ဒီတစ်ကြိမ်အကျိုးပေးခြင်း! အံ့သြနေသော ချန်ရှန်းဖေနှင့်မာလဲ့ဝမ်! ၂
Vol. 15 Ch. 221
ချန်ရှောက်က သူ့လက်ထဲမှ နံ့သာထွန်းခွက်ကို ကြည့်ပြီး ချင်လင်ပို့မှန်း သိလိုက်သည်။ သူမက အခန်းထဲချက်ချင်းဝင်ကာ နံ့သာထွန်းလိုက်၏။
သူမနှင့်ကျောက်ရှန်ဟုန်အတွေးတူသည်။ ဒီပစ္စည်းက အာနိသင်ရှိရှိမရှိရှိ သူ့သားမက်၏စေတနာက အရေးအကြီးဆုံးပင်။ သူ့သားမက်ပေးသမျှ အဖိုးတန်သည်ချည်း။
နံ့သာထွန်းပြီးနောက် အိပ်ခန်းမှထွက်လာပြီး တံခါးပိတ်ခဲ့လိုက်သည်။ ဧည့်ခန်းထဲတွင် ဇာတ်လမ်းတစ်ပိုင်းအပြီးကြည့်ရန်ပြင်လိုက်၏။
အမျိုးသမီးဇာတ်ဆောင်က ဘတ်စ်ကားပေါ်မှာ ဗုံးခွဲခံရပြီး ဘာလို့ပြန်ရှင်နိုင်မှန်းနားမလည်သော်လည်း ကြည့်ရတာ အတော်လေးစိတ်ဝင်စားစရာကောင်းမည့်ပုံပင်။
ကျောက်ရှန်ဟုန်က ရေချိုးခန်းထဲမှ မြန်မြန်ပြန်ထွက်လာသည်။ အခန်းထဲတွင် အမွှေးနံ့သင်းသင်းရနေပြီဖြစ်၏။
ခါတိုင်းလိုပင် သူကအိပ်ရာပေါ်လှဲလိုက်သည်။ အိပ်မပျော်သူများမှာ နောက်တစ်နေ့တွင် နိုးနိုးကြားကြားနေရပြီး စောစောစီးစီးသာအနားယူရသည်။ လှည့်လိုက်စောင်းလိုက် ၂ နာရီ ၃ နာရီလောက်လုပ်ပြီး ၁၂ နာရီဝန်းကျင်မှ အိပ်ပျော်နိုင်၏။
ကျောက်ရှန်ဟုန်ကလှဲပြီး ဒီနေ့တစ်ခုခုထူးခြားနေကြောင်း သတိပြုမိသည်။ အရင်က အိပ်မပျော်နိုင်ခြင်းကြောင့် စိတ်ပျက်ရပြီး ဒီနေ့တော့ စိတ်ပျက်စရာစိုးစဉ်းမျှမရှိဘဲ ထူးထူးခြားခြားစိတ်တည်ငြိမ်နေ၏။
ကျောက်ရှန်ဟုန်က နံ့သာဖြူနံ့သာ၏အာနိသင်ဟုမသိချေ။ သူကတွေးတောနေရင်း အိပ်ငိုက်လာကာ သမ်းဝေလိုက်သည်။

ဧည့်ခန်းထဲတွင်_
ချန်ရှောက်လည်း ဇာတ်လမ်းပိုင်းကို လျင်လျင်မြန်မြန်ကြည့်ပြီးသွားသည်။ ထို့နောက် တီဗွီပိတ်ပြီး အိပ်ခန်းထဲလျှောက်လာ၏။ ဒီအချိန်လောက်ဆို သူ့ယောက်ျားလူးလွန့်နေတော့မည်။ တစ်ချက်ထိုးလောက်အထိ သူအိပ်နိုင်ဦးမည်မဟုတ်။
သို့သော် တံခါးဖွင့်လိုက်သည်နှင့် သူမကျောက်ရုပ်လိုရပ်တန့်သွားသည်။ သူမယောက်ျားက အိပ်ရာပေါ်တွင် အိပ်မောကျကာ ဟောက်နေ၏။
''ဒီနေ့မြန်လှချည်လား?'' ချန်ရှောက်အံ့အားသင့်သွားသည်။ သူ့သားမက်ပေးတဲ့နံ့သာက တကယ်အိပ်ပျော်စေတာလား? ဒါပေမဲ့ အာနိသင်က မထိရောက်လွန်းဘူးလား?
ချန်ရှောက်တွေးတောနေစဉ် သူမလည်းအိပ်ငိုက်လာကာ နည်းနည်းသမ်းလာကြောင်း သတိပြုမိသည်။
လှဲလိုက်တာနဲ့ အိပ်ပျော်သွားမလိုခံစားရ၍ ရေချိုးခန်းထဲသွားကာ ရေချိုးလိုက်၏။
…
နောက်တစ်နေ့တွင်_
ချင်လင်မနက်စာစားပြီးရုံရှိသေး ကျောက်ရှန်ဟုန်ထံမှဖုန်းဝင်လာသည်။
ဘာအကြောင်းလဲ ခန့်မှန်းမိပြီးဖြစ်၍ ချက်ချင်းဖုန်းကိုင်လိုက်၏_ ''အဖေ... နံ့သာက ဘယ်လိုလဲ?''
ကျောက်ရှန်ဟုန်၏ဝမ်းသာနေသောအသံထွက်လာသည်_ ''ချင်လင်... မင်းပေးတဲ့နံ့သာက စွမ်းလိုက်တာ... ငါကောင်းကောင်းအိပ်မပျော်တာကြာပြီ... မနေ့ညက လှဲလိုက်တာနဲ့ အိပ်ချင်လာတာ... ဘယ်အချိန်အိပ်ပျော်သွားမှန်းတောင် မသိဘူး... ချင်လင် ကျေးဇူးအရမ်းတင်တယ်ကွာ''
''အဖေ... ကျွန်တော့်ကိုကျေးဇူးမတင်ပါနဲ့... ဒါကျွန်တော်လုပ်သင့်တာပါ'' ချင်လင်က နံ့သာဖြူနံ့သာ၏အာနိသင်ကိုကြားပြီး ပြုံးလိုက်သည်။
ဒီအိပ်ပျော်စေတဲ့အာနိသင် +၂ က အရမ်းထိရောက်တာပဲ။
အပြင်မှာ နံ့သာဖြူနံ့သာကို ဘယ်လောက်နဲ့ရောင်းရောင်း၊ အိပ်မပျော်တဲ့သူတွေထိရောက်တယ်ဆိုရင် သူ့တန်ဖိုးက သေချာပေါက်အကြီးအကျယ်တက်လာမည်။
ချင်လင်က ဒီနေ့ပစ္စည်းများကို စံအိမ်ပို့လိုက်သည်။ ချန်တပေတို့အုပ်စုက ကားပေါ်မှပစ္စည်းများကို စံအိမ်ထဲသယ်လိုက်၏။ သူကစံအိမ်ထဲဝင်ပြီး ရုံးခန်းဆီသွားလိုက်သည်။
ရုံးခန်းရောက်ရောက်ချင်း ရှောင်လော့(အခန်း ၁၅၁)မှာ အနီရောင်ပိုးစပတ်ထားသည့်ဆိုင်းဘုတ်ကို သယ်လာသောအစောင့်နှစ်ယောက်နှင့်အတူလျှောက်လာသည်ကို တွေ့လိုက်ရ၏။

ထိုဆိုင်းဘုတ်မှာ ချင်းလင်ဝိုင်လုပ်ငန်းဆိုင်းဘုတ်ဖြစ်သည်။
''သူဌေး'' ရှောင်လော့က ချင်လင်ထွက်လာသည်ကိုမြင်လျှင် ချက်ချင်းတရိုတသေပြောလိုက်သည်_ ''သူဌေးကတော်က ကျွန်တော်တို့ကိုခေါ်ပြီး ဒီဆိုင်းဘုတ်ကို ဝိုင်လုပ်ငန်းမှာယူချိတ်ခိုင်းလို့ပါ''
ချင်လင်ကခေါင်းညိမ့်ကာ_ ''လုပ်ပါ... လမ်းမှာသတိထား... ဆိုင်းဘုတ်ကိုမထိခိုက်စေနဲ့''
''မပူပါနဲ့ သူဌေး... ဘာမှမဖြစ်စေရပါဘူး'' ရှောင်လော့က ချက်ချင်းကတိပေးလိုက်သည်။
ရှောင်လော့နှင့်သူ့လူများထွက်သွားပြီးနောက် ချင်လင်က ရုံးခန်းအလွတ်တစ်ခုကိုဖြတ်သွားရာ အထဲမှကျောက်မိုချင်းအသံထွက်လာသည်ကိုကြားလိုက်ရ၏_ ''ယောင်ယောင်... မင်းဒီလောက်တော်မယ်မထင်ထားဘူး... တခြားဆိုင်းဘုတ်တွေလည်း ဆင်လိုက်ပါဦး''
ချင်လင်ကလျှောက်ဝင်လာပြီး ကောင်းယောင်ယောင်လက်ထဲတွင် အနီရောင်ပိုးစနှင့် 'ချင်းလင်စံအိမ်ဆိုင်းဘုတ်'ဆင်နေသည်ကိုတွေ့ရသည်။
ဆိုင်းဘုတ်အသစ်ရှိလာပြီဆိုမှတော့ သူတို့ပျော်ရွှင်မှုကိုဖော်ပြတဲ့အနေနဲ့ အနီရောင်ပိုးစတချို့ချိတ်ဆွဲပြရမည်။
ကျောက်မိုချင်းက ချင်လင်ဝင်လာသည်ကိုမြင်လျှင် ချက်ချင်းမေးလိုက်သည်_ ''ချင်လင်... အမေက ရှင့်ကိုရက်ကောင်းရက်မြတ်ရွေးခိုင်းတယ်... နောက်နှစ်ရက်က အကောင်းဆုံးပဲ... ဖွင့်ဖို့ရော စာရင်းလုပ်ဖို့ရော အဆင်ပြေတယ်... အဲဒါကြောင့် အားလုံးကို သန်ဘက်ခါစာရင်းအစီအစဉ်အတွက် ပြင်ထားခိုင်းလိုက်ပြီ''
''ကောင်းပြီလေ... စီစဉ်လိုက်ပါ'' ချင်လင်ခေါင်းညိမ့်လိုက်သည်။
ကျောက်မိုချင်းကဆက်ပြီး_ ''အချိန်တန်ရင် အကြီးအကဲချန်နဲ့ထောက်ပံ့သူတွေကို ဖိတ်ရမလား? ပြီးတော့ လူကြီးမင်းချန်နဲ့လူကြီးမင်းလီတို့ကိုဖိတ်မဖိတ် ဆုံးဖြတ်ရမယ်''
စာရင်းအစီအစဉ်မှာ ပွဲတော်နေ့ဖြစ်သည်။ သူတို့နှင့်ရင်းနှီးသော ဦးလေးအာ့ကန်း၊ ဦးလေးတရှန်းတို့ကိုဖိတ်ရမည်။
ချင်ရန်၊ ဟူဖေး၊ ကျန်းရှစ်နှင့် လင်ဖုန်းတို့လို စံအိမ်နှင့်စီးပွားတွဲလုပ်သူများကို သေချာပေါက်ဖိတ်ရမည်။
အကြီးအကဲချန်မှာ ခရီးသွားလုပ်ငန်းတာဝန်ခံဖြစ်သည့်အလျောက် ပြောစရာမလိုတော့။
ချန်ရှန်းဖေနှင့်မာလဲ့ဝမ်တို့ကိုမဖိတ်လျှင် သင့်တော်မည်မဟုတ်ချေ။ သူတို့ကိုသေချာပေါက် အသိပေးရမည်။ တစ်ဖက်တွင် ချန်ရှန်းဖေအဆက်အသွယ်နှင့် လက်ရေးလှဆရာချန်ဖုန်းဝူကို ချန်ရှန်းဖေကူညီပေးနိုင်မည်ထင်သည်။
ဘာပဲဖြစ်ဖြစ် ဆိုင်းဘုတ်က သူ့အလှစာလုံးနှင့်လုပ်ထားခြင်းဖြစ်၍ ပထမဆုံးလောကဝတ်ပြုရမည်။ ဒုတိယအနေနှင့် ဆရာနှင့်ဆိုင်းဘုတ်တွဲပြီး ဓာတ်ပုံရိုက်နိုင်သည်။ တကယ့်ဇာတ်လမ်းကောင်းဖြစ်သွားနိုင်၏။
ချင်လင်က သူ့အတွေးကို ကျောက်မိုချင်းအားပြောပြလိုက်သည်။ ထို့နောက် သူနှင့်ကျောက်မိုချင်းတက်ညီလက်ညီလုပ်ကြတော့၏။ ကျောက်မိုချင်းနှင့်သူ့အမေက ဆွေမျိုးမိတ်ဆွေတွေကို ဖုန်းဆက်အသိပေးသည်။
သူကဖုန်းထုတ်ပြီး ချန်ရှန်းဖေနှင့်မာလဲ့ဝမ်အပါအဝင် တခြားသူများကိုဖိတ်လိုက်၏။ အားလုံးက သူ့ကိုမျက်နှာသာပေးပြီး သန်ဘက်ခါသေချာပေါက်လာမည်ဖြစ်ကြောင်းပြောကြသည်။
ချန်ရှန်းဖေက သူ့ဦးလေးဆရာချန်ဖုန်းဝူကိုဖိတ်ပေးမည်ဟုတောင် ကတိပေး၏။
နေ့လယ်ပိုင်းတွင် ကျောက်မိုချင်း ချင်လင်ရုံးခန်းထဲရောက်လာသည်_ ''ချင်လင်... စာရင်းအတွက် ဆုနဲ့အကျိုးအမြတ်တွေ စဉ်းစားပြီးပြီလား? ကျွန်မတစ်ညကြိုပြီး ကြော်ငြာဗီဒီယိုရိုက်ရဦးမယ်''
ချင်လင်ကပြုံးပြီး_ ''စဉ်းစားပြီးပါပြီ... အဲဒီနေ့ဆုတွေ အကျိုးအမြတ်တွေအတွက် မဲနှိုက်စရာမလိုဘူး... ခရီးသည်က စံအိမ်မှာ ယွမ် ၁၀၀ သုံးတာနဲ့ အလကားရမှာ... နောက်ပြီး အကျိုးအမြတ်ကသုံးမျိုးရှိတယ်...''