← Chapters

ပင်လယ်ကို မျက်နှာမူလျက်

Vol. 71 Ch. 934

ပင်လယ်ကို မျက်နှာမူလျက်

Vol. 71 Ch. 934

ချင်မူက နဂါးသွဲ့အဆောင်ဆီသို့ လမ်းလျှောက်သွားပြီးနောက် အခြားချင်မူတစ်ယောက်နှင့် ဘေးချင်းယှဉ်ရပ်ကာ နဂါးသွဲ့ရေပြင်ထက်သို့ နှစ်ယောက်သား ငေးကြည့်လိုက်ကြသည်။

“ကောင်းကင်နတ်အရှင်မူက နည်းနည်းလေးမှ မအံ့ဩသွားပါလား”

အခြားချင်မူသည် သူ့ကို ကြည့်၍ ရယ်၏။ “ငါသာ ငါနောက်တစ်ယောက်ကို တွေ့ရင် သေချာပေါက် အထိတ်တလန့် အော်ဟစ်ပြီးရင် သတ်ပစ်မှာ... ဒီကမ္ဘာမှာ ငါဟာ နှစ်ယောက် မရှိစေရဘူး”

ချင်မူက ပြန်ပြုံးပြလိုက်သည်။ “ကောင်းကင်နတ်ဘုံက ကောင်းကင်နတ်အရှင်ယွီဆယ်ယောက်ကျော်တောင် ဖန်တီးနိုင်ရင် ကျွန်တော်နောက်တစ်ယောက် ဖန်တီးဖို့ကလည်း မခက်ပါဘူး... ဒီခန္ဓာကိုယ်က ကောင်းကင်နတ်ဘုံ၏ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်မှာ ဖန်တီးထားတာမဟုတ်လား... ဒါပေမဲ့ ကျွန်တော်နဲ့ ခွဲမရအောင် တူတဲ့လူ ဖန်တီးနိုင်ရင်တောင်မှ နောက်တခဏမှာ ခေတ်နောက်ကျသွားလိမ့်မယ်”

အခြားချင်မူက သူ၏အပြုအမူတိုင်းကို စောင့်ကြည့်ပြီး သူ့လေသံအား တုပကာ ပြောသည်။ “ရည်ရွယ်ချက်က မင်းအခြားတစ်ယောက် ဖန်ဆင်းဖို့ မဟုတ်ဘူး... မင်းကို အစားထိုးဖို့ပဲ... မင်း တိတ်တိတ်ကလေး သေသွားတဲ့အချိန်မှာ... မင်းမဟုတ်တဲ့ မင်းက အသက်ဆက်ရှင်နေလိမ့်မယ်”

သူက ချင်မူ၏လှုပ်ရှားမှုတိုင်းအား လိုက်လံတုပရင်း ပြောနေသည်။ “မင်း သေသွားရင် မင်းမဟုတ်တဲ့မင်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုရဲ့ ခေါင်းဆောင်အဖြစ် အသက်ဆက်ရှင်နေလိမ့်မယ်... ကောင်းကင်နတ်အရှင်မူပဲ ဆက်ဖြစ်ပြီး မင်းအပေါင်းအသင်းတွေကြားမှာ ဆက်ဝင်ဆန့်နေလိမ့်မယ်... မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နယ်စားမင်းနဲ့ ကျန်တဲ့သူတွေ မင်းကို သံသယဝင်ကြမှာမဟုတ်ဘူး... ဒီရှေးဟောင်းနတ်ဘုရားတွေက မင်းကို သူတို့အသက် ကယ်တင်ပေးနိုင်တဲ့ ပြိုင်ဘက်ကင်းမှော်ဆရာရှင်အဖြစ် အထွတ်အမြတ်ထား ဆက်ဆံကြဦးမှာပဲ... မင်းက အဲဒီလိုသူပုန်တွေကို မျှော်လင့်ချက်တွေ ပေးထားခဲ့ပေမယ့် အခုတော့ လူမသိ၊ သူမသိ သေရတော့မယ်”

ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားမှ တတိယမျက်လုံး ထွက်လာသည်။ သူက အခြားချင်မူကို ကြည့်၍ မေးလေသည်။ “ခင်ဗျားက ကောင်းကင်နတ်အရှင်ဟောင်လား... ကျွန်တော့်ကို နှစ်ကြိမ် ရှုံးထားတာပဲ”

ဆန့်ကျင်ဘက်ရှိ အခြားချင်မူ၏ သူငယ်အိမ်များ ကျုံ့သွားပြီး သူ၏မျက်ခုံးနှစ်ဖက်ကြားတွင်လည်း မျက်လုံးတစ်လုံး ပေါ်လာသည်။ ထိုမျက်လုံးသည် ချင်မူ၏ တတိယမျက်လုံးနည်းတူ လျင်မြန်စွာ ပွင့်လာ၍ သူ့အား တုပနေကြောင်း ထင်ရှား၏။

သူ့သူငယ်အိမ်ကလည်း ဆဋ္ဌဂံ ဖြစ်သည်။ တာအိုဘိုးဘေးကြီးသည် ချင်မူ့ကို လေ့လာခဲ့စဉ်တုန်းက အသေးစိတ် ကြည့်ရှုခဲ့ပြီး ချွတ်စွပ်တူအောင် ရေးဆွဲခဲ့ကြောင်း ပေါ်လွင်လေသည်။

အဝတ်အစားများနှင့် အပြင်အဆင်များမှအစ၊ ဆံချည်မျှင်တစ်မျှင်တိုင်းအထိ ခွဲ၍မရပေ။

ဤသည်က တာအိုဘိုးဘေးကြီး မည်မျှလေးနက်ကြောင်း သက်သေပြနေသည်။

ချင်မူက အတိတ်ကို ပြန်တွေးရင်း စိတ်လှုပ်ရှားလာသည်။ “ခင်ဗျား မိဘမဲ့သွားတဲ့ လမ်းဘေးခွေးတစ်ကောင်လို ဖြစ်တဲ့အထိ အရိုက်ခံခဲ့ရတာနော်.... နောက်ဆုံးတော့ ခင်ဗျားကို ကာကွယ်ပေးနေတဲ့သူတွေ ကျွန်တော့်ကို တားနေတဲ့အချိန်မှာ အမြီးကုပ်ပြေးခဲ့တယ်မဟုတ်လား... ဒါပေမဲ့ ခင်ဗျားလူတွေလည်း ကျွန်တော့်လက်ချက်နဲ့ ကြက်ကလေး၊ ငှက်ကလေးလို သေကုန်တာပဲ... သူတို့သွေးနဲ့ ခင်ဗျားရဲ့သွေးတွေကြောင့် နဂါးသွဲ့ရေကန်တစ်ကန်လုံး ချင်းချင်းနီသွားလို့ အရှင်မယွမ်မုကိုယ်တိုင် ကိုယ်ထင်ပြပြီး ခင်ဗျားကို ကယ်ပေးခဲ့ရတယ်... ဒါပေမဲ့ သူ့ရှေ့မှာတောင် ကျွန်တော် ခင်ဗျားကို ခွေးသေတစ်ကောင်လို ဖြစ်တဲ့အထိ ရိုက်နှက်နိုင်ခဲ့သေးတာပဲ... ခင်ဗျား ဘယ်လိုများနာလန်ထူနိုင်ခဲ့တာလဲ”

မျက်နှာချင်းဆိုင်ရှိ ချင်မူသည် ပြန်ဖြေ၏။ “အဲဒီအချိန်တုန်းက ဆေးပညာဟာ မတိုးတက်သေးဘူး.... ကောင်းကင်နတ်ဧကရာဇ်က နာမည်ကြီးသမားတော်တွေ ခန့်ပြီး ငါ့ကို ကယ်ဖို့ ကြိုးစားခဲ့ပေမယ့် သူတို့လည်း မတတ်နိုင်ခဲ့ဘူး... ဘယ်သူမှ ငါ့အပေါ် သက်ရောက်နေတဲ့ မင်းရဲ့ဓားစိတ်ဆန္ဒနဲ့ ဓားဒဏ်ရာတွေကို မကုသပေးနိုင်ခဲ့ဘူး.... ဒါကြောင့် ငါ ငါ့ဘာသာ မစားနိုင်၊ မသောက်နိုင်တော့ဘဲ သူများတွေ ခွံ့ပေးတာ၊ ထူပေးတာကိုပဲ အားကိုးရင်း အိပ်ရာထဲမှာ နှစ်တစ်ရာကျော် လှဲနေခဲ့ရတယ်... ဆီးလည်း ကိုယ့်ဘာသာကိုယ် မသွားနိုင်ခဲ့ဘူး... အလေးလည်း မစွန့်နိုင်ခဲ့ဘူး... နန်းတွင်းသူတွေရဲ့ အကူအညီပါမှ လုပ်နိုင်ခဲ့တယ်... ဒီနှစ်တွေအတွင်း ငါ သေချင်ခဲ့တာ တစ်ကြိမ်ထက် မနည်းဘူး.. ငါ့ကို သူများတွေ လာသတ်ပါစေလို့တောင် အကြိမ်ပေါင်းမက တွေးခဲ့ဖူးတယ်”

ချင်မူ ပြုံးလိုက်သည်။ “ဒါက တော်ပါသေးတယ်... ခင်ဗျားက အိပ်ရာထဲမှာ နှစ်တစ်ရာဝန်းကျင်ပဲ လှဲခဲ့ရတာ.. ကောင်းကင်နတ်အရှင်ယွီကတော့ နှစ်တစ်သန်းကြာ လှဲနေခဲ့ရတယ်”

“နောက်ပိုင်း ငါ ဖြည်းဖြည်းချင်း သက်သာလာပြီး လမ်းလျှောက်နိုင်လာတယ်... အဲဒီတော့မှ ငါ့ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ ပျောက်ကင်းသွားခဲ့တာ ကြာပြီမှန်း ငါ သဘောပေါက်ခဲ့တာပဲ... သက်သာမလာတာက ငါ့တာအိုနှလုံးသား ဖြစ်နေခဲ့တယ်”

အခြားချင်မူ၏ သူငယ်အိမ်များ ကျုံ့သွားသည့်အခါ သူ့မျက်ဝန်းထဲရှိ ကောင်းကင်အလင်းရောင်သည် ပိုမိုအားကောင်းသိပ်သည်းလာ၏။ သူက ကောင်းကင်အလင်းရောင်ကို ပြန်ရုပ်သိမ်းပြီးနောက် ခံစားချက်မရှိသော လေသံဖြင့် ပြောသည်။ “ငါ့တာအိုနှလုံးသားရဲ့ ဒဏ်ရာဟာ ကျက်ဖို့ ကြာတယ်... ပြန်သက်သာလာခဲ့တဲ့ နှစ်ရဲ့နောက်ပိုင်းတွေမှာလည်း မင်းရဲ့ဓားက ငါ့ခန္ဓာကိုယ်ကို ထိုးဖောက်ပြီး မင်းရဲ့လက်သီးက ငါ့အရိုးတွေ၊ ငါ့အရွတ်တွေကို ချိုးဖြတ်ပစ်လိုက်တဲ့ မြင်ကွင်းကို မျက်လုံးပိတ်လိုက်တိုင်း မြင်နေရတုန်းပဲ”

ချင်မူက အားနာနေသလို လှမ်းပြော၏။ “ဒါဖြင့်ဗျာ အသေသတ်ပေးခဲ့ရမှာ.... ခင်ဗျား ဒီလိုခံစားခဲ့ရအောင်ပေါ့”

အခြားချင်မူသည် အေးစက်စက် ပြောလေသည်။ “ငါ့အတွက် မင်းရဲ့လောင်းရိပ်အောက်ကနေ ရုန်းထွက်နိုင်ဖို့ နှစ်တစ်ထောင် ကြာခဲ့ပေမယ့် နောက်ပိုင်း ငါက အရင်ကငါ မဟုတ်တော့မှန်း သိလာခဲ့တယ်... ငါက ငါ့အဖေလက်ထဲက ဓား၊ သူ့ပလ္လင်အတွက် ပြိုင်ဘက်ဖြစ်လာတဲ့ ကောင်းကင်နတ်အရှင်ယွီကို ရှင်းပေးရမယ့် ဓားလေးတစ်လက်ပဲ... မင်း ငါ့အတွက် သေလူလိုဖြစ်အောင် လုပ်ခဲ့တာက ငါ့အတွက် ဘဝအသစ် ဖန်တီးပေးလိုက်သလိုပဲ ... အဲဒီကစပြီး ငါ ငါ့အတွက်ပဲငါ ရှင်သန်ခဲ့တယ်”

သူသည် ချင်မူ၏ လှုပ်ရှားမှုတိုင်းးကို လိုက်လံတုပနေဆဲဖြစ်ပြီး ဆက်ပြော၏။ “ငါ အဲဒီလိုနဲ့ တည်ငြိမ်လာပြီး ဘာကိုမှ မမှုတော့ဘူး... တခြားမင်းသားတွေကြားမှာလည်း မထင်ပေါ်တော့ဘူး.... ငါက ကောင်းကင်နတ်အရှင်မူ ခွေးလိုဝက်လို ရိုက်သွားခဲ့တဲ့ အသုံးမကျတဲ့ကောင်မဟုတ်လား.... ဒါပေမဲ့ ငါ အဲဒီလိုဖြစ်လာလေလေ၊ ငါ့ကိုယ်ငါ သက်သေပြနိုင်လာလေလေပဲ.. ငါ့အဖေကလည်း ငါ့ကို အရေးထားလာတယ်... အိမ်ရှေ့မင်းသားကို လုပ်ကြံသတ်ဖြတ်နိုင်အောင် ကူညီပေးခဲ့တာလည်း ငါပဲ....အိမ်ရှေ့မင်းသားက ကောင်းကင်နတ်ဧကရီရဲ့သား၊ သူက ငါ့ကို မယားငယ်သား၊ တရားမဝင်သား၊ ကောင်းကင်နတ်အရှင်မူ ခွေးလိုဝက်လို ရိုက်သွားခဲ့တဲ့ကောင်လို့ အရှက်ခွဲခဲ့တယ်လေ... ဒါနဲ့ ငါ သူ့ကို ရှဲ့ဝူချီဆိုတဲ့ နာမည်ပေးပြီး သေပြီးတာတောင် ယိုတုမှာ ဆက်အညှင်းဆဲခံရအောင် လုပ်လိုက်တာပေ့ါ”

ချင်မူက တောက်ပြစွာ ပြုံးပြနေသော အခြားချင်မူ့ကို ကြည့်နေသည်။ ထိုအပြုံးအောက်တွင် မုန်းတီးနာကြည်းချက်နှင့် ကလဲ့စားချေရသည့်အတွက် စိတ်ကျေနပ်နေမှုတို့ ရှိနေသည်။

“ရှဲ့ဝူချီ သေသွားတော့ ဩဇာအာဏာ ရှိတဲ့ မင်းသားတွေဟာ ငါ့ပြိုင်ဘက်မဟုတ်တော့ဘူး.... တချို့က သေတယ်... တချို့က ဒဏ်ရာရကုန်တယ်... တချို့က ငါ့ကြောင့် တာအိုနှလုံးသားတောင် ပျက်စီးသွားကြရတယ်’

အခြားချင်မူသည် ဟက်ခနဲ ရယ်လိုက်၏။ “မင်းသားတွေကို သတ်ဖြတ်ပြီးပေမယ့် ကောင်းကင်နတ်အရှင်ယွင်နဲ့ ကောင်းကင်နတ်အရှင်လင်က ကောင်းကင်နတ်ဘုံအတွက် အန္တရာယ်ရှိနိုင်သေးကြောင်း ငါ့အဖေက ခံစားခဲ့ရတယ်… ဒါကြောင့် သူတို့ဘေးက ယုံကြည်ရတဲ့လူတစ်ယောက်ကို ထောက်ခံအားပေးပြီး အစီအစဉ်တွေ ဖျက်စီးနိုင်ဖို့ လုပ်ခဲ့တယ်... အဲဒီလိုနဲ့ သူ ငါ့ကို ရွေးချယ်လိုက်တာပဲ... ဟီးဟီး ငါ့အပြင် တခြားရွေးချယ်စရာ ဘယ်သူရှိပါ့မလဲ... ငါ ကမ္ဘာဦးဘုံဆီ ရောက်လာပြိး နဂါးဟန်ကောင်းကင်နတ်ဘုံကို တည်ထောင်တယ်... ကောင်းကင်နတ်အရှင်ယွင်နဲ့ အခြားသူတွေကို ဆန့်ကျင်တိုက်ခိုက်တယ်... ဒါပေမယ့် ငါ့မှာလည်း ငါ့ရည်ရွယ်ချက်နဲ့ငါ ရှိနေခဲ့တယ်”

ချင်မူက သူ့ကို ချီးကျူးလိုက်သည်။ “ကောင်းကင်နတ်အရှင်ဟောင်၊ ခင်ဗျား အရွယ်ရောက်လာပြီပဲ”

“မင်းရဲ့ ကျေဇူးကြောင့်ပါ”

အခြားချင်မူ၏အပြုံးသည် ပိုမိုအသက်ဝင်လာ၏။ အပြုံးကား တောက်ပနေသော နေလုံးကြီးပမာ တောက်ပနေပြီး ကလေးကြီးတစ်ယောက်၏ အပြုံးသဖွယ် အသက်ဝင်နေသည်။

“ငါ ကောင်းကင်နတ်အရှင်ယွင်နဲ့ အကြာကြီး တိုက်ခိုက်ခဲ့တယ်... လူသားတွေနဲ့ သက်ရှိသတ္တဝါတွေဟာ နတ်ဘုရားတစ်ပိုင်းတွေအတွက် ပြိုင်ဘက်ဖြစ်ဖို့ အားနည်းလွန်းအားကြီးတယ်... ဒါ့ကြောင့် သူတို့တွေ ယုံကြည်ချက်ရှိလာဖို့ သူက မင်းအယောင်ဆောင်ပြီး ငါ့ကို တိုက်ခိုက်ခဲ့တယ်.... ဘယ်လောက်ရယ်စရာကောင်းလိုက်သလဲ”

သူက ဆက်ပြော၏။ “ငါ အဲ့ဒီကောင်းကင်နတ်အရှင်မူက မင်းမဟုတ်မှန်း မသိခင်တုန်းက တကယ်ကို ကြောက်ခဲ့ရတာ... သူ ဘယ်လောက်ပဲတုတု နောက်ဆုံးတော့ ငါ့ကို အရူးမလုပ်နိုင်ခဲ့ပါဘူး”

သူ့မျက်နှာပေါ်တွင် ပြုံးသယောင်ယောင် မဲ့သယောင်ယောင် အမူအရာတစ်ခု ပေါ်လာ၏။ “ဘယ်သူက မင်းကို ငါ့ထက်ပိုပြီး နားလည်နိုင်မှာလဲ... မင်းက ငါ့ရဲ့အိပ်မက်ဆိုးတွေထဲမှာ အကြိမ်ပေါင်း မရေတွက်နိုင်အောင် ပေါ်လာခဲ့တဲ့ နတ်ဆိုးတစ်ကောင်လေ… ကောင်းကင်နတ်အရှင်ယွင် မင်းကို တုခဲ့တာ တုံးအလွန်းအားကြီးတယ်... ဒါပေမဲ့ ငါ သူ့ကို လူပုံအလယ်မှာ မဖော်ထုတ်ခဲ့ဘဲ ငါ့အစီအစဉ်ကိုပဲ ပြောပြခဲ့တယ်... ဒါကြောင့် မင်းကို အရမ်းမုန်းတဲ့ ငါက ကောင်းကင်မဟာမိတ်အဖွဲ့ထဲ ၀င်ခဲ့တာပဲ.... ဟီးဟီး ငါက ကောင်းကင်နတ်အရှင်ယွင်ကို သတ်ခဲ့ပြီး တစ်လောကလုံးမှာ ရှိတဲ့ လူသားတွေနဲ့ မင်းရဲ့ အမုန်းခံထားရပေမယ့် ကောင်းကင်မဟာမိတ်အဖွဲ့ထဲ ၀င်ပြီး တည်ထောင်သူအကြီးအကဲတစ်ယောက် ဖြစ်လာခဲ့တယ်လေ.... ကောင်းကင်နတ်အရှင်ယွင် ဘာကြောင့် လက်ခံခဲ့လဲ သိလား… သူက ငါ့ကို အသုံးချပြီး ငါ့အဖေကို ရင်ဆိုင်ချင်လို့ပဲ”

သူက ချင်မူ၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်ကာ စိတ်ပျက်သွားသော အရိပ်အယောင်ကို မြင်တွေ့လိုမြင်ရငြား ရှာနေသော်လည်း မည်သည်ကိုမျှ မမြင်ရခဲ့ချေ။ “ငါ သူနဲ့မဟာမိတ်ဖွဲ့ပြီး ငါ့အဖေကို ရှင်းထုတ်ဖို့ အစီအစဉ်ဆွဲကြတယ်... တစ်ချိန်တည်းမှာပဲ ကောင်းကင်မဟာမိတ်အဖွဲ့ထဲမှာ နတ်ဘုရားတစ်ပိုင်းတွေကို ထည့်ပြီး သူ့ကို တိုက်ထုတ်ခဲ့တယ်... ငါက ငါ့အဖေကို ဖယ်ရှားဖို့ရုံတင်မကဘူး... ကောင်းကင်မဟာမိတ်အဖွဲ့ကိုပါ ဖယ်ရှားချင်ခဲ့တာလေ... နောက်ဆုံးတော့ ငါ အောင်မြင်သွားပြီး သူ ကျရှူံးသွားခဲ့တယ်”

ဤစကားတို့သည် ရိုးရှင်းနေသော်လည်း ခေါင်းမွေးထောင်လောက်အောင် ကြောက်စရာကောင်းသော အတိတ်ကို ဖော်ပြခဲ့သည်။

ချင်မူက ပြုံးလိုက်သည်။ “ခင်ဗျား အောင်မြင်ခဲ့ပေမယ့် ကောင်းကင်မဟာမိတ်အဖွဲ့က ခင်ဗျားရဲ့လက်ထဲ အပြည့်အ၀ မရောက်သေးပါဘူး... ခင်ဗျားရဲ့ဘ၀မှာ ကျုပ်ကြောင့်ပဲ ဒုတိယအကြိမ် ရှုံးခဲ့ပြန်ရတာပဲ မဟုတ်လား”

အခြားချင်မူက မငြင်းဘဲ ခေါင်းညိတ်သည်။ “ငါ မင်းအစစ်ကို တစ်ခါမှ မမြင်ခဲ့ရဘူး .... ကောင်းကင်နတ်အရှင်ယွီကို အစွမ်းထက်ဆုံးလက်နက်အဖြစ် ငါ တည်ဆောက်ခဲ့တာကလည်း အောက်ဘုံက အမိကမ္ဘာမြေကို ဖယ်ရှားဖို့အတွက်ပဲ.. ဒါပေမဲ့ သူ့ကို အသက်သွင်းပေးခဲ့တဲ့ မှော်ဝိဇ္ဇာရှင်က မင်းမှန်း ငါ လုံးဝမသိခဲ့ဘူး... မင်းက သူ့ကို အသုံးချပြီး ငါ့ကို နှစ်တစ်ရာကျော် အိပ်ရာထဲ လဲနေစေခဲ့တဲ့ သိုင်းကွက်နဲ့ ပြန်တိုက်ခိုက်ခဲ့တယ်.... အဲဒါကြောင့် ငါ့နှလုံးသားထဲက အရိပ် ပြန်ပေါ်လာပြီး အမိကမ္ဘာမြေကြောင့် ဒဏ်ရာရခဲ့တယ်.... အဲဒါကို လူသားတွေက အခွင့်ကောင်းယူခဲ့တဲ့အတွက် ငါ ကမ္ဘာဦးဘုံကို ဆုံးရှုံးခဲ့ရတယ်... ဒါပေမဲ့ အဲဒါက အငိုက်ဖမ်းသိုင်းကွက် ဖြစ်နေလို့ပါပဲ”

သူသည် အတိတ်ကို ပြန်တွေးရင်း ပြောနေ၏။ “ဒီနေ့ မင်းက ငါ့မျက်လုံးထဲမှာ သိပ်အထင်ကြီးစရာမကောင်းတော့ဘူး... ငါ့သိုင်းအဆင့်က ကြောက်မန်းလိလိ တိုးတက်လာခဲ့သလို၊ တာအိုအပေါ်လည်း နက်နက်နဲနဲ နားလည်နေခဲ့ပြီ... အခု နဂါးသွဲ့ရေကန်က တိုက်ပွဲအကြောင်း ပြန်တွေးလိုက်ရင် ရယ်မိတယ်... အဲဒီတုန်းက မရင့်ကျက်မှုတွေအတွက် ရယ်မိတယ်”

သူက နဂါးသွဲ့ပင်လယ်ထက်ရှိ လှိုင်းလုံးများကို ကြည့်၍ အေးအေးလူလူ ပြောသည်။ “အခု ငါ မင်းကို မမုန်းတော့ဘူး... ငါ အခု ထုတ်ပြမယ့် အမုန်းတရားက အပေါ်ယံသက်သက်ပဲ.... ငါ့တာအိုနှလုံးသားထဲမှာ မင်း မရှိတော့ဘူး.. မင်းက ငါ တိုးတက်လာဖို့အတွက် အသုံးချခံပစ္စည်းလေးတစ်ခုပဲ... ဒါ့အပြင်...”

သူ့မျက်နှာထက်တွင် အပြုံးတစ်စ ဖြစ်ထွန်းလာကာ တောက်ပသထက် တောက်ပလာ၏။ “ဒါ့အပြင် မင်း ဒီနေ့ သေရမှာ... မင်း တစ်ခါတည်း သေသွားအောင် ငါ အစီအစဉ်ချပြီးပြီ”

“နဂါးသွဲ့ရေကန်က နန်းတွင်းသူတွေကို မင်း မြင်လား... နဂါးသွဲ့ရေကန်အဖြစ်အပျက် ညတုန်းက တော်ဝင်အမိန့်ကြေငြာဖို့ ရောက်လာတဲ့ အရာရှိနတ်ဘုရားနဲ့ နတ်ဘုရားမိစ္ဆာစစ်တပ်က ငါ လွှတ်လိုက်တာပဲ.... နန်းတွင်းသူတွေကလည်း ငါ့စိတ်တိုင်းကျ ပြောင်းလဲထားတာ.... ကျောက်စိမ်းပင်လယ်ထဲက နတ်တောင်တန်းတွေကို ထမ်းထားရတဲ့ နတ်လိပ်တွေကအစ ကြာပန်းပွင့်တွေထဲက ပန်းဝိညာဉ်တွေအဆုံး အကုန်လုံးက ငါ့လက်အောက်ငယ်သားတွေပဲ”

သူက ချိုသာသော အပြုံးဖြင့် လှည့်ကြည့်လိုက်သည်။ “မင်းရဲ့ အပေါင်းအပါတွေကို ပထုတ်ခဲ့တာလည်း ငါပဲ... ငါက ယွင်အိမ်တော်၊ ဇာမဏီနတ်မင်းအိမ်တော်နဲ့ တောင်အရပ်နတ်မင်းအိမ်တော်တို့မှာ ငါ့လူတွေ ထည့်ထားပြီးသား.... သူတို့ကို ပထုတ်ဖို့က အလွယ်လေးပဲ..... ငါ မင်းကို ဒီနေရာမှာ သတ်လိုက်ရင် ဘယ်သူမှသိမှာ မဟုတ်ဘူး... မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နယ်စားမင်းတောင် တကယ့်ကောင်းကင်နတ်အရှင်မူ သေသွားမှန်း သိမှာမဟုတ်ဘူး”

ချင်မူက သက်ပြင်းချလိုက်သည်။ “ကောင်းကင်နတ်အရှင်ဟောင်... ခင်ဗျားရဲ့ နာကြည်းမှုတွေက အဲ့လောက်ထိ ပြင်းထန်နေမယ် ကျွန်တော် ထင်မထားခဲ့ဘူး... ကျွန်တော့်အနေနဲ့ မလွတ်နိုင်တော့ဘူး ထင်ပါရဲ့… ဒါပေမဲ့ ခင်ဗျားဖန်တီးထားတဲ့ ကောင်းကင်နတ်အရှင်မူက တကယ်ပဲ ကျုပ်ရဲ့ပြိုင်ဘက်ဟုတ်တာ သေချာရဲ့လား”

သူက ပြုံးလိုက်သည်။ “ခင်ဗျားက ဒီကောင်းကင်နတ်အရှင်မူကို ဖန်တီးဖို့ အားသွန်ခွန်စိုက် ကြိုးစားပြီး ကျွန်တော်နဲ့ ချွတ်စွပ်တူအောင် လုပ်ထားခဲ့တယ်... ကျန်တဲ့ကောင်းကင်နတ်အရှင်တွေနဲ့ ရှေးဟောင်းနတ်ဘုရားတွေ သံသယမ၀င်အောင် အဲဒီကောင်းကင်နတ်အရှင်မူကို ကောင်းကင်တံတားအဆင့်မှာပဲ ထားခဲ့တယ်..... အဲဒီလိုအဆင့်နဲ့ ခန္ဓာကိုယ်ဟာ သန်မာအားကောင်းတဲ့ ခင်ဗျားရဲ့မူလဝိညာဉ်ကို လက်မခံနိုင်ဘူး... ခင်ဗျားက အသိစိတ်အလျဉ်အနေနဲ့ပဲ ဒီခန္ဓာကိုယ်ထဲ ၀င်လာတာမလား.... ဒါပေမဲ့ ကျွန်တော်က ကောင်းကင်တံတားအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်တွေ အများကြီး သတ်ခဲ့ပြီးပြီ... ခင်ဗျားနဲ့အဆင့်တူတဲ့ လက်နက်နှစ်လက်ကိုလည်း ဖျက်ဆီးခဲ့ပြီးပြီ”

အခြားချင်မူ၏ အပြုံးမှာ နေလုံးကြီးသဖွယ် တောက်ပနေသော်လည်း တစ်ချက်တစ်ချက် ကြည့်လိုက်လျှင် ကျောစိမ့်ဖွယ်ရာကောင်း၏။ တခဏလေးအတွင်း သူသည် မည်သူမျှခွဲမရတော့အောင် တူနေသည့်အတိုင်းအတာအထိ လိုက်တုနိုင်ပြီးချေပြီ။

“မင်းက ဒီနှစ်တွေအတွင်း ငါ့ရဲ့အားထုတ်မှုတွေကို လျှော့တွက်ထားတာပဲ... ဒီနှစ်တွေထဲ ငါက အသိစိတ်အလျဉ်ထဲမှာ မင်းနဲ့ အကြိမ်ပေါင်းမရေတွက်နိုင်အောင် တိုက်ခိုက်ပြီး ခွဲခြမ်းစိတ်ဖြာခဲ့ပြီးပြီ... တကယ်တော့ မင်းနဲ့ ငါက အကြိမ်ပေါင်း သိန်းသန်းမက တိုက်ခိုက်ခဲ့ပြီးပြီ”

သူက လွတ်လပ်ပေါ့ပါးစွာ ရယ်၏။ “အတိတ်တုန်းက မင်းနဲ့တိုက်ခိုက်ကြည့်တိုင်း ငါ ရှုံးနိမ့်ခဲ့ရပေမယ့် အသက်ကြီးလာတာနဲ့အမျှ မင်း ငါ့ကို နိုင်နိုင်ခြေကလည်း ကျဆင်းလာခဲ့တယ်…ခိုင်ဧကရာဇ်ခေတ် ရောက်တော့ ငါ မင်းကို အနိုင်ယူနိုင်ခဲ့တယ်.... အဲ့ဒီနောက်ပိုင်း ငါ့ရဲ့အသိစိတ်အလျဉ်ထဲမှာ မင်းကို တိုက်ခိုက်တိုင်း မင်းကို အလွယ်လေး အနိုင်ယူနိုင်ခဲ့တယ်.... ချုံဧကရာဇ်ခေတ်မှာတော့ မင်းကို သတ်ဖို့ သိုင်းကွက်တစ်ကွက်ပဲ လိုတော့တယ်”

သူသည် ယုံကြည်ချက်အပြည့် ရှိနေပြီး ပြုံး၍ ပြောလေသည်။ “ငါ မင်းကို သတ်မယ့် သိုင်းကွက် ပြင်ဆင်ထားပြီးပြီ... အဲ့ဒါကို မူကို သတ်မယ့် သိုင်းကွက်တစ်ရာလို့ ခေါ်တယ်... အဲ့ဒီသိုင်းကွက်မှာ ကောင်းကင်နတ်သိုင်းတစ်ရာ ပေါင်းစည်းနေတယ်… ဒီနေ့တော့ ငါ့ရဲ့အသိစိတ်အလျဉ်ထဲမှာ မင်း ငါ့ကို မတိုက်ခိုက်နိုင်လိုက်ဘဲ သေရလိမ့်မယ်”

ချင်မူ၏သူငယ်အိမ်များ ကျုံ့သွားသည်။

သူ၏အရှိန်အဝါသည် ကြောက်ခမန်းလိလိ မြင့်တက်လာပြီး ဓားစက်လုံး ပျံထွက်လာ၏။

သူ ထိုးနှက်လိုက်သည့်အခါ ကပ်ဘေးဓား၏ ဒုတိယဓားကွက် ကပ်ဘေးပင့်မြှောက်ခြင်းဓားအား အသုံးပြုလိုက်သည်။

နဂါးသွဲ့ရေကန်တွေ့ဆုံပွဲတုန်းက ချင်မူသည် ဤဓားကွက်ဖြင့် ကောင်းကင်နတ်အရှင်ဟောင်ကို သေလုမျောပါး ဒဏ်ရာရစေခဲ့၏။ အရှင်ယွမ်မု၏ ကိုယ်ပွား ကာကွယ်ပေးထားသည့်တိုင်အောင် ကောင်းကင်နတ်အရှင်ဟောင်မှာ မည်သည်ကိုမျှ ပြင်ဆင်ချိန်မရလိုက်ပေ။

ယခုတွင် ကပ်ဘေးပင့်မြှောက်ဓားကွက်က အပြောင်းအလဲများဖြင့် ပို၍ပင် အားကောင်းပြင်းထန်နေပြီဖြစ်သည်။ ကပ်ဘေးပင့်မြှောက်ခြင်းသည် ဓားလမ်းစဉ်ဖြစ်သော်လည်း ဆယ့်ကိုးချက်မြောက် အခြေခံဓားကွက်ဟုလည်း အသိများ၏။ အခြေခံဓားချက်ဖြစ်သည့်အလျောက် ကျန်ဓားချက်များနှင့် ပေါင်းစည်းနိုင်ချေရာ အပြောင်းအလဲများက ရေတွက်၍ပင် မရနိုင်ပေ။

မထင်မှတ်ဖွယ်ကောင်းသည်မှာ ချင်မူ ဓားကွက်အား မထုတ်ဖော်နိုင်သေးခင် အခြားချင်မူ၏ သိုင်းကွက်က ရောက်ရှိလာသည်။ ဓားတစ်လက်သည် ကပ်ဘေးပင့်မြှောက်ဓားအား ခုတ်ဖြတ်ကာ ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြားအား တို့ထိသွား၏။

ချင်မူ့မျက်ခုံးနှစ်ဖက်ကြား၌ မည်သို့မျှ မဖြစ်သွားသော်လည်း ဦးနှောက်၏နောက်တစ်ခြမ်းလုံး ပေါက်ထွက်သွားသည်။ သူ့မျက်နှာပေါ်တွင် မယုံနိုင်သော အမူအရာတစ်ခု ထင်ဟပ်နေပြီး သူ့ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ကာ လဲကျသွား၏။ သူ့ခြေထောက်နှစ်ဖက်က လိမ်ကောက်နေပြီး အတန်ငယ် အကြောဆွဲပြီးနောက်တွင် အသက်မရှူတော့ပေ။

အခြားချင်မူက လက်ချောင်းကို ဖြည်းဖြည်းချင်း ပြန်ရုတ်ပြီးနောက် ခံစားချက်မဲ့စွာ ပြောသည်။ “မင်းကို သတ်ရတာ ဒီလောက် ရိုးရှင်းတယ်… လက်တစ်ချောင်းထက်ပို မလိုဘူး… ဘယ်လောက်ပျင်းစရာကောင်းလိုက်သလဲ”

သူက ငြိမ်သက်နေသော နဂါးသွဲ့ပင်လယ်ဆီသို့ ကြည့်လိုက်ပြီး ချင်မူသည် ရေပြင်ထက်၌ လမ်းလျှောက်လျက် သူ့ဆီ လာနေ၏။

အခြားချင်မူက အဆောင်ထဲတွင် ကျောနောက်လက်ပစ်လျက် ရပ်နေပြီး သူ ရောက်လာသည်ကို စောင့်နေသည်။

သူသည် ချင်မူ သူ့ဘေးနား ရောက်လာပြီး ပင်လယ်ပြင်ဆီ ငေးကြည့်နေသည့်အချိန်အထိ ချင်မူ့ကို စောင့်ကြည့်နေ၏။

“ကောင်းကင်နတ်အရှင်မူက နည်းနည်းလေးမှ မအံ့ဩသွားပါလား”

သူက ချင်မူ့ကို ကြည့်၍ ရယ်လိုက်သည်။ ““ငါသာ ငါနောက်တစ်ယောက်ကို တွေ့ရင် သေချာပေါက် ….”

ကောင်းကင်နတ်အရှင်ဟောင်မှာ တစ်ခုခု လွဲနေသလို ခံစားလိုက်ရ၍ မျက်မှောင်ကြုတ်သွား၏။

တကယ့်ကမ္ဘာတွင် ချင်မူက သူ့အနောက်၌ ထိုင်နေပြီး ရေနွေးကြမ်းငှဲ့နေသည်။ သူက ခွက်ကို နှုတ်ခမ်းနားသို့ မြှောက်ကာ ပြောလို၏။ “သိုင်းကွက်က မဆိုးဘူး.. ကျွန်တော် ခင်ဗျားကို သူသေကိုယ်သေ မတိုက်ခိုက်သရွေ့ ကိုယ့်ကိုယ်ကို ခုခံဖို့ ခက်မှာ… ကောင်းကင်နတ်အရှင်ဟောင်က တကယ် အရွယ်ရောက်လာပြီပဲ”

All Chapters