← Chapters

တချို့အရာတွေကို ငွေနှင့်ဝယ်လို့မရ! ၁

Vol. 15 Ch. 223

တချို့အရာတွေကို ငွေနှင့်ဝယ်လို့မရ! ၁

Vol. 15 Ch. 223

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က ခုံဆီလျှောက်လာပြီး သေသေချာချာကြည့်လိုက်သည်။ ဒီခုံက အမှန်ပင် အဆင့်အတန်းမြင့်သစ်မွှေးနှင့်လုပ်ထားကြောင်း သိလိုက်ရ၏။

သူတို့က ဗဟုသုတနည်း၍မဟုတ်သော်လည်း သစ်မွှေးနှင့်နံ့သာနီမှာ ရှားရှားပါးပါးစုဆောင်းရသောသစ်များဖြစ်သောကြောင့်ပင်။ နောက်ပြီး အရည်အသွေးပိုကောင်းလေလေအဆင့်အတန်းမြင့်သည်က ရှားပါးလေလေဖြစ်သည်။

ထိပ်တန်းအဆင့်များမှာ လုံးဝရှားပါးသည်။ မရှိသလောက်နီးနီးဖြစ်ပြီး ပစ္စည်းပိုင်ရှင်များက သိုသိုသိပ်သိပ်ထားကာ လုံးဝထုတ်ချခြင်းမရှိပေ။

အတော်များများက ဤကဲ့သို့ပရ်ိဘောဂမျိုးကို စုဆောင်းကြသည်။ အဆင့်အတန်းမြင့်ပရိဘောဂများကို ဖြည်းဖြည်းချင်းတစ်စုံရအောင်ဖြည့်ကြ၏။ ရှားပါးထိပ်တန်းပရိဘောဂမျိုးကို ကံကောင်းမှသာရနိုင်သည်။

မဟုတ်ရင် ဝမ်မိသားစုကလူ ကမ္ဘာမှာအချမ်းသာဆုံးဖြစ်လာတော့ သူ့အိမ်မှာ 'လူချမ်းသာတစ်ဦးရဲ့တစ်နေ့တာ' အင်တာဗျူးစဉ်က မဟော်ဂနီပရိဘောဂတွေကိုဓာတ်ပုံရိုက်ဖို့ တကူးတကလူခေါ်လာစရာမလိုဘူးမလား?

အကြောင်းမှာ ထိုပရိဘောဂအစုံက ထိပ်တန်းသစ်မွှေးနှင့်လုပ်ထားခြင်းကြောင့်ပင်။ နိုင်ငံအတွင်း ရှားရှားပါးပါးလူတချို့သာ ထိပ်တန်းသစ်မွှေးရှာပြီး ပြည့်ပြည့်စုံစုံပရိဘောဂတစ်စုံလုပ်နိုင်သည်။

ထိုပြည့်စုံသောပရိဘောဂအစုံနှင့် အချမ်းသာဆုံးလူမှာ ထိုကဲ့သို့သစ်သားပရိဘောဂမျိုးစုဆောင်းရကြိုက်သူလောက်မဟုတ်တောင် သေချာပေါက်ကြွားဦးမည်။



မာယွင်ဖန်တီးထားသောအဖွဲ့အစည်းထဲတွင်လည်း ထိပ်တန်းသစ်မွှေးပရိဘောဂအစုံလိုက်ရှိသည်။ ထိုအစုံလိုက်က မြင့်မြတ်မှုကိုကိုယ်စားပြုနေ၏။

အခန်းထောင့်တွင်ထားထားသော အလွန်လက်ရာမြောက်သည့်အနုစိတ်လက်မှုပညာနှင့်သစ်မွှေးဗီရိုမှာ အင်ဂျင်နီယာစူးခန့်ထားသောလက်သမားဆရာကြီးက ဧကရီမယ်တော်ကြီးစစ်ရှီးနန်းတော်မှဗီရိုများအတိုင်း ပုံဖော်ထားသည်ဟုဆိုကြသည်။ ထိုဗီရိုသက်သက်ပင် ယွမ် ၅ သန်းတန်သည်။

သူတို့လိုချမ်းသာသူတွေအတွက် ယွမ် ၅ သန်းမှာဘာမှမဟုတ်သော်လည်း ယွမ် ၅ သန်းရှိရုံနှင့်ဝယ်နိုင်သောအရာမဟုတ်ပေ။

တန်ဖိုးကရှိသည်။ ဒီလိုပစ္စည်းမျိုး စျေးကွက်ထဲမှာမရှိ။

ပိုက်ဆံနှင့်ဘာမဆိုဝယ်နိုင်သည်။ ခံစားချက်တွေတောင် ဝယ်နိုင်သည်ဆိုသော်လည်း အနိမ့်စားများသာဖြစ်၏။

တစ်စုံတရာက အတိုင်းအတာတစ်ခုအထိရောက်သွားလျှင် ပိုက်ဆံနှင့်တောင် မဝယ်နိုင်ပေ။

သူဌေးချင်၏အဆင့်မြင့်သစ်မွှေးခုံနှင့်နံ့သာနီလက်ဖက်ရည်စားပွဲမှာ ရှေ့ကအချမ်းသာဆုံးသူဌေးနှစ်ဦး၏ထိပ်တန်းပစ္စည်းများထက်ညံ့သော်လည်း အလွန်ရှားသောပစ္စည်းများဖြစ်နေသည်။

ပစ္စည်းကြီးနှစ်ခုဖြစ်ပြီး အစုံလိုက်မဟုတ်သည်က နှမြောစရာပင်။ အဆင့်မြင့်ပရိဘောဂအစုံလိုက်ဖြစ်လျှင် ထိုကဲ့သို့ပရိဘောဂမျိုးကြိုက်သည့်သူဌေးကြီးနှစ်ဦးတောင် အံ့အားသင့်သွားနိုင်သည်။

''ချင်လင်... မင်းမှာအမြဲတမ်းထင်မှတ်မထားတဲ့အံ့သြစရာတွေရှိမှန်း ငါသိသွားပြီ... မင်းမှာ ပစ္စည်းကောင်းတွေအမြဲရှိတယ်'' မာလဲ့ဝမ်သက်ပြင်းချလိုက်သည်။ သူကအူလုံလက်ဖက်ရည်ကိုယူပြီး လက်ဖက်ရည်စားပွဲတွင် ပြန်ထိုင်လိုက်၏_ ''ဒါပေမဲ့ မင်းဆီမှာ ဘာလက်ဖက်ရည်မှမရှိဘူးမလား? အခုတော့ မင်းငါ့ကိုအားကိုးရလိမ့်မယ်... ငါကလက်ဖက်ရည်ကြိုက်တယ်... လက်ဖက်ခြောက်ကောင်းတွေ စုထားတာရှိတယ်''

မာလဲ့ဝမ်က အတော်ဂုဏ်ယူသလိုခံစားလိုက်ရသည်။

ဘာပဲဖြစ်ဖြစ် သူသဘောကျသည့်အရာကို ဂုဏ်ယူသည်က မလွဲမသွေပင်။

ချန်ရှန်းဖေက သစ်မွှေးခုံကိုကြည့်နေဆဲ။ သူက မေးစမ်းကြည့်လိုက်သည်_ ''ချင်လင်... ဒီအတွက် အဆက်အသွယ်တွေဘာတွေရှိလား? တကယ်လို့ ငါ့အတွက်မေးပေးနိုင်မယ်ဆို ငါလည်းအိမ်အတွက် သစ်မွှေးပရိဘောဂတချို့လိုချင်လို့... ကြီးကြီးမားမားတော့မဟုတ်ဘူး''

ချင်လင်က ထိုစကားကြားလျှင် ပြုံးလိုက်ပြီး_ ''လောင်ချန်... ဒီအတွက်နားစွင့်ပေးထားမယ်... တစ်ခုခုသတင်းကြားရင် ခင်ဗျားကိုအသိပေးမယ်''

ဂိမ်းထဲတွင် သစ်ပင်ပြန်ထွက်နှုန်းအလှည့်ကျဖြစ်သော်လည်း နောင်မှာ သစ်မွှေးက သေချာပေါက်ပြန်ထွက်ဦးမည်။ ဘဝခရီးကရှည်လျားပြီး အချိန်တွေအများကြီးကျန်သေးသည်။

အရည်အသွေး ၂ နှင့်အထက် သစ်မွှေးပရိဘောဂအစုံလိုက်ရဖို့ သူ့အတွက်အခက်အခဲမရှိနိုင်။ ရှေ့ကအချမ်းသာဆုံးသူဌေးနှစ်ယောက်ထက် ပိုကောင်းရင်ကောင်းနိုင်တယ်မလား?



ချန်ရှန်းဖေက ဒီလိုပရိဘောဂမျိုးကြိုက်တယ်ဆိုမှတော့ နောင်သစ်ပင်တွေထပ်ထွက်လာရင် သူ့အတွက်တစ်စုံရအောင် အခွင့်အလမ်းရှာရမည်။ သို့သော် တခြားသူများအစ်အောက်လာမည်စိုး၍ ဂိမ်းထဲတွင်ခဏထားရပေဦးမည်။

နိုင်ငံမတည်ထောင်ရသေးခင် နည်းဟောင်းအတိုင်းလုပ်တာပိုကောင်းမည်။

ဒါဆို ရှေးဟောင်းပစ္စည်းဖြစ်သွားမည်။ တခြားသူတွေမေးလာရင် ပစ္စည်းအဟောင်းဖြစ်မည်။ သူတို့စျေးကွက်ထဲမှာတွေ့ရင် ဝယ်ကြလိမ့်မည်။

''ဟေး ချင်လင်... မင်းလည်းနံ့သာထွန်းတယ်လား?'' ချန်ရှန်းဖေက လက်ဖက်ရည်စားပွဲဆီလျှောက်လာရင်း လက်ဖက်ရည်စားပွဲဘေးစင်ပေါ်မှ နံ့သာခွက်နှင့်နံ့သာတိုင်များကိုမြင်သွားသည်_ ''မင်းရဲ့ရုံးခန်းက ပိုပိုကောင်းလာတယ်... ဒီနံ့သာတိုင်မှာ တံဆိပ်မပါဘူးဆိုတော့ စိတ်တိုင်းကျအပ်ထားတဲ့ အရမ်းတန်ဖိုးရှိတာဖြစ်ရမယ် ဟုတ်တယ်မလား?''

သူဒီလိုထင်တာလည်း အံ့သြစရာမရှိ။ ချင်လင်မှာက ပစ္စည်းကောင်းတွေအများကြီးရှိသည်ကိုး။

ပထမဆုံး သဘာဝအစားအစာတွေလာစားတဲ့အချိန်ကစပြီး သူလာတဲ့အခေါက်တိုင်း တမူထူးခြားသောပစ္စည်းကောင်းတွေရှိတတ်စမြဲ။ အခုတော့ တွေ့သမျှပစ္စည်းတိုင်းကောင်းသည်ဟု ခံစားနေရပြီ။

ထို့အပြင် နံ့သာနှင့်ပတ်သက်လျှင် တကယ်အထက်တန်းကျသည်မှာ စိတ်တိုင်းကျမှာသောပစ္စည်းများဖြစ်သည်။ အထူးသဖြင့် တစ်ဂရမ် ယွမ် ၁၃၀၀၀ ကျသောသစ်မွှေးမျိုးမှာ များများစားစားမရှိချေ။

ထိုပစ္စည်းမျိုးက ရှန်းရွှေလက်ဆောင်ဆန်ထက် တွေ့ဖို့ပိုခက်သေး၏။ သူ့လက်ဝယ်ရရှိသည်မှာ လေးငါးကြိမ်သာရှိသော်လည်း သစ်မွှေးကိုရုံးခန်းထဲထွန်းလျှင် အမှန်တကယ်စိတ်ရှင်းပြီး အလွန်အာနိသင်ရှိကြောင်း ဝန်ခံရပေမည်။

ချန်ရှန်းဖေက နံ့သာဘူးကို စူးစမ်းဖွင့်လိုက်ရာ အထဲကနံ့သာမှုန့်၏ရင်းနှီးနေသောအနံ့ကိုရလိုက်သည်။ သူကထပ်ပြီးအံ့သြသွားကာ_ ''ဒါက... သစ်မွှေး?''

သူအတပ်ပြောနိုင်သည်။ ဒါကြောင့် ဒီအမွှေးနံ့ကို အရမ်းရင်းနှီးနေတာကိုး။

ချင်လင်က အံ့သြသည့်အသံနှင့်_ ''လောင်ချန်... သိတယ်လား?''

ချန်ရှန်းဖေကရှင်းပြလိုက်သည်_ ''သစ်မွှေးနံ့သာကို လေးငါးကြိမ်ဝယ်ဖူးတယ်... ဒီနေ့ ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး''

ထိုအချိန်တွင် မာလဲ့ဝမ်ကစိတ်ဝင်စားသွားပြီး_ ''နည်းနည်းထွန်းကြည့်ရအောင်''

သူကနံ့သာမသုံးသော်လည်း အရင်က အဲဒီလောင်ချန် ချန်ရှန်းဖေကြွားတာ ကြားဖူးသည်။

ချန်ရှန်းဖေက ချင်လင်ကိုကြည့်ပြီး မေးလိုက်သည်။ ဒီလိုပစ္စည်းမျိုးကိုကြည့်တာ ကိစ္စမရှိသော်လည်း ကိုယ်ပိုင်အတွက်သုံးချင်တာက မယဉ်ကျေးရာကျသည်။

''လုပ်ပါ!'' ချင်လင်ခေါင်းညိမ့်လိုက်၏။

ချန်ရှန်းဖေက ချက်ချင်းစိတ်လှုပ်ရှားလာသည်။ သူကချက်ချင်း နံ့သာထွန်းခွက်ကိုယူပြီး ကျွမ်းကျွမ်းကျင်ကျင်ထွန်းလိုက်၏။ သူမကြာခဏနံ့သာသုံးလေ့ရှိကြောင်း သိနိုင်သည်။

သူကကျွမ်းကျင်စွာ နံ့သာထွန်းပြီးနောက် နံ့သာခွက်ကိုအုပ်လိုက်၏။ ခဏအကြာ မီးခိုးဖြူဖြူက မွှေးပျံ့သောကြည်နူးစရာအနံ့နှင့်အတူ လိပ်တက်လာသည်။

''ဝိုး... ဒီအနံ့က မင်းပြောသလိုကောင်းတာပဲ လောင်ချန်'' တခဏအတွင်း မာလဲ့ဝမ်က အံ့သြသည့်အသံထွက်လာသည်_ ''ပြီးတော့ ထူးထူးခြားခြားလန်းဆန်းသွားတယ်... လောင်ချန် ကြည့်ရတာ မင်းသုံးနေတဲ့ပစ္စည်းက အတော်လေးအသုံးတည့်ပုံပဲ''

All Chapters