← Chapters

ရှေးဟောင်းဘုရင်နန်းတော်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း

Vol. 71 Ch. 930

ရှေးဟောင်းဘုရင်နန်းတော်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း

Vol. 71 Ch. 930

‘ယွင်ချွီးရှို့က အတော်လေး ဉာဏ်များပြီး နှောင့်တတ်တဲ့ အကျင့်ရှိတယ်... ကောလဟာလတွေအရ ကောင်းကင်နတ်ဧကရီဆိုတာ မွေးဖွားလာကတည်းက ကမ္ဘာလောကကရဲ့ မိခင်တစ်ဦးအနေနဲ့ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားရတယ်တဲ့.... ဒါပေမဲ့ အရှင်မယွမ်မုကတော့ ထူးထူးခြားခြား သွက်သွက်လက်လက်နဲ့ ထက်မြက်ပြီး တက်ကြွတယ်လို့ ပြောကြတယ်’

ချင်မူက ယွင်ချွီးရှို့ကို ခေါ်၍ ယွင်ကျန်းလီ၊ ချီကျုံလီနှင့် ကျန်ရှိသူများဆီ လျှောက်သွားသည်။ သူ့ရင်ထဲတွင်တော့ လှိုင်းတံပိုးများ ထကြွနေပြီး တွေးနေမိသည်။ ‘ယွင်ချွီးရှို့က ကောင်းကင်နတ်ဧကရီမဟုတ်ဘဲ အရှင်မယွမ်မု ဖြစ်နေတာလား... အဆုံးသတ်မြို့ပျက်မှာ အရှင်မယွမ်မု မဟုတ်ဘဲ ကောင်းကင်နတ်ဧကရီ သေခဲ့ရတာဆိုရင်....”

“ကေပာင်းကင်နတ်အရှင်၊ ရှင့်လည်ဂုတ်မှာ ကြက်သီးမွေညင်းတွေ ထနေတယ်”

ယွင်ချွီရှို့သည် သူ့ဂုတ်ကို စပ်စပ်စုစု ကြည့်ပြီး တအံ့တဩ ပြော၏။ “ချွေးလည်း ထွက်နေပါလား ထူးဆန်းလိုက်တာ”

သူမက နူးညံ့နွေးထွေးသော လက်ဖဝါးကို သူ့နဖူးပေါ် လှမ်းတင်ကာ ပို၍ပင် အံ့အားသင့်နေသည်။ “နဖူးက ခြောက်နေတာပဲ... ကောင်းကင်နတ်အရှင်၊ ရှင်တော့ ဖျားနေပြီ”

“မဟုတ်ဘူး ဖျားနေတာက ခင်ဗျား”

ချင်မူ စိတ်တိုတိုဖြင့် သူမကို တွန်းထုတ်ပြီးနောက် ကျန်ရှိသူများဆီ ပြန်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “မမကြီးယန်အာ၊ ကျွန်တော့်ပခုံးပေါ် လာခဲ့”

ယန်အာ အစိမ်းရောင်စာကလေးအသွင် ပြောင်း၍ ပခုံးအပေါ်တွင် လာနားသည့်အခါမှ ချင်မူမှာ စိတ်အေးလက်အေး ဖြစ်သွားသည်။

သူ့လက်ကို ယွင်ချွီးရှို့ တွဲထားတုန်းက မီးဖိုအား ဖင်ခုထိုင်ထားရသလို စိတ်‌အေးအေး မထားနိုင်ခဲ့ပေ။ သူမသည် အလွန်ဉာဏ်နီဉာဏ်နက်များပြီး စိတ်ကလည်း လက်တစ်ဆစ်ဖြစ်သည်။ စောစောက သူ့ကို အသေသတ်တော့မည့်အလား ကြောက်စရာကောင်းခဲ့သော်လည်း ယခုတွင်မူ ဖျားချင်စရာကောင်းလောက်အောင် ချိုသာပြနေသည်။

ယွင်ချွီးရှို့၏ တကယ့်အတွေးများကို ချင်မူ မခန့်မှန်းတတ်ပေ။

ယွင်ချွီးရှို့ သူ့လက်ကို ဆုပ်ကိုင်ထားသည့်အချိန်တုန်းက ချင်မူမှာ အဆိပ်ပြင်းသော မြွေတစ်ကောင် သူ့ကို ရစ်ပတ်ထားသကဲ့သို့ ခံစားခဲ့ရသည်။ ယန်အာ သူ့ပခုံးအပေါ် လာနားသည့်အချိန်မှ သက်တောင့်သက်သာ ရှိသွား၏။

ယန်အာကလည်း သူ့လည်ဂုတ်ကို ဆက်လက်စပ်စုနေရင်း သိချင်နေသည်။ ‘သခင်လေးက စောစောက စိတ်မလှုပ်ရှားခဲ့ဘဲ ဘာလို့ အခုမှ စိတ်လှုပ်ရှားနေတာပါ့လိမ့်’

ချင်မူက တွေးနေသည်။ ‘သံသယဝင်စရာ အချက်တစ်ချက် ရှိသေးတယ်... ငါ ကောင်းကင်နတ်ဧကရီရဲ့ ဝိညာဉ်ကို ဆင့်ခေါ်ခဲ့တုန်းက သူ မသေသေးတာ တွေ့ခဲ့ရတယ်... ပိုလို့တောင် ထူးဆန်းတာက အစ်ကိုကြီးဝေစွေ့ဖုန်း ဖမ်းပြီး သလင်းကျောက်အခေါင်းအထဲမှာ ပိတ်လှောင်ထားတဲ့ အရှင်မယွမ်မုက တစ်ခါနိုးလာခဲ့ဖူးတာပဲ’

ချင်မူ့ရင်ထဲတွင် သံသယများ ပေါက်ဖွားလာသည်။ ‘ဒါဆို ဒီယွင်ချွီးရှို့က ဘယ်သူလဲ... သူက ကောင်းကင်နတ်ဧကရီဆိုရင် သူ့အကျင့်စရိုက်က ကောင်းကင်နတ်ဧကရီတစ်ပါးနဲ့ အဝေးးကြီးပဲ... ဒါမှမဟုတ် ဒါကပဲ သူ့ရဲ့ ပင်ကိုယ်သဘာဝလား”

ယွင်ကျန်းလီ၊ ချီကျုံရီနှင့် ကျန်ရှိသူများသည် ယွင်ချွီးရှို့အား အလွန်သတိထားနေကြ၏။ သူမကို ကောင်းကောင်းမွန်မွန် ဆက်လက်ဆက်ဆံကြသော်လည်း ဖက်လှဲတကင်း မရောရဲလွန်းပေ။ ချင်မူသာ အေး‌အေးဆေးဆေး ရှိပြီး သူမနှင့် ပိုရင်းနှီးလာခြင်း ဖြစ်သည်။

သူတို့နှစ်ယောက်က ရေပက်မဝင်အောင် စကားပြောရင်း ရှေးဟောင်းနတ်ဘုရားဘုရင်၏ ရှေးဟောင်းဘုရင်နန်းတောင်ဆီသို့ လမ်းလျှောက်သွားနေကြသည်။

“ဟိုကောင်ချင်က ငါ့နေရာကို လာချင်တယ်ပေါ့လေ”

ရှေးဟောင်းဘုရင်နန်းတော်ထဲတွင် ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှင်ဇူသည် သတင်းကြားထားပြီး ဖြစ်၏။ သူက ဟက်ခနဲ တစ်ချက်ရယ်လိုက်ရင်း ပြောသည်။ “ဒီကောင် ငါ သူ့ကို သတ်ချင်နေတာ သိသိကြီးနဲ့ သေမင်းခံတွင်းဝကိုမှ ဝင်လာတယ်လား... ငါက ရှေးဟောင်းဘုရင်နန်းတော်ထဲမှာ သူ့ကို မတိုက်ခိုက်နိုင်ဘူး ထင်နေလား”

“ဆရာ သူ့ကို တကယ် သတ်မှာလား” မဟာနေဧကရာဇ်က မေးသည်။

ဤမဟာနေဧကရာဇ်သည် ချင်မူ၏ ချင်စာလုံးကမ္ဘာတွင် နေခဲ့ဖူးသော ရှေးဟောင်းနတ်ဘုရား၊ မဟာနေဧကရာဇ် မဟုတ်ပေ။ ထိုရှေးဟောင်းနတ်ဘုရား မဟာနေဧကရာဇ်မှာ သိထားသည့်ကိစ္စများ များပြားလွန်း၍ နဂါးဟန်ခေတ်ကတည်းက အသတ်ခံထားရပြီး ဖြစ်သည်။

ယနေ့ခေတ်၏ မဟာနေဧကရာဇ်က ချုံဧကရာဇ်ခေတ်မှ နတ်ဘုရားတစ်ပါးဖြစ်ကာ တန့်ဖုန်းလိုင်ဟု အမည်တွင်သည်။ သူက ရှေးဟောင်းနတ်ဘုရားဘုရင်၏ တပည့်တစ်ယောက် ဖြစ်သည့်အလျောက် ကောင်းကင်နတ်ဘုံ၏ ကောင်းကင်သံသရာကြယ်စစ်သူကြီးအဖြစ် ခန့်အပ်ခံထားရသည်။

ရှေးဟောင်းနတ်ဘုရားဘုရင်အနေဖြင့် ကောင်းကင်နတ်အရှင်ဟောင်၊ နတ်ဧကရာဇ်လန်ရွှမ်တို့နှင့် ရင်ဘောင်တန်း ရပ်တည်နိုင်ခြင်းမှာ ကောင်းကင်နယ်စားမင်း၏ သားတော် ဖြစ်၍ ကောင်းကင်သံသရာကြယ်များအား နားလည်တတ်ကျွမ်းသောကြောင့် ပါသည်။ ကြယ်တာရာအရှင်သခင်အများစုက သူ့အမိန့်များကို နာခံကြသည်။

“မသတ်ပါဘူး”

ရှေးဟောင်းနတ်ဘုရားဘုရင်က ရယ်လိုက်သည်။ “ငါက အဲဒီလောက် ဉာဏ်မဲ့တယ်ထင်လား... အဲဒီလိုအသိဉာဏ်မဲ့နေရင် ဒီနေ့ ငါ ဖြစ်လာမယ်ထင်လား... တစ်ခါတလေမှာ ပေါ်‌ပေါ်ထင်ထင် လုပ်တာကလည်း မဆိုးဘူး... ဥပမာ နဂါးသွဲ့ရေကန်ကိစ္စ.... ကောင်းကင်နတ်အရှင်အားလုံး အဲဒီကို ရောက်လာခဲ့ပြီး သူတို့ဘယ်သူမှန်း မသိအောင် သရုပ်မှန်တွေကို ဖုံးကွယ်ထားကြတယ်... ကိုးယောက်သား တစ်ယောက်ကိုတစ်ယောက် သံသသယဝင်ပြီး သတိထားနေခဲ့ကြပေမယ့် ငါကတော့ ငါ့သရုပ်မှန်ကို ဖော်ပြခဲ့တယ်... သူတို့က ငါ့လိုသတ္တိကောင်းတဲ့လူကို သံသယဝင်တော့မှာ မဟုတ်ဘူး”

သူသည် ကျောနောက် လက်ပစ်၍ ဆက်ပြော၏။ “ကောင်းကင်နတ်အရှင်မူက ငါသတ်တာ ခံရဖို့ ဒီကို လာပေမယ့် ငါ သူ့ကို လုံးဝမထိဘူး... သူက ငါ့ရန်သူမဟုတ်သေးဘူး အခုလောလောဆယ်ပေါ့လေ.... သူ့မှာ ကောင်းကင်နတ်အရှင်ဘွဲ့ ရှိပေမယ့် အလကားဟန်လုပ်နေတဲ့ လူ‌လေးတစ်ယောက်ထက် မပိုဘူး... သူ့ကို သတ်လိုက်တာနဲ့ ပြဿနာကို မီးထွန်းရှာသလို ဖြစ်လိမ့်မယ်”

မဟာနေဧကရာဇ်တန့်ဖုန်းလိုင် အထင်ကြီးလေးစားသွား၏။ “ဟုတ်ပါတယ်.. ကောင်းကင်နတ်အရှင်၊ သူတို့ရောက်လာတာကို ဘယ်လိုကိုင်တွယ်သင့်လဲ”

ရှေးဟောင်းနတ်ဘုရားဘုရင်က ပြောသည်။ “ကောင်းကင်နတ်ဧကရာဇ်မူရဲ့ ပါရမီက မဆိုးဘူး.... ငါ ကောင်းကင်နတ်ဘုံရဲ့ အစွမ်းထက်ဆုံးလက်နက်နဲ့ သူ့ကို မဟာကာလနန်းတော်မှာ တိုက်ခိုက်ခဲ့ဖူးတယ်... ကောင်းကင်ဘုံ ၂၈ ဆင့်အဆင့်ရဲ့ စွမ်းအားကို ထုတ်သုံးခဲ့တာတောင် သူ့ကို အနိုင်မယူနိုင်ခဲ့ဘူး.. အဲဒီအစား သူက ကောင်းကင်နတ်အရှင်ယွီရဲ့ ကိုယ်ပွားကို သတ်ခဲ့သေးတယ်...ဒါကြောင့် သူ့ကို ရန်မစမိအောင် တပည့်တွေကို ထိန်းထား”

သူက ပြုံးလေသည်။ “ငါ မရှိတဲ့အချိန်မှာ ဂိုဏ်းသားတွေကို သူ့အပေါ် သေသေချာချာ ဆက်ဆံခိုင်းလိုက်....သူ ဂြိုဟ်မွှေနိုင်အောင် အခွင့်အရေးမပေးလိုက်နဲ့ ... တကယ့်ကောင်းကင်နတ်အရှင်လိုသာ ဆက်ဆံပေးလိုက်ကြ... ဒီကနေ ဘာမှမရနိုင်မှန်း သိရင် သူ့ဘာသာသူ ထွက်သွားလိမ့်မယ်”

မဟာနေဧကရာဇ် တန့်ဖုန်းလိုင်က ဦးညွှတ်အရိုအသေပေးသည်။ “ကျွန်တော် သူ့ကို ဧည့်ခံလိုက်ပါမယ်”

ရှေးဟောင်းနတ်ဘုရားဘုရင်သည် သူ့ကို ထပ်မံညွှန်ကြား၏။ “နောက်တစ်ခုက အပြင်ကလူတွေ ရှေးဟောင်းဘုရင်နန်းတော်ထဲ ဝင်လာပြီး သူ့ကို မလုပ်ကြံနိုင်အောင် ကာကွယ်ပေးကြ.. ဒီလူ ငါ့နယ်မြေမှာ သေလို့မဖြစ်ဘူး”

တန့်ဖုန်းလိုင်က ချင်မူ့ကို ကြိုဆိုရန် တပည့်များနှင့်အတူ ထွက်လာသည်။

ချင်မူက မဟာနေဧကရာဇ်ဆီသို့ ကြည့်ကာ ရယ်သည်။ “မဟာနေဧကရာဇ်၊ ကျွန်တော်တို့ နောက်ဆုံးတစ်ခေါက် တွေ့တုန်းက အချိန်ကို မှတ်မိပါသေးတယ်... ကျွန်တော် ခင်ဗျားလက်ထဲမှာ သေရတော့မလို ဖြစ်ခဲ့သေးတယ်လေ”

တန့်ဖုန်းလိုင်က ပြောသည်။ “အဲဒီတုန်းက ကေင်းကင်နတ်အရှင်မှန်း ကျွန်တော် မသိခဲ့လို့ပါ... ကျွန်တော်လည်း ထိန်းတော့ ထိန်းခဲ့ပါတယ်.... ကိုယ်ပွားတွေနဲ့ မီးကျီးကန်းတွေပဲ လွှတ်ပြီး ချိမင်ခေတ်ရဲ့ လက်ကျန်ပြည်သူတွေကို သတ်ဖြတ်ခိုင်းခဲ့တာပါ... ကောင်းကင်နတ်အရှင်မူ၊ ကျွန်တော့်ဆရာ ဒီမှာမရှိဘူး... သူ့အစား ကျွန်တော်ကပဲ ဧည့်ဝတ်ကြေပါရစေ”

ချင်မူက ရှေးဟောင်းဘုရင်နန်းတော်ထဲ လိုက်ဝင်လာပြီး စနောက်သည်။ “အဲဒီနေ့ည နဂါးသွဲ့ရေကန်ကိစ္စတုန်းက ကြယ်တာရာအရှင်သခင်နဲ့တူတဲ့ လူတစ်ယောက် ကျွန်တော့်ကို သတ်ဖိုးကြိုးစားတယ်ကြားတယ်.... သူက သိပ်အင်အားမကြီးပေမယ့် ကိုယ်ပွားအများကြီးရှိပြီး ‌ရွှေကျီးကန်းတွေအသွင် ပြောင်းနိုင်တယ်ဗျ”

တန့်ဖုန်းလိုင်သည် သူနှင့်အတူ လိုက်ရယ်၏။ “မဟာနေကျင့်စဉ်ကို ကျင့်ကြံတဲ့လူတွေ တစ်ပုံကြီးပါပဲ... ကျွန်တော် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ... ကောင်းကင်နတ်အရှင် နောက်နေတာလား”

“အမှန်ပါပဲ”

ချင်မူ၏အသက်ရှူသံသည် လေးပင်လာပြီး သူက ‌ချောင်းတဟွတ်ဟွတ် ဆိုးနေရင်းဖြင့် မဟာနေဧကရာဇ်၏ ဆရာတူညီ၊ ညီမများဆီသို့ ကြည့်လိုက်သည်။ သူတို့သည် သူ့အားနည်းချက်ကို မကြည့်ချင်ယောင်‌ဆောင်ရင်း မြေကြီးဆီသို့ ငုံ့ကြည့်နေကြ၏။

တန့်ဖုန်းလိုင်က ပြောသည်။ “ခန္ဓာကိုယ်က အဆင်ပြေရ့လား”

ချင်မူမှာ အတန်ငယ် မူးဝေသွား၍ မျက်နှာာအမူအရာမှာ အနည်းငယ်ပြောင်းလဲသွားသည်။ သူက ဆေးလုံးများ ထုတ်၍ ကတုန်ကယင်ဖြင့် စားလိုက်သည်။ ထို့‌နောက် ဆေးစွမ်းအင်ကို ချေဖျက်ရင်း သက်ပြင်းချသည်။ “ကျွန်တော့်မှာ ဝိညာဉ်လည်းမရှိဘူး အသိစိတ်အလျဉ်ကြောင့်သာ အသက်ဆက်ရှင်နေတာ... အဲဒါ ပြိုကွဲသွားတာနဲ့ ကျွန်တော်လည်း သေပြီ... ကောင်းကင်နတ်ဘုံဆီ လာခဲ့တာကလည်း မိတ်ဆွေဟောင်းတွေနဲ့ စကားလေးဘာလေး ပြောချင်ရုံပါပဲ”

ထိုသို့ပြောရင်း သူက ရှေးဟောင်းနတ်ဘုရားဘုရင်၏ အပြိုင်အဆိုင်ပြင်းထန်သော တပည့်လူငယ်များဆီသို့ ကြည့်လိုက်သည်။ ထိုလူငယ်များသည် ပြုံးနေကြသော်လညး် အရှိန်အဝါက ကြောက်စရာကောင်းနေ၏။

တန့်ဖုန်းလိုင်မှာ ပို၍စိတ်ပူလာသည်။ “ခင်ဗျားက ကျန်းမာတာမဟုတ်ဘူး ကေင်းကင်နတ်အရှင်... ဒါပေမဲ့ လူကောင်းတွေကို မိုးကောင်းကင်က မျက်နှာသာပေးတတ်ပါတယ်... ရောဂါက ရှုပ်ထွေးပြီး တစ်ချက်တစ်ချက် ရောဂါထတတ်တဲ့ပုံပဲနော်... ကောင်းကင်နတ်အရှင်က လန်ရွှမ်နတ်နန်းတော်မှာ လူတွေအများကြီး သတ်ခဲ့တယ်ကြားတယ်.... တကယ်ပါ အံ့ဩစရာကောင်းတယ်... ခင်ဗျား သက်တောင့်သက်သာ ရှိသွားပြီမလား”

ချင်မူလည်း သူနှင့်အတူ ရယ်မောနေပြီး ချီစွမ်းအင်တို့ဖြင့် သိသိသာသာ ပြည့်ဝနေသည်။

တန့်ဖုန်းလိုင်က စိတ်ထဲတွင် သရော်တော်တော် ပြောနေ၏။ ‘ဒီလူက တော်တော် အရှက်မရှိတာပဲ... ရှက်ရကောင်းမှန်းတောင် သိရဲ့လား’

သို့သော် ယွင်ကျန်းလီမှာ ချင်မူ၏ သရုပ်ဆောင်စွမ်းရည်အား အထင်ကြီးမိသေးသည်။ သူက ဆရာတူညီ၊ ညီမများကို အမိန့်ပေးလိုက်သည်၊ “ကောင်းကင်နတ်အရှင်မူကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြ.... ငါ သူ့ကို ကာကွယ်ပေးဖို့ အဆင့်မြင့်သိုင်းပညာရှင်တချို့ ခေါ်ပေးမယ်”

လူအုပ်ကြီးက ခေါင်းညိတ်လိုက်ပြီး ရှေးဟောင်းဘုရင်နန်းတော်၏ လှပသာယာသော ရှုခင်းကို မြင်တွေ့နိုင်ရန် သူတို့အား ခေါ်သွားကြသည်။

တန့်ဖုန်းလိုင်က ကောင်းကင်နှင့်မြေပြင်မှ တစ်စုံတစ်ယောက် ထွက်လာပြီး ချင်မူ့အား လုပ်ကြံသတ်ဖြတ်ကာ ရှေးဟောင်းနတ်ဘုရင်အပေါ် အပြစ်ပုံချမည်စိုးသဖြင့် ကောင်းကင်ထဲ၌ ပိုက်ကွန်တစ်ခု၊ မြေပြင်ထက်တွင် ပိုက်ကွန်တစ်ခုအား ရှေးဟောင်းဘုရင်နန်းတော်အတွင်းရှိ မိစ္ဆာနတ်ဘုရားများကို စီရင်တည်ဆောက်စေသည်။

အရာအားလုံး သင့်တင့်လျောက်ပတ်စွာ စီစဉ်ပြီးနောက်တွင် သူက ချင်မူ့ကို ရှာရန် ထွက်လာသည်။ ထိုအချိန်မှာပဲ တပည့်တစ်ယောက်သည် ပြေးချလာပြီးနောက် သူ့ဆီသို့ ပြောပြ၏။ “အစ်ကိုကြီး၊ ချင်မူက ဟောပြောပွဲ ဖွင့်ထားပါတယ်.... သူက အသူရာချောက်စင်မြင့်ထက်မှာ သိုင်းကွက်တွေ ပြောပြနေလို့ အားလုံး သူ့ကို ဝိုင်းအုံနေကြတာပဲ”

‘အသူရာချောက်စင်မြင့်မှာ သိုင်းကွက်တွေ ရှင်းပြတယ်ဟုတ်လား... ဒီလူ ဘာလုပ်နေတာပါလိမ့်”

တန့်ဖုန်းလိုင် အသူရာချောက်စင်မြင့်ထက်သို့ အပြေးအလွှား တက်သွားသည့်အခါ စင်မြင့်အောက်၌ ထိုင်ကာ သင်ခန်းစာနားထောင်နေကြသော ရှေးဟောင်းဘုရင်နန်းတော်၏ တပည့်များအား မြင်တွေ့လိုက်ရသည်။

“ဒါကြောင့် ငါတို့ ပြုပြင်ပြောင်းလဲပြီး ကောင်းကင်တံတား ကောင်းကင်ရတနာကို ဖျက်စီးရမယ်... လမ်းမှန်ဖို့အတွက် ကောင်းကးင်နတ်မြစ်ကောင်းကင်ရတနာကို ပြန်ဖွင့်ရမယ်... ကြည့်လေ၊ မင်းတို့ထဲက တချို့က ငါနဲ့အဆင့်တူတာတောင် ငါနဲ့ ယှဉ်နိုင်ရဲ့လား.... ဒါက ငါ မင်းတို့ထက် သန်မာအားကောင်းနေလို့ မဟုတ်ဘူး.... ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာ ဖွင့်ထားတာကြောင့်ပဲ.... ငါ မင်းတို့ကို သင်ပေးနေတာတဲ့အရာကို ကောင်းကင်နတ်အရှင်ဇူ ဘယ်လိုမှ မသင်ပေးနိုင်ဘူး... အခု ကောင်းကင်နတ်မြစ်ရဲ့ အင်အားကို တွေးကြည့်ဖို့ ငါ့ကျင့်စဉ်စွမ်းအင်နဲ့ လုပ်ပြမယ်”

တန့်ဖုန်းလှိုင်မှာ သူ့စကားကြားသည့်အခါ အူကြောင်ကြောင် ဖြစ်သွားသည်။ ‘ဒီကပ်ဆိုးနတ်ဘုရားကတော့ ကျင့်စဉ်တစ်ခု လက်ဆင့်ကမ်းပေးပြီး ကောင်းကင်တံတား ကောင်းကင်ရတနာကို ဖျက်စီးမည့်အကြောင်း ပေါက်တတ်ကရ လျှောက်ပြောနေတယ်.... ကုစရာဆေးမရှိတော့ဘူး ထင်ရဲ့.... ငါ သူ့စကား အသာလေးနားထောင်ပြီး သူ ဘယ်လောက်အထိ ကြွားနိုင်မလဲ ကြည့်မယ်... တခြားရန်သူတွေကြောင့် သူ လုပ်ကြံမခံရအောင် ပတ်ဝန်းကျင်ကို စောင့်ကြပ်ပေးထားးဖို့ပဲ လိုပါတယ်”

သူက ပုလင်းတစ်လုံး ဖွင့်လိုက်ပြီး ပုလင်းထဲမှ ဖန်သလင်းလုံးများ ပျံထွက်လာသည်။ ၎င်းတို့သည် လေနှင့်အတူ ဖောင်းလာပြီး တောက်ပေနသော နေများအသွင် ပြောင်းလဲရင်း ကောင်းကင်သို့ ပျံတက်သွားကြ၏။ နေများအတွင်းမှ ခြေသုံးချောင်း ကျီးကန်းများ ထွက်လာကာ နေများအား ကောင်းကင်ထဲသို့ ဆွဲသွားကြသည်။

ရွှေကျီးကန်းများသည် အလွန်အင်အားကြီးမားပြီး တောင်ပံတဖျတ်ဖျတ် ခတ်လျက် ဟင်းလင်းပြင်များအား ဖြတ်ကျော်သွားရင်း ပုန်းကွယ်နေရာယူလိုက်ကြသည်။ သူတို့က ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုတိုင်းအား စောင့်ကြည့်နေသည်။

တန့်ဖုန်းလိုင်က မလှမ်းမကမ်းရှိ တောင်တစ်လုံးအပေါ်၌ ရပ်နေသည်။ ရွှေကျီးကန်းများ မြင်တွေ့နေရသော မြေပြင်နေရာတိုင်း သူ့ခေါင်းထဲတွင် မြင်တွေ့နေရလေသည်။

ကောင်းကင်မြေပြင်ပိုက်ကွန်သည် ကောင်းကင်နှင့်မြေပြင်တစ်လျှောက် ဖုံးကွယ်ထားသောကြောင့် ရှေးဟောင်းဘုရင်နန်းတော်မှာ မည်သူမျှ ဝင်မလာနိုင်သော သံမဏိခံတပ်အသွင် ပေါက်နေသည်။

တန့်ဖုန်းလိုင် ပတ်ဝန်းကျင်ကို ကြည့်ရှုနေစဉ် ချင်မူ့အသံသည် သူ့နားထဲ ရောက်လာ၏။ သူက အတော်လေး စိတ်ဝင်စားနေရင်း တွေးနေသည်။ “ဒီပုလိပ်နတ်ဘုရားမှာ သူများနဲ့ မတူတဲ့အစွမ်းအစတွေ ရှိတယ်.... ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို ဖွင့်ဖို့ ကောင်းကင်နတ်မြစ်ရဲ့ စွမ်းအားကို နားလည်အောင် လုပ်ရတဲ့ သူ့ရဲ့ကျင့်စဉ်ကလည်း ထူးခြားတယ်... ပါရမီသာ မြင့်မားရင် ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို ဖွင့်နိုင်တယ်တဲ့.... ဒါပေမဲ့ အဲဒီမတိုင်ခင် ကောင်းကင်တံတား ကောင်းကင်ရတနာကို ဖျက်စီးရမှာ.... ဟာ မကောင်းတော့ဘူး”

သူက ပျံတက်သွားပြီး အော်ဟစ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူက ပေါက်ကရတွေ ပြောပြီး မိစ္ဆာကျင့်စဉ်တွေနဲ့ အားလုံးကို ပြုစားနေတာ... ဘယ်သူမှ နားမထောင်နဲ့”

သူ့အသံက အလွန်အားကောင်းလှသဖြင့် ချင်မူ့အသံကို အတန်ကြာသည်အထိ လွှမ်းမိုးထားသည်။

ချင်မူက ရပ်၍ လမ်းလျှောက်ထွက်လာက အေးအေးလူလူ မေးသည်။ “ကြယ်အရှင်သခင် ဘာလို့ အဲဒီလိုပြောတာလဲ.... ကျွန်တော့်ကျင့်စဉ်က ဘယ်နားမှာ မှော်ဆန်နေလို့လဲ...”

တန့်ဖုန်းလီက မျက်နှာကြီးစိမ်းလာပြီး အသူရာစင်မြင့်ထက်သို့ ပျံတက်လာသည်။ “ကောင်းကင်နတ်အရှင်မူက အောက်ဘုံက ပြုပြင်ပြောင်းလဲမှုတွေ၊ မိစ္ဆာဆန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေရဲ့ ‌ခေါင်းဆောင်တစ်ယောက်ပဲ... သူ သင်နေတာတွေက လမ်းမှားတွေ... သူ့စကား နားမထောင်နဲ့ မေ့ထားကြ... ကျင့်ကြံရဲတဲ့သူကို ငါ ချက်ချင်း သတ်ပစ်မယ်”

စင်အောက်တွင် ရှေးဟောာင်းဘုရင်နန်းတော်၏ တပည့်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း အဘယ်သို့ပြု၍ မဟာနေဧကရာဇ် ဤမျှစည်းကမ်းတင်းကြပ်နေကြောင်း သိချင်နေကြ၏။

လူငယ်တစ်ယောက်က ရယ်၍ ပြောသည်။ “အစ်ကိုကြီး၊ ကျွန်တော်တော့ ကောင်းကင်နတ်အရှင်မူရဲ့ ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာက ကြမ်းလွန်းတယ်ထင်တယ်... ကောင်းကင်တံတားကို ဖျက်စီးပြီး ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာ ဖွင့်လိုက်ရရင် အဆင့်တူမှာ စွမ်းအားက ၄၀ ကနေ ၅၀ ရာခိုင်နှုန်းအထိ တိုးတက်သွားနိုင်တယ်... အဲဒီထက်တောင် ပိုနိုင်သေးတယ်”

သူ စကားပြော၍မဆုံးခင် တန့်ဖုန်းလိုင်က သူ့ကို ဆွဲမြှောက်၍ ကိုင်ပေါက်လိုက်သည်။ ထိုလူငယ်မှာ လွင့်ထွက်သွားပြီး ပြန်အကျတွင် လည်ပင်းကျိုးသွား၏။

“ငါ ဘာပြောခဲ့လဲ... အဲဒါက မိစ္ဆာနတ်ဆိုးကျင့်စဉ်ကွ”

တန့်ဖုန်းလိုင်က သူ့ကို ကိုင်ပေါက်ရိုက်နှက်နေသည်။ လူငယ်က သွေးအန်နေရပြီး အရိုးများ ကျိုးကြေနေပြီဖြစ်သည်။

တန့်ဖုန်းလိုင် ဆက်မပြောနိုင်ခင် ကောင်းကင်ထက်မှ သွေးပေါက်များ ရုတ်တရက် ရွာကျလာသည်။

တစ်စုံတစ်ယောက်က ရှေးဟောင်းဘုရင်၏ အိမ်တော်အတွင်း ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး သူ့ကိုယ်ပွားများကို လျင်မြန်စွာ သတ်လိုက်သဖြင့် တန့်ဖုန်းလန်မှာ မျက်နှာပျက်သွားသည်။

ကောင်းကင်ထက်မှ သွေးတန်းများ ဆက်လက်ကျဆင်းလာနေပြီး သူ့ကိုယ်ပွားများ သေနေသည့်အမြန်နှုန်း မြင့်သထက် မြင့်တက်လာသည်။ သို့တိုင်အောင် ရန်သူအား အရိပ်အယောင်ပင် မမြင်ရသေးပေ။

ရန်သူသည် ကောင်းကင်နတ်ဘုံအဆင့်တွင် ဖြစ်ပြီး ကောင်းကင်နတ်အရှင်တစ်ယောက်ပင် ဖြစ်နိုင်၏။

တန့်ဖုန်းလိုင်၏ နဖူးမှ ချွေးပြန်လာသည်။ ဤအခိုက်အတန့်တွင် အလင်းတန်းများ ကောင်းကင်ထက်မှ ဖြာထွက်လာသည်။ ရှေးဟောင်းနတ်ဘုရားဘုရင်၏ ဧရာမခန္ဓာကိုယ်ကြီးသည် လေထဲ၌ ပေါ်လာပြီး အလေးအနက် သတိပေး၏။ “ကောင်းကင်နတ်အရှင်မူ, မင်းကို သတ်ဖို့ လူတစ်ယောက် ရောက်လာတယ်... ရှေးဟောင်းဘုရင်နန်းတော်က မင်း နေသင့်တဲ့နေရာမဟုတ်ပါဘူး.. ကျေးဇူးပြုပြီး မြန်မြန် ပြန်ပါ.... ဒီလူသတ်သမားကို ငါ တားထားပေးမယ်”

ချင်မူက သူ့ကို အရိုအသေပေး၍ တုံ့ပြန်လိုက်၏။ “ရှေးဟောင်းနတ်ဘုရားဘုရင်၊ ဒါ ကျွန်တော်တို့ ပထမဆုံးအကြိမ် တွေ့ဖူးတာပါ.... ဧည့်သည်ကို မောင်းမထုတ်သင့်ဘူး ထင်ပါတယ်”

ရှေးဟောင်းနတ်ဘုရားဘုရင်သည် ချင်မူ့အောက် အဆင့်အတန်းနိမ့်ကြောင်း ပြသသည့်အနေဖြင့် အရိုအသေပြန်ပေး၏။ “အစွမ်းထက်ရန်သူတစ်ယောက် ကျူးကျော်လာနေတယ်.... ငါ့အနေနဲ့ တာအိုနောင်တော်ရဲ့ အသက်ကို မကာကွယ်ပေးနိုင်ပါဘူး... မြန်မြန်ပြန်ပါ၊ မဟုတ်ရင် ဒုက္ခရောက်လိမ့်မယ်... ရိုင်းပျမိလို့ ခွင့်လွှတ်ပါ... ရှေးဟောင်းဘုရင်နန်းတော်အတွက် ထည့်တွက်ထားရပါသေးတယ်... ဖုန်း၊ ဧည့်သည်ကို ပြန်ပို့လိုက်”

တန့်ဖုန်းလိုင်က လက်ပြ၍ လှမ်းခေါ်သည်။ “ဒီဖက်ပါ ကောင်းကင်နတ်အရှင်”

ချင်မူနှင့်ကျန်ရှိသူများ ထရပ်ပြီး ထွက်လာကြသည်။

တန့်ဖုန်းလိုင်က ချင်မူတို့ကို ခေါ်၍ ရှေးဟောင်းဘုရင်နန်းတော်အပြင် ထွက်လိုက်သည်။ သူက သိသိသာသာ ထိတ်လန့်နေဆဲဖြစ်ပြီး အေးစက်စက် ရယ်ကာ ပြော၏။ “ကောင်းကင်နတ်အရှင်မူ၊ ငါ မင်းကို မောင်းထုတ်ချင်တာ မဟုတ်ပါဘူး... မင်းကို သတ်ချင်လို့ ငါတို့ထဲ တိတ်တဆိတ် ဝင်လာပြီး ငါတို့အပေါ် အပြစ်ပုံချချင်တဲ့လူတွေ ရှိလို့ပါ”

ချင်မူက ကျေးဇူးတင်စကားဆို၍ သတိပေးလိုက်သည်။ “ကြယ်အရှင်သခင်၊ အပြင်ကလူ ဝင်လာတာ ဟုတ်မဟုတ် ဘယ်လိုသိလဲ.... ဒါက အတွင်းထဲက ရန်သူလည်း ဖြစ်နိုင်ပါတယ်”

တန့်ဖုန်းလိုင် အနည်းငယ် မှင်သက်သွားသည်။ သူက ချင်မူ ထွက်သွားသည်ကို ကြည့်ပြီးနောက် ရှေးဟောင်းဘုရင်နန်းတော်၏ အသူရာချောက်စင်မြင့်ဆီသို့ ခပ်သုတ်သုတ် ပြန်လျှောက်လာ၏။

သူ စင်မြင့်သို့ မရောက်ခင် သူ့ဆရာတူညီအစ်ကို၊ ညီအစ်မများ၏ အလောင်းများအား တွေ့လိုက်ရသည်။

သူ့မှာ ရင်ထဲတွင် တုန်လှုပ်သွားပြီး ကပျာကယာ ပြေးသွားမိသည်။ လမ်းတစ်လျှောက်လုံး အလောင်းများ ပြည့်နေသည်။ သူ အသူရာချောက်စင်မြင့်ဆီ ရောက်သည့်အခါ စောစောက ချင်မူ၏သင်ခန်းစာကို နားထောင်နေသော ဆရာတူညီအစ်ကိုမောင်နှမများနှင့် သူ့ကြောင့် အရိုးများကျိုးသွားသည့် တစ်ယောက်အပါအဝင် အားလုံး သေကုန်ကြချေပြီ။

ရှေးဟောင်းနတ်ဘုရားဘုရင်သည် သူ့ကို တိတ်ဆိတ်စွာ ကြည့်ရင်း စင်မြင့်ထက်၌ ရပ်နေ၏။

All Chapters