← Chapters

မှော်ဆန်တဲ့နံ့သာ! အစီအစဉ်စာရင်းထဲက ဘယ်ဆုကိုသုံးချင်လဲ? ၂

Vol. 15 Ch. 218

မှော်ဆန်တဲ့နံ့သာ! အစီအစဉ်စာရင်းထဲက ဘယ်ဆုကိုသုံးချင်လဲ? ၂

Vol. 15 Ch. 218

အချိန်ကမြန်မြန်ဆန်ဆန်ကုန်သွားသည်။ နောက်နေ့နေ့လယ်တွင် ပစ္စည်းပို့သူထံမှ ရှောင်ရှင်းဆီဖုန်းဝင်လာသည်။ သူမဝယ်ထားတဲ့နံ့သာရောက်ပြီတဲ့။

ရှောင်ရှင်းက စံအိမ်အပေါက်ဝရှိ လုံခြုံရေးဂတ်တဲဆီပြေးသွားကာ ပါဆယ်သွားယူလိုက်သည်။

သူတို့ဝန်ထမ်းတွေ အွန်လိုင်းမှဝယ်သောပါဆယ်ပစ္စည်းပို့မှာ စံအိမ်ထဲမဝင်။ ဝင်ပေါက်မှလုံခြုံရေးဂတ်တွင် ထားခဲ့လေ့ရှိသည်။

ပါဆယ်ရပြီးနောက် ရှောင်ရှင်းက ဘဏ္ဍာရေးရုံးခန်းထဲအပြေးပြန်လာခဲ့သည်။ အထဲဝင်ဝင်ချင်း တခြားဘဏ္ဍာရေးမိိန်းကလေးနှစ်ဦးက တစ်ခုခုဆွေးနွေးနေကြသည်ကိုကြားရ၏။

''သူဌေးကတော်ရုံးခန်းထဲမှာ အော်ဒါမှာထားတဲ့နံ့သာက အံ့သြဖို့ကောင်းတယ်''

''ဟုတ်ပါ့... ပြီးတော့ အရမ်းနဲ့စိတ်သက်သာရတယ်... ဘယ်လိုနံ့သာမျိုးမှာထားလဲ သိချင်လိုက်တာ''

ရှောင်ရှင်းက သူတို့စကားကိုကြားလျှင် ဂုဏ်ယူသံနှင့်ပြုံးပြီးပြောလိုက်သည်_ ''ငါသိတယ်... သူဌေးကတော်မှာတာ သစ်မွှေးနံ့သာ... ငါအွန်လိုင်းကဝယ်တဲ့သေတ္တာအခုပဲရောက်လာပြီ... ဒီကောင်မလေးနှစ်ယောက်ကို မျှဝေပေးမယ်''

ထို့ကြောင့် တခြားဘဏ္ဍာရေးမိန်းကလေးနှစ်ဦးက စပ်စပ်စုစုချည်းကပ်လာသည်။

ရှောင်ရှင်းက ပြုံးပြုံးနှင့်ပါဆယ်ဖွင့်ပြီး အထဲမှနံ့သာကိုထုတ်လိုက်၏။

သူမက အမွှေးနံ့သာထွန်းခွက်ပါဝယ်ထားသော်လည်း မရောက်သေး။ လောလောဆယ် ဖန်ခွက်သေးသေးထဲ နံ့သာမှုန့်နည်းနည်းကိုသေချာထည့်ပြီး မီးညှိလိုက်သည်။

ခဏအကြာ ဖန်ခွက်မှ မီးခိုးဖြူတန်းမျှောလွင့်လာ၏။

ရှောင်ရှင်း၏မျက်နှာလှလှလေးမှာ မျှော်လင့်စောင့်စားရင်း ဝင်းထိန်နေသည်။

သို့သော် ဘဏ္ဍာရေးမိန်းကလေးနှစ်ဦးက ချက်ချင်းရှောင်ရှင်းကို ဇဝေဇဝါနှင့်ကြည့်လိုက်ကြသည်။ သစ်မွှေးနံ့သာကိုမီးညှိလိုက်တာနဲ့ အနံ့ကတော့ထွက်လာပါရဲ့။ ဒါပေမဲ့ သူဌေးကတော်ရုံးခန်းထဲကလို ကြည်နူးစရာကောင်းတဲ့အနံ့မျိုး လုံးဝမဟုတ်ဘဲ ဘုရားကျောင်းတွေမှာထွန်းတဲ့ ပေါပေါပဲပဲနံ့သာမျိုးနဲ့ ခပ်ဆင်ဆင်ဖြစ်နေသည်။



ရှောင်ရှင်းလည်း နည်းနည်းကြောင်သွား၏။ ဒါသူမထင်ထားတာနဲ့တခြားစီ။ သူမဝယ်လိုက်တဲ့ပစ္စည်းက အနံ့တင်မဟုတ် စိတ်သက်သာတာမျိုးလည်းသိပ်ရှိပုံမပေါ်။

ဘဏ္ဍာရေးမိန်းကလေးတစ်ယောက်က ဇဝေဇဝါနှင့်မေးလာသည်_ ''ရှောင်ရှင်း... နင်ဝယ်လိုက်တဲ့ဟာက သူဌေးကတော်ရဲ့ပစ္စည်းနဲ့ တူတာသေချာလား?''

နောက်ဘဏ္ဍာရေးမိန်းကလေးကလည်း_ ''ဟုတ်တယ်နော်... နင့်ရဲ့နံ့သာက အဲလိုအနံ့မျိုးမရဘူး''

''သူဌေးကတော်ကပြောတာတော့ သစ်မွှေးနံ့သာတဲ့... ငါလည်း အဲဒါဝယ်တာပဲ'' ရှောင်ရှင်းမျှော်လင့်ထားသမျှ တမဟုတ်ချင်းပျောက်ကွယ်သွားပြီး စိတ်ပျက်လက်ပျက်ဖြစ်သွားသည်_ ''ဒီဆိုင်ကတကယ် ပစ္စည်းအတုတွေရောင်းတာပဲ... ပြဿနာရှာချင်လိုက်တာ... ဒါ ယွမ် ၃၀၀ ကျော်တယ်''

…

ရုံးခန်းထဲတွင်_

ချင်လင်၏အာရုံမှာ သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ဆီရောက်နေသည်။ ဂိမ်းဇာတ်ကောင်က သူ့ပုဆိန်ကိုလွှဲလွှဲပြီး သစ်ပင်တစ်ပင်ကိုခုတ်နေ၏။

သစ်ပင်ရမ်းခါပြီး လဲကျသွားသောအခါ သစ်သားပုံအများကြီး မြေပြင်တွင်ပေါ်လာသည်။

(ထင်းရှူးသားရသည့်အတွက် ဂုဏ်ယူပါတယ်!)

(...)

နောက်ထပ်အဖိုးနည်းသစ်ပင်ပဲ။

ချင်လင်မှာ ပြောစရာမရှိတော့။

ဒီနေ့ကံက နည်းနည်းညံ့နေပုံရသည်။ အားလုံးက သာမန်သစ်ပင်တွေချည်း။

အဓိကအချက်မှာ သစ်ပင်တွေရဲ့တည်နေရာက အသေဖြစ်နေဆဲ။ သူသာသစ်ပင်မခုတ်ပစ်ရင် ထိုနေရာက အသစ်ပြန်ပေါ်မည်မဟုတ်ပေ။

အခုတော့ တစ်ပင်တည်းကျန်တော့သည်။

ချင်လင်က ဂိမ်းဇာတ်ကောင်အား နောက်ဆုံးပြန်ပေါ်သည့်နေရာကိုဆက်ခုတ်စေသည်။

နောက်ဆုံးအပင်ကိုမခုတ်ရင် ဒီနေ့အချိန်ပုပ်ပြီး နောက်ထပ်ဂိမ်းကံတစ်မျိုးဖြစ်ဦးမည်။

ကံက တသမတ်တည်းတော့ဖြစ်မနေ။

(နံ့သာဖြူပင်တစ်ပင်တွေ့သည်။ ခုတ်လိုပါသလား!)

အချက်ပြစာကိုမြင်တော့မှ ချင်လင်ကအသာအယာသက်ပြင်းချလိုက်သည်။

သစ်မွှေး၊ နံ့သာနီတို့ကိုခုတ်ပြီးနောက်ပိုင်း ဒီနံ့သာဖြူပင်က သူ့မျက်စိထဲတွင် နိမ့်ကျနေ၏။



နံ့သာဖြူပင်က သစ်မွှေးနှင့်မတူ။ တကယ်တော့ အမွှေးနံ့သာပင်များနှင့်တောင်မတူ။ သစ်မွှေးအများစုက ပုံသွင်းခြင်း၊ စာထွင်းခြင်း စသည်လုပ်နိုင်သည်။ နံ့သာဖြူမှာ နံ့သာပေးသော အမွှေးနံ့သာသစ်အမျိုးအစားဖြစ်၏။ အများစုက အမွှေးတိုင်နှင့်နံ့သာမှုန့်အဖြစ်အသုံးများသည်။

သို့ရာတွင် အလားတူနံ့သာမှုန့်မျိုးမှာ တစ်ကတ်တီယွမ် ၁၃၀၀၀ ကျော်ရှိသည်။ စျေးကွက်ထဲတွင် စျေးသက်သာသောအမျိုးအစားမှာ တစ်ဂရမ်ကို ၂ ယွမ်သာရှိ၏။ စျေးအကြီးဆုံးမှ တစ်ဂရမ် ၃ ယွမ်သာကျပြီး တစ်ကတ်တီဆိုလျှင် ယွမ် ၁၅၀၀ ခန့်ရှိသည်။ လုံးဝနှိုင်းယှဉ်၍မရပေ။

သစ်မွှေးနံ့သာမှာ သစ်မွှေးပင်မှရခြင်းဖြစ်သည်။ နံ့သာပင်များထဲတွင် များများစားစားမရှိ။ ရဖို့ကံအပေါ်သာမူတည်သည်။

တစ်ဖက်တွင် နံ့သာဖြူမှာ နံ့သာလုပ်ရန်အသုံးပြုနိုင်သည်။

ချင်လင်ကချက်ချင်းပင် သူ့ဂိမ်းဇာတ်ကောင်ကို နံ့သာဖြူပင်အားခုတ်စေလိုက်၏။

သစ်မွှေး ဒါမှမဟုတ် နံ့သာနီတို့နှင့်မယှဉ်သာသော်လည်း အတိုင်းအတာတစ်ခုတန်ဖိုးရှိတဲ့သစ်ပင်ကိုတွေ့တာ တော်သေးတယ်မဟုတ်လား?

ချက်ချင်းနံ့သာဖြူပင်လဲကျသွားပြီး သစ်သားပုံ ၆ ပုံဖြစ်သွားသည်။

(သာမန်နံ့သာဖြူသားရသည့်အတွက် ဂုဏ်ယူပါတယ်!)

(သာမန်နံ့သာဖြူသားရသည့်အတွက် ဂုဏ်ယူပါတယ်!)

(အရည်အသွေး ၁ နံ့သာဖြူသားရသည့်အတွက် ဂုဏ်ယူပါတယ်!)

(အရည်အသွေး ၁ နံ့သာဖြူသားရသည့်အတွက် ဂုဏ်ယူပါတယ်!)

(အရည်အသွေး ၁ နံ့သာဖြူသားရသည့်အတွက် ဂုဏ်ယူပါတယ်!)

(အရည်အသွေး ၂ နံ့သာဖြူသားရသည့်အတွက် ဂုဏ်ယူပါတယ်!)

ချင်လင်က သူရလိုက်သော သစ်သားပုံ ၆ ပုံကိုတွေ့လိုက်ရသည်။ ဒါအချီကြီးရတာပဲမလား?

ဒီအပင်သာ သစ်မွှေးဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲ?

သစ်မွှေး ဒါမှမဟုတ် နံ့သာနီဆိုရင် သူ့ရုံးခန်းထိုင်ခုံအတွက် သစ်သားရနိုင်ပြီ။

ဒါပေမဲ့ နံ့သာဖြူတဲ့။

အခုသူ့မှာ အားလုံးရပြီ။ ဘာဖြစ်မလဲ ကြည့်ရဦးမည်။ သူကမတ်တပ်ရပ်၍ ရုံးခန်းလော့ချကာ အတွေးနှင့် ဂိမ်းထဲဝင်လိုက်သည်။

သို့ရာတွင် နံ့သာဖြူ၏အရည်အသွေးများကိုမြင်လိုက်ရသောအခါ ချင်လင်မျက်လုံးများအရောင်တောက်သွားတော့၏။ အရမ်းဆိုးနေတာမဟုတ်ဟု ဆိုရမည်။

(နံ့သာဖြူ: အရည်အသွေး ၁)

(အထူးနံ့သာသစ်မျိုးဖြစ်သည်။ နံ့သာလုပ်ရန်အကောင်းဆုံးပစ္စည်းဖြစ်သည်။ နံ့သာအဖြစ်သုံးသည့်အခါ အထူးအာနိသင်များရှိသည်:

အင်းဆက်ပိုးမွှားနိုင်ခြင်း +၁၊ အနံ့နှင့်ပိုးမွှားပြေးစေခြင်း +၁၊ အိပ်ပျော်စေခြင်း +၁၊ စိတ်အေးချမ်းစေခြင်း +၁)

ဒီနံ့သာဖြူက သစ်မွှေးလို ငြိမ်သက်စေတဲ့အာနိသင်များရှိကြောင်းသိသာသည်။

အင်းဆက်ပိုးမွှားနိုင်ခြင်း၊ အနံ့နှင့်ပိုးမွှားပြေးစေခြင်းအာနိသင်မှာ ပြောစရာမလို။ ဤအချက်မှာ နံ့သာဖြူနံ့သာ၏အခြေခံအကျဆုံးအာနိသင်ဖြစ်သည်။

သို့သော် အိပ်ပျော်စေခြင်း +၁ အာနိသင်မှာမူ အိပ်မပျော်သူများအတွက် လုံးဝကောင်းကျိုးသုခပင်။

ကမ္ဘာပေါ်မှာ နံ့သာဖြူရဲ့အနံ့က အိပ်စက်ခြင်းအတွက် အထောက်အကူဖြစ်သည်ဟုလည်းဆိုကြသည်။ ထို့အတူပင် နံ့သာဖြူတွင်အာနိသင်မရှိကြောင်းသက်သေပြရန် သိပ္ပံနည်းကျစမ်းသပ်မှုတွေတစ်ပုံကြီးလုပ်ထားသော ကျွမ်းကျင်ပညာရှင်အတော်များများနှင့်လည်း ဆန့်ကျင်နေလေသည်။

All Chapters