မှော်ဆန်တဲ့နံ့သာ! အစီအစဉ်စာရင်းထဲက ဘယ်ဆုကိုသုံးချင်လဲ? ၃
Vol. 15 Ch. 219
အမှန်တော့ စမ်းသပ်မှုတွေလုပ်အပြီး ထိုပညာရှင်များက ကမ္ဘာပေါ်ရှိနံ့သာဖြူအများစုမှာ အိပ်စက်ခြင်းကိုအထောက်အကူမဖြစ်ကြောင်း သက်သေပြခဲ့ကြသည်။
ထိုပညာရှင်များက အားလုံးအတွက် တစ်ခုလုပ်ပေးခဲ့သည်။ အနည်းဆုံးတော့ အိပ်မပျော်တဲ့သူဘယ်သူမှ အိပ်ပျော်အောင်လုပ်ဖို့ နံ့သာဖြူပြေးဝယ်စရာမလိုတော့ဘူးပေါ့။
သို့သော် နောက်ပိုင်း ထိုကျွမ်းကျင်ပညာရှင်များထဲမှတစ်ဦးကဖော်ပြလာသည်မှာ သူတို့ထဲမှနှစ်ယောက်က 'နတ်ဆေးမှုန့်'ဟုခေါ်သော ဆေးတစ်မျိုးကို ဖြစ်မြောက်အောင်လုပ်သူတွေဖြစ်လာခဲ့ကြောင်းပြောပြထားသည်။ စိတ်ဝင်စားစရာပင်။
အခုတော့ စနစ်ကထုတ်တဲ့နံ့သာဖြူမှာ အမှန်ပင်အိပ်ပျော်စေသည့်အရည်အသွေးရှိကြောင်း ချင်လင်တွေ့လိုက်ရပြီ။ တစ်နည်းဆိုသော် နံ့သာဖြူက အိပ်စက်ခြင်းအတွက် တကယ့်လက်တွေ့အကျိုးရှိသည်။ မဟုတ်ရင် ဒီထပ်တိုးအရည်အသွေးက စနစ်ထဲပေါ်လာမည်မဟုတ်ပေ။
နံ့သာဖြူက အိပ်စက်ခြင်းအတွက် လုံးဝအကျိုးမရှိခြင်းတော့ဟုတ်ပုံမရ။ စျေးကွက်ထဲမှ နံ့သာဖြူအများစုက အရည်အသွေးနိမ့်လွန်းခြင်း သို့မဟုတ် အာနိသင်မရှိသောအတုများဖြစ်ခြင်းကြောင့်သာဖြစ်ရမည်။ ဒီတော့ ကျွမ်းကျင်သူတွေက အခွင့်အရေးကနေအမြတ်ယူသွားတာပေါ့။
ဘာပဲဖြစ်ဖြစ် တချို့လူတွေက နံ့သာဖြူမှုန့်ကို တခြားသစ်မှုန့်တွေနှင့်ရောသည်ဟုတင်ပြသော သတင်းများရှိသည်။ အမြတ်ကြီးစားလွန်းသည်။
ထို့နောက်ချင်လင်က အရည်အသွေး ၂ နံ့သာဖြူကိုကြည့်လိုက်သည်။
(နံ့သာဖြူ: အရည်အသွေး ၂)
(အထူးနံ့သာသစ်မျိုးဖြစ်သည်။ နံ့သာလုပ်ရန်အကောင်းဆုံးပစ္စည်းဖြစ်သည်။ နံ့သာအဖြစ်သုံးသည့်အခါ အထူးအာနိသင်များရှိသည်:
အင်းဆက်ပိုးမွှားနိုင်ခြင်း +၁၊ အနံ့နှင့်ပိုးမွှားပြေးစေခြင်း +၁၊ အိပ်ပျော်စေခြင်း +၊၂ စိတ်အေးချမ်းစေခြင်း +၁)

အရည်အသွေး ၂ နံ့သာဖြူ၏တခြားအရည်အသွေးများတိုးတက်မလာဘဲ အိပ်ပျော်စေခြင်းအရည်အသွေးသာ +၂ ဖြစ်သွားသည်။
''ဒါအဖိုးတန်ပဲ'' ချင်လင်၏မျက်လုံးများ ဝင်းလက်သွား၏။ အိပ်ပျော်စေသည့်အရည်အသွေး +၂ ရှိသော နံ့သာဖြူမှာ တစ်ကတ်တီ ယွမ် ၁၅၀၀ တန်သည်။
အိပ်မပျော်သည့်ဝေဒနာမှာ လိပ်ခေါင်းပြီးလျှင် ဒုတိယဖြစ်နိုင်သည်မဟုတ်ပါလား? အိပ်မပျော်ခြင်းက လိပ်ခေါင်းထက်ပိုဆိုးရင်တောင်ဆိုးနိုင်သည်။
အမှန်တကယ်နှစ်ရှည်လများအိပ်မပျော်သူမှသာလျှင် ဒီဝေဒနာကိုသိနိုင်မည်။
လှည့်လိုက်စောင်းလိုက်။ အိပ်ချင်နေပါလျက် စိတ်က ထူးထူးခြားခြားဟာတာတာဖြစ်နေသည်။ နဂါးနိုင်လက်ဝါး ၁၈ ကွက်လုပ်နိုင်သေးသလိုလိုခံစားရ၏။
သိုးတွေရေခဲ့ဖူးသည်။ သို့သော် ရေလေလေ ပိုပြီးနိုးကြားလေလေဖြစ်လာသည်။ နောက်ဆုံး အိပ်ရမည်ဆိုသည်ကို လုံးဝမေ့လျော့သွားတော့၏။
တေးသံငြိမ့်ငြိမ့်လေးတွေ နားထောင်တာကရော?
တချို့လူတွေက သီချင်းနားထောင်ရင် အိပ်ပျော်သည်ဆိုသော်လည်း နှစ်ရှည်လများအိပ်မပျော်သည့်ဝေဒနာရှိသူများမှာ အသံစုံကြားနေရသည်။ အိပ်ချင်လေလေ အိပ်မပျော်လေလေပင်။
ဝေဒနာက အာရုံကြောကိုတိုက်ရိုက်ဖိစီးနှိပ်စက်နေသည်။
အရင်သူ့ခန့်မှန်းချက်အရ +၁ အရည်အသွေးမှာ အလွန်ထိရောက်လိမ့်မည်။ ဤနံ့သာဖြူတန်ဖိုးမှာ သေချာပေါက်အကြီးအကျယ်တက်ပေမည်။
ထိုအတွေးနှင့် ချင်လင်ကဂိမ်းထဲမှထွက်ပြီး ဂိမ်းဇာတ်ကောင်အား စက်စမ်းသပ်ရေးစင်တာတွင် နံ့သာဖြူတိုင်ကိုထုတ်လုပ်စေသည်။
နံ့သာတိုင်ကို လက်တွေ့ဘဝကပုံစံငယ်အတိုင်းမလုပ်။ ချည်မျှင်စက်တွင် ကိုယ်ပိုင်ပိုးခြေအိတ်ရှည်ပုံစံရှိသကဲ့သို့ ထုတ်လုပ်စက်ပေါ်တွင်လုပ်နိုင်သောအရာဖြစ်သည်။ ကာတွန်းပုံစံတောင် ဆွဲဆောင်မှုရှိနေ၏။
ဖြစ်ချင်တော့ ပိုးချည်မျှင်ကို အခုထိဘယ်ကရှာရမှန်းမသိသေး။
(နံ့သာဖြူမှ နံ့သာတိုင်လုပ်ချင်ပါသလား?)
ဒါပေါ့!
(နံ့သာမှုန့်အမာဏကို ရွေးချယ်ပါ!)
၁၀၀ ဂရမ်ပင်။
ထုတ်လုပ်စက်က အရည်အသွေး ၁ နံ့သာဖြူနှင့် စတင်လုပ်ဆောင်တော့သည်။

ခဏအကြာ ချင်လင်၏စိတ်ထဲတွင် နံ့သာဖြူတိုင်ရသည်ဆိုသော အချက်ပေးစာပေါ်လာ၏:
(အရည်အသွေး ၁ နံ့သာဖြူတိုင်ရသည့်အတွက် ဂုဏ်ယူပါတယ် - ၁၀၀ ဂရမ် × ၁၀၀!)
အချက်ပေးစာကိုမြင်လျှင် ချင်လင်၏မျက်လုံးများတောက်ပသွားသည်။
သစ်မွှေးပင်က ၁၀၀ ဂရမ်သစ်မွှေးနံ့သာနှစ်ဘူးပဲရသည်။ ဒီအရည်အသွေး ၁ နံ့သာဖြူက ဘူး ၁၀၀ တဲ့။
ဒီအရေအတွက်အရတွက်ကြည့်ရင် စျေးကြီးတဲ့နံ့သာဖြူမှုန့် တစ်ဂရမ် ၃ ယွမ်တန်က ယွမ် ၃၀၀၀၀ ပဲပေါ့။ နောက်ပြီး ဒီအရည်အသွေး ၁ မှာ အိပ်ပျော်စေသောအာနိသင် +၁ ရှိသည်။ တစ်ဂရမ်ကို ၃ ယွမ်မှမဟုတ်။ တစ်ဂရမ် ၁ ယွမ်ထားဦး။ တစ်ဘူးကို ယွမ် ၁၀၀၀ နဲ့ဝယ်ကြမှာပင်။
(အရည်အသွေး ၁ နံ့သာဖြူတိုင်ရသည့်အတွက် ဂုဏ်ယူပါတယ် - ၁၀၀ ဂရမ် × ၁၀၀!)
…
(အရည်အသွေး ၂ နံ့သာဖြူတိုင်ရသည့်အတွက် ဂုဏ်ယူပါတယ် - ၁၀၀ ဂရမ် × ၁၀၀!)
နောက်ဆုံး အရည်အသွေး ၁ နံ့သာဖြူသုံးပုံက ၁၀၀ ဂရမ် နံ့သာဘူး ၃၀၀၊ အရည်အသွေး ၂ နံ့သာဖြူတစ်ပုံက ၁၀၀ ဂရမ်နံ့သာဘူး ၁၀၀ ရလာသည်။
ဒီလောက်ရရှိတဲ့ပမာဏနဲ့ အိပ်ပျော်စေတဲ့အာနိသင်အရ နံ့သာဖြူအမွှေးတိုင်များမှာ အတော်တန်ဖိုးရှိမည့်ပုံပင်။
ချင်လင်က နံ့သာဖြူကို စိုက်ပျိုးမွေးမြူရေးခြံပြန်ယူလာပြီး အရည်အသွေး ၂ နံ့သာဖြူနံ့သာတစ်ဘူးနှင့်အတူ ဂိမ်းထဲမှတန်းထွက်လိုက်သည်။ နံ့သာဖြူနံ့သာ၏အာနိသင်ကို သူစမ်းသပ်ရမည်။
ကျောက်မိုချင်း၏ဖခင်မှာ ကျောင်းတွင်အကြီးဖြစ်လာပြီးနောက်ပိုင်း ဖိအားကြောင့်မအိပ်နိုင်ဘဲဖြစ်ခဲ့သည်။ သူ့ရဲ့သားသမီးတာဝန်ကျေပွန်မှုကိုပြသနိုင်ပြီး သူ့ယောက္ခမကိုအစမ်းသပ်ခံလုပ်ရမည်။
ချင်လင်က ရုံးခန်းတံခါးဖွင့်လိုက်ရာ ကျောက်မိုချင်းလာရှာသည်ကိုတွေ့ရသည်_ ''ချင်လင်... အရင်ဆုံး ရှင်နဲ့ဆွေးနွေးစရာရှိတယ်''
ချင်လင်က ဇဝေဇဝါနှင့်မေးလိုက်၏_ ''အရေးတကြီး ဘာများလဲ?''
ကျောက်မိုချင်းက မျက်မှောင်ကြုတ်ပြီး_ ''အားလုံးရှင့်အမှားပဲမလား? စာရင်းလုပ်ရတော့မယ်... ပွဲစီစဉ်ချင်တယ်လို့ ရှင်ပြောတယ်လေ... ပွဲအတွက်ဆုရှိရမှာပေါ့... ဒါပေမဲ့ အရင်ပွဲတွေတုန်းက ရှင်ပစ္စည်းကောင်းတွေအများကြီးရခဲ့တာ... ဒီတော့ ဒီပွဲအတွက်ပစ္စည်းတွေကလည်း အရမ်းညံ့လို့မဖြစ်ဘူးမလား?''
''အရှေ့က ဖရဲသီးဘုရင်နဲ့အကြီးအကဲစားပွဲက ချင်းလင်စံအိမ်ကို အရမ်းအဆင့်မြင့်အောင် ထူးခြားတဲ့ပွဲတွေဖြစ်စေခဲ့တာ... အခုတော့ တရားဝင်အကောင့်မှာ ပရိသတ်တွေအများကြီးက နောက်ပွဲအတွက်မျှော်လင့်နေတဲ့အကြောင်း မှတ်ချက်တွေပေးထားကြပြီ''
''ဒီတစ်ခါပွဲမှာ သာမန်ပစ္စည်းတွေကို ဆုအဖြစ်သုံးရင် အဆင့်ကတောက်လျှောက်ထိုးကျတော့မယ်... ယှဉ်ကြည့်ရင် သေချာပေါက်ကွာနေမှာ''
''ဒါပေမဲ့ စာရင်းဆိုမှတော့ ပွဲကတဆင့်ခံဖြစ်သွားပြီ... ဆရာကိုဖမ်းဖို့ စစ်သည်တွေဆင့်ခေါ်လို့မရဘူး... ဒီပွဲက အကျိုးအမြတ်တစ်ခုလိုပဲယူဆရမှာဆိုတော့ ဆုတွေက အရမ်းကြီးကျယ်လို့မရဘူး!''
''ဒါနည်းနည်းခက်သွားပြီ''
ချင်လင်က ထိုစကားကြားလျှင် ချက်ချင်းပြုံးလိုက်ပြီး_ ''ဒါအရေးကြီးတယ်လို့ ကိုယ်ထင်တယ်... ဆုနဲ့အကျိုးအမြတ်တွေ အကုန်အေးဆေးပါ... ကိုယ့်တာဝန်ထားလိုက်''
ကျောက်မိုချင်းစကားကိုကြားသည်နှင့် သူ့စိတ်ထဲတွင် ပြည့်ပြည့်စုံစုံအစီအစဉ်ဆွဲပြီးသားပင်။ ဘာပဲဖြစ်ဖြစ် သူ့မှာဆန္ဒရှိရင် ပစ္စည်းကောင်းတွေအများကြီးရှိသည်။