← Chapters

တော်ဝင်နန်းသုံး! သစ်မွှေး! ၃

Vol. 15 Ch. 216

တော်ဝင်နန်းသုံး! သစ်မွှေး! ၃

Vol. 15 Ch. 216

ချင်လင်ကခေါင်းငြိမ့်လိုက်ပြီး_ ''ဒီဆိုင်းဘုတ်တွေကလည်း သစ်မွှေးသားနဲ့လုပ်ထားတာပဲ... စံအိမ်ထဲမှာထားမယ့်ဆိုင်းဘုတ်နှစ်ခုက ယွမ်သိန်းချီကျတယ်... ဝိုင်လုပ်ငန်းရဲ့ဆိုင်းဘုတ်က သက်သာပါတယ်... ယွမ် ၇၀၀၀၀ လောက်ပဲ!''

“???” ကျောက်မိုချင်းမှင်တက်သွားသည်။

ရုတ်တရက် သူမယောက်ျားကို နည်းနည်းလက်ဖွာသည်ဟု ခံစားလိုက်ရ၏။

ခုံနဲ့လက်ဖက်ရည်စားပွဲက သစ်မွှေးနဲ့လုပ်ထားတာ။ အဲဒါတွေကစျေးကြီးတယ်ဆို ထားတော့။



ဒါပေမဲ့ အပြင်မှာချိတ်မယ့်ဆိုင်းဘုတ်တောင် ယွမ်သိန်းချီကျသတဲ့။ သူခိုးတွေမျက်စိကျမှာ မကြောက်ဘူးလား?

ချန်တပေမှာ သူ့သူဌေး၏စကားကိုကြားလျှင်ကြားချင်း ရုတ်တရက်စိတ်ဖိစီးမှုအကြား မြှုပ်ဝင်သွားသလိုပင်။

ယွမ်သိန်းချီတန်တဲ့ဆိုင်းဘုတ်? သူ့သူဌေးလောက်လက်ဖွာတဲ့သူ ရှိသေးရဲ့လား?

ချန်တပေက ချက်ချင်းကျောက်မိုချင်းအား_ ''သူဌေးကတော်... ကျွန်တော် စောင့်ကြည့်ကင်မရာထပ်ထည့်ဖို့နဲ့ လုံခြုံရေးအစောင့်ဂတ်သစ်နှစ်ခုဆောက်ဖို့ ရံပုံငွေလျှောက်ချင်ပါတယ်''

ကျောက်မိုချင်းက ခေါင်းညိမ့်ပြီး_ ''ကျွန်မနောက်မှ လုံခြုံရေးဌာနကို ရံပုံငွေလွှဲလိုက်မယ်''

သူမယောက်ျားက လျှောက်လုပ်နေသည်ဆိုသော်လည်း ဆိုင်းဘုတ်ကလုပ်ပြီးသွားပြီ။ အလဟဿထားလို့မရ။ ချိတ်ရတော့မည်။ သို့သော် ဒီလောက်လုံခြုံရေးအတိုင်းအတာယူရမည်။

နောက်ပြီး ဒီလိုဆိုင်းဘုတ်မျိုးတပ်ခြင်းက မမှတ်မိမှာမပူရ။ အကျိုးမရှိ၍မဟုတ်။ အနည်းဆုံးတော့ ခရီးသည်များကို နောက်ထပ်ရေပန်းစားနေရာတစ်ခုပေးနိုင်သည်။

ထို့နောက် ချန်တပေက သူ့လူများအား သစ်မွှေးခုံနှင့်နံ့သာနီလက်ဖက်ရည်စားပွဲကို ချင်လင်ရုံးခန်းထဲထည့်ခိုင်းလိုက်၏။ လက်သမားဆရာကိုလည်း ကမ္ဗည်းချိတ်ရန် နေ့စားခနှင့်ခေါ်လိုက်သည်။

မကြာမီ လက်ဖက်ရည်စားပွဲနှင့်ခုံကိုသေချာတည်ထားပြီး မူလကွန်ပျူတာနှင့်ပစ္စည်းများကို သစ်မွှေးခုံပေါ်ရွှေ့လိုက်သည်။

ခုံနှင့်လက်ဖက်ရည်စားပွဲ၏တန်ဖိုးကိုသိပြီးနောက် ရုံးခန်းတစ်ခုလုံးမှာ ပြောမပြနိုင်အောင်အဆင့်မြင့်သွားသလိုခံစားရသည်ဟု ဆိုရမည်။

သို့သော် ချင်လင်က သစ်မွှေးခုံနှင့်နံ့သာနီစားပွဲကိုကြည့်ရင်း ထိုင်ခုံတချို့လိုနေသေးသလိုလိုခံစားရသည်။

ဒါက အစုံလိုက်ဖြစ်ရမည်။



နောက်တစ်ခါ နိုထရီဒိန်းတောင်မှာ သစ်မွှေး ဒါမှမဟုတ် နံ့သာနီထပ်ပေါ်လာရင် ဒါကိုအရင်ဆုံးစီစဉ်ရမည်။

ညနေပိုင်းတွင် ကောင်းယောင်ယောင်က သူ့ရုံးခန်းထဲကို ပါဆယ်ထုပ်လာပို့သည်_ ''သူဌေး... သူဌေးရဲ့ပါဆယ်ပါ''

''အင်း'' ပါဆယ်ထုပ်ကိုကြည့်ရင်း ချင်လင်၏မျက်လုံးများအရောင်တောက်သွားသည်။ ဒါသူအွန်လိုင်းကမှာထားတဲ့အမွှေးတိုင်ထွန်းခွက်မှန်း သူသိသည်။ တန်ဖိုးကမနည်း။

ဒီခွက်ထဲကို သစ်မွှေးနံ့သာမှုန့်ထည့်သုံးမည်။ အဖုံးဖွင့်၊ နံ့သာမှုန့်တချို့အထဲထည့်ကာ မီးညှိ၊ အဖုံးပြန်ပိတ်ပြီးလျှင် မျှောလွင့်လာသောမီးခိုးအမျှင်တန်းနှင့်အတူ အနံ့သင်းသင်းလေးက လျင်မြန်စွာပြန့်လာမည်။

ကောင်းယောင်ယောင်ထွက်သွားသောအခါ ချင်လင်က ပါဆယ်ကိုဖွင့်လိုက်သည်။ အထဲတွင် အမွှေးတိုင်ထွန်းခွက်နှစ်ခွက်ပါသည်။ သူကတစ်ခွက်ယူပြီး သူ့နံဘေးရှိစင်ပေါ်တင်လိုက်သည်။ ထို့နောက် နောက်တစ်ခွက်ကိုင်ပြီး အံဆွဲထဲမှ သစ်မွှေးနံ့သာမှုန့်ဘူးထုတ်ကာ ကျောက်မိုချင်းရုံးခန်းဘက်လျှောက်သွားလိုက်၏။

အထဲတွင် ကျောက်မိုချင်းမှာ သူမကွန်ပျူတာရှေ့ထိုင်ပြီး အသည်းအသန်စာဖတ်နေသည်။

''ဘာတွေကြည့်နေတာလဲ?'' ချင်လင်ကပြုံးပြီး ရှေ့တိုးသွားလိုက်၏။

ကျောက်မိုချင်းက စောင်းပြောလိုက်သည်_ ''အားလုံးရှင့်ကြောင့်ပဲမလား? ချန်တပေက အရမ်းစိုးရိမ်ပြီး ရံပုံငွေလျှောက်လွှာတင်ထားတယ်... ကျွန်မချက်ချင်း အတည်ပြုပေးရမယ်လေ... မဟုတ်ရင် ဒီဆိုင်းဘုတ်ကြီးချိတ်ဆွဲထားပြီး ဘယ်သူကစိတ်အေးမလဲ?''

ချင်လင်က ထိုစကားကြားမှ သူစေ့စေ့စပ်စပ်မတွေးမိကြောင်းဝန်ခံရမည်_ ''ကိုယ်သိပါတယ် မင်းအလုပ်ကြိုးစားတာ...အဲဒါကြောင့် မင်းအတွက်လက်ဆောင်ပြင်လာတယ်''

''ဘာလက်ဆောင်လဲ?'' ကျောက်မိုချင်းက သိချင်သွားသည်။

''ပစ္စည်းကောင်း'' ချင်လင်က အမွှေးတိုင်ထွန်းခွက်နှင့် သစ်မွှေးနံ့သာမှုန့်ကို ကျောက်မိုချင်းစားပွဲပေါ်တင်လိုက်၏။

''နံ့သာလား?'' ကျောက်မိုချင်းက အံ့သြပြီးမေးလိုက်သည်။

''ဒါနှယ်နှယ်ရရနံ့သာမဟုတ်ဘူး'' ချင်လင်က သစ်မွှေးနံ့သာမှုန့်ဘူးသေတ္တာကိုဖွင့်ရင်း ပြောလိုက်၏။ ထို့နောက် အမွှေးတိုင်ထွန်းခွက်ကိုဖွင့်ပြီး နည်းနည်းထည့်၍ မီးညှိကာ အဖုံးပြန်ပိတ်လိုက်သည်။

တခဏချင်း အမွှေးတိုင်ထွန်းခွက်မှ မီးခိုးဖြူဖြူအမျှင်တန်းမျှောလွင့်လာသည်။

သို့နှင့် အချိန်တိုအတွင်း အလွန်ကြည်နူးစရာကောင်းသောအမွှေးနံ့က ရုံးခန်းတစ်ခုလုံးပျံ့နှံ့သွား၏။

ကျောက်မိုချင်းက အမွှေးနံ့ကိုရသည်။ ပထမတော့ အနံ့ကောင်းသည်ဟုခံစားရသော်လည်း ခဏအကြာ သူမမျက်နှာမှာ အံ့သြပုံပေါက်သွားလေသည်။

All Chapters