← Chapters

ဇစ်မြစ်ကို ကြည့်သည့်အခါ

Vol. 71 Ch. 932

ဇစ်မြစ်ကို ကြည့်သည့်အခါ

Vol. 71 Ch. 932

လူသားတို့ဆီမှ တာအိုအကြောင်း မေးမြန်းရမည်တဲ့လော။

ထိုစကားလေးတစ်ခွန်းက တာအိုဘိုးဘေးကြီး၏ ရင်ထဲတွင် တာအိုရှာဖွေလိုစိတ်များ ပေါက်ဖွားလာစေသည်။

တာအိုဘိုးဘေးကြီးသည် တာအိုရှာဖွေရာ၌ တခြားမည်သည့်အရာကိုမှ ဂရုမစိုက်ခဲ့ပေ။ သူ၏ဝေယျာဝစ္စများကိုပင် မလုပ်တတ်သဖြင် ဗြဟ္မဗုဒ္ဓမှာ သူ့အတွက် အောက်ခြေသိမ်း လုပ်ပေးခဲ့ရသည်။ ချင်မူ နဂါးဟန်ခေတ်၏ ပထမနှစ်သို့ ရောက်သွားပြီး သူတို့နှစ်ယောက်နှင့် ဆုံတွေ့စဉ်တုန်းက အသက်ရှင်နေထိုင်ရေးအတွက် စွမ်းအင်ဆေးလုံးများ အလှူခံနေသူမှာ ဗြဟ္မဗုဒ္ဓသာ ဖြစ်ပေသည်။

တာအိုဘိုးဘေးကြီးက တာအိုကလွဲ၍ မည်သည့်အရာကိုမှ အဖက်မလုပ်တတ်ပေ။

သူသည် ရှေး‌ဟောင်းနတ်ဘုရားများကို တာအိုဟု တွေးထားသောကြောင့် အက္ခရာသင်္ချာ သုံးကာ သူတို့အား ခွဲခြမ်းစိတ်ဖြာခဲ့၏။ ဤနှစ်တစ်သန်းအတွင်း အခြေခံသင်္ချာကျမ်းကို အဆင့်မြင့်ဆုံးအထိ တွန်းပို့ပေးနိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သိသာသည်။

သူက ထိုသင်္ချာအား အသုံးချ၍ ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုများကို တွက်ချက်ကာ သင်္ကေတအမှတ်အသားများအဖြစ် ပြောင်းလဲခဲ့သည်။ ထိုအခါ ကောင်းကင်နတ်အရှင်ဆယ်ယောက်သည် သူ၏အားထုတ်မှုမှတစ်ဆင့် ကောင်းကင်နတ်ဘုံအား တည်ဆောက်နိုင်ခဲ့၏။

သူ့အတွက် အလှူခံပေးရန် ဗြဟ္မဗုဒ္ဓကို မလိုအပ်တော့ပေ။

ဖားပြုပ်တစ်ကောင်ဆီမှ တာအိုအကြောင်း မေးနေသည်ဟူသော ချင်မူ၏ စကားသည် သူ ရှေးဟောင်းနတ်ဘုရားများဆီမှ တာအိုတောင်းခံနေသည်ဟု ဆိုလို၏။ ရှေးဟောင်းနတ်ဘုရားတို့က တာအို၏ ရုပ်သွင်များပင် ဖြစ်သည့်အတွက် သူတို့ဆီမှ တာအိုတောင်းခံစေကာမူ သူတို့တွင် တာအိုရှိနေမြဲပင် ဖြစ်သည်။ ထိုတာအိုတို့အား တာအိုဘိုးဘေးကြီးကိုယ်တိုင် ဖန်တီးခဲ့ခြင်းမဟုတ်ပေ။

လူသားများဆီမှ တာအိုအကြောင်း မေးသင့်သည်ဟူသော စကားကမူ တီထွင်ဖန်တီးနိုင်သည့် လူသားများအား ဆိုလိုခြင်း ဖြစ်သည်။ လူသားများ မမွေးဖွားလာခင်တုန်းက ဓားလမ်းစဉ်၊ ဓားတာအို မရှိခဲ့ပေ။ လူသားများက ဓားလမ်းစဉ်ကို ဖော်‌ဆောင်ခဲ့ခြင်း ဖြစ်၏။ ပန်းချီနှင့် လက်ရေးလှပညာ၊ ဝိညာဉ်သန္ဓေသားအစရှိသော ကျင့်စဉ်စနစ်များကိုလည်း လူသားများသာ တီထွင်ခဲ့ကြသည်။

ကောင်းကင်ရတနာအဆင့်ဖြစ်စေ၊ ကောင်းကင်နန်းဆောင်အဆင့်ဖြစ်စေ ကျင့်စဉ်မှန်သမျှသည် ရှေးဟောင်းနတ်ဘုရားများ သို့မဟုတ် ဖားပြုပ်များဆီမှ ရရှိခဲ့သော ကျင့်စဉ်များမဟုတ်၊ လူသားများ တီထွင်ခဲ့သော ကျင့်စဉ်များ ဖြစ်ကြ၏။

ဤနှစ်များတစ်လျှောက် တာအိုကိုသာ တစိုက်မတ်မတ် လေ့လာခဲ့သော အားထုတ်မှုက တာအိုဘိုးဘေးကြီးကို စည်းဘောင်ထဲ၌သာ နွံနစ်နေစေခဲ့သည်။ ကောင်းကင်နတ်အရှင်ဆယ်ယောက်အောက်လည်း နိမ့်ကျစေသည်။

သို့သော် တာအိုဘိုးဘေးကြီးသည် သူ့အကြောင်းသူ သိခဲ့၍ ဖားပြုပ်နှစ်ကောင်အား တံခါး၌ စောင့်ကြပ်ရန် ပြောခဲ့ခြင်းဖြစ်လိမ့်မည်။

အသက်အရွယ်၊ အသိအမြင်နှင့် ဉာဏ်ရည်ဆိုသည်မှာ တိုက်ရိုက်အချိုးကျနေခြင်း မဟုတ်ပေ။ အသိအမြင်နှင့် ဉာဏ်ရည်သည် ပင်ကိုယ်သဘာဝနှင့် ပျိုးထောင်ထိန်းကျောင်းခံခဲ့ရသော ပုံစံအပေါ် မူတည်၏။ ပျိုးထောင်ထိန်းကျောင်းခံခဲ့ရသော ပုံစံမှာ ပတ်ဝန်းကျင်နှင့်လည်း ဆိုင်သည်။

ချင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာခေတ်၌ မွေးဖွားခဲ့၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရသည်။ ပြုပြင်ပြောင်းလဲမှု၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ကာ ပြုပြင်ပြောင်းလဲသွားသော လမ်းစဉ်များနှင့် ကျင့်စဉ်များကြောင့် ကောင်းကင်နှင့်မြေပြင်၏ မဟာတာအို ပြောင်းလဲသွားမှုကိုလည်း မြင်တွေ့ခဲ့ရသည်။

သူ၏အတွေ့အကြုံက တာအိုဘိုးဘေးကြီးထက် သာသည်ဟု မပြောဝံ့သော်လည်း တချို့နေရာများတွင် သူ့အတွေးအမြင်သည် ပိုသာ၏။

“အရှင်မယွင်‌ရှောင်ဆီက သူ နဂါးသွဲ့ရေကန်မှာ ကောင်းကင်နတ်အရှင်မူနဲ့ တွေ့ခဲ့တဲ့အကြောင်း ကြားပါတယ်... ကောင်းကင်နတ်အရှင်ယွင်ရဲ့ ဘူးအတွက် ကောင်းကင်နတ်အရှင် ဒီရောက်လာတာမလား”

တာအိုဘိုးဘေးကြီးသည် သစ်သားဘူးတစ်ဘူး ထုတ်၍ ပြော၏။ “ဒီဘူးကို ကျုပ် စောင့်ရှောက်နေခဲ့တာ နှစ်ပေါင်းထောင်သောင်းချီပါပြီ... နောက်ဆုံးတော့ ဒီတာဝန်ကို ခဝါချနိုင်တော့မယ်”

ချင်မူ ဘူးလေးကို ယူ၍ မေးလိုက်သည်။ “ခင်ဗျားလည်း အထဲမှာ ဘာရှိလဲ မသိဘူးလား”

တာအိုဘိုးဘေးကြီးက ခေါင်းယမ်းကာ ပြန်ဖြေသည်။ “ဒါက ကောင်းကင်နတ်အရှင်ယွင် ကောင်းကင်နတ်အရှင်မူအတွက် ထားခဲ့တဲ့ပစ္စည်းပါ... ကျုပ်က ဘယ်လိုလုပ် ဖွင့်ဝံ့ပါ့မလဲ... ကောင်းကင်နတ်အရှင်ယွီဆီမှာ ဘူးနှစ်ဘူး ရှိတယ်... တစ်ဘူးက ကောင်းကင်နတ်အရှင်မူအတွက်၊ နောက်တစ်ဘူးက ကောင်းကင်နတ်အရှင်ချင်အတွက်... သူ့ဘူးကိုတော့ သူ့ဆီ ပေးပြီးသွားပြီ”

“ကောင်းကင်နတ်အရှင်ယွင်က ခိုင်ဧကရာဇ်အတွက်လည်း ဘူးတစ်ဘူး ထားခဲ့တာလား... အရှင်မယွင်ရှောင် ကျွန်တော့်ကို အဲဒီအကြောင်း မပြောခဲ့ဘူး”

ချင်မူ သိချင်သွားပြီး မေးလိုက်မိသည်။ “ကောင်းကင်နတ်အရှင်ချင်ရဲ့ ဘူးထဲမှာ ဘာရှိလဲ”

တာအိုဘိုးဘေးကြီးက ရယ်၏။ “သူ ဘူးဖွင့်ကြည့်တုန်းက ကျုပ် သူ့ဘေးမှာ ရှိခဲ့တယ်... အဲဒါက မဟာလေဟာနယ်လို့ခေါ်တဲ့ မြေပုံတစ်ခုပဲ... အသေးစိတ်တော့ မကြည့်လိုက်မိဘူး”

“မဟာလေဟာနယ်တဲ့လား”

ချင်မူမှာ စိတ်လှူပ်ရှားလာပြီး မေးတော့သည်။ “ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ရှုဆီ စောစောကပဲ သွားပြီး ဒီရောက်လာတာ.... မဟာလေဟာနယ်မှာ မူမမှန်တာတွေ ဖြစ်နေတယ် ကြားလို့ သူတို့က တပည့်တွေခေါ်ပြီး သွားကြည့်ကြတယ်တဲ့... မဟာလေဟာနယ်ဆိုတာ ဘယ်လိုဟာမျိုးလဲ”

တာအိုဘိုးဘေးကြီးက ခေါင်းယမ်းရင်း ဖြေသည်။ “ကျုပ်လည်း မသိဘူး... ကောင်းကင်နတ်အရှင်ဆယ်ယောက်ပဲ သိတာ... ကျုပ်က ကြားဖူးရုံပဲ... ဘယ်မှာ ရှိလဲ၊ ဘယ်လိုနေရာလဲ မသိဘူး... ဒါပေမဲ့ ကောင်းကင်နတ်အရှင်ချင် မြေပုံကို ရသွားတုန်းက ကပ်ဘေးတစ်ခု ဖြစ်ပေါ်လာတဲ့အကြောင်းတော့ သိတယ်... အဲဒီနောက်ပိုင်း သူက ရွှင်ပျော်ပျော်ကျေးရွာဆီ ထွက်သွားတယ်.... ကောလဟာလတွေအရတော့ ရွှင်ပျော်ပျော်ကျေးရွာက မဟာလေဟာနယ်ထဲမှာတဲ့.... ကောင်းကင်နတ်အရှင်ဆယ်ပါး မဟာလေဟာနယ်ကို အင်မတန် အလေးအနက်ထားတဲ့ အကြောင်းရင်းကလည်း ကောင်းကင်နတ်အရှင်ချင် ဘာဖြစ်သွားလဲ သိချင်လို့ပဲ”

ချင်မူ အတွေးထဲ နစ်မျောသွားသည်။ မဟာလေဟာနယ်၊ ရွှင်ပျော်ပျော်ကျေးရွာနှင့် ဖန်ဆင်းရှင်တို့ ဖော်ဆောင်ထားသော ကမ္ဘာ ... ဤသုံးခုအကြား မည်သို့ပတ်သက်နေသနည်း။

ချင်မူသည် သွေးသံချေးဇုန်ထဲရှိ ရုပ်ကြွပန်းချီများမှတစ်ဆင့် ကမ္ဘာဦးအစဖန်ဆင်းရှင်များ အသိစိတ်အလျဉ်တစ်ခုကို ရရှိသွားပြီးနောက် အခြားသူများထက် သန်မာအားကောင်းလာကြကြောင်း မြင်တွေ့ခဲ့ရ၏။ သူတို့က နိတ္ထိဗလာမှ အခြားကမ္ဘာတစ်ခုကို ထပ်မံဖန်ဆင်းပြီးနောက် ရုန့်ရင်းဆန်ခတ် ပြိုကွဲနေသော ကမ္ဘာဟောင်းဆီမှ၊ ရှေးဟောင်းနတ်ဘုရားများ၏ လိုက်လံသတ်ဖြတ်မှုဆီမှ လွတ်မြောက်ရန် ကြိုးစားခဲ့ကြသည်။

ဤဖန်ဆင်းရှင်များ ဖန်တီးခဲ့သော ကမ္ဘာသည် မဟာလေဟာနယ် ဖြစ်နိုင်မည်လား။

ရွှင်ပျော်ပျော်ကျေးရွာက မဟာလေဟာနယ်အတွင်း၌ ရှိနေသည်လား။

ချင်ဟန်ကျန်းနှင့် ကြင်ယာတော်မင်းသမီးကျန်းတို့က ရွှင်ပျော်ပျော်ကျေးရွာတွင် အန္တရာယ်များ ကျက်စားနေကြောင်း ပြောခဲ့ဖူး၏။ ထိုအဓိပ္ပါယ်က မည်သည်ကို ဆိုလိုသနည်း။

ချင်မူ့တွင် မဖြေနိုင်သော မေးခွန်းများစွာ ပြည့်နေသည်။

ချင်မူ ကောင်းကင်နတ်အရှင်ယွင်၏ ဘူးကို ဖွင့်ကြည့်လိုက်သည့်အခါ မှင်သက်သွား၏။ အထဲတွင် အသေးစားယဇ်ပလ္လင်လေးတစ်ဆူ ရှိနေသည်။

ယဇ်ပလ္လင်လေးသည် တစ်လက်မ၏ ဆယ်ပုံသုံးပုံသာ ရှိသည့်တိုင်အောင် သေးငယ်လွန်းပြီး အမြင့်ကလည်း လက်ချောင်းနှစ်ချောင်းစာသာ ရှိ၏။ ဘူးတစ်ဘူးထဲ ဆန့်အောင် လွန်စွာချုံ့ခံထားရလေသည်။

ချင်မူ ဘူးထဲမှ ဤယဇ်ပလ္လင်လေးကို ထုတ်ချင်သော်လည်း ဘူးထဲ လှမ်းလိုက်သည့်အခါ သူ့လက် သေးသွားကြောင်း သဘောပေါက်လိုက်သည်။ သူ့လက်ဖြင့် အောက်ခြေသို့ပင် မထိနိုင်ပေ။

ဘူး၏အတွင်းပိုင်းက အလွန်ကျယ်နေပြီး ယဇ်ပလ္လင်ကလည်း ထင်ထားသလို သေးမနေပေ။

ချင်မူက ဘူးလေးနှင့် ယဇ်ပလ္လင်ကို သေသေချာချာ ကြည့်ရှုပြီးနောက် ယဇ်ပလ္လင်ထက်၌ မယုံနိုင်လောက်အောက် သေးငယ်နေသော အရာတစ်ခု တွေ့လိုက်ရ၏။ သူက မှော်စွမ်းအင်ပို့လွှတ်၍ ချီစွမ်းအင်ဖြင့် လက်ဝါးတစ်ခု ဖွဲ့တည်ပြီး ဘူးလေးအတွင်းရှိ နေရာဟင်းလင်းပြင်ထဲသို့ လှမ်းလိုက်ကာ ယဇ်ပလ္လင်ထက်ရှိ ပစ္စည်းလေးကို ယူလိုက်လေသည်။

ချင်မူ ချီစွမ်းအင်ကို ပြန်လည်ဆွဲယူလိုက်သည့်အခါ သူ့လက်ထဲ၌ လက်ဝါးထက် အနည်းငယ်ကြီးသော ကုဗတုံးသဏ္ဌာန် စည်းတံဆိပ်တစ်ခု ရှိနေကြောင်း တွေ့လိုက်ရသည်။

“ဒီစည်းတံဆိပ်က...”

စည်းတံဆိပ်သည် သိပ်မကြီး။ အမည်မသိ အရာ၀တ္တုတစ်မျိုးဖြင့် သွန်းလုပ်ထားဟန် တူပြီး ကြည်လဲ့နေချေရာ စည်းတံဆိပ်ကို ဖြတ်၍ သူ၏လက္ခဏာများကိုပင် ခပ်ရေးရေးမျှ မြင်နေရသည်။

၎င်းက စည်းတံဆိပ်ဖြစ်သော်လည်း သာမန်စည်းတံဆိပ်များလို အပေါ်တွင် စာလုံးခတ်နှိပ်ထားခြင်း မရှိပေ။ ၎င်းအထက်တွင် ရှုပ်ထွေးသော တောင်တစ်လုံး၏ ပုံသဏ္ဍာန် ရှိ၏။

ချင်မူ ၎င်းကို ကစားကြည့်ပြီးနောက် တာအိုဘိုးဘေးကြီးဆီသို့ ပေးကာ မေးလိုက်သည်။ “ဒီစည်းတံဆိပ်ထဲမှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေမလဲ ရှာပေးလို့ရမလား”

တာအိုဘိုးဘေးကြီးက စည်းတံဆိပ်ကို နှံ့နှံ့စပ်စပ် ကြည့်ရှုလိုက်ပြီး သူ၏မျက်ခုံးနှစ်ဖက်ကြား၌ မျက်လုံးတစ်လုံး ရုတ်တရက် ပေါ်လာကာ ကြယ်ရောင်တို့ ဖြန့်ကျက်လိုက်၏။ ၎င်းက ကောင်းကင်မျက်လုံးကောင်းကင်နတ်သိုင်း ဖြစ်သည်။

တခဏကြာသော် သူ့နဖူးပေါ်ရှိ ကောင်းကင်မျက်လုံးက ပိတ်သွားပြီး နောက်မျက်လုံးတစ်လုံး ပေါ်လာသည်။ ထိုမျက်လုံးသည် ယိုတုမိစ္ဆာနတ်ဆိုးမီးလျှံတို့ဖြင့် တောက်လောင်နေကာ မြေအောက်ဘုံအရှင်သခင်၏ မျက်လုံးဖြစ်၏။

သူက ၎င်းကို ဖယ်ရှားပြီးနောက် ရှေးဟောင်းနတ်ဘုရားအမျိုးမျိုး၏ ကောင်းကင်မျက်လုံး ကောင်းကင်နတ်သိုင်းအမျိုးမျိုးကို အသုံးပြုနေသော်လည်း ဤစည်းတံဆိပ်၏ လျှို့ဝှက်ချက်ကို ရှာမတွေ့သေးပေ။ “စည်းတံဆိပ်ထဲက လျှို့ဝှက်ချက်တွေကို မမြင်ရဘူးဖြစ်နေတယ်”

တာအိုဘိုးဘေးကြီးက ခေါင်းယမ်းပြီးနောက် စည်းတံဆိပ်ကို သူ့ဆီသို့ ပြန်ပေး၏။ “ကောင်းကင်နတ်အရှင်ယွင်က ကောင်းကင်နတ်အရှင်မူအတွက် တမင်တကာ ထားခဲ့တာဆိုမှတော့ အဓိပ္ပာယ်တော့ ရှိမှာပါ”

ချင်မူလည်း သိချင်လာသဖြင့် တတိယမျက်လုံးဖွင့်ကာ စေ့စေ့ပေါက်ပေါက် ကြည့်သည်။ ထိုအခိုက်အတန့်တွင် ရှုကျွင်း၏အသံ ထွက်ပေါ်လာ၏။ “မဟာဧကရာဇ် ကျူယွီရှရဲ့ တော်ဝင်စည်းတံဆိပ်တော်ပါလား... သူ့အသိစိတ်အလျဉ်ကို စုစည်းပြီး ဖွဲ့တည်ထားတဲ့ အဖိုးထိုက်ရတနာပဲ”

ချင်မူ တတိယမျက်လုံးဖြင့် နောက်တစ်ကြိမ် ကြည့်လိုက်သည့်အခါမှ မမူမှန်သောအရာကို ချက်ချင်း ရှာတွေ့သွားသည်။

ဤစည်းတံဆိပ်သည် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် သန်မာအားကောင်းသော အသိစိတ်အလျဉ်တစ်ခုကို စုစည်းလျက် ဖွဲ့တည်ထားခြင်း ဖြစ်၏။ တတိယမျက်လုံး၏ အမြင်ထဲတွင် စည်းတံဆိပ်က သူ့လက်ဝါးထက်၌ ရပ်နေသော အရပ်မြင့်မြင့် ဧကရာဇ်တစ်ပါးအသွင် ပြောင်းလဲသွားသည်။

သူ့အကြည့် ဧကရာဇ်၏ ခန္ဓာကိုယ်အပေါ် ကျရောက်သွားသည့်အခါ တမုဟုတ်ချင်း အသိစိတ်အလျဉ် တိုက်ခိုက်ခံလိုက်ရသည်ကို ခံစားလိုက်ရ၏။

ထိုဧကရာဇ်၏ အသိစိတ်အလျဉ်က သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသဖြင့် သူ၏မျက်ခုံးနှစ်ဖက်ကြားမှာ ပြဲထွက်တော့မည့်အလား တင်းကြပ်လာတော့သည်။

ချင်မူ တတိယမျက်လုံးကို ပိတ်လိုက်စဉ် ရှုကျွင်းသည် ဆက်ပြောနေ၏။ “မဟာဧကရာဇ်ကျူယွီရှစ်ရဲ့ ရတနာက ဘယ်လိုလုပ်ပြီး ဒီရောက်လာတာပါလိမ့်... ဒီတံဆိပ်တော်က သူ့ရဲ့အခွင့်အာဏာကို ကိုယ်စားပြုတယ်... သူ ရှိတုန်းကဆို စကြဝဠာတစ်ခွင် လျှောက်သွားတိုင်း ဒီဟာကို ယူသွားတတ်တာ... သူ့ဥပဒေကို မနာခံရင် ဒီစည်းတံဆိပ်က ဘယ်မျိုးနွယ်မဆို သတ်ပစ်တယ်... သူ့တံဆိပ် ပေါ်လာတိုင်း မိုင်တစ်သောင်းပတ်ပတ်လည်မှာ အ‌လောင်းတွေအပြည့်ပဲ... ဘယ်သူ့မှ သူ့ကို မပုန်ကန်ရဲဘူး... ဒါပေမဲ့ သူက ရှေးဟောင်းနတ်ဘုရားတွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ပြီလေ... ဘယ်လိုလုပ်ပြီး တံဆိပ်တော်က ဒီမှာ ပေါ်လာတာလဲ”

ချင်မူမှာ အသိစိတ်အလျဉ်ဆီသို့ တိုက်ခိုက်ခံခဲ့ရသဖြင့် ခေါင်းကိုက်နေသည်။ တခဏကြာမှ သက်သာသွားပြီး မေးလိုက်၏။ “ရှုကျွင်း၊ မဟာဧကရာဇ်ရဲ့ တံဆိပ်တော်ကို ဘယ်လိုအသုံးချရလဲ”

ရှုကျွင်းက ရယ်သည်။ “မင်းရဲ့ အဆီအနှစ်တွေ၊ သွေးတွေနဲ့ ၊ အသိစိတ်အလျဉ်တွေကို သုံးနှစ်ဆက်တိုက် ငါ့ဆီ ပို့လွှတ်ပေးရမယ်... ဒါဆို ငါ အသုံးချတတ်အောင် သင်ပေးမယ်... ဒါက သိပ်အင်အားကြီးတယ်... မရေမတွက်နိုင်တဲ့ ဖန်ဆင်းရှင်တွေ၊ သိုင်းဂိုဏ်းချုပ်တွေနဲ့ ရှေးဟောင်းနတ်ဘုရားတွေကို သတ်ပစ်ထားတာ... ဘယ်သူမှ ဒီတံဆိပ်တော်ရဲ့အစွမ်းကို တန်ပြန်မတိုက်ခိုက်နိုင်ဘူး... ငါ့ကို သုံးနှစ်ဆက်တိုင် ထောက်ပံ့ပေး... ငါ မင်းကို သင်ပေးမယ်”

“ထားလိုက်ပါတော့”

ချင်မူ သူ့ကို လျစ်လျူရှုပြီး တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်နေ၏။ “ကောင်းကင်နတ်အရှင်ယွင် ဒီစည်းတံဆိပ်ကို ထားခဲ့တာ ဘာအဓိပ္ပါယ်များ ဖြစ်မလဲ... ခိုင်ဧကရာဇ်ကိုကျ မဟာလေဟာနယ်ရဲ့ မြေပုံ ပေးတယ်... ငါ့ကိုကျ မဟာဧကရာဇ်ရဲ့ စည်းတံဆိပ်တော် ပေးတယ်... ဒီပစ္စည်းနှစ်ခုက ဆက်စပ်နေဖို့ များတယ်....”

တာအိုဘိုးဘေးကြီး အံ့အားသင့်သွားသည်။ “ကောင်းကင်နတ်အရှင်မူက ဒီစည်းတံဆိပ်ရဲ့ နာမည်ကို သိတယ်လား”

ချင်မူက စည်းတံဆိပ်ကို သိမ်း၍ ရယ်လိုက်၏။ “နည်းနည်းပါးပါး သိတာပါ... ဒါကို မဟာဧကရာဇ်ကျူယွီရှစ်ရဲ့ အသိစိတ်အလျဉ်နဲ့ ဖွဲ့တည်ထားတာပဲ... ဒါပေမဲ့ ဘယ်လိုအသက်သွင်းရမလဲတော့ မသိဘူး... တာအိုဘိုးဘေးကြီးက ကောင်းကင်နတ်အရှင်ယွင်နဲ့ ရင်းနှီးတယ်မလား”

တာအိုဘိုးဘေးကြီးက ဆက်ပြောသည်။ “ကျုပ် တချို့ကိစ္စတွေမှာ အောင်မြင်ခဲ့တော့ လူသားမျိုးနွယ်အကြား ထင်ပေါ်လာတာနဲ့ ကောင်းကင်နတ်အရှင်ယွင်က ကျုပ်ဆီ လာတွေ့ပြီး သင်္ချာပညာအကြောင်း မေးမြန်းခဲ့တယ်... ကျုပ်တို့ အတော်ကြာကြာ စကားပြောခဲ့မိတယ်... ကျုပ်အတွက် ကျုပ်ရဲ့သင်္ချာတာအိုက ရှေးဟောင်းနတ်ဘုရားတွေရဲ့ မဟာတာအိုကို ဖျက်စီးပြီး သူတို့စည်းမျဉ်းဥပဒေတွေကို တွန်းလှန်နိုင်ဖို့ပဲ”

သူသည် ကောင်းကင်တန်အရှင်ယွင် သူ့ကို လာတွေ့သည့်အကြောင်းများအား ဆက်လက်ပြောပြနေ၏။

ထိုစဉ်အခါတုန်းက ကောင်းကင်နတ်အရှင်ယွင်သည် ကောင်းကင်ဟန်၏ ကောင်းကင်နတ်ဧကရာဇ် ဖြစ်နေပြီး နဂါးဟန်ကောင်းကင်နတ်ဘုံနှင့် အမည်ခံပတ်သက်မှုသာ ရှိတော့ကာ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကိုယ်စား သက်ရှိသတ္တဝါတို့အပေါ် အုပ်ချုပ်နေပြီဖြစ်သည်။

ကောင်းကင်နဂါး ကောင်းကင်နတ်ဘုံကိုတော့ နတ်ဘုရားတစ်ပိုင်းတို့အား ကြီးစိုးသော ကောင်းကင်နတ်အရှင်ဟောင်က မင်းမူထားသည်။

ကောင်းကင်နတ်ဘုံနှစ်ဘုံသည် တစ်ဘုံနှင့်တစ်ဘုံ မကြာမကြာ တိုက်ခိုက်လေ့ရှိပြီး သက်ရှိသတ္တဝါများနှင့် နတ်ဘုရားတစ်ပိုင်းတို့အကြား တိုက်ပွဲရပ်စဲသည်ဟူ၍ မရှိပေ။ မျိုးနွယ်စုများအကြား တိုက်ပွဲကား နဂါးဟန်ခေတ်အတွင်း နှစ်ပေါင်းထောင်ချီ ကြာခဲ့ပြီး မရေမတွက်နိုင်အောင် သေကြေပျက်စီးခဲ့ကြရသည်။

သို့သော် ရှေးဟောင်းနတ်ဘုရားတို့က ကမ္ဘာလောကကြီးကို ချုပ်ကိုင်ထားဆဲ ဖြစ်သည့်အတွက် ကောင်းကင်နတ်ဘုံနှစ်ဘုံစလုံးက နဂါးဟန်ကောင်းကင်နတ်ဘုံ၏ အခွဲများသာ ဖြစ်ခဲ့သည်။ နတ်ဘုရားတစ်ပိုင်းများနှင့် သက်ရှိသတ္တဝါများအကြား တိုက်ပွဲက ရှေးဟောင်းနတ်ဘုရားတို့၏ အချုပ်အခြာအာဏာကို ပို၍သာ ခိုင်မာလာစေ၏။ ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံနှင့် ကောင်းကင်နဂါးကောင်းကင်နတ်ဘုံမှာ ရှေးဟောင်းနတ်ဘုရားတို့ဆီသို့ အရိုအသေပြုရသေးချေသည်။

သူတို့ အရိုအသေမပြုလျှင် နဂါးဟန်ကောင်းကင်နတ်ဘုံ၏ ရှေးဟောင်းနတ်ဘုရားများက အောက်သို့ ဆင်းသက်လာကြပြီး အရိုအသေပြုပေးသော ဘက်၌ ဝင်ရောက်တိုက်ခိုက်ပေးကြ၏။ ထိုအခါမျိုးတွင် သွေးချောင်း တသွင်သွင် စီး၍ အလောင်းများ တောင်လို ပုံကြရသည်။

ထိုအချိန်၌ ကောင်းကင်နတ်အရှင်ယွင်သည် အနည်းငယ် နာမည်ကျော်ကြားနေသော တာအိုဘိုးဘေးကြီးကို ရှာတွေ့သွားပြီး ကောင်းကင်မဟာမိတ်အဖွဲ့သို့ ဝင်ရန် ဖိတ်ခေါ်ခဲ့၏။

ထို့‌နောက် တာအိုဘိုးဘေးကြီးက အက္ခရာသင်္ချာဖြင့် မဟာတာအိုအားလုံးကို ခွဲခြမ်းစိတ်ဖြာတော့သည်။ သူသည် ကောင်းကင်နတ်သိုင်းအမျိုးမျိုး သိထားသော်လည်း သိုင်းစွမ်းအားမလုံလောက်၍သာ ကောင်းကင်နတ်သိုင်းများများစားစား မတတ်မြောက်ခြင်း ဖြစ်၏။

ထိုအချိန်ကာလများအတွင်း စကြဝဠာထဲတွင် ထွန်းသစ်စကြယ်များသဖွယ် ပါရမီရှင်များစွာ ရှိကြသည်။ အင်အားကြီးမားသော စစ်သည်တော်များလည်း မရှားပေ။ သို့ဖြစ်၍ တာအိုဘိုးဘေးကြီးနှင့် ဗြဟ္မဗုဒ္ဓမှာ သိပ်မထင်ပေါ်ကြချေ။

ကောင်းကင်နတ်အရှင်ယွင်က အက္ခရာသင်္ချာကို သုံး၍ ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုအား ဖြိုခွဲတွန်းလှန်ပစ်နိုင်မည်၊ ကမ္ဘာသူကမ္ဘာသားတို့ ဖိနှိပ်ခံနေရမှုကို အဆုံးသတ်ပေးနိုင်မည်ဟု ပြောခဲ့စဉ်အခါတွင် တာအိုဘိုးဘေးကြီးမှာ အံ့ဩတုန်လှုပ်ခဲ့ရပြီး မယုံခဲ့ပေ။

ထိုအချိန်တွင် တာအိုဘိုးဘေးကြီးနှင့် ဗြဟ္မဗုဒ္ဓက ကိုယ့်ဘဝနှင့်ကိုယ်၊ ကိုယ့်တပည့်များနှင့်ကိုယ် နေထိုင်ကာ ကွဲကွာနေကြပြီဖြစ်သည်။

သို့သော် ကောင်းကင်နတ်အရှင်ယွင်၏ စကားက သူ့ကို ‘သာမန်လူသားများလည်း ရှေးဟောင်းနတ်ဘုရားတို့၏ တန်ခိုးကို နားလည်ပြီး အသုံးပင်ချနိုင်လိမ့်မည်’ဟု ယုံကြည်လာစေ၏။

ဤသို့ဖြင့် တာအိုဘိုးဘေးကြီးသည် ကောင်းကင်နတ်အရှင်ယွင်၏ အစီအစဉ်အတိုင်း ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုများအား နှစ်ပေါင်းထောင်ချီကြာသည့်တိုင်အောင် မရပ်မနား ခွဲခြမ်းစိတ်ဖြာခဲ့လေသည်။

ယနေ့တွင် သူကား ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုအခြေခံများအား ရေးဆွဲပြီးချေပြီ။

“ဒါပေမဲ့ ကမ္ဘာကြီး ပြောင်းလဲလာတာကို ကျုပ် မြင်တွေ့ခဲ့ရတယ်... ဒီနေ့ခေတ်ရဲ့ ရှေးဟောင်းနတ်ဘုရားတွေက ကမ္ဘာလောကကြီး ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေ မဟုတ်တော့ဘူး”

တာအိုဘိုးဘေးကြီးမှာ ငေးငိုင်သွားပြီးနောက် ရုတ်တရက် ပြောသည်။ “ကောင်းကင်မဟာမိတ်အဖွဲ့က ရှေးဟောင်းနတ်ဘုရားတွေလိုပဲ အန္တရာယ် များလာခဲ့ပြီ... ကျုပ်က လောကီရေးရာတွေကို အာရုံမရှိတဲ့ သုတေသနသမားတစ်ယောက်ပဲ ဆိုတော့ ပြင်တောင် မပြင်ဆင်ထားရဘဲ အခြေအနေတွေကို ရင်ဆိုင်ခဲ့ရတယ်... ဒါကြောင့် ကောင်းကင်နတ်အရှင်မူ ချင်းယွင်ကောင်းကင်ဘုံမှာ ကျုပ်ဆီ လာတွေ့တယ် ကြားလိုက်တုန်းက ကောင်းကင်နတ်အရှင်ကို ရှေးဟောင်းနတ်ဘုရားတွေရဲ့ မဟာတာအိုတွေ ပေးချင်လို့ စွန့်စားပြီး အစောင့်အရှောက်ဆောင်ဆီ လှမ်းပို့ပေးလိုက်တာပါ”

ချင်မူ သူ့ကို ကျေးဇူးတင်လိုက်ပြီး မေး၏။ “ဘာကြောင့် တာအိုဘိုးဘေးကြီးက အစောင့်အရှောက်ဆောင်ရဲ့ ရှေးဟောင်းနတ်ဘုရားမဟာတာအိုတွေကို ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ဆီ ပေးခဲ့တာလဲ”

တာအိုဘိုးဘေးကြီးမှာ အတန်ငယ် တွန့်ဆုတ်သွားပြီးနောက် ဖြေလေသည်။ “အဲဒါကလည်း ကောင်းကင်နတ်အရှင်ယွင်ရဲ့ စိတ်ကူးပဲ”

ချင်မူ မှင်သက်သွား၏။

“နဂါးဟန်ခေတ်ရဲ့ နောက်ဆုံးနှစ်တွေမှာ ကောင်းကင်နတ်အရှင်ယွင်က သူ ကြာကြာနေရတော့မှာ မဟုတ်မှန်း သိခဲ့ပုံပေါ်ပါတယ်.... သူက ကောင်းကင်မဟာမိတ်အဖွဲ့က ပျက်စီးနေပြီမလို့ ရန်သူတစ်ယောက် လိုတယ်ပြောတယ်... အဲဒါနဲ့ မဟာမိတ်ထဲက လူတွေကို စောင့်ကြည့်ပြီးတော့ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် ဖြစ်နိုင်တဲ့လူကို ရွေးထုတ်ပြီး ကျုပ်ကို သူ့အနား ကပ်ခိုင်းခဲ့တာပဲ”

တာအိုဘိုးဘေးကြီးက ပြောသည်။ “သူက ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ပြဿနာဇစ်မြစ်တွေကို မရှင်းပေးနိုင်လို့ စိတ်ဝမ်းကွဲပြီး အင်အားမကြီးထွားနိုင်အောင်ပဲ တားနိုင်ခဲ့တယ်... ကံဆိုးစွာနဲ့ သူ ဖြစ်လာမှာ ကြောက်တဲ့အတိုင်း ဖြစ်လာခဲ့သေးတယ်”

All Chapters