← Chapters

အဖြူနဲ့အမဲပြောင်းပြန်လှန်ခြင်း! မင်္ဂလာရှိသောနေ့! ၃

Vol. 15 Ch. 213

အဖြူနဲ့အမဲပြောင်းပြန်လှန်ခြင်း! မင်္ဂလာရှိသောနေ့! ၃

Vol. 15 Ch. 213

ဒါဘာလို့ယုတ္တိမရှိသူလိုခံစားရတာလဲ? သူမသွေးချင်းတွေက သူမကိုသည်းခံနားလည်ပေးပေမဲ့ ဒါကိုအခွင့်ကောင်းယူပြီး အပြင်လူတွေကပါ သူမအပေါ် ယဉ်ယဉ်ကျေးကျေးဖြစ်စေချင်တာလား?

''ကိုယ့်တိုင်းပြည်ကိုယ်သိက္ခာချတာပဲ'' ခေါင်းဆောင်ဟုန်က စိတ်ပျက်ပျက်နှင့်ပြောလိုက်သည်။ ထို့နောက်သူက စောင့်ကြည့်ဗီဒီယိုကိုကော်ပီကူးလိုက်ပြီး_ ''သူဌေးချင်... ကျွန်တော်သွားပြီး ဖျန်ဖြေလိုက်ဦးမယ်... ညှိနှိုင်းဖို့ကြိုးစားကြည့်မယ်... သူ့ကိုအခွင့်အရေးပေးကြည့်လို့မှ မသိတတ်ရင် ကျွန်တော်ဗီဒီယိုထုတ်ပြလိုက်မယ်''

''အင်း!'' ချင်လင်ခေါင်းညိမ့်လိုက်သည်။ ဒါနိုင်ငံခြားခရီးသည်အပေါ်မမျှတဘူးဆိုသော်လည်း အမှန်တကယ်ဥပဒေအတိုင်း အမျိုးသမီးကိုဖမ်းဆီးမည်ဆိုလျှင် ရှုမျှော်ခင်းနေရာကို သေချာပေါက်အပြောခံရတော့မည်။ အားပြိုင်သည့်ဖြစ်ရပ်တောင် ဖြစ်ကောင်းဖြစ်လာနိုင်သည်။

ဘာပဲဖြစ်ဖြစ် လူသွားလမ်းကြားခရီးသည်အမျိုးသမီးနှင့်နိုင်ငံခြားခရီးသည်ဖြစ်ရပ်တောင် မနေ့တနေ့ကမှဖြစ်ပျက်ခဲ့တာလေ။ ဒါချက်ချင်း နောက်ထပ်အမျိုးသမီးခရီးသည်နှင့်နိုင်ငံခြားခရီးသည်ဖြစ်ရပ်တစ်ခုဖြစ်သွားနိုင်သည်။

အဓိကအချက်မှာ အမျိုးသမီးက ယုတ္တိမရှိပြောနေဆဲပင်။ နိုင်ငံထဲတွင် အမျိုးသမီးအကြောင်းပြောနေသောလူများရှိမည်။ ဒီလိုပဋိပက္ခကိစ္စမျိုးမှာ စံအိမ်ကိုမပတ်သက်စေချင်။

ဘာပဲဖြစ်ဖြစ် ဒီအမျိုးသမီးနှစ်ဦးက အမျိုးသမီးအားလုံးကိုကိုယ်စားပြုတာမှမဟုတ်ဘဲ။ ဒါတစ်ဦးချင်းအမှားသက်သက်သာ။

နောက်ပြီး ဒီနိုင်ငံခြားသားနှစ်ယောက်လုံးကမှန်သည်ဆိုသော်လည်း နိုင်ငံထဲတွင် နိုင်ငံခြားသားအတော်များများက အမှန်ပင်စည်းလွတ်ဝါးလွတ်နေကြသည်။ သူတို့ကစိတ်ရှုပ်စရာကောင်းသည်မှာလည်း မှန်၏။

တစ်ဦးချင်းပြဿနာတွေက မရှုပ်ထွေးသော်လည်း သူများနှင့်နှိုင်းယှဉ်ပြလာမှာကိုစိုးရိမ်မိသည်။

ခေါင်းဆောင်ဟုန်ထွက်သွားလျှင် သူ့နောက်လိုက်လာသောချင်ရန်က_ ''လင်ဇီ... ဒီစောင့်ကြည့်ဗီဒီယိုကို ငါတို့ကိုလည်း ကော်ပီပေးလိုက်... ငါသိတယ် ဒါမျိုးကိုတစ်ယောက်ယောက်ကလိုင်းပေါ်တင်ပြီး ရည်ရွယ်ချက်ရှိရှိလမ်းကြောင်းပေးလိုက်ရင် မှန်မှန်မှားမှား မင်းစံအိမ်ပဲဒုက္ခရောက်မှာ... ငါတို့ကအရင်လမ်းကြောင်းပြီး အားလုံးကိုအမှန်တရားပေးသိထားရင်ရော?''

ချင်လင်ခေါင်းညိမ့်လိုက်သည်။

…

ခေါင်းဆောင်ဟုန်က အရောင်းစင်တာဆီ ခပ်သုတ်သုတ်ပြန်လာခဲ့သည်။ ပတ္တရောင်ရဲနှင့်လုံခြုံရေးအစောင့်နှစ်ဦး ကြားဝင်ဖျန်ဖြေနေသော်လည်း အမျိုးသမီးက နိုင်ငံခြားသားခရီးသည်နှင့်ငြင်းခုံမှုမှာ ပိုတောင်ပြင်းထန်လာသေးသည်။



ခေါင်းဆောင်ဟုန်ကလျှောက်ဝင်လာပြီး မျက်မှောင်ကြုတ်ကာ လုံခြုံရေးအစောင့်နှစ်ဦးကိုအမိန့်ပေးလိုက်သည်_ ''ဒီလူကြီးမင်းကို အထဲအရင်ခေါ်သွားလိုက်... ငါဒီအမျိုးသမီးနဲ့ စကားပြောချင်တယ်''

လုံခြုံရေးအစောင့်နှစ်ဦးက ခေါင်းညိမ့်ပြီး နိုင်ငံခြားသားခရီးသည်ကို အားတုံ့အားနာနှင့်ခေါ်သွားလိုက်သည်။

ခေါင်းဆောင်ဟုန်လည်း အမျိုးသမီးဆီလျှောက်သွားကာ_ ''အစ်မ... ဒီနားမှာ လူတွေအားလုံးစုဝေးနေတာ မသင့်တော်ဘူး... စကားပြောဖို့နေရာတစ်ခုသွားပြီး ဒီလူတွေကိုလူစုခွဲလိုက်ရင်ရော?''

ခေါင်းဆောင်ဟုန်မှာ ရှုမျှော်ခင်းပတ္တရောင်အဖွဲ့ခေါင်းဆောင်ဟု အမျိုးသမီးကအတပ်ပြောနိုင်သော်လည်း ထိုအချက်ကြောင့်ပင် သူမကခေါင်းမာမာနှင့်ပြောလိုက်သည်_ ''ဘာလို့တခြားနေရာမှာပြောရမှာလဲ? အားလုံးမသိအောင်လို့ နိုင်ငံခြားသားခရီးသည်ကိုကာကွယ်ပေးဖို့ ကြိုးစားနေတာလား?''

ဘာဖြစ်နေလဲ သူမအတိအကျသိသည်။ သူမသွေးပူတုန်းလုပ်ခဲ့ခြင်းဖြစ်သော်လည်း အခုမှပြန်လျှောချဖို့မမီတော့ပြီ။

ပိုဆိုးတာက သူမက မီဒီယာကုမ္ပဏီတစ်ခုမှစီစဉ်သူဖြစ်၍ ပြည်သူလူထု၏အထင်အမြင်စွမ်းအားကိုသိထားသည်။ ပြည်သူ့အမြင်မှာ လူအတော်များများကိုဖိအားပေးနိုင်ပြီး အများညီလျှင် 'ဤ'က 'ကျွဲ'ဖြစ်သွားနိုင်သည်။

အခုပတ်ပတ်လည်မှာ ခရီးသည်တွေအများကြီး။ တစ်ဖက်လူကိုဖိအားပေးဖို့ သူတို့ကိုလမ်းကြောင်းပေးနိုင်သည်။ ဒါသူမအတွက် အကျိုးရှိမည်။

ခေါင်းဆောင်ဟုန်ကမျက်မှောင်ပိုကြုတ်သွားပြီး_ ''ခင်ဗျားကိုအခွင့်အရေးပေးနေတာပါ အစ်မ'' သူကသတိပေးလိုက်သည်_ ''ခင်ဗျား ကျွန်တော်တို့နဲ့ပူးပေါင်းလုပ်ဆောင်သင့်တယ်''

အမျိုးသမီးက ထိုစကားကြားလျှင် တစ်ခုခုတော့မှားနေပြီဟုခံစားလိုက်ရသည်။ သူမကသည်းမခံနိုင်တော့ဘဲဖုန်းထုတ်ကာ ခေါင်းဆောင်ဟုန်ကိုဗီဒီယိုစရိုက်တော့၏။

ကိုယ်ပိုင်မီဒီယာလွှင့်ခြင်းမှာ သူမလုပ်နေကျပင်။

''ဟင်း!'' ထိုပုံစံကြောင့် ခေါင်းဆောင်ဟုန်မှာ လုံးဝမတတ်သာတော့။ သူက လက်ထိပ်ထုတ်လိုက်ကာ_ ''အစ်မ... ခင်ဗျားက ရှုမျှော်ခင်းနေရာရဲ့လုံခြုံရေးကိုအနှောင့်အယှက်ပေးတယ်... အခုခင်ဗျားလုပ်ရပ်ကိုပြန်ရုတ်သိမ်းပြီး စစ်ဆေးမေးမြန်းမှုကို ပူးပေါင်းဆောင်ရွက်ပေးပါ''

ထိုစကားများကြောင့် အမျိုးသမီးက လုံးဝစိုးရိမ်သွားသည်။ သူမကအစွမ်းကုန်အားသုံးကာ_ ''အားလုံးပဲ... ကြည့်ကြပါ... ချင်းလင်စံအိမ်က နိုင်ငံခြားသားခရီးသည်ကို ကာကွယ်ပေးနေပါတယ်... သူတို့ယုတ်မာရင်ရပါတယ်''

''ဒီမှာစောင့်ကြည့်ကင်မရာတွေရှိတယ်... အမှန်တရားဘာလဲဆိုတာမသိတော့အောင် ခင်ဗျားလိမ်နေတာတွေ သိပ်များနေပြီမလား?'' ဒီတစ်ကြိမ်တွင် ခေါင်းဆောင်ဟုန်ကထေ့ငေါ့လိုက်ပြီး အမျိုးသမီးဆီ လက်ထိပ်ယူသွားလိုက်သည်။

ထိုတခဏအတွင်း အမျိုးသမီးမှာကြောင်သွား၏။

ခရီးသည်များအကြား ထိုမြင်ကွင်းကိုမြင်သော ချင်လင်မှာ ခေါင်းခါလိုက်မိသည်။ ခေါင်းဆောင်ဟုန်က သူမကိုအခွင့်အရေးပေးခဲ့သော်လည်း တန်ဖိုးထားရမှန်းမသိချေ။

ဘယ်အမျိုးသမီးမှ ဒီလောက်မအဟုလည်းတွေးမိသည်။ ဘာပဲဖြစ်ဖြစ် မိန်းမငယ်လေးလည်းမဟုတ်။ သို့သော် ဒီလိုနည်းလမ်းမျိုးစဉ်းစားပုံအရ နည်းနည်းနုံချာပုံပေါက်သည်။

ထိုအချိန်တွင် ချန်တပေလည်းရှေ့တိုးကာ သူ့နားဝန်းကျင်ခရီးသည်များကိုပြောလိုက်၏_ ''ကျွန်တော်တို့ ဒီဖြစ်ရပ်ရဲ့စောင့်ကြည့်ဗီဒီယိုကို ခန်းမထဲကအများသုံးလူထုမီဒီယာပိတ်ကားပေါ်မှာ တင်ပေးပါမယ်... အားလုံးသွားပြီး ဖြစ်ရပ်တစ်ခုလုံးကိုကြည့်နိုင်ပါတယ်''

ထိုစကားလုံးများက အမျိုးသမီး၏မျက်နှာကို ဖြူဖျော့သွားစေသည်။ သူမခြေထောက်များပျော့ခွေသွားကာ အရုပ်ကြိုးပြတ်ဖြစ်သွား၏။

ခေါင်းဆောင်ဟုန်သာ ဆွဲမထားပေးလျှင် မြေပေါ်လဲကျသွားတော့မည်။

သူမကိုယ်တိုင်မီဒီယာအစီအစဉ်တွင် ပါဝင်ခဲ့သည်။ နောက်ဘာတွေရင်ဆိုင်ရတော့မယ်ဆိုတာ ကွက်ကွက်ကွင်းကွင်းသိနေပြီ။



အင်တာနက်ပေါ်မှာ အပြောခံရမည်၊ အလုပ်ပြုတ်မည်၊ သူမအမြဲတမ်းလုပ်ခဲ့သောနယ်ပယ်မှာ ဆက်လုပ်လို့မရတော့ပြီ...။

လူဖြတ်ဝင်မိတာနဲ့ ကတောက်ကဆအခြေအနေလေးတစ်ခုကို ဒီအခြေအနေအထိရောက်အောင်သယ်လာမိခြင်းကို တကယ်နောင်တရမိသည်။

ထိုအချိန်တွင် ချန်တပေကဆက်ပြီး_ ''ကျွန်တော်တို့ဆီမှာ နိုင်ငံခြားသားအတော်များများက ထိန်းသိမ်းမရဘူး စိတ်ရှုပ်စရာကောင်းတယ် နိုင်ငံခြားသားတွေကိုမုန်းတယ်ဆိုတာနဲ့ပဲ အမှန်တရားကိုမျက်ကွယ်ပြုပြီး ကျွန်တော်တို့ကိုယ်ကျင့်တရားကိုစွန့်ထားလို့မရဘူး''

''ဘယ်လိုပဲဖြစ်ဖြစ် မှန်တယ်မှားတယ်ဆိုတာ ကျွန်တော်တို့ကိုယ်ပိုင်အသိပေါ်မှာတည်ဆောက်ထားတာ... မဟုတ်ရင် ကျွန်တော်တို့နဲ့ သံသရာလည်နေတဲ့ကောင်တွေနဲ့ ဘာကွာတော့မှာလဲ?''

ထိုစကားများက ရှုမျှော်ခင်းနေရာစီမံမှု၏အဆင့်အတန်းဖြစ်သည်။ ဘေးပတ်လည်မှခရီးသည်များကလည်း လက်ခုပ်သြဘာပေးကြ၏။

အကြောင်းတချို့ကြောင့် လုံခြုံရေးအစောင့်ပြောသည်မှာမှန်သည်။

အမျိုးသမီးတစ်ဦးပြဿနာရှာနေသော ထိုရုပ်ပျက်ဆင်းပျက်ဖြစ်ရပ်မှာ အဆုံးသတ်သွား၏။

ချင်းလင်စံအိမ်က နိုင်ငံခြားသား၏ကျသင့်ငွေကိုလျှော်ပေးပြီး အရည်အသွေး ၁ ငါးရှဉ့်နှင့်ရေချိုငါးတစ်ပွဲတောင် ပို့လိုက်သေးသည်။ နိုင်ငံခြားသားခရီးသည်က ဗိုက်ရိုက်စားပစ်လိုက်၏။ အရည်အသွေး ၁ မှာ သူ့ဘဝတွင်မစားဖူးသောအရာဖြစ်နေသောကြောင့်ပင်။

…

နောက်တစ်နေ့တွင် ဂိုဒေါင်သွားပြီး ဂိမ်းထဲမှပစ္စည်းများကို စံအိမ်ပို့လိုက်သည်။ ချင်လင်က သူ့ရုံးခန်းထဲပြန်လာပြီး ဖုန်းထုတ်ကြည့်လိုက်ရာ ထင်ထားသည့်အတိုင်း မနေ့ကဖြစ်ရပ်ကို လိုင်းပေါ်တွင်ဖွင့်ချထားပြီမှန်းသိလိုက်ရ၏။

လူသွားလမ်းကြားထဲတွင် နိုင်ငံခြားခရီးသည်ကို အမျိုးသမီးတစ်ဦးကအော်နေသောဗီဒီယိုကဲ့သို့ပင် လူအများစုက မျှမျှတတရှိပြီး လူဖြတ်စီကာ လက်တစ်လုံးလှည့်ဖျားသောအမျိုးသမီးကိုမကျေနပ်ကြောင်းပါပြောထားကြသည်။

ဘာပဲဖြစ်ဖြစ် စည်းကမ်းမလိုက်နာဘဲ ဖြစ်သလိုတန်းစီသူကို ဘယ်သူမှမကြိုက်။ လက်တစ်လုံးလှည့်ဖျားတတ်သည်ဆို ဝေးလာဝေး။

တရုတ်လူမျိုးကိုမျက်နှာပျက်စေသည့်အတွက် သူမအပြောခံရသည်ကတော်တော်။

ချင်းလင်စံအိမ်ကို လူတချို့ပြောတာက ခံနေရသေးသည်။

အကြောင်းရင်းက ကိုယ့်လူမျိုးကိုယ်မကာကွယ်ပေးလို့ပဲပေါ့။

သို့သော် ချင်လင်ကစိတ်ထဲမထား။ လူတိုင်း သူ့စီးပွားရေးကိုကြိုက်အောင်လုပ်ဖို့တော့ မဖြစ်နိုင်ဘူးမဟုတ်လား?

ကိစ္စတချို့ဖြေရှင်းပြီးနောက် ကျောက်မိုချင်းရောက်လာပြီး မေးသည်_ ''ချင်လင်... ရှင်ပြောတော့ စံအိမ်ဆိုင်းဘုတ်ကို စိတ်တိုင်းကျအပ်ထားတယ်ဆို... အဲဒါရောက်ဖို့ ဘယ်လောက်ကြာဦးမှာလဲ? အမေက စံအိမ်မှာဆိုင်းဘုတ်ပြောင်းချင်တယ်ကြားလို့ နေ့ကောင်းရက်သာတချို့ရွေးခိုင်းရမယ်တဲ့''

''ရလောက်ပြီ... ကိုယ်ကိုယ်တိုင်သွားယူလိုက်မယ်'' ချင်လင်က အပြုံးနှင့်ပြောလိုက်သည်။

လူကြီးတွေက ဖုန်းရွှေတို့ မင်္ဂလာရှိတဲ့နေ့တို့ ဒီလိုအရာတွေကိုပိုပြီး ယုံကြည်လေ့ရှိကြသည်။

သူ့အမေက နေ့ကောင်းရက်သာတချို့ရွေးပြီဆိုမှတော့ အဲဒီထဲကတစ်ရက်ရက်ကို ဆိုင်းဘုတ်ချိတ်ဖို့ရက်ရွေးရမည်။

''မင်္ဂလာရှိတဲ့ရက်ရွေးမယ်ဆိုမှတော့ စံအိမ်မှာ နောက်ထပ်ပွဲတစ်ပွဲစီစဉ်ကြတာပေါ့!'' ချင်လင်ကပြုံးပြုံးနှင့်ပြောပြီး မတ်တပ်ထရပ်လိုက်သည်။ သူကကျောက်မိုချင်းကို သူ့ပေါင်ပေါ်ဆွဲတင်ကာ သူမခါးကိုဖက်ထားလိုက်၏။

ယောက်ျားတွေက အနည်းနဲ့အများတော့ ရုံးခန်းထဲမှာ ကြည်နူးစရာလေးတွေလုပ်ချင်တာပဲလေ။

သူကရုံးခန်းထဲမှာအလုပ်မလုပ်ဘူးဆိုရင်တောင် ကြည်နူးစရာအငွေ့အသက်လေးတွေကိုတော့ ခံစားနိုင်သေးတယ်မလား?

All Chapters