← Chapters

မတူညီတဲ့လူတွေထဲက တူညီနေတဲ့ အကျင့်စရိုက်လေးတွေ

Vol. 63 Ch. 933

မတူညီတဲ့လူတွေထဲက တူညီနေတဲ့ အကျင့်စရိုက်လေးတွေ

Vol. 63 Ch. 933

လင်းရီ သူ့အိတ်ကပ်နှစ်ဖက်ထဲ လက်နှိုက်ကြည့်လိုက်တော့ လီချူးဟန်၏ အိမ်သော့ကို ရှာတွေ့သွားခဲ့သည်။

ဂိုအီချီ မစ်ဆူ၏ ကျူးကျော်ဝင်ရောက်မှုကို ခံရပြီးသည့်နောက် သူမ အိမ်တံခါးသော့ ချိန်းလိုက်ပြီး လင်းရီကိုလည်း သော့အပို တစ်စုံ ပေးထားလေသည်။

တစ်စုံတစ်ယောက်မှ တံခါးသော့ဖွင့်သံကို ကြားတော့ လီချူးဟန် စာကြည့်ခန်းထဲမှ အလျင်စလိုဖြင့် ပြေးထွက်လာခဲ့သည်။

လင်းရီ ဖြစ်နေကြောင်း မြင်တွေ့လိုက်ရတော့ သူမ မယုံကြည်နိုင်စွာဖြင့် ကြက်သေသေသွားခဲ့လေသည်။

“လင်း...လင်းရီ..… နင် ဘာလို့ ဒီရောက်နေတာ… ဒီအချိန်က နင့်မိသားစုနဲ့ အတူရှိနေရမယ့် အချိန်လေ…”

“ မင်းလည်း ငါ့မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းပဲ မဟုတ်လား…”

လီချူးဟန် နှုတ်ခမ်းကိုက်လိုက်သည်။ ထို့နောက် ရှက်သွေးဖြန်းသွားဟန်ဖြင့် မျက်လွှာအသာချ၍ ခေါင်းလေးငိုက်သွားခဲ့လေသည်။

“ နှစ်သစ်ကူးနေ့ကြီးကို ဘယ်မလဲ မီးပုံးတွေ …… တစ်ခုမှလဲ ပြင်မထားဘူးရော…”

“ အွန်း… အိမ်မှာ ငါတစ်ယောက်တည်းနေတာဆိုတော့ ဘာမှ မလုပ်ထားတော့တာလေ…” လီချူးဟန် ညင်သာစွာဖြင့် ပြောလိုက်သည်။

“ နေ့လည်စာကော ဘာလဲစားတာ…”

“ ကိုယ့်ဘာကိုယ်ပဲ တစ်ခုခု လုပ်စားလိုက်တယ်…”

လင်းရီ လီချူးဟန်၏ စာကြည့်ခန်းထဲ မျှော်ကြည့်လိုက်တော့ ကွန်ပျူတာ စခရင်ပေါ်၌ ဆေးပညာရပ်ဆိုင်ရာ စာတမ်းများ ဖွင့်ထားသည်ကို မြင်တွေ့လိုက်ရလေသည်။

“ နှစ်သစ်ကူးမှာတောင်မှ ဒီစာတမ်းတွေ ဖတ်နေသေးတုန်းလားဟ…”

“ ဒါမှ မဖတ်ရင် လုပ်စရာမှ မရှိပဲကို…”

“ အဝတ်အသစ်တွေ သွားမဝယ်ဘူးလား…”

“ အများကြီးရှိပြီးသားပဲလေ.. အသစ်တွေတောင် တစ်ခါနှစ်ခါ လောက်ပဲ ဝတ်ရသေးတယ်… ဒါကြောင့်မို့.....” လီချူးဟန် ပြောလိုက်ပြီး “ ငါ အတွင်းခံ အသစ်တွေပဲ ဝယ်လိုက်တယ်…”

လင်းရီ ပြုံးပြီး သူ့လက်ထဲရှိ အိတ်ကို ကမ်းပေးလိုက်သည်။

“ တော်မတော် ဝတ်ကြည့်ကြည့်လိုက်…”

“ ဟင်… နင်ငါ့အတွက် ဝယ်ပေးခဲ့တယ်လား…”

လင်းရီ ခေါင်းညိမ့်လိုက်၏။

“ နှစ်သစ်ကူးလေ… နှစ်သစ်ကူးပွဲတော်မှာ အဝတ်အသစ်တွေ ဝတ်သင့်တာပေါ့..”

“ ကျေးဇူးပဲ…” လီချူးဟန် အတော်လေး ရင်ထဲ ထိရှသွားဟန်ဖြင့် မျက်လုံးတို့ နီရဲသွားခဲ့လေသည်။

“ ငတုံးမလေး… ဘာလို့ ငိုနေတာ…” လင်းရီ ပြုံးလျက် ခေါင်းပွတ်သပ်ပေးလိုက်ပြီး “ ဘယ်လိုနေလဲ ကြည့်ကြည့်မယ်လေ…. ငါလည်း ဝယ်တာ ဝယ်ခဲ့တာ သိပ် ကြည့်တတ်တာ မဟုတ်ဘူး…”

“ ကြည့်စရာ မလိုပါဘူး… နင် ဝယ်ပေးတာဆို အကုန်ကြိုက်ပြီးသားပဲ…”

လင်းရီ ရောက်ရှိလာပြီးနောက် လီချူးဟန် သူမကိုယ်သူမ ခေတ္တအနားပေးလိုက်၏။ ထို့နောက် နှစ်ဦးသား ဆိုဖာပေါ်တွင် ထိုင်နေရင်း ပျင်းရိဖို့ကောင်းသည့် နှစ်သစ်ကူး အစီအစဉ်များအား ကြည့်နေလိုက်ကြသည်။

လင်းရီကတော့ ဘေးတွင် အလှလေး တစ်ဦး အဖော်ပြုထားပေးသောကြောင့် အစီအစဉ်များက ငြီးငွေ့ဖွယ်ကောင်းနေသော်လည်း သူ မမှုပေ။

နောက်ပိုင်းတွင်တော့ လင်းရီနှင့် လီချူးဟန်တို့ အတူ ဖက်ထုပ်ပြုတ်ကြ၏။

သို့သော်လည်း ဤနယ်ပယ်တွင်တော့ လီချူးဟန်မှာ အရည်အချင်း သိပ်မရှိလေရာ လင်းရီကသာ ဖြစ်စဉ်တစ်ခုလုံးကို အဓိက ကိုင်တွယ်သွားခဲ့ရလေသည်။ သူမ ကူညီပေးရသည်က ရေနွေးဆူအောင် ပြုလုပ်ပေးရန်ပင်။

ဖက်ထုပ်ကျက်တော့ လီချူးဟန်မှ အမွှေးအကြိုင်များကို ဧည့်ခန်းထဲ ယူလာပြီး နှစ်သစ်ကူး အစီအစဉ်များကြည့်ရင်းဖြင့် အတူတူ စားသောက်ကြ၏။

ထိုသို့ ငြီးငွေ့ဖွယ်ကောင်းသည့် အစီအစဉ်များ ကြည့်ရှုရခြင်းက နှစ်သစ်ကူး၏ မဖြစ်မနေ လိုအပ်သော အစိတ်အပိုင်း တစ်ခု အဖြစ် ဟွာရှန့်တို့က ခံယူထားကြလေသည်။ အကယ်၍ ထိုအစီအစဉ်များသာ မရှိပါက နှစ်သစ်ကူး ပွဲတော်မှာ တစ်ခုခု လစ်ဟာနေသကဲ့သို့ ခံစားရပေလိမ့်မည်။

“ ကောင်းလား..”

“ အွန်း… အရသာရှိတယ်…”

“ ငါလုပ်သမျှ ကောင်းတယ်ကြည့်ပဲ ပြောမနေနဲ့လေ… သေချာတဲ့ ဝေဖန်ရေးလေးတော့ လုပ်ပေးဦးမှပေါ့...…”

“ ဒါပေမယ့် တကယ်အရသာ ရှိနေတာပဲလေ…” လီချူးဟန်မှ ပြောလိုက်ပြီး “ ဟွာရန် စားသောက်ဆိုင်က စားဖိုမှူးတောင် နင့်လက်ရာကို ယှဉ်နိုင်မှာ မဟုတ်ဘူး… နင်ဆို အကုန်လုံး သိနေတယ်နော်…”

“ ဟားဟား….” လင်းရီ ရယ်မောလိုက်၏။

လီချူးဟန်လည်း ဖက်ထုပ် ပါးစပ်ထဲထည့်ရင်း လင်းရီကို ပြုံးပြလိုက်သည်။ သူမ၏ အပြုံးက လူကို အလိုလို စိတ်ကြည်နူးသွားစေသည်။

ဆယ်နာရီ ဝန်းကျင်လောက်ရောက်တော့ လင်းရီ နာရီတစ်ချက်ကြည့်လိုက်ပြီး “ စောစော အိပ်ရာဝင်တော့ … ခုက နှစ်သစ်ကူး… အဲ့ဒီ စာတမ်းတွေ ထပ်မကြည့်နဲ့တော့…. မသေမချင်း အလုပ်လုပ်နေရမှာပဲ… ကိုယ့်ကိုယ်ကိုလည်း အနားပေးသင့်တယ်…”

“ အွန်း… ငါနားလည်ပြီ…” လီချူးဟန် ခေါင်းညိမ့်လိုက်ပြီး “ နင် ပြန်တော့မလို့လား..”

လင်းရီ ခေါင်းညိမ့်လိုက်သည်။

“ ငါ သိပ်မကြာခင် ပြန်လာခဲ့မှာပါ…”

“ အွန်းပါ… နင်ငါ့အတွက် စိတ်ပူမနေနဲ့… နင် အားတယ်ဆိုမှ ခဏတဖြုတ် လာခဲ့လိုက်လေ…” လီချူးဟန် ပြောလိုက်ပြီး “ ဒါမှမဟုတ် ဝီချက်မက်ဆေ့ချ် လှမ်းပို့လို့လည်း ရတာပဲ…”

“ ဘာလို့ အဲ့လိုလုပ်ရမှာ…. အားလုံးကို မျှမျှတတ ဆက်ဆံပေးရမှာ‌ပေါ့...”

ပြောရင်းဖြင့် လင်းရီ လီချူးဟန်၏ ဆံနွယ်တို့အား ပွတ်သပ်လိုက်ရင်း နဖူးကို ခပ်ဖွဖွ နမ်းလိုက်၏။

“ အိပ်နှင့်တော့… ငါသွားတော့မယ်…”

“ ငါလိုက်ပို့ပေးမယ်…”

“ မပို့နဲ့…. အိမ်ထဲမှာပဲနေ…”

“ အိုကေ အိုကေ… “

လီချူးဟန်၏ အိမ်ထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီ နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

သူမျှော်လင့်ထားသည့် အတိုင်း လီချူးဟန်မှာ ပြတင်းပေါက်မှတစ်ဆင့် သူ ထွက်သွားသည်ကို ငေးကြည့်နေ‌လေသည်။

လင်းရီ လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်ပြီး တက္ကစီ တစ်စင်းခေါ်၍ လေဆိပ်သို့ ပြန်လည်ဦးတည်လိုက်သည်။

သူ ဂေဟာကို ပြန်ရောက်တော့ မနက် နှစ်နာရီ ထိုးနေပြီး ဖြစ်၏။ ကော်နင်ယွဲ့ကတော့ အိပ်သွားခဲ့ပြီး ချိန်ရွှမ့်ယွီနှင့် ကျန်သူများကတော့ ကတ်ကစားနေကြဆဲပင်။ ဝူဖေးယွဲ့ကတော့ သူ၏ tablet ကို အပေါ်အောက်‌ ရွေ့လျားရင်း အလုပ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အသည်းအသန် လိုက်ရှာဖွေနေသည်။

လင်းရီ ရေနွေးကြမ်းကရား ယူလာလိုက်ပြီး “ နှစ်သစ်ကူးကြီးကို ဘာလို့ အဲ့တာတွေ အာရုံစိုက်နေတာ..”

“ နှစ်သစ်ကူးပြီးရင် အလုပ်ခေါ်စာ အသစ်တွေ အများကြီး ရှိလာတော့မှာလေ… ဒါကြောင့်မို့ ငါ ကြိုတင်ပြီး လေ့လာနေတာ…”

လင်းရီ တစ်ချက်ကြည့်လိုက်တော့ ရန်ချိန်ရှိ ကုမ္ပဏီများနှင့် ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရသည်။

“ အစ်ကို ရန်ချိန်မှာပဲ နေဖို့ ဆုံးဖြတ်လိုက်ပြီပေါ့..”

ဝူဖေးယွဲ့ ခေါင်းညိမ့်လိုက်သည်။

“ အဖေတို့ အမေတို့ကလည်း အသက်တဖြည်းဖြည်း ကြီးလာပြီလေ… ရှောင်ယွဲ့ကလည်း အိမ်ထောင်ကျပြီးသွားရင် အမေတို့ကို အချိန်ပြည့် ကြည့်ပေးနိုင်မှာမဟုတ်ဘူး.. ဒီတော့ ငါဒီမှာနေရင် ပိုပြီး ကောင်းကောင်း ဂရုစိုက်ပေးလို့ရတာပေါ့… အဲ့ဒါဆို မင်းလည်း ကျိုးဟိုင်မှာ စိတ်ချလက်ချနဲ့ စီးပွားရေး လုပ်လို့ရတယ်…”

လင်းရီ ပြုံး၍ ဝူဖေးယွဲ့ကို ရေနွေးကြမ်းတစ်ခွက်ငဲ့ပေးလိုက်၏။

မိသားစုထဲ၌ အကြီးဆုံးသားသမီးများက တာဝန် အယူရဆုံးပင်။

သူတို့ငယ်စဉ်၌ မွေးချင်း ညီငယ်/ညီမငယ်များကို စောင့်ရှောက်ပေးရပြီး မွေးချင်းများ အသက်ကြီးလာသည့် အခါတွင်လည်း မိဘကို တစ်ဖန်ပြန်ကြည့်ရပြန်လေသည်။

ယခုလို အစ်ကိုတစ်ယောက် ရှိနေခြင်းအတွက် လင်းရီ ဝမ်းသာမိ၏။

“ အစ်ကို စိတ်ဝင်စားနေတဲ့ ကုမ္ပဏီတွေ ရှိလား…”

“ ရှေ့ရက်တုန်းက မင်းငါ့ကို ယွမ် တစ်သိန်းပေးထားသေးတယ်မလား… ခု ငါ့အိတ်ကပ်ထဲမှာ ရှစ်သောင်းကျန်နေသေးတယ်… အဲ့ပိုက်ဆံနဲ့ ထရပ် တစ်လက်ကိုင် တစ်စင်းလောက်ဝယ်ပြီး ပစ္စည်းတွေလိုက်ပို့ရင် ကောင်းမလားလို့… အဲ့လိုက ပိုပြီး လွတ်လွတ်လပ်လပ်ရှိတယ်..”

“ အဲ့လိုလည်း ကောင်းတာပဲ… ဘာပဲဆိုဆို မနက်ကိုး ညငါး အလုပ်တွေက အရမ်းပျင်းဖို့ကောင်းတယ်…”

လင်းရီ ကူညီပေးမည့် စကားတစ်ခွန်း မဟပေ။ သူ့အစ်ကိုထံတွင် ကိုယ်ပိုင်လမ်းကြောင်း ရှိနေပြီး သူကိုယ်တိုင်ကလည်း ဝင်မစွက်ဖက်ချင်ပေ။

ယခုလို အခြေအနေကပင် ကျေနပ်အားရဖို့ ကောင်းနေပြီး ဖြစ်၏။

“ အစ်ကို… အမေက အစ်ကိုနဲ့ အစ်ကိုကြီးတို့ကို စောစောအိပ်ပါတဲ့.. မနက်ကျရင် အမျိုးတွေအိမ်ကို စောစောသွားလည်ကြမှာ…” ချိန်ရွှမ့်ယွီ ပြောလိုက်သည်။

“ အင်း.. သိပြီ…”

ဤသည်ကိုလည်း လင်းရီ မျှော်မှန်းထားပြီး ဖြစ်၏။

နှစ်တိုင်းနှစ် အမျိုးအိမ်များထံ ယခုလို သွားရောက်လည်ပတ်နေကြစမြဲပင်။

သကာလောင်း၍ အကောင်းပြောမည်ဆိုပါက ဆွေမျိုးများကြား၌ ထိတွေ့ဆက်ဆံမှုရှိပြီး သံယောဇဉ်တိုးပွားစေရန်ပင်။

ထင်းလင်းမြင်သာစွာ ဘွင်းဘွင်းရှင်းရှင်းပြောမည်ဆိုလျှင်တော့ သွားကြွားခြင်းသာဖြစ်သည်။

သို့သော်လည်း သူတို့က သူတို့ကိုယ်သူတို့ ကြွားဝါခြင်း မဟုတ်ပဲ ၎င်းတို့ သားသမီးများ၏ အောင်မြင်မှုများကို ကြွားဝါပြောဆိုကြခြင်းပင်။

ယခင်တစ်ကြိမ် သူ ချောင်ရန် အုပ်စုတွင် အလုပ်လုပ်နိုင်စဉ် အခါက တစ်ရွာလုံး၏ အာရုံစိုက်ရာ ဖြစ်ခဲ့၏။ယခုတော့ သူ့ကိုယ်ပိုင် ကုမ္ပဏီကြီးတစ်ခု တည်ထောင်လိုက်ရာ မည်သူမျှ ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ချေ။

“ ကျွန်တော်တော့ အိပ်ပြီ… အစ်ကိုလည်း စောစောအိပ်တော့..” လင်းရီ ကိုယ်ညောင်းဆန့်ရင်း ပြောလိုက်၏။

“ ငါမသွားဘူး…” ဝူဖေးယွဲ့ ပြုံးလျက် ဆိုလိုက်ပြီး “ မင်းသာ ချောချောမောမော ဝတ်စားပြီး အမေတို့ ဂုဏ်ယူရအောင် လုပ်ခဲ့လိုက်….”

“ ဘာလို့…”

“ ငါ့အခြေအနေနဲ့ အဲ့လို တွေ့ဆုံပွဲတွေ သွားဖို့ မသင့်တော်လေဘူးကွာ…”

“ အဲ့တာ ကျွန်တော့် ပြောရမှာမှ မဟုတ်တာ… အမေ့ကို ပြောလိုက်… ဒါပေမယ့် သဘောတူမယ်တော့ မထင်…”

ဝူဖေးယွဲ့ ပြုံးလိုက်ပြီး “ ရတယ်… ငါမနက်ဖြန်ကျရင် ရှင်းပြလိုက်မယ်..”

…………….

နောက်တစ်နေ့ နံနက် လင်းရီ အိပ်မက်ကောင်း မက်နေစဉ် တစ်ကိုယ်လုံး ရုတ်တရက် အေးစက်စက် ဖြစ်သွားခဲ့သည်။

သူ အိပ်စုံမှုန်မွှားဖြင့် မမြင်မကန်း စမ်းကြည့်လိုက်တော့ ကော်နင်ယွဲ့မှ စောင်ကို ဆွဲလှန်ပစ်လိုက်ခြင်းပင်။

“ ငါရှီး… အတည်ကြီးလား…. ဒီ‌လောက်မနက် အစောကြီးကိုလေ…”

လင်းရီကတော့ ကော်နင်ယွဲ့ကိုယ်ထဲ ဟော်ယွမ်ယွမ် ပူးကပ်ထားသလားဟူသည့် သံသယက ယခုအချိန်တွင်တော့ ပို၍ ကြီးထွားလာခဲ့သည်။

သူတို့နှစ်ဦးလုံးထံတွင် တစ်ပါးသူအား အိပ်ကောင်းခြင်း ပေးမအိပ်တတ်သည့် စရိုက်လေးတစ်ခုကတော့ သွားတူညီနေလေသည်။

“ အမေက အစ်ကို့ကို မြန်မြန်ထဖို့ ပြောလိုက်တယ်… ဒီနေ့ အပြင်သွားကြမှာလေ…”

“ ဒါပေမယ့် ခုမှ ၆ နာရီထိုးသေးတာလေကွာ…”

“ အမေက စောစောထွက်ကြမယ်တဲ့.. ခရီးက နာရီဝက်တောင် ကြာမှာ…”

ထိုသို့ ပြောပြီးနောက် ကော်နင်ယွဲ့ နေရာတွင် တစ်ပတ်လှည့်ပြလိုက်ပြီး “ အစ်ကို… ညီမရဲ့ Buberry ကုတ်ကို ဘယ်လိုထင်လဲ… ညီမလေးတော့ ယောင်းမရဲ့ အမြင်ကို တကယ်ချီးကျူးမိတယ်သိလား… ဒီရဲ့ ဘွတ်ဖိနပ်နဲ့တွဲတော့မှ ကုတ်လည်း ပိုကြည့်ကောင်းသွားတော့တယ်..”

“ ငါမြင်တာတော့ မင်း စောစောထွက်ချင်နေတာ….. ဒါမှ ဒီကုတ်ကြီး ဝတ်ပြီး ကြွားလို့ရမှာမလား…”

All Chapters