← Chapters

ဒီတစ်ကြိမ်အကျိုးပေးခြင်း! အံ့သြနေသော ချန်ရှန်းဖေနှင့်မာလဲ့ဝမ်! ၃

Vol. 15 Ch. 222

ဒီတစ်ကြိမ်အကျိုးပေးခြင်း! အံ့သြနေသော ချန်ရှန်းဖေနှင့်မာလဲ့ဝမ်! ၃

Vol. 15 Ch. 222

ချင်လင်က ကျောက်မိုချင်းအား သူအရင်ကတည်းကတွေးထားသော ပွဲအစီအစဉ်ကိုပြောပြလိုက်သည်။

သူက အကျိုးခံစားခွင့်သုံးမျိုးပြင်ဆင်ထား၏။

ပထမမှာ လိပ်ခေါင်းအတွက် ချင်းလင်ဆေးဖက်ဝင်ဝိုင်ဖြစ်သည်။

ကတ်တီတချို့သိမ်းပြီး ကတ်တီ ၄၀ ကိုထုတ်ဖို့ရည်ရွယ်ထား၏။ ထို့နောက် အလုံပိတ်ပုလင်း ၃၀ မီလီလီတာဝယ်ကာ ဝိုင်လောင်းထည့်မည်။ သည်လိုနှင့် ပုလင်း ၆၆၆ လုံးအကျိုးခံစားနိုင်မည်။

သိမ်းထားရင် ၃၀ မီလီလီတာကို ၃ ကြိမ်သောက်နိုင်သည်။ ဘာပဲဖြစ်ဖြစ် ၅၀ ဒီဂရီဆေးဖက်ဝင်ဝိုင်ထက်များ၏။ တစ်ကြိမ်လျှင် ၁၀ မီလီလီတာသောက်ခြင်းမှာ ဆေးဖက်ဝင်ဝိုင်အတွက်အကောင်းဆုံးပမာဏဖြစ်သည်။

ဒုတိယမှာ အိပ်ပျော်စေသော အရည်အသွေး ၁ နံ့သာဖြူနံ့သာပင်။

အရည်အသွေး ၁ နံ့သာဖြူနံ့သာက ဘူး ၃၀၀ ရှိသည်။ အရည်အသွေး ၂ ၏အာနိသင်ကို ကျောက်ရှန်ဟုန်ထံမှသိခဲ့ရ၏။ အာနိသင်အလွန်ထိရောက်သဖြင့် အရည်အသွေး ၁ ၏အာနိသင်လည်း မဆိုးလောက်ပေ။

တစ်ဖက်တွင် လူတစ်ယောက်အိပ်စက်နိုင်ရန် ၀.၅ ဂရမ်ဆိုလုံလောက်သည်။ သူက သီးသန့်ထုပ်ပိုးရန်ဝယ်ဖို့စီစဉ်ထား၏။ တစ်ထုပ်ကို ၁၀ ဂရမ်ထည့်ပြီး အကြိမ် ၂၀ လောက်အသုံးပြုနိုင်မည်။



ဒါက ခရီးသည်များအတွက် အထုပ် ၃၀၀၀ ပွားနိုင်မည်။

တတိယအမျိုးအစားမှာ ချင်းလင်ဆေးဖက်ဝင်ဝိုင်ဖြစ်သည်။ ထိုဝိုင်မှာ ကျောက်ကပ်အားကောင်းစေပြီး အရင်လိုခန္ဓာကိုယ်အားဖြစ်စေသည့်အမျိုးအစားဖြစ်၏။ သူကနောက်ဆုံးအသုတ်မှ ကတ်တီ ၆၀ ထုတ်ယူပြီး ၃၀ မီလီလီတာပဲထည့်မည်။ စုစုပေါင်း ၁၀၀၀ ဧည့်ခံနိုင်မည်။

သည်လိုနှင့် အကျိုးခံစားခွင့်စုစုပေါင်း ၄၆၆၆ ရှိမည်။

သို့သော် စိတ်ကျေနပ်မှုရသောခရီးသည်က ၄၆၆၆ ဦးထက်ပိုမည်။ ဘာပဲဖြစ်ဖြစ် အတော်များများက မိသားစု၊ အမျိုးသားနှင့်အမျိုးသမီး၊ စုံတွဲနှင့်လာကြမည်။ ငွေရှင်းသူကတစ်ယောက်တည်းဖြစ်ပြီး တစ်ယောက်သာလက်ခံနိုင်မည်။

အလကားရဖို့ကလည်း အလွန်ရိုးရှင်းသည်။ ယွမ် ၁၀၀ အပြည့်သုံးရုံပင်။ ငွေရှင်းပြီးသောအခါ မပေးပို့ရသေးခင် သုံးခုထဲမှတစ်ခုကိုရွေးချယ်ရမည်။

ဒီတစ်ကြိမ်ရမည့်အကျိုးအမြတ်က လုံးဝနည်းမည်မဟုတ်။

ဘာပဲဖြစ်ဖြစ် အားလုံးက ချင်းလင်ဆေးဖက်ဝင်ဝိုင်ကို တစ်ပုလင်းယွမ် ၆၀၀၀၀ ကျော်တန်ကြောင်းသိကြသည်။ သာမန်လူတွေ သောက်နိုင်ဖို့လမ်းမမြင်။ အခုတော့ သူတို့က ခရီးသည်တွေကို သောက်ဖို့အခွင့်အရေးပေးလိုက်ပြီ။

တကယ်တော့ လိပ်ခေါင်းရှိတဲ့ခရီးသည်တချို့က လိပ်ခေါင်းအတွက်ဆေးဖက်ဝင်ဝိုင်ရဲ့အာနိသင်ကိုသိသွားရင် ချင်းလင်စံအိမ်ရဲ့ဂုဏ်သတင်းက နောက်တစ်ဆင့်ထပ်တက်ဦးမည်။

တစ်ခါတည်း ဆေးဖက်ဝင်ဝိုင်အများကြီးထုတ်လိုက်ရင် ချန်ရှန်ဖေးနှင့်မာလဲ့ဝမ်တို့က သေချာပေါက် ဒီအကြောင်းမေးမြန်းလာလိမ့်မည်။ ရောနှောထားခြင်းဖြစ်ကြောင်း ဆင်ခြေပေးရဦးမည်။

ချန်ရှန်းဖေတို့၏စရိုက်လက္ခဏာအရ အမေးအမြန်းသိပ်မထူကြချေ။ သူတို့ပြန်သွားရင် အကျိုးခံစားခွင့်အနေနှင့် ကြေးညိုဝိုင်ပုလင်းရောင်းပေးလိုက်မည်။

ကျောက်မိုချင်းက ချင်လင်ပြောသည့်အကျိုးခံစားခွင့်များအကြောင်းကြားလျှင် သူ့ရုံးခန်းထဲချက်ချင်းပြန်ပြီး အစီအစဉ်ဆွဲတော့သည်။ ထို့နောက် ကောင်းယောင်ယောင်ကိုရှာပြီး ဗီဒီယိုရိုက်လိုက်၏။

အချိန်ကုန်လွန်သွားပြီး မကြာမီနောက်တစ်ရက်ကုန်သွားသည်။

နောက်တစ်နေ့နေ့လယ်တွင် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က စံအိမ်သို့စောစောရောက်လာကြ၏။

သူတို့နှစ်ဦးနောက်တွင် ဆံပင်ဖြူနှင့်လူကြီးတစ်ဦးပါလာသည်။ လူကြီးကအသက်ရနေပြီဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ကသန်သန်မာမာနှင့် မျက်နှာမှာအားအင်အပြည့်နှင့်ဖြစ်သည်။

ချင်လင်ကချက်ချင်းရှေ့သွားပြီး ကြိုဆိုလိုက်၏_ ''လူကြီးချန် လူကြီးမင်းမာ... လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်''

''သူဌေးချင်... တို့သိတာဒီလောက်ကြာပြီ... ဒီလောက်ကြီးယဉ်ကျေးနေစရာမလိုပါဘူး'' ချန်ရှန်းဖေကပြုံးပြီး အကြံပြုလိုက်သည်_ ''ပြီးတော့ လူကြီးမင်းချန် လူကြီးမင်းမာလို့ ခေါ်စရာမလိုပါဘူး... မရင်းနှီးတဲ့ပုံပေါက်တယ်... ငါတို့ကို လောင်ချန် လောင်မာလို့သာခေါ်လိုက်... ပိုပြီးရင်းနှီးလာလိမ့်မယ်''

ထိုစကားကြားလျှင် ချင်လင်ကချီတုံချတုံဖြစ်မနေ။ သူကပြုံးပြီး_ ''ဟုတ်ပြီလေ... လောင်ချန် လောင်မာ ကျွန်တော့်ကိုလည်း သူဌေးချင်လို့မခေါ်ပါနဲ့... ကျွန်တော်ကငယ်တယ်ဆိုတော့ ချင်လင်လို့သာခေါ်လိုက်ပါ''



သူက ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ကိုသိတာကြာပြီ။ သူတို့အကြောင်း ကောင်းကောင်းသိထားသည်။ နှစ်ယောက်စလုံးက မိတ်ဆွေဖြစ်ထိုက်သူများဖြစ်ကြ၏။

ထိုအချိန်တွင် ချန်ရှန်းဖေလည်း လူကြီးနှင့်ချင်လင်ကိုမိတ်ဆက်ပေးလိုက်သည်_ ''ချင်လင်... ဒါငါ့ဦးလေး ဆရာချန်ဖုန်းဝူ''

ချင်လင်က ခန့်မှန်းမိပြီးဖြစ်၍ ချက်ချင်းရှေ့တိုးကာ လူကြီးကိုလက်ဆွဲနှုတ်ဆက်လိုက်သည်_ ''ဆရာချန်... ခင်ဗျားရဲ့လက်ရေးက ကျွန်တော့်စံအိမ်မှာ သေချာပေါက်တောက်ပနေမှာပါ''

''သူဌေးချင်... အထင်ကြီးလွန်းနေပါပြီ'' ချန်ဖုန်းဝူက သူ့လက်ရေးမဆိုးမှန်းသိသော်လည်း သူ့လက်ရေးက စံအိမ်ကိုတောက်ပစေသည်ဟုပြောဖို့တော့ မျက်နှာမရှိပါချေ။

မာလဲ့ဝမ်က အကြံပြုလိုက်သည်_ ''ချင်လင်... ဆရာချန်က လက်ဖက်ရည်ဖျော်ရတာကြိုက်တယ်... မင်းရုံးခန်းထဲသွားပြီး လက်ဖက်ရည်ဖျော်ရအောင်... ဒီတစ်ခေါက် ငါအဆင့်အတန်းမြင့်တဲ့အူလုံလက်ဖက်ခြောက်ယူလာတယ်''

''သွားတာပေါ့!'' ချင်လင်လည်း သူတို့သုံးယောက်ကို သူ့ရုံးခန်းထဲခေါ်သွားလိုက်သည်။

မာလဲ့ဝမ်က ချင်လင်ရုံးခန်းထဲဝင်ဝင်ချင်း သူ့လက်ဆွဲသေတ္တာထဲမှ အဆင့်မြင့်မြင့်ထုပ်ပိုးထားသောလက်ဖက်ခြောက်ဘူးလေးကိုထုတ်ပြီး လက်ဖက်ရည်ဖျော်ရန် လက်ဖက်ရည်စားပွဲတွင်ထိုင်လိုက်၏။

ချန်ရှန်းဖေက အထဲရောက်သည်နှင့် ကမ္ဗည်းကိုစိတ်ဝင်စားသွားသည်_ ''ချင်လင်... ဒီကမ္ဗည်းကမဆိုးဘူး... ဘယ်တုန်းကချိတ်ဆွဲထားတာလဲ?''

ဆရာချန်ဖုန်းဝူလည်း ကမ္ဗည်းအောက်နားလျှောက်သွားပြီး_ ''ဒီပေါ်ကစာလုံးတွေကအဓိပ္ပါယ်ရှိတယ်ဆိုပေမဲ့ လုပ်တဲ့သူကအတော်လေးကျွမ်းကျင်တယ်... အထင်ကြီးစရာပဲ''

ထိုကောက်ချက်ချသံကြားလျှင် ချင်လင်ပြုံးမိသည်။ ဤသည်မှာ အထက်တန်းကျခြင်း +၁ အရည်အသွေးကြောင့်ပင်။

''အိုး... ဖယောင်းတင်ထားတဲ့အောက်က အသားက...'' ဆရာချန်ဖုန်းဝူကရုတ်တရက်ကမ္ဗည်းနားကပ်သွားပြီး စေ့စေ့စပ်စပ်ကြည့်လိုက်ပြီးမှ အံ့သြသံနှင့်_ ''ဒီကမ္ဗည်းက တကယ်သစ်မွှေးနဲ့လုပ်ထားတာလား? အသားနဲ့ဖယောင်းအရောင်က အဆင့်မြင့်သစ်မွှေးဖြစ်ဖို့များတယ်''

''အဆင့်မြင့်သစ်မွှေး?'' ချန်ရှန်းဖေလည်း အံ့သြပြီးရှေ့တိုးသွားသည်။ သစ်မွှေးကမရှားသော်လည်း အဆင့်မြင့်သစ်မွှေးက အလွန်ရှား၏။

''သောက်...'' မာလဲ့ဝမ်က ရေရွတ်လိုက်သည်_ ''ဒီလက်ဖက်ရည်စားပွဲတစ်ခုလုံးက သစ်မွှေးနဲ့လုပ်ထားမှန်းမသိဘူး... နောက်ပြီး အဆင့်မြင့်သစ်မွှေးနဲ့တူတယ်''

ချန်ရှန်းဖေကစိတ်ဝင်စားသွားပြီး ချက်ချင်းလက်ဖက်ရည်စားပွဲရှေ့ဒူးထောက်ထိုင်ကာ စစ်ဆေးကြည့်လိုက်သည်။ ခဏအကြာ သူကပိုအံ့သြပုံပေါက်သွား၏။

ဒီလက်ဖက်ရည်စားပွဲအကြီးကြီးက တကယ်အဆင့်မြင့်သစ်မွှေးနဲ့လုပ်ထားတာပဲ။

ချန်ရှန်းဖေက မယုံနိုင်သလိုခံစားလိုက်ရသည်။ အဆင့်မြင့်သစ်မွှေးမှာ စျေးနှုန်းကအဓိကမဟုတ်။ အလွန်ရှားသည်။ သူတို့ဝယ်နိုင်သည်ဆိုသော်လည်း ဒီလိုလက်ဖက်ရည်စားပွဲအကြီးကြီးကို အဆင့်မြင့်သစ်မွှေးအများကြီးနှင့်တစ်ခါတည်းရအောင်လုပ်ဖို့ လုံးဝမလွယ်ပေ။ ဒါမျိုးရဖို့ သူတို့တောင် လူအင်အားအများကြီးသုံးပြီး မျက်နှာရဖို့လိုသေးသည်။

''ဒီခုံလည်း အဆင့်မြင့်သစ်မွှေးနဲ့လုပ်ထားတာပဲ'' ဆရာချန်ဖုန်းဝူက ထိုင်ခုံထိပ်ပိုင်းကိုပုတ်လိုက်ရင်း ရုတ်တရက်ပြောလိုက်၏။

''ဘယ်လို?'' ချန်ရှန်းဖေရေရွတ်လိုက်သည်။

''ထိုင်ခုံတောင်?'' မာလဲ့ဝမ်ကပြောလိုက်၏။

သူတို့နှစ်ယောက်က ချင်လင်ကို 'ဒီလောက်သစ်မွှေးအများကြီး တစ်ခါတည်းဘယ်လိုလုပ်ရလဲ'ဟူသောအကြည့်နှင့်ကြည့်လိုက်ကြလေသည်။

All Chapters