တော်ဝင်နန်းသုံး! သစ်မွှေး! ၁
Vol. 15 Ch. 214
ရုံးခန်းထဲတွင် ချင်လင်နှင့်ကျောက်မိုချင်းကလူကျီစယ်နေကြစဉ် ကျောက်မိုချင်းထံဖုန်းဝင်လာသဖြင့် ကိစ္စတချို့ဖြေရှင်းရန်ထွက်သွားသည်။
တစ်ဖက်တွင် သူလည်းသူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်လိုက်သည်။ ထို့နောက် ဂိမ်းဇာတ်ကောင်ကို ငါးသွားမျှားခိုင်းလိုက်၏။ အသစ်ပေါ်လာသောငါး ၃၅ ကောင်လုံးဖမ်းမိပြီးနောက် ဂိမ်းဇာတ်ကောင်ကို ပုဆိန်တစ်လက်နှင့် နိုထရီဒိန်းတောင်သွားပြီး သစ်ခုတ်စေလိုက်သည်။
သူက ဂိမ်းဇာတ်ကောင်အား နေ့တိုင်းသစ်ခုတ်ခိုင်းခဲ့သည်။ အဖိုးတန်သစ်တချို့ရခဲ့ပြီး ထိုင်ခုံနှင့်လက်ဖက်ရည်စားပွဲလုပ်ထားလိုက်သည်။
သူဆိုင်းဘုတ်သွားယူသည့်အခါ ပြန်သယ်လာနိုင်သည်။
သို့သော် ဒီနေ့သူ့ကံအလွန်ညံ့နေပုံရသည်။ သူကဂိမ်းဇာတ်ကောင်အား ဒီနေ့ထွက်လာသောသစ်ပင်အားလုံးကိုခုတ်ချစေလိုက်ရာ အသားပွသောအပင် ၆ ပင်နှင့် ကျန်သစ်ပင်များအားလုံးမှာ သာမန်အပင်များဖြစ်နေသည်။
သဘောက ဘာမှမရဘူးပေါ့။
ချင်လင်မှာ သက်ပြင်းသာချနိုင်တော့သည်။
နေ့လယ်ပိုင်းတွင် ထရပ်ကားကိုဂိုဒေါင်ဆီမောင်းလာပြီး ပါကင်ထိုးလိုက်သည်။ သူကအပြင်ထွက်၍ တံခါးပိတ်ခဲ့လိုက်၏။
အရင်ဆုံး ဆိုင်းဘုတ်သုံးခုကို ဂရုတစိုက်သယ်ပြီး ကားထဲထည့်လိုက်သည်။ ထို့နောက် အတွေးနှင့် ဂိမ်းထဲဝင်လိုက်၏။
ဂိမ်းထဲတွင် လွန်ခဲ့သောရက်ပိုင်းအတွင်း ချင်လင်ရခဲ့သည်များပေါ်လာသည်။

ထိုင်ခုံ၊ လက်ဖက်ရည်စားပွဲ၊ နံ့သာမှုန့်ဘူးနှစ်ဘူး!
အားလုံးကို သစ်ခုတ်ပြီးနောက် ရရှိသောသစ်သားများနှင့် သစ်ဖြတ်စက်တွင်လုပ်ထားခြင်းဖြစ်သည်။
နောက်ပြီး လေးငါးရက်အတွင်း ထိုပစ္စည်းသုံးမျိုးသာလုပ်ရသေး၏။
(သစ်မွှေးခုံ: အရည်အသွေး ၁)
(နံ့သာနီလက်ဖက်ရည်စားပွဲ: အရည်အသွေး ၁)
နံ့သာနီမှာလည်း တန်ဖိုးအကြီးဆုံးသစ်ပင် ၁၀ ပင်ထဲတွင် အပါအဝင်ဖြစ်သည်။ သစ်မွှေးနှင့်စာလျှင် နည်းနည်းတန်ဖိုးလျော့ခြင်းသာရှိသည်။
အားလုံးကို ချင်လင်က တကယ့်ဒီဇိုင်းအစီအစဉ်အတိုင်းလုပ်ထားပြီး ရုံးခန်းထဲထားရန်ဆင်ထားသည်။
သစ်မွှေးခုံတစ်လုံးတည်းလုပ်ဖို့တင် အရည်အသွေး ၁ သစ်မွှေးသား ၃ ပုံလိုအပ်သည်။
ဒီရက်ထဲ သူကံမကောင်း။ သူခုတ်သမျှသစ်မွှေးသားအားလုံး ဒီခုံဖြစ်သွားသည်။
ပြီးတော့ ဒီခုံက ကတ်တီ ၁၄၀ နီးပါးအချိန်စီးသည်။
နံ့သာနီက သစ်မွှေးလောက် စျေးမကောင်းသော်လည်း တစ်ကတ်တီကို ယွမ် ၃၀၀၀ ကျော်တန်သေးသည်။ လက်ဖက်ရည်စားပွဲက သိပ်အမာကြီးမဟုတ်။ သို့သော် ထိုင်ခုံထက်လေးပြီး ကတ်တီ ၁၈၀ အချိန်စီး၏။
ထိုင်ခုံနှင့်လက်ဖက်ရည်စားပွဲကို စက်မှထုတ်သည်နှင့်အရောင်တင်ပြီးသားဖြစ်သည်။ မျက်နှာပြင်မှာအရောင်စိုနေပြီး မျက်စိပသာဒဖြစ်စရာကောင်း၏။
ထို့အပြင် ဒီဇိုင်းပုံစံကြောင့် အသွင်အပြင်မှာ အလွန်အဆင့်အတန်းမြင့်ပြီး အထက်တန်းကျသည်။
သို့သော်လည်း ဆိုင်းဘုတ်နှင့်ဒီပစ္စည်းများအားလုံးကိုပြန်သယ်သွားလျှင် ယွမ်နှစ်သန်းကျော်တန်ဖိုးရှိလိမ့်မည်။ သူစံအိမ်မှ ငွေပမာဏများများလွှဲရပေမည်။
အရင်က စံအိမ်ဝင်ငွေမှာ သိန်းဂဏန်းရှိပြီး အတော်များများက ငွေရင်းမရှိဘဲရထားခြင်းဖြစ်သည်။ ကျောက်မိုချင်းတစ်ယောက်တည်းတုန်းက သူ့နည်းသူ့ဟန်ဖြင့် ဖြီးဖြန်း၍ရသေးသည်။ ကျောက်မိုချင်းက သူ့ကိုအကြွင်းမဲ့ယုံထားသောကြောင့်ပင်။
အခုတော့ စာရင်းကိုင်၊ ဘဏ္ဍာရေး စည်းစနစ်တွေရှိလာပြီဖြစ်၍ သူအရင်ကလုပ်ခဲ့သလို လုပ်လို့မရ။
ဘာပဲဖြစ်ဖြစ် ဒီစာရင်းကိုင်တွေတွက်ကြချက်ကြသည့်အခါ သေချာပေါက်စိတ်ရှုပ်ကုန်လိမ့်မည်။ ထို့ကြောင့် စာရင်းကိုင်များခန့်ပြီးနောက် သူလုပ်ထားသောကိုယ်ပိုင်အကောင့်များထဲသို့ ငွေပမာဏတစ်ခုကိုအလှည့်ကျလွှဲထားလိုက်သည်။ အမည်ခံအားဖြင့် ဂိမ်း၏တစ်စိတ်တပိုင်းမဟုတ်သော ပစ္စည်းများကျသင့်ငွေဖြစ်၏။
ကျောက်မိုချင်းကို ဒီငွေကြေးပိုင်းအကြောင်းပြောပြသည်မှာလည်း လျှို့ဝှက်စီးပွားရေးအဆက်အသွယ်ဟူ၍ဖြစ်သည်။ စံအိမ်အကောင့်ကို သူမသုံးခဲ့ပေ။

လုပ်ငန်းနည်းနည်းအခက်တွေ့ရုံသာဖြစ်သည်။ တခြားသူများ၏အမြင်တွင် သူက စံအိမ်နှင့်တင်သွင်းသူများအကြား ကြားခံလူဖြစ်နေသည်။
သို့သော် သူ့တွင် စံအိမ်၏ရှယ်ယာ ၁၀၀% ရှိသဖြင့် လုပ်ငန်းလျှို့ဝှက်ချက်ဟုပြောရင် ပြဿနာမရှိ။
ဒီငွေက သူ့အကောင့်ထဲ အမြဲတမ်းဒီလိုရှိနေမှာမဟုတ်။ တိုးသာတိုးလာလိမ့်မည်။ ထို့ကြောင့် ငွေအားလုံးကို စတော့စျေးကွက်ထဲလွှဲပြီး ပင်ဂွင်း၏ငွေပေါ်လွယ်သောရှယ်ယာများဝယ်ရန် သုံးပစ်လိုက်၏။
ဒီတစ်ခါလည်း ဒီလိုပဲလုပ်ရလိမ့်မည်။
ပင်ဂွင်းလိုကုမ္ပဏီကြီး၏ရှယ်ယာများဝယ်ခြင်းမှာ ကျဉ်းထဲကြပ်ထဲရောက်လေ့မရှိ။ အလောတကြီးရောင်းချလိုလျှင် စျေးချပြီးရောင်းလိုက်ရုံပင်။ ဘာပဲဖြစ်ဖြစ် ငွေရင်းစိုက်ထားတာမှမဟုတ်ဘဲ။
ထို့နောက် ချင်လင်က တတိယပစ္စည်းဖြစ်သော နံ့သာမှုန့်ဘူးနှစ်ဘူးကိုကြည့်လိုက်သည်။ ချန်ရှန်းဖေနှင့်မာလဲ့ဝမ်လို လူချမ်းသာတွေတောင် ဒါမျိူးဝယ်ဖို့ခက်မှန်းသိရလိမ့်မည်။
နံ့သာမှုန့်ကို စနစ်ကအောင်အောင်မြင်မြင်တွဲဖက်ဖန်တီးထားသောသေတ္တာနှင့်ထည့်ထားသည်။ မှုန့်ညက်နေပြီး နံ့သာရောင် အရောင်ဖျော့ဖြစ်၏။
သစ်မွှေးမှထုတ်ထားသော နံ့သာမှုန့်ပင်။
အတော်များများက သစ်မွှေးကိုကြားဖူးချင်မှကြားဖူးမည်။ လူချမ်းသာအများစုတောင် အလျှံအပယ်ရဖို့လမ်းမရှိ။
သစ်မွှေးမှာ နံ့သာထဲတွင် အကောင်းတကာ့ အကောင်းဆုံးဖြစ်သည်။ ရှေးယခင်က 'ချန်ရှန်း'ဟုခေါ်ပြီး တော်ဝင်မိသားစုသာအသုံးပြုနိုင်သည်။ ဟန်မင်းဆက်ကတည်းက တော်ဝင်မိသားစုမှာ ကောင်းကင်ဘုံကိုးကွယ်ခြင်း၊ ဆုတောင်းခြင်း၊ ဗုဒ္ဓကိုးကွယ်ခြင်း၊ နတ်ကိုးကွယ်ခြင်းနှင့် အခန်းတွင်း အမွှေးနံ့သာများထွန်းကြသည်။ သစ်မွှေးမှာ အရေးအပါဆုံးနံ့သာပစ္စည်းဖြစ်၏။
ရှေးဟောင်းတရုတ်ပြည်၌ ရှင်ဘုရင်၏သလွန်တော်ထက်တွင် မရှိမဖြစ်အမွှေးအကြိုင်ပစ္စည်းသုံးမျိုး၏အမည်မှာ: သစ်မွှေး၊ ကတိုးနှင့် ငါးကြီးအန်ဖတ်ဟူ၍။
သစ်မွှေးနံ့သာမှာ ထိုသုံးမျိုးထဲတွင် ထိပ်ဆုံးဖြစ်သည်။ ထို့အပြင် ရှင်ဘုရင်အတွက်အဆင့်မီအောင် နှစ် ၁၀၀ သက်တမ်းရှိသစ်မွှေးကို အနှစ်သားတုံးလေးနှင့်လုပ်လေ့ရှိကြသည်။
လက်ရှိစျေးကွက်ထဲတွင် သစ်မွှေးအစစ်တန်ဖိုးမှာ အဆမတန်မြင့်တက်နေသည်။ တန်ဖိုးအကြီးဆုံး တစ်ကတ်တီယွမ် ၁၃၀၀၀ အထိပေါက်နိုင်၏။
အဟုတ်။ တစ်ကတ်တီကို ယွမ် ၁၃၀၀၀ ပါ။
သို့ဆိုရင်တောင် သစ်မွှေးကိုဝယ်ပြီး သူတို့ရုံးခန်းထဲမှာ အလုပ်လုပ်နေတုန်းထွန်းထားမည့် လူချမ်းသာအတော်များများရှိနေဆဲပင်။
ဂျက်မားက သူ့ရုံးခန်းထဲမှာ သစ်မွှေးအမွှေးတိုင်ထွန်းရတာအကြိုက်ဆုံးဟုကြားဖူးသည်။ နောက်ပြီး သက်တမ်းမည်မျှရှိပြီဟုမသိရသောသစ်မွှေးနှင့်လုပ်ထားသည့် တစ်ကတ်တီ ယွမ် ၂၀၀၀၀ တန် ရှားပါးသစ်မွှေးနံ့သာကိုသုံးသည်ဟု ကောလာဟလရှိ၏။
ဤသည်က ကောလာဟလသက်သက်သာ။ အမှန်ဟုတ်မဟုတ် ဂျက်မားကိုသွားမေးကြည့်မှသိနိုင်မည်။
ဂိမ်းထဲတွင် သစ်မွှေးပင်ပြန်ထွက်လာနှုန်းကလည်း နည်းသည်။ ထိုအချိန်ကတည်းက နောက်ထပ်သစ်မွှေးပင်ထပ်ပေါ်လာသည်ကို ချင်လင်မတွေ့ရတော့။
သို့သော်လည်း ဒီသစ်ပင်ပြန်ထွက်လာသည်ဆိုမှတော့ ပြန်ထွက်နှုန်းဘယ်လောက်နည်းနည်း သေချာပေါက်ထပ်ထွက်ဦးမည်။
ချင်လင်က သစ်မွှေးနံ့သာမှုန့်ဘူးနှစ်ဘူးကိုယူလိုက်သည်။
(သစ်မွှေးနံ့သာမှုန့်: အရည်အသွေး ၂)
(အရည်အသွေး ၂ သစ်မွှေးနှင့်လုပ်ထားသော နံ့သာမှုန့်အမျိုးအစားဖြစ်သည်။ နံ့သာမှုန့်ကို မီးရှို့လိုက်လျှင် အမွှေးနံ့ယဉ်ယဉ်လေးထွက်မည်။ ထို့အပြင် အာနိသင်များစွာရှိသည်: ရနံ့မွှေးပျံ့ခြင်း +၂၊ ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကောင်းစေခြင်း +၂၊ စိတ်ငြိမ်ခြင်း +၂၊ ချီလမ်းကြောင်းပွင့်စေခြင်း၊ မူးဝေမောပန်းခြင်းကို သက်သာစေခြင်း!)