနှင့် မတူပေ။ အလွန်အမင်း အေးစက်သော ဓားတစ်လက်က နေရာတိုင်းတွင် ရှိနေကာ သူကိုယ်တိုင် မည်သို့ ခုခံကာကွယ်ရမည် မသိပေ။ ကျောက်ရာက အရံအတားများဖြင့် ကြိုးစား ကာကွယ်သည့်တိုင် ဓားကား ကြီးမားသော သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ဖြတ်သန်း ဝင်ရောက်နိုင်စွမ်း၏။ သတ်ဖြတ်ခြင်း အငွေ့အသက်များ အားလုံးက ဓားတစ်လက်အဖြစ် ပြောင်းလဲနိုင်သာ သူ့အသက်အား ဇီဝိန်ခြွေနိုင်သည်။

သတ်ဖြတ်ခြင်း အငွေ့အသက်များက သူ၏ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာသည်တွင် ကျောက်ရာက အလွန်အမင်း ထိတ်လန့်မှုအား ခံစားလိုက်ရသည်။

“ကျုပ် အရှုံးပေးတယ်…”

***

All Chapters