← Chapters

အဖြူနဲ့အမဲပြောင်းပြန်လှန်ခြင်း! မင်္ဂလာရှိသောနေ့! ၁

Vol. 15 Ch. 211

အဖြူနဲ့အမဲပြောင်းပြန်လှန်ခြင်း! မင်္ဂလာရှိသောနေ့! ၁

Vol. 15 Ch. 211

စာရွက်စာတမ်းလေလံဆွဲခြင်းနှစ်မျိုးနှစ်စားရှိသည်။ စီးပွားရေးပိုင်းနှင့်နည်းပညာပိုင်းပင်။

ချင်းလင်စံအိမ်၏ဝိုင်ပုလင်းဒီဇိုင်းဆွဲခြင်းမှာ နည်းပညာပိုင်းဟု ယူဆနိုင်သည်။

လေလံအနိုင်ရလျှင် အနိုင်ရသူ၏ပုံစံငယ်အတိုင်းထုတ်လုပ်မည်။ ပစ္စည်းကွာခြားချက်နှင့်ထုတ်လုပ်ရေးသတ်မှတ်ချက်မှာ ချင်းလင်စံအိမ်၏ရွေးချယ်မှုအပေါ်မူတည်သည်။

''ဒီအဆိုပြုလွှာကိုရွေးမယ်!'' ချင်လင် အဆိုပြုလွှာ ၄ စောင်ကိုဖတ်လိုက်ပြီး နောက်ဆုံးပထမအစီအစဉ်ကိုရွေးလိုက်၏။

ထိုအစီအစဉ်က အရင်ကျန်းရှစ်နှင့်အတူတူပင်။ နည်းနည်းအသာစီးရနေသည်။

ကျန်းရှစ်က နို့လက်ဖက်ရည်ခွက်အောက်ခြေကို ချင်းလင်စံအိမ်၏သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ပုံပြောင်းခဲ့သည်။ ထိုအချက်က ချင်းလင်စံအိမ်၏အမှတ်တံဆိပ်နှင့် လုံးဝလိုက်ဖက်သွား၏။

အခုကုမ္ပဏီက သဲမြို့တော်မှဖြစ်သည်။ ရုံချန်းစီရင်စုကုမ္ပဏီမှာ အသာစီးရသောအနေအထားအတွက် အားသာချက်မရှိပေ။ ဤသည်မှာ ဘယ်သူ့အပြစ်မှလည်းမဟုတ်။ ဒီဇိုင်းကမဆိုး။ ဖြစ်ချင်တော့ သူတို့က သူတို့စံအိမ်တကယ်လိုချင်သောပုံစံကိုမသိကြခြင်းဖြစ်သည်။

ဤပထမအစီအစဉ်မှာ သူ့ကြေးညိုဝိုင်ပုလင်းပုံစံကိုတုပထားခြင်း ဒါမှမဟုတ် အတော်များများကူးချထားခြင်းဖြစ်သော်လည်း သူတို့၏ဒီဇိုင်းအစီအစဉ်မှာ ချင်းလင်ဆေးဖက်ဝင်ဝိုင်နှင့် လုံးဝလိုက်ဖက်သည်။

ချင်းလင်ဝိုင်မှာ မူလဝိုင်ဖြူစီးရီးဖြစ်သော်လည်း ချင်းလင်စံအိမ်ထွက်ပင်ဖြစ်သောကြောင့် တစ်ဖက်သူ၏အစီအစဉ်မှာ အလွန်အသိအမှတ်ပြုစရာကောင်း၏။

တခြားအုပ်စုသုံးခု၏ဒီဇိုင်းပုံစံများက မဆိုးသော်လည်း စံအိမ်ထဲမှာထားဖို့တော့ ရုတ်ချည်းဆန်လွန်းသည်။



နည်းပညာအမှတ်ပေးပုံမှာ စီးပွားရေးအမှတ်ပေးပုံနှင့်မတူ။ စီးပွားရေးအမှတ်ပေးပုံက အခြေခံတန်ဖိုးပေါ်မူတည်ပြီး နည်းပညာအမှတ်ပေးပုံက ဖောက်သည်ကိုဖမ်းစားနိုင်မှုအပေါ်မူတည်သည်။

လေလံဆွဲရာတွင် ကျရှုံးသူတချို့မှာ သူတို့စိတ်ကူးအတော်များများကို တသမတ်တည်းတင်ပြလေ့ရှိကြသည်။ အမှန်တော့ စွမ်းရည်ချို့တဲ့သူအများစုမှာ ဒီအခြေအနေကြောင့်ဖြစ်၏။

သူတို့ဖောက်သည်လိုချင်သည့်ပုံကိုမသိရုံမက သူတို့စိတ်ကူးကိုပါလက်ခံရန် ကြိုးစားကြခြင်းကြောင့်ပင်။

......

ဤသည်က အအေးမိသည့်အခါ ဆေးရုံသွားပြီး ဆေးယူခြင်းနှင့်တူနေသည်။ နောက်ဆုံး ဆရာဝန်ကရှင်းရှင်းလင်းလင်းသိထားသော်လည်း ဆေးစစ်ဆေးချက်လုပ်စေချင်သေး၏။ ထို့နောက် ဆေးစစ်ချက်တွင် သင်အအေးမိကြောင်းပါပြီး ယွမ် ၁၀၀၀ ပြောင်သွားလိမ့်မည်။

ဆရာဝန်၏စကားအရ သင်ကောင်းဖို့အတွက်ဆိုသော်လည်း သင်ဖြစ်ချင်တာဒီလိုတော့မဟုတ်။

ဖောက်သည်ကိုဖိအားပေးပြီး ငွေတောင်းခွင့်ရှိလို့လား?

ချင်ရန်ကခေါင်းညိမ့်လိုက်ကာ_ ''ကောင်းပြီလေ... တစ်ဖက်လူကိုအသိပေးပြီး နမူနာကြည့်ဖို့ အမြန်ဆုံးပို့ခိုင်းလိုက်မယ်''

ထိုကိစ္စအတည်ပြုပြီးသည်နှင့် ချင်လင်က ဟူဖေးကိုကြည့်ပြီး မေးလိုက်သည်_ ''ဟူဖေး... အခုဘယ်လိုနေသေးလဲ?''

ချင်လင်ဘာမေးသည်ကို ဟူဖေးသိသဖြင့် ချက်ချင်းပြန်ဖြေလိုက်၏_ ''ဥက္ကဌချင်... အဲလောက်ကြီးနာတယ်လို့ မခံစားရတော့ဘူး... တစ်ညနေရင် ပိုသက်သာသွားမယ်လို့ထင်တယ်... လိပ်ခေါင်းလိမ်းဆေးမလိမ်းရင် သက်သာဖို့က တစ်ပတ်လောက်ကြာတာ... အဓိကက အဲဒီဆေးလိမ်းပြီးရင် အရမ်းနေရထိုင်ရခက်လို့''

ချင်လင်ကခေါင်းညိမ့်ပြီး မှာလိုက်သည်_ ''ဝိုင်ကျန်တာ မင်းယူသွားလိုက်... သက်သာသွားရင်ပြောဦး''

ဆေးဖက်ဝင်ဝိုင်က သိပ်အများကြီးမကျန်တော့သဖြင့် ကျယ်ကျယ်ပြန့်ပြန့်ရောင်းချရန်မဖြစ်နိုင်။ စံအိမ်၏နာမည်နှင့်လူသိများစေရန် ရံဖန်ရံခါလှုပ်ရှားမှုမျိုးအတွက်သာ အသုံးချနိုင်မည်။ စံအိမ်အတွက်လည်း ကျောက်ကပ်ကိုအားဖြည့်ပေးပြီး ခန္ဓာကိုယ်ကိုခွန်အားရှိစေသောဆေးဖက်ဝင်ဝိုင်အပြင် နောက်ထပ်ဂန္တဝင်တစ်မျိုးရှိလာမည်။

သို့သော် အရင်ဆုံးအာနိသင်တိတိကျကျကို သူဖော်ထုတ်ဖို့လိုသေးသည်။

ဒါက ဝိုင်ပုလင်းလေးတစ်လုံးသာ။ သိပ်မများ။ ဒါကို အဓိကစမ်းသပ်သူဟူဖေးအတွက် အကျိုးရှိအောင် အသုံးချမည်။

''ကျန်တာ ကျွန်တော့်အတွက်?'' ဟူဖေးက နည်းနည်းအံ့သြသွားပုံနှင့် ဝိုင်ပုလင်းကိုချက်ချင်းယူလိုက်သည်။

သူက ဒီလိုအခွင့်အရေးမျိုးရမည်မထင်ထား။ သူလိပ်ခေါင်းကြောင့် မအီမအာဖြစ်သည်ကိုသတိပြုမိသည်မှာ ပရိုဂရမ်မာလုပ်ပြီး အချိန်အတော်ကြာအထိုင်များလာကတည်းကပင်။

ဒီတစ်ကြိမ်တွင် ကောင်းကောင်းမအိပ်နိုင်မစားနိုင်လောက်အောင် ပြင်းထန်လာသည်။ ဒီဆေးဖက်ဝင်ဝိုင်နှင့်ဆို နောင်ဆိုလိပ်ခေါင်းရောဂါကိုကြောက်စရာမလိုတော့ဟုတောင် ခံစားရသည်။

သူနံဘေးတွင်_



ချင်ရန်နှင့်ချန်တပေက ဟူဖေးလက်ထဲမှဝိုင်ကို မနာလိုကြည့်နှင့်ကြည့်နေကြ၏။

ချန်တပေက ပိုပြီးအောင့်သီးအောင့်သက်ဖြစ်နေသည်။

သူဌေးက သူ့ကိုအရင်မေးတာ။ သူသာ ရှက်ကိုးရှက်ကန်းမလုပ်ခဲ့ရင် ဝိုင်ကသူ့ဟာဖြစ်မှာ။

ခြံဝင်းတံခါးပေါက်တွင် လီခိုင်၏အရိပ်အယောင် ထပ်ပေါ်လာပြန်၏။ သူကသက်ပြင်းနည်းနည်းချလိုက်သည်။ သူလည်း ဆေးဖက်ဝင်ဝိုင်၏အာနိသင်ကိုခံစားရသည်။

တစ်ခါတလေ စမ်းသပ်မှုများလုပ်ရသည့်အခါ မိုက်ခရိုစကုပ်ရှေ့တွင် အချိန်အကြာကြီးထိုင်ရသဖြင့် သူလည်းဖြစ်နိုင်ချေများ၏။ ပြင်းထန်လာပြီဆိုလျှင် သုတေသနလုပ်ရင်း စိတ်ပျက်ရလိမ့်မည်။

ဒီဆေးဖက်ဝင်ဝိုင်ပုလင်းကို သူဘယ်လိုလုပ်ပြီးလွတ်သွားရပါလိမ့်?

ဒါကြောင့် တစ်ခါတလေ ယောက်ျားတွေက လက်လွှတ်ဆုံးရှုံးရသည့်အတွက် တကယ်နောင်တရကြရသည်။

''ခင်ဗျားတို့သုံးယောက်ရော? အခုလိပ်ခေါင်းက ဘယ်လိုနေသေးလဲ?'' ချင်လင်က ချင်ရန်၊ ချန်တပေနှင့် လီခိုင်ကိုကြည့်လိုက်သည်။

သူတို့သုံးယောက်မှာ ကိုးယိုးကားယားဖြစ်သွားကြ၏။

''အဆင်ပြေပါတယ်... ငါကသိပ်မဆိုးပါဘူး!'' ချင်ရန်က မလုံမလဲနှင့်ဖြေလိုက်သည်။

ယောက်ျား ၁၀ ယောက်မှာ ၉ ယောက်က လိပ်ခေါင်းရှိသည်ဆိုသော်လည်း လူသိရှင်ကြားလိပ်ခေါင်းရှိကြောင်းဝန်ခံဖို့တော့ အတော်ခက်သေးသည်။

ချန်တပေကလည်း အောင့်သီးအောင့်သက်ပုံစံနှင့်_ ''သူဌေး... အဆိုးကြီးမဟုတ်ပါဘူး... သက်သာပါတယ်''

လီခိုင်မှာ ခြံဝင်းတံခါးပေါက်တွင်မရှိတော့။

ချင်လင်လည်း ဆေးဖက်ဝင်ဝိုင်က လိပ်ခေါင်းအတွက် အလွန်အာနိသင်ရှိကြောင်း လောလောဆယ်သိလိုက်ရပြီ။

ဟူဖေးလိပ်ခေါင်းက ပြင်းထန်သည်။ သူပြန်သွားပြီး ပိုသက်သာလာတယ်ဆိုရင် ဆေးဖက်ဝင်ဝိုင်က ဘယ်လောက်အာနိသင်ရှိလဲ သူသိနိုင်ပြီ။

''ဥက္ကဌချင်... ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်... ကျွန်တော် ဒီဝိုင်ကိုယူသွားလိုက်ပါမယ်'' ဟူဖေးက ရတနာရသွားသကဲ့သို့ သူ့ကိုကျေးဇူးတင်စကားဆိုပြီး ချင်ရန်နှင့်ပြန်ဖို့ပြင်လိုက်သည်။

သူတို့နှစ်ယောက်ပြန်မည်အပြု ချန်တပေခါးမှ စကားပြောစက်က အသံမြည်လာ၏_ ''ကြီးကြပ်ချန်... အရောင်းစင်တာမှာ တစ်ခုခုဖြစ်နေပြီ... ခရီးသည်နှစ်ယောက်စကားများပြီး ရန်တောင်ဖြစ်နေပြီ''

ချန်တပေက ချက်ချင်းမတ်တပ်ရပ်ပြီး စကားပြောစက်ထဲမှမေးလိုက်သည်_ ''ရှင်းရှင်းပြောစမ်း... ဘယ်လိုဖြစ်တာလဲ? ခေါင်းဆောင်ဟုန်ကို သတင်းပေးပြီးပြီလား?''

လုံခြုံရေးအစောင့်က စကားပြောစက်မှ ထပ်ပြီးအစီရင်ခံလာ၏_ ''ခေါင်းဆောင်ဟုန်သိပြီးပါပြီ... ဒီတစ်ခေါက်နည်းနည်းဒုက္ခရောက်လို့... အမျိုးသမီးတစ်ယောက်က နိုင်ငံခြားခရီးသည်နဲ့စကားများတာ... အဲဒီအမျိုးသမီးက နိုင်ငံခြားခရီးသည်ကဲ့မျက်နှာကိုကုတ်တောင်ကုတ်ပစ်လိုက်တယ်''

''သွားကြည့်ရအောင်!'' ချင်လင်က မျက်မှောင်နည်းနည်းကြုတ်လိုက်သည်။

ချင်းလင်စံအိမ်ဖွံ့ဖြိုးလာသည်နှင့်အမျှ ပြည်တွင်းခရီးသည်များသာမက ပြည်ပခရီးသည်များလည်း လာကြသည်။

All Chapters