အဖြူနဲ့အမဲပြောင်းပြန်လှန်ခြင်း! မင်္ဂလာရှိသောနေ့! ၂
Vol. 15 Ch. 212
ထိုခရီးသည်များက နိုင်ငံတကာခရီးသည်များမဟုတ်။ နိုင်ငံထဲမှာကြာရှည်နေမည့်လူများလည်းမဟုတ်။ သူတို့က ပုံမှန်အားဖြင့် 5A ရှုခင်းကြည့်ရန် သွားလာကြသူများဖြစ်သည်။
ပုံမှန်သူ့စံအိမ်သို့ လာရောက်လည်ပတ်ကြသောနိုင်ငံခြားခရီးသည်များအားလုံးမှာ နိုင်ငံအတွင်းရက်ကြာကြာနေထိုင်ခွင့်ရထားသူများဖြစ်ကြသည်။
စံအိမ်တွင် လူဖြူနိုင်ငံခြားသားကို နိုင်ငံသားမှတ်ပုံတင်ကတ်နှင့် လက်ခံရသည်တောင်ရှိသည်။
နိုင်ငံအတွင်းလူအတော်များများက လအပြည့်ပင်လယ်ရပ်ခြားလာပြီး ရွှေ့ပြောင်းနေထိုင်သည်ကို မနာလိုကြ၏။ သို့သော် သူတို့ဂရုတောင်မစိုက်သည်ကို မြတ်နိုးပြီးပိုင်ဆိုင်ချင်ကြသော နိုင်ငံခြားသားများလည်းရှိသည်။
ထို့အပြင် နိုင်ငံခြားသားများအတွက် အခြေအနေများစွာထားရှိပြီး တရုတ်နိုင်ငံသားအဖြစ်ခံယူဖို့ ပိုတောင်ခက်သေးသည်။ အကြောင်းမှာ နိုင်ငံအတွင်း နိုင်ငံသားနှစ်ခုခံယူခွင့်မရှိပေ။ နိုင်ငံက တိုင်းပြည်တည်ဆောက်ရေးအတွက် ပါဝင်ရောနှောမှုများကို အပြင်းအထန်ပြန်လည်စမ်းစစ်လိမ့်မည်။
ထို့ကြောင့် နိုင်ငံခြားသားအတော်များများက တရုတ်နိုင်ငံသားဖြစ်သည်ကို ပိုတန်ဖိုးထားကြ၏။
လူဖြူခရီးသည်က သူ့ ID နှင့်စာရင်းသွင်းသည့်သည့်အခါ သူကလုံးဝဂရုတစိုက်သုတ်လိုက်ပြီးမှ သူ့အိတ်ထဲကိုပြန်ထည့်သည့်အကြောင်း စာပွဲထိုးမိန်းကလေးက ဟိုအရင်ကပြောပြခဲ့ဖူး၏။
သို့သော် သည်လိုပြည်တွင်းခရီးသည်နှင့် ပြည်ပခရီးသည်ကြားရန်ပွဲမျိုးနှင့် ရင်ဆိုင်ရသည့်အခါ ပြည်ပခရီးသည်၏အမှားဖြစ်လျှင် ဖြေရှင်းရလွယ်သေးသည်။ ပြည်ပခရီးသည်ကို ခေါင်းဆောင်ဟုန်လက်ထဲအပ်ပြီး သက်ဆိုင်ရာဌာနတွင်ကိုင်တွယ်ဖို့ လွှဲပေးလိုက်ရုံပင်။ ဒီလိုဆို အင်တာနက်ပေါ်မှာလည်း သေချာပေါက်သူတို့ကို အတော်လေးချီးကျူးကြမည်။
သို့သော် ပြည်ပခရီးသည်၏အမှားမဟုတ်ခဲ့လျှင် အတော်ဒုက္ခများပြီ။

ဒီအချက်က ဒုက္ခ။
တမြန်နေ့ကမှတက်လာသောသတင်းကို သူသတိရသွား၏။ လူသွားလမ်းကြားတစ်ခုတွင် ပြည်ပခရီးသည်တစ်ဦးကိုအော်နေသော အမျိုးသမီး၏ဗီဒီယိုမှာ အင်တာနက်ပေါ်တွင် အချိန်တိုအတွင်းပေါက်သွားခဲ့သည်။
အကြောင်းရင်းမှာ အမျိုးသမီးကလိုက်တိုးဝှေ့နေခြင်းကြောင့်ဖြစ်ပုံရ၏။ တခြားခရီးသည်များ အလွန်အကျပ်အတည်းတွေ့ကြရသည်။ နောက်ဆုံး နိုင်ငံခြားသားက_ ''လိုက်မတိုးဘဲနေလို့ရမလား?''
ရလဒ်ကတော့ အမျိုးသမီးက သူမအပြောမခံထိုက်ဟုယူဆကာ စတင်ဆဲရေးခြင်းပင်။
ထိုသတင်းထွက်လာသောအခါ လူအတော်များများက မျှမျှတတနှင့် နိုင်ငံခြားသားမမှားကြောင်းခံစားမိကြသည်။ ထိုအချိန်က ခရီးသည်များက အမျိုးသမီး၏အမှားဖြစ်ကြောင်း သက်သေပြထားလျှင်တောင် မျိုးချစ်လူတစ်စုကရှိနေဆဲဖြစ်ပြီး သူတို့လူကိုသူတို့ကူညီချင်ကြ၏။
သူတို့ကိုမေးခွန်းထုတ်ရဲသူမှန်သမျှကို သစ္စာဖောက်ဟု ချက်ချင်းတံဆိပ်ကပ်လိုက်ကြမည်။
လူသွားလမ်းကြားထဲ တိုက်မိတာလေးကို ဒီလောက်ဖြစ်နေရင် ရှုမျှော်ခင်းလိုနေရာမှာဆို ပိုအထိမခံဖြစ်ပြီး ဖြေရှင်းရပိုတောင်ခက်ဦးမည်။ နောက်ပြီး သူ့ကိုလည်းထိခိုက်မည်။
အမှန်တကယ် နိုင်ငံခြားသားခရီးသည်၏အမှားမဟုတ်ခဲ့ရင်တောင် သူတို့အသိစိတ်နှင့်ဆန့်ကျင်ပြီး အမျိုးသမီးကိုကူညီကာ အပြစ်လွတ်အောင်လုပ်ဦးမည်။ ဘာပဲဖြစ်ဖြစ် နိုင်ငံခြားသားဆုံးရှုံးခဲ့လျှင် သူ့အတွက်ရပ်တည်ပေးမည့်သူမရှိ။ မဟုတ်လျှင် သွေးချင်းဘက်မှမပါဘဲ အကြောင်းအကျိုးနှင့်ရပ်တည်ခဲ့ပါက ကိုယ်ဆန္ဒရှိသလိုလုပ်နိုင်ပြီး အွန်လိုင်းပေါ်မှာအပြောခံရဖို့ပြင်ဆင်ထားရမည်။
ချင်ရန်နှင့်ဟူဖေးမှာ စပ်စပ်စုစုနောက်မှလိုက်လာကြသည်။
မကြာမီ ချင်လင်နှင့်သူတို့ အရောင်းစင်တာရောက်သွား၏။
သေချာသည်။ ခရီးသည်တွေ စုဝေးနေကြပြီ။ အားလုံးက သူတို့ဖုန်းများနှင့် ဓာတ်ပုံရိုက်နေကြ၏။
ပတ္တရောင်ရဲနှင့်လုံခြုံရေးအစောင့်နှစ်ဦးလည်း ပြည်ပခရီးသည်နှင့်အမျိုးသမီးကြားဝင်ပြီး ဖြန်ဖြေဖို့ကြိုးစားနေကြသည်။
သို့သော် လုံးဝအချည်းနှီးသာ။ သူတို့က ဆက်လက်ငြင်းခုံနေဆဲ။
နိုင်ငံခြားသားခရီးသည်မှာ သူ့မျက်နှာကို ဖုံးအုပ်ထားလျက်နှင့် ခြစ်ရာများမြင်နေရသည်။
ချင်လင်အံ့သြမိသည်က ထိုနိုင်ငံခြားသားခရီးသည်မှာ အမျိုးသမီးနှင့် တရုတ်လိုငြင်းခုံနေခြင်းပင်။
အမျိုးသမီးက_ ''ဒီနိုင်ငံခြားသားက ကျွန်မတင်ပါးကိုထိတယ်... လူယုတ်မာ... အားလုံးပဲ သူ့ကိုဓာတ်ပုံရိုက်ကြပါ''
နိုင်ငံခြားသားခရီးသည်ကလည်း_ ''မဟုတ်ဘူး... ကျုပ်လူယုတ်မာမဟုတ်ဘူး... ကျုပ်သူ့ကိုမထိဘူး... သူ့လိုခန္ဓာကိုယ်မျိုးကိုစိတ်မဝင်စားဘူး''

ထိုစကားကို အမျိုးသမီးကြားလျှင် နည်းနည်းစိတ်ပျက်သွားပုံရသည်။ ပတ္တရောင်ရဲအရာရှိနှင့် လုံခြုံရေးအစောင့်များက ဘာမှမလုပ်ကြသဖြင့် သူမကပိုပြီး မကျေမနပ်နှင့်အော်လိုက်၏_ ''ဘာစောင့်နေကြတာလဲ? မြန်မြန်ဖမ်းလေ ဒီလူယုတ်မာကို... ချင်းလင်စံအိမ်က နိုင်ငံခြားသားကိုကာကွယ်ပေးမလို့လား? ဒီမှာ နိုင်ငံခြားသားတွေက ထိပ်တန်းနိုင်ငံသားလား?ခရီးသည်တွေဒီလောက်အများကြီးကြည့်နေကြတာလေ''
ချင်လင်မျက်မှောင်ကြုတ်နေပြီ။
ဒါမျိုးတွေက တကယ်မာယာများသည်။
နိုင်ငံသားပြဿနာတွေက ထိလွယ်ရှလွယ်ဖြစ်တတ်သည်။
''သူဌေးချင်!'' ခေါင်းဆောင်ဟုန်က တခြားဘက်မှလျှောက်လာ၏။ သူကခဏစောင့်ကြည့်ပြီး သူတပည့်များကိုကြားဝင်ဖို့လက်လွှဲပေးထားသည်။ သူမဝင်ရသေး။
ချင်လင်ကမျက်မှောင်ကြုတ်ပြီး မေးလိုက်သည်_ ''ခေါင်းဆောင်ဟုန်... ဒီကိစ္စဘယ်လိုလုပ်ကြမလဲ?''
ခေါင်းဆောင်ဟုန်က_ ''နိုင်ငံခြားသားခရီးသည်က သူ့ကိုထိခဲ့တယ်လို့ အမျိုးသမီးကပြောတယ်... နိုင်ငံခြားသားကပြောတော့ ဒီအမျိုးသမီးက လူတန်းကိုဖြတ်ဝင်တာတဲ့... သူကသတိလှမ်းပေးတော့ အမျိုးသမီးက သူ့ကိုကုတ်တယ်တဲ့''
''အာ!'' ချင်လင်မျက်မှောင်ပိုကြုတ်သွားပြီး_ ''ဒီလိုရှုမျှော်ခင်းနေရာမျိုးမှာ သူများကိုချောက်ချတဲ့ အသိဉာဏ်မရှိတဲ့အမျိုးသမီးမျိုးမရှိသင့်ဘူး ဟုတ်တယ်မလား? ဒီနိုင်ငံခြားသားခရီးသည်ကသူ့လက်ကိုဆန့်ထုတ်လိုက်တာရော တကယ်ဖြစ်နိုင်လား?''
''ကြီးကြပ်ချန်... ဒီမှာ စောင့်ကြည့်ကင်မရာတွေရှိတယ်... ကင်မရာကဗီဒီယိုကိုတစ်ချက်သွားကြည့်ရအောင်'' ခေါင်းဆောင်ဟုန်က ချန်တပေကို သက်ပြင်းချပြီးပြောလိုက်သည်။
သူလည်း နိုင်ငံခြားသားခရီးသည်ကမှန်နေမှာကို အစိုးရိမ်ဆုံး။
ဒီလိုအခြေအနေမှာ သူရွေးချယ်စရာမရှိသောကြောင့်ပင်။ သွေးချင်းထက်ပိုပြီး ယုတ္တိရှိသူကို ရွေးရတော့မည်။ ဥပဒေက ရှိနေသည်လေ။
သို့သော် ဒီလိုဖြစ်ခဲ့ရင်တောင် တချို့လူတွေအပြစ်တင်ကြမှာကိုရှောင်လွှဲမရပေ။ ဘာပဲဖြစ်ဖြစ် ဒီလိုဖြစ်ရပ်မျိုးမကိုင်တွယ်ရတဲ့ရဲအရာရှိတွေ မရှိတာမှမဟုတ်ဘဲ။
တချို့က မှန်သည်မှားသည်ကိုဂရုစိုက်သည်မဟုတ်ဘဲ ကိုယ်ကျင့်တရားမားမားမတ်မတ်ခံစားချက်ကို နှစ်သက်ကြသည်။
ချင်လင်တို့က စောင့်ကြည့်ကင်မရာခန်းထဲတန်းသွားလိုက်သည်။
ချန်တပေရောက်လာသောအခါ စောင့်ကြည်ကင်မရာအခန်းထဲမှလုံခြုံရေးအစောင့်များကို စောင့်ကြည့်ကင်မရာများဆွဲယူခိုင်းထားပြီးဖြစ်၏။ သူတို့ရောက်ရောက်ချင်း စောင့်ကြည့်ဗီဒီယိုကိုတန်းကြည့်နိုင်သည်။
ဗီဒီယိုထဲတွင် နိုင်ငံခြားသားခရီးသည်က ကျောပိုးအိတ်လွယ်ထားပြီး တခြားခရီးသည်များကဲ့သို့ပင် အတည်တကျတန်းစီနေသည်ကိုတွေ့ရ၏။
ထိုမြင်ကွင်းကြောင့် စောင့်ကြည့်ခန်းထဲတွင် သက်ပြင်းတချို့ချကုန်ကြသည်။
အကြောင်းမှာ နိုင်ငံခြားသားခရီးသည်၏အရှေ့လူတန်းထဲတွင် ရှေ့ရောနောက်ပါ ထိုအမျိုးသမီးမရှိသောကြောင့် အမျိုးသမီးပြောသမျှက အလိမ်အညာဆိုသည့်သဘော။
သေချာသလောက်ပင်။ ခဏအကြာ အမျိုးသမီးပေါ်လာသည်။ အစက အနောက်မှာတန်းစီနေ၏။ သို့သော် မစောင့်နိုင်တော့ပုံနှင့် လူတန်းကိုတန်းဖြတ်ဝင်လာသည်။
ခရီးသည်များက ဘာမှမပြောကြသဖြင့် အသာလေးရှေ့တိုးကာ နောက်ထပ်နှစ်ယောက်ကျော်ပြီး လူတန်းကိုထပ်ကျော်ဝင်လိုက်သည်။ ဒီလိုအကြိမ်ကြိမ်ဆက်တိုက်လုပ်ခဲ့ရာ သူမနှင့်နိုင်ငံခြားသားခရီးသည်စကားမများခင်အထိပင်။ နိုင်ငံခြားသားခရီးသည်ကပြောပြီး သူမလူဖြတ်ဝင်လိုက်၍ စကားတစ်ခွန်းနှင့်စပြီး ငြင်းခုံကြတော့သည်။