← Chapters

တိတ်တိတ်လေး ဟန်ထုတ်နေတာများ သေလောက်စရာပဲ

Vol. 63 Ch. 936

တိတ်တိတ်လေး ဟန်ထုတ်နေတာများ သေလောက်စရာပဲ

Vol. 63 Ch. 936

ထိုစကားကြားတော့ ကျောက်ချွမ်းလီနှင့် ဝမ်ကျားကျားတို့မှ ကျောက်ကျစ်ရွေ့ကို မျှော်လင့်အားကိုးသည့် အကြည့်တို့ဖြင့် ကြည့်လိုက်ကြ၏။

သမီးဖြစ်သူ အစိုးရဝန်ထမ်း တစ်ယောက် ဖြစ်ရန်က သူမတို့၏ ဦးစားပေးအရာပင်။

မိန်းကလေး တစ်ဦးမှ အတည်တကျရှိသည့် အလုပ်အကိုင်ကို ရွေးချယ်သည်က မမှားယွင်းချေ။

“ မင်း ဘယ်ဌာနမှာ အလုပ်လျှောက်ချင်တာ..” ကျောက်ကျစ်ရွေ့ မေးလိုက်၏။

“ အခွန်ဌာနပဲ…”

“ ဒါဆို မင်းဘာလို့ ငါ့ကို ကြို မပြောတာ.. စာမေးပွဲမဖြေခင် အမှတ်တွေကောင်းအောင် ငါ လုပ်ပေးလို့ ရတာပေါ့…” ကျောက်ကျစ်ရွေ့ ပြောလိုက်ပြီး “ အဲ့တာဆို မင်းရဲ့ ရေးဖြေရလဒ်က နောက်ထပ် အဆင့်နည်းနည်းလောက် ထပ်တက်နိုင်ချေ ရှိဦးမယ်..”

“ အစ်ကိုက အရမ်းအလုပ်ရှုပ်နေလို့လေ… အဲ့ဒါနဲ့ ညီမလည်း လာရှာရမှာကို အားနာနေတာ…”

ကျောက်ကျစ်ရွေ့၏ အိမ်က ရှန်းလီ ကျေးရွာ၌ မဟုတ်သည့် အပြင် အိမ်ကိုလည်း တစ်နှစ် နှစ်ခေါက်မျှသာ အလည်လာသောကြောင့် သူမတို့ချင်း၏ ရင်းနှီးမှုက နည်းနည်းလေး စိမ်းသက်နေသည်။

ထို့ကြောင့် သူမ အစ်ကိုတစ်ဦးက အခွန်ဌာနတွင် ဝန်ထမ်းဖြစ်နေပြီးကြောင်း သိထားသော်လည်း သွားရောက် အကူအညီတောင်းရန် ဝန်လေးနေခဲ့ခြင်းဖြစ်၏။

“ ကောင်းပြီလေ… ငါ မင်းကို ကူပြောပေးကြည့်မယ်…” ကျောက်ကျစ်ရွေ့ ပြောလိုက်ပြီး “ ဖြစ်ချင်တော့ ငါလည်း ရှေ့နှစ်ရက်လောက်တုန်းကမှ ဌာနခေါင်းဆောင်နဲ့ ထမင်းအတူစားထားတာဆိုတော့ သူ့ ပြောကြည့်လို့ ပြဿနာ ရှိမယ်မထင်ဘူး…”

ပြောပြီးနောက် ကျောက်ကျစ်ရွေ့ ဖုန်းထုတ်ပြီး ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်သည်။

“ ဟယ်လို ခေါင်းဆောင်စုန့်…ခုပြောနေတာ ကျောက်လေးပါ…”

“ အေး … မင်း ပြောစရာရှိ အမြန်ပြောဟျောင့်… ငါအခု အလုပ်များနေတယ်..”

“ ခေါင်းဆောင်စုန့်.. ကျွန်‌တော့် ညီမတစ်ယောက် ဒီနှစ် အစိုးရ စာမေးပွဲမှာ အဆင့်ရှစ်ရထားတယ်… ဒါပေမယ့် အင်တာဗျူး ဖြေတာ အခြေအနေ သိပ်မကောင်းလို့ နည်းနည်းလောက်လေး ကူညီပေးလို့ရလား…”

“ လွယ်ပါတယ်… ငါသူမအတွက် ယွမ်နှစ်သိန်းနဲ့ အလုပ် စီစဉ်ပေးလို့ရတယ်…”

“ နည်းနည်း ထပ်လျော့ပေးလို့ မရဘူးလား…”

“ မင်းထင်နေတာ အစိုးဝန်ထမ်း အလုပ်ကို လူတိုင်း ရနိုင်တယ်လို့များ ထင်နေတာလား… ယွမ်နှစ်သိန်းဆိုတာ မများဘူးကွ… ပြီးတော့ အဲ့တာက ငါးနှစ်စာချုပ်နဲ့…”

“ ဟုတ်ကဲ့ ဟုတ်ကဲ့… ကျွန်တော်နားလည်ပါပြီ..”

ကျောက်ကျစ်ရွေ့ ဖုန်းချလိုက်ပြီး ကျောက်ချွမ်လီကို ကြည့်၍ “ ကျွန်တော် မေးပေးပြီးသွားပြီ.. ငါးနှစ်တာ စာချုပ်အတွက် ယွမ်နှစ်သိန်း လိုချင်တယ်တဲ့…”

“ အာ… အဲ့လောက်တောင် များတယ်တဲ့လား…” ကျောက်ချွမ်းလီ အံ့အားသင့်သွားခဲ့ပြီး “ ဒေါ်လေးတို့ရဲ့ ပိုက်ဆံတွေ အကုန်လုံးကလည်း နင့်ညီမလေး ကျောင်းထားဖို့ အကုန်သုံးထားပြီးသွားပြီ… အဲ့လောက် ပိုက်ဆံ အများကြီးတော့ ဖြစ်နိုင်မယ်မထင်ဘူး…”

“ အဲ့တာဆိုရင်တော့ ကျွန်တော်တတ်နိုင်တာလည်း ဘာမှ မရှိတော့ဘူး… ကျွန်တော့် သူဌေး ပြောတာတော့ ယွမ်နှစ်သိန်းက သူထားပေးနိုင်တဲ့ အနိမ့်ဆုံး ပမာဏတဲ့…” ကျောက်ကျစ်ရွေ့ ပြောလိုက်၏။

“ သမီး … နင် အတွေး မမှားစမ်းနဲ့… ဒါ ငါ့မြေးမလေးရဲ့ ဘဝကြီး တစ်ခုလုံးနဲ့ ဆိုင်နေတာနော်… တကယ်လို့ အတည်တကျဖြစ်သွားခဲ့ရင် သူမ တစ်သက်လုံး သံမဏိထမင်းအိုကြီးနဲ့ နေသွားရုံပဲ… နောက်ဆုံး မဖြစ်ရင် ဒီအိမ်ကြီး ရောင်းဖို့ ကြိုးစားကြတာပေါ့…” ကျောက်ကျယ်ဖန်းမှ ပြောလိုက်သည်။

ကျောက်ချွမ်းလီ၏ အမူအရာမှာ အနည်းငယ် ရှုပ်ထွေးနေပုံရ၏။

ယခု တစ်အိမ်လုံး ပေါင်းလို့ သူမလက်ထဲ ယွမ်ငါးသောင်းမျှသာ ရှိသည်။ အကယ်၍ ယခုအလုပ်ကို အမှန်တကယ် လိုချင်ပါက ယွမ် တစ်သိန်းခွဲကို တစ်ပါးသူထံမှ ချေးငှားရပေလိမ့်မည်။အကယ်၍ သူမ သို့မဟုတ် သူမ အဖေ တစ်ခုခု ဖြစ်လာခဲ့မည်ဆိုပါက သူမ လုံးလုံးလျားလျား ကူကယ်ရာမဲ့သွားနိုင်လေသည်။

သို့သော်လည်း အခွင့်အရေးကောင်းကြီး တစ်ခုက မျက်စိရှေ့ ရောက်နေလေရာ အမိအရ မဖမ်းဆုပ်ထားလိုက်နိုင်ပါက နှမြောဖို့ ကောင်းလွန်းလှ၏။

“ အစ်ကို… ငါးနှစ်စာချုပ်ဆိုတာက ဘယ်လို အဓိပ္ပာယ်ကြီးလဲ… စာချုပ် အလုပ်သမား ပုံစံမျိုးလား…” ဝမ်ကျားကျား မေးမြန်းလိုက်သည်။

ကျောက်ကျစ်ရွေ့၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး နေရခက်သည့် လေသံဖြင့် “ အင်း… စာချုပ် သက်တမ်းနဲ့ အလုပ်သမားပဲ..”

၎င်းကိုကြားတော့ ကျောက်ချွမ်းလီ ပြဿနာကို သတိပြုမိသွားခဲ့သည်။

“ သဘောက ငါတို့ ယွမ်နှစ်သိန်း သုံးလိုက်ရင်တောင် ကျားကျားက ငါးနှစ်ပဲ အလုပ်လုပ်နိုင်မယ်ဆိုတဲ့ သဘောပေါ့…”

“ ဖြစ်နိုင်ပါတယ်..” ကျောက်ကျစ်ရွေ့ ပြောလိုက်ပြီး “ ဒါပေမယ့် ကိုယ့်ဘက်က အလုပ်ကြိုးစားနေသရွေ့တော့ အမြဲတမ်း ဝန်ထမ်း ဖြစ်လာနိုင်တာပဲလေ… အဲ့ကိစ္စ စိုးရိမ်နေစရာ မလိုပါဘူး…”

“ နင် ဘာလို့ အဲ့လောက်တောင် သေချာနေရတာ…” ကျောက်ချွမ်းလီ ကျောက်ကျစ်ရွေ့ ပြောသည်ကို ဆန့်ကျင့်လိုက်ပြီး “ တကယ်လို့ ငါးနှစ်ပြီးရင် သူတို့ဘက်က အလုပ်ထုတ်လိုက်မယ်ဆိုရင်ကော… ပြီးတော့ ကျားကျား ငါးနှစ်နေလို့ ယွမ်နှစ်သိန်း ပြန်စုမိချင်မှ စုမိမှာ… ဘာလို့ ကျားကျားကျ နင့်လို အမြဲတမ်း ဝန်ထမ်း မဖြစ်နိုင်တာလဲတဲ့…”

“ အဲ့တာ အသစ်ထုတ်ပြန်လိုက်တဲ့ ပြည်တွင်းရေး မူဝါဒကြောင့်လေ… ကျွန်တော်တို့က အမြဲတမ်း ခန့်အပ်ခံရတဲ့ နောက်ဆုံး အသုတ်ပဲ… နောက်ပိုင်း ဝန်ထမ်းတွေအကုန်လုံး အကုန် စာချုပ်နဲ့ပဲ သွားကြတော့မှာ…”

“ မရဘူး… အရမ်း စွန့်စားရလွန်းတယ်…”

ကျောက်ချွမ်းလီနှင့် ဝမ်ချွေ့ပင်းတို့မှာ အတွင်းသဏ္ဌာန်တူသည်။ နှစ်ဦးလုံးမှ ရိုးရှင်းသည့် စိတ်သဘောထားကို ပိုင်ဆိုင်ထားကြ၏။ စွန့်စားပြီး မသေချာသည့် အလုပ်မျိုးကို သူမတို့နှစ်ဦးလုံး သဘောမကျကြချေ။

“ သဘောမတူရင်တော့ ကျွန်တော်လည်း မတတ်နိုင်တော့ဘူး… ကျွန်တော့်ဘက်က ဒေါ်လေးတို့အတွက် အဆက်အသွယ် ရှာထားပေးပြီးသွားပြီ… အနာဂတ်ကျ စိတ်ပြောင်းသွားရင်တောင် ကျွန်တော့်လို ဌာနထဲ ဝင်ရဖို့ မဖြစ်နိုင်တော့ဘူး..”

“ ထားလိုက်ပါဟယ်…” ကျောက်ချွမ်းလီ ပြောလိုက်ပြီး “ ရီလေး… နင့်မှာ ကုမ္ပဏီ ရှိတယ်မလား.. နင့်ညီမအတွက် နေရာတစ်ခုလောက် မစီစဉ်ပေးနိုင်ဘူးလားဟင်…”

“ အာ…”

လင်းရီ အခက်တွေ့သွားခဲ့တော့၏။

' သူ့ကုမ္ပဏီမှာ ဝန်ထမ်းဖြစ်ဖို့ အနိမ့်ဆုံးလိုအပ်ချက်က 985 တက္ကသိုလ်ကနေ မာစတာဘွဲ့ တစ်ခု ရထားဖို့ လိုတယ်လေ… ကျားကျားကဖြင့် သာမန် 211 တက္ကသိုလ်ကနေ ဘွဲ့ရထားတာ.. သူ့ဆီမှာ အလုပ်လုပ်ဖို့ ဘယ်လိုလုပ်ပြီး အရည်ချင်း ပြည့်မှီမှာ…’

“ ကျွန်တော့် ကုမ္ပဏီအလုပ်က တော်တော်လေး ပင်ပန်းတာဒေါ်လေးရ…. အစိုးရဝန်ထမ်း အလုပ်လို လွယ်ကူမှာ မဟုတ်ဘူး…”

“ ဒါပေမယ့် ညီမလည်း အဲ့နေရာကို သွားလို့မှမရတာ… ငါးနှစ်စာချုပ်အတွက်နဲ့ကို ယွမ်နှစ်သိန်းပေးရမယ်တဲ့… အဲ့ဒီအစား တခြား အပြင်ကုမ္ပဏီတွေမှာပဲ အပင်ပန်းခံလိုက်တော့မှာပေါ့…”

“ တကယ်လိုချင်ရင်တော့ ကျွန်တော် ကျားကျားကို ကူညီပေးနိုင်မယ့် လူတစ်ချို့နဲ့ သိတယ်…”

လင်းရီ ဝမ်ကျားကျားကို ကြည့်လိုက်ပြီး “ ကျိုးဟိုင်… ရန်ကျင်း… ဒါမှမဟုတ် ရန်ချိန်… နင် ကြိုက်တဲ့နေရာရွေးလိုက်…”

ဝမ်ကျားကျား မျက်လုံး ပြူကျယ်သွားခဲ့သည်။

အဲ့ဒီနေရာတွေက ဟွာရှရဲ့ အချမ်းသာဆုံး မြို့တွေမလား… သူမအစ်ကိုက ဒီသုံးနေရာကို ကမ်းလှမ်းလာတာ နည်းနည်းလေး အံ့အားသင့်ဖို့ ကောင်းမနေလွန်းဘူးလား…

“ အစ်ကို… ညီမတကယ်ကြီး အဲ့သုံးနေရာထဲက စိတ်ကြိုက် ရွေးလို့ရတယ်ပေါ့နော်…”

“ အင်း.. “ လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ နင် သွားချင်တဲ့နရာကိုပြော..”

“ ရွေးလို့ရတယ်ဆို ရန်ချိန်မှာပဲ နေချင်တယ်… အိမ်နဲ့လည်း နီးတယ်လေ…”

“ ကောင်းပြီလေ… ဒါဆို ငါ ဖုန်းဆက်ပြီး ပြောလိုက်ဦးမယ်..”

လင်းရီ ဖုန်းကိုင်လိုက်သည်ကို မြင်တော့ ဘေး၌ ကြည့်နေသည့် ကော်နင်ယွဲ့မှ သူမလက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး

‘ ဒါပဲလေ… ဒါပဲလေ… ငါ့အစ်ကို ဆိုတဲ့အတိုင်းပဲ အမှားတစ်ခုလေးတောင် မပါပဲ အံဩဖို့ကောင်းတဲ့ ရှိုးကို စီစဉ်နေပြီ.. ‘

“ ဟဲလို... အတွင်းရေးမှူးဝူ… ပျော်ရွှင်ဖွယ် နှစ်သစ်ကူးပါ..” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

အဆိုပါ စကားလုံးတို့က ကျောက်ကျစ်ရွေ့ကို ရှော့်ရသွားစေသည်။

ဖုန်းစဝင်ကတည်းက လူကို အတွင်းရေးမှူးခေါ်နေတယ်ဆိုတော့ သူတို့ချင်း ဆက်ဆံရေးက အရမ်းရင်းနှီးနေသလိုပဲ..

သို့သော်လည်း နောက်ထပ်အတွေးတစ်ခု ဝင်လာချိန်တွင်တော့ ကျောက်ကျစ်ရွေ့ ဘာမျှမဟုတ်သလို ခံစားလိုက်ရသည်။ ယနေ့ခေတ်၌ ဌာန ကြီးကြီးသေးသေး အတွင်းရေးမှူးများ ရှိကြလေသည်။ သူတို့ကိုယ်ပိုင်ဌာန၌ပင် လူလေးစားခြင်း မခံရသည့် အတွင်းရေးမှူးများပင် ရှိကြသေး၏။ ထို့ကြောင့် ဤသည်က ဘာမျှ မဟုတ်တော့ပေ။

“ ဟဲလို ဥက္ကဌလင်း…. မအားလပ်တဲ့ ကြားကနေ ကျုပ်ကို နှစ်သစ်ကူး ဆုမွန်တောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… ကျုပ် နည်းနည်းလေးတောင် ဘဝင်မြင့်ချင်သွားပြီ..”

“ မလိုပါဘူးဗျာ.. ခင်များလည်း ကျုပ်ကို အများကြီး ကူညီပေးထားတာပဲလေ… နှစ်သစ်ကူး ဆုမွန်တောင်းပေးဖို့က ဖြစ်သင့်တဲ့ ကိစ္စပဲ မဟုတ်ဘူးလား…”

“ ကျုပ်ကသာ အဲ့စကားမျိုး ပြောရမှာပါ…” ဝူကျောင်းယို ရယ်မောလိုက်ပြီး “ တကယ်လို့ ဥက္ကဌလင်း အနာဂတ်ကျ လိုအပ်တာရှိရင် ပြောလိုက်.. ကျုပ် အကောင်းဆုံး ကြိုးစားကူညီပေးမယ်…”

“ အဲ့လိုဆို ကျုပ် မြို့တော်ဝန်ကို တစ်ခု အပူကပ်ရဦးမယ်…” လင်းရီ ပြောလိုက်ပြီး “ ကျုပ်ညီမလေး တစ်ယောက် ကောလိပ်ကနေဘွဲ့ရပြီး ဒီမှာ အခွန်ဌာနက အစိုးရဝန်ထမ်း ဖြစ်ချင်နေတာလေ… အဲ့တာ စာမေးပွဲဖြေပြီးတော့ ရေးဖြေမှာ အဆင့်ရှစ် ရလာခဲ့တယ်.. ဒါပေမယ့် အင်တာဗျူး အခြေအနေကတော့ သိပ်မကောင်းဘူး… အဲ့တာ ခင်များ ကူညီပေးလို့ရလား…”

“ အခွန်ဌာနက သိပ်မကောင်းဘူးနော် ဥက္ကဌလင်း… တစ်နေ့လုံး ပြေးလိုက်လွှားလိုက် လုပ်နေရမှာ…တကယ်လို့ သူ့ရဲ့ အရေးအသားတွေသာ တကယ်ကောင်းတယ်ဆိုရင် ကျုပ်တို့ မြူနီစီပယ် ကော်မတီမှာ အတွင်းရေးမှူး တစ်နေရာ လစ်ဟာနေတာနဲ့ အတော်ပဲ… သူမရဲ့ အရေးစွမ်းရည်သာ လုံလောက်အောင် ကောင်းမွန်နေသရွေ့တော့ ဒီရာထူး ယူဖို့ အရည်အချင်း ပြည့်မှီတယ်… ဥက္ကဌလင်းရဲ့ ညီမကို မေးကြည့်လိုက်လေ…. တကယ်လို့ အဆင်ပြေတယ်ဆိုရင် ကျုပ် ကြိုပြီး စီစဥ်ထားလိုက်တော့မယ်….”

“ ကောင်းပြီလေ… ကျုပ် သူမ ဘယ်လို သဘောရလဲ မေးကြည့်လိုက်ဦးမယ်..”

လင်းရီ ဖုန်း မိုက်ကို ပိတ်ထားပြီး ဝမ်ကျားကျားကို ကြည့်၍ “ ကျားကျား... နင် မြူနီစီပယ် ကော်မတီ အတွင်းရေးမှူးရာထူးလောက်ဆို ကိုင်တွယ်နိုင်မလား…. အစိုးရရုံးမှာ အလုပ်လုပ်ရတာလည်း အကျိုးကျေးဇူးတွေ အများကြီးတော့ရှိတယ်…”

“ အာ မြူနီစီပယ် ကော်မတီရဲ့ အတွင်းရေးမှူးလား…”

ဝမ်ကျားကျား ကြက်သေသေသွားခဲ့ပြီး “ ဘယ်ရဲ့ မြူနီစီပယ် ကော်မတီလေ…”

“ ရန်ချိန်ရဲ့ မြူနီစီပယ် ကော်မတီပေါ့ဟ…” လင်းရီ ပြောလိုက်ပြီး “ ရန်ချိန်က မင်းရဲ့ အဆင့်နဲ့ဆိုရင် အနည်းဆုံး လက်ထောက် ဒါရိုက်တာလောက်တော့ ဖြစ်သင့်တာ… ဒါပေမယ့် စဝင်ခါစဆိုတော့ အဲ့လောက် ရာထူးအမြင့်စားကြီးတော့ တစ်ခါတည်း တန်းပေးဦးမှာ မဟုတ်ဘူး… ဒါပေမယ့်လည်း လစ်လပ်နေတဲ့ ရာထူးတွေမှ အများကြီးပါ…. နင်သာ အနာဂတ်မှာ အလုပ်ကြိုးစားမယ်ဆို ဖြည်းဖြည်းချင်း ရာထူးတိုးသွားဖို့က ပြဿနာ မရှိဘူး..”

“ ကောင်းတာပေါ့.. ညီမ လုပ်ချင်တယ်… သေချာပေါက် အလုပ်ကြိုးစားပြီး အစ်ကို့ကို စိတ်မပျက်စေရဘူး..”

“ အစ်ကို…. မင်း ဘာတွေ ပြောနေတာ… မင်း တကယ်ကြီး ကျားကျားအတွက် အလုပ်တစ်ခု ရှာပေးလိုက်ပြီပေါ့…” ကျောက်ကျစ်ရွေ့ ပြောလိုက်ပြီး “ သူများကိုလည်း တအားကြီး အယုံလွယ်မနေနဲ့ဦးနော… မဟုတ်ရင်အစ်ကို့ပိုက်ဆံလေးတွေ အလိမ်ခံနေလိုက်ရဦးမယ်…”

လင်းရီ ကျောက်ကျစ်ရွေ့ကို ကြည့်လိုက်ပြီး “ ရန်ချိန်ရဲ့ အထက်ကြီးပိုင်း ခေါင်းဆောင်က ငါ့နား ပိုက်ဆံညစ်မယ်လို့ မင်းခေါင်းက ထင်နေတာလား…”

All Chapters