← Chapters

ရိုလာကိုစတာ

Vol. 63 Ch. 937

ရိုလာကိုစတာ

Vol. 63 Ch. 937

“ ဘာ… ဘာပြောတယ်… ရန်ချိန်ရဲ့ ခေါင်းဆောင်ဟုတ်လား..”

ကျောက်ကျစ်ရွေ့ ဆိုဖာပေါ်မှ ထခုန်ထုမတတ် ထိတ်လန့်သွားခဲ့၏။

“ ငါ ဘယ်သူ့ကို ခေါ်လိုက်တယ်လို့ မင်းက ထင်နေတာ…”

“ မဖြစ်နိုင်ဘူး..” ကျောက်ကျစ်ရွေ့ လုံးဝ တပ်အပ် သေချာနေဟန်ဖြင့် “ မင်းလို ဘော့စ်အသေးစားလေးက ဘယ်လိုလုပ်ပြီး အဲ့လို ပုဂ္ဂိုလ်ကြီးတွေနဲ့ ရင်းနှီးနေနိုင်မှာ..”

“ မင်းမယုံရင် ငါသူ့ကို သက်သေပြခိုင်းလိုက်မယ်…” လင်းရီ မိုက် ပြန်ဖွင့်လိုက်ပြီး “ အတွင်းရေးမှူးဝူ.. လူတစ်ယောက်က ကျုပ် ခင်များနဲ့ ဖုန်းပြောနေတာကို မယုံဘူးတဲ့.. သူ့ကို ခင်များဘယ်သူဆိုတာ ကိုယ်တိုင် ပြောပြလိုက်ပါဦး…”

“ ငါက ဝူကျောင်းယို… ရန်ချိန်ရဲ့ အဆင့်မြင့် အစိုးရအရာရှိပဲ… ဘယ်ကောင်တုန်း ငါ့အထောက်အထားကို သံသယရှိနေတာ…”

ဝူကျောင်းယို၏ စကားလုံးများကို ကြားတော့ ကျောက်ကျစ်ရွေ့ အံ့အားသင့်သွားခဲ့သည်။ သူ မြူနီစီပယ် ရုံးခန်းသို့ သင်ယူရင်း တစ်ခေါက် ရောက်ဖူးသောကြောင့် ဝူကျောင်းယို၏ အသံအား မှတ်မိနေလေသည်။

ဒီအသံနဲ့ ဒီ သံနေသံထား…. ဒါ အတွင်းရေးမှူးဝူဆိုတာ သေချာတယ်…

ပြီးတော့ အဲ့လောက်မှ မသေချာရင်လည်း သူ့လေသံက ဘယ်လိုလုပ်ပြီး ခိုင်မာမှုတွေနဲ့ ပြည့်နှက်နေမှာ…

“ ကျ….ကျွန်တော် အခွန်ဌာနက ကျောက်ကျစ်ရွေ့ပါဗျ… မင်္ဂလာပါ…ကျွန်တော် အရင်က အတွင်းရေးမှူးဝူရဲ့ ရုံးခန်းကို တစ်ခါ အလည်လာခဲ့ဖူးသေးတယ်လေ…..”

ထိုအခိုက်အတန့်တွင်တော့ ကျောက်ကျစ်၍မှာ ဖင်တုန်အောင် ကြောက်ရွံ့နေမိတော့သည်။

“ ကျောက်ကျစ်ရွေ့… ကောင်းပြီ… ငါမှတ်ထားမယ်…”

ပြောပြီး‌နောက် ဝူကျောင်းယို ခေါင်းစဉ်ပြောလိုက်ပြီး “ ဥက္ကဌလင်း… ဒါဆို အတည်ဖြစ်ပြီလို့ပဲ ယူဆလိုက်တော့မယ်နော… သူမ အဆင်ပြေတဲ့ အချိန် လာခဲ့ခိုင်းလိုက်… ဒါပေမယ့် လာမယ်ဆိုရင်တော့ ကျုပ်ကို ကြိုအသိပေးထားတာ ပိုကောင်းလိမ့်မယ်…”

“ ကျေးဇူးပါပဲ အတွင်းရေးမှူးဝူ…”

“ မလိုပါဘူး.. ဥက္ကဌလင်းက အချင်းချင်းတွေကို ယဉ်ကျေးလွန်းနေပြီ…”

အချင်းချင်း နှစ်လိုဖွယ်ကောင်းသည့် စကားတစ်ချို့ ဖလှယ်ပြီးနောက် လင်းရီ ဖုန်းချလိုက်၏။

လင်းရီ၏ အဆက်အသွယ်က သူတို့ စိတ်ကူးမယဉ်နိုင်လောက်သည့် အနေအထားသို့ ရောက်ရှိနေကြောင်း လူတိုင်း မျက်မြင်တွေ့ရှိလိုက်ကြရလေသည်။

“ အစ်ကို… ဒါဆို ညီမ အခု အလုပ်ရသွားပြီပေါ့နော်…”

လင်းရီ ခေါင်းညိမ့်လိုက်သည်။

“ ဒါပေမယ့် မင်း အနာဂတ်ကျရင် ကြိုးစားဖို့တော့ လိုနေသေးတုန်းပဲ…”

“ အဲ့ဒီအတွက် စိတ်ချ…. ညီမ အကောင်းဆုံး ကြိုးစားမယ်…” ဝမ်ကျားကျား လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်လေသည်။

“ ငါကြားချင်တာလည်း အဲ့တာပဲ…”

“ ရီလေး.. အဆင့်မြင့်အရာရှိဆိုတာက တကယ့် ဒိတ်ဒိတ်ကျဲကြီးလေ.. နင်သူနဲ့ ဘယ်လိုလုပ်ပြီး ရင်းနှီးနေတာ…” စွန်းကွေ့လျန်မှ စူးစမ်းလိုသည့် သဘောဖြင့် မေးလိုက်သည်။

“ ကျွန်တော် ရန်ချိန်မှာ ပရောဂျက်တစ်ချို့လုပ်တော့ ဆက်မိသွားတာ…”

“ ဒါဆို နင့်ညီကိုကော ကူညီပေးပါလားဟင်… သူ့ကိုရာထူး တိုးပေးဖို့ ပြောပေးကြည့်ပါလား…” စွန်းကွေ့လျန် ပြောလိုက်ပြီး “ တကယ်လို့ သာမန် လမ်းကြောင်းကနေ သွားမယ်ဆိုရင် ဘယ်အချိန်ကျမှ ခေါင်းဆောင်ဖြစ်လာမလဲ ဘယ်သူကသိနိုင်မှာ….”

“ သူက ကျွန်တော့်အကူအညီ လိုသေးလို့လား…” လင်းရီ ပြောလိုက်ပြီး “ ကျွန်တော့် ကုမ္ပဏီက အနာဂတ်ကျရင် သူ့လက်အောက် ရောက်သွားမှာလေ… ကျွန်တော်က မစွမ်းသာပါဘူး…”

စွန်းကွေ့လျန်နှင့် ကျောက်ကျစ်ရွေ့တို့ သားအမိနှစ်ဦးလုံး မျက်နှာများ ပူစပ်ပူလောင် ဖြစ်သွားခဲ့ကြသည်။ ယခုတော့ သူမတို့၏ ကြွားလုံးများက လူအပေါ် ပြန်လည်သက်ရောက်နေကာ အရှက်တကွဲ ဖြစ်ရချေပြီ။

“ အစ်ကိုကလည်း… ဘာလို့ အတည်ကြီးတွေ ယူနေတာ… ကျွန်တော်က ဒီတိုင်း နောက်လိုက်တာကို… အစ်ကို့ကုမ္ပဏီကို စီမံဖို့ ကျွန်တော်က အရည်အချင်းမမှီပါဘူး..” ကျောက်ကျစ်ရွေ့ ပြောလိုက်သည်။

“ ငါ့ညီက နိမ့်ချလွန်းနေပါပြီကွာ… ဒီအစ်ကိုက အနာဂတ်ကျရင် မင်းအပေါ် ကျောမှီရမှာ…” လင်းရီ ကုတင်နောက်သို့ ကျောတစ်ဝက်လှဲရင်း ပြောလိုက်ပြီး တစ်ရေးတစ်မောအိပ်ရန် အသင့်ဖြစ်နေလေသည်။

“ ငါ့ ကုမ္ပဏီအကောင့်က မင်းပေါ် မူတည်နေတယ်နော…”

ကလင် ကလင် ကလင်….

ထိုအချိန်တွင် ကျောက်ကျစ်ရွေ့၏ ဖုန်းမှ အသံမြည်လာခဲ့၏။

“ ခေါင်းဆောင်စုန့်ဆီက ဖုန်းပဲ…” ကျောက်ကျစ်ရွေ့ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီး “ အတွင်းရေးမှူးဝူက ကျွန်တော့်နာမည် မှတ်ထားမယ်လို့ ပြောသွားတယ်မလား… သူ ဒါရိုက်တာဆီ ဖုန်းဆက်ပြီး ရာထူးတိုးခိုင်းလိုက်တာများလား မသိဘူး…”

“ အမေလည်း အဲ့လိုထင်တာပဲ..”

“ နင့်ညီမလေးတောင် အတွင်းရေးမှူး ဖြစ်နိုင်သေးတာကို နင်က သူ့ထက်လည်း အများကြီးသာတယ် ဆိုတော့ ခရိုင်အုပ်ချုပ်ရေးမှူးလောက် ဖြစ်နိုင်တယ်…”

လင်းရီ “……”

ခင်များတို့ မိသားစုက မြူနီစီပယ် အဆောက်အဦးကို ပိုင်တယ်များ ထင်နေတာလား…

ထျန်းအန်းမန်ရဲ့ ရှေ့မှာ ဘာလို့ ခင်များတို့ပုံတွေ သွားမချိတ်ထားလဲ…

“ ဒေါ်လေးတို့ အတွေးလွန်နေကြပြီ… ညီမ အစ်ကိုက ဘယ်လောက်ပဲ လွှမ်းမိုးမှုရှိတယ်ပြောပြော အဲ့လောက် ရာထူးအကြီးစားကြီးတော့ စီမံပေးနိုင်မှာ မဟုတ်ဘူး..” ကော်နင်ယွဲ့မှ ပြောလိုက်ပြီး “ ပြီးတော့ ကျားကျားကလည်း ဒီတိုင်း အခြေခံ ဝန်ထမ်းအဆင့်ကနေ စရတာပဲ… နောက်ပိုင်းမှ ရာထူးတိုးခံရမှာ…”

ကော်နင်ယွဲ့မှ လင်းရီအား လွတ်လမ်းတစ်ခု ချန်ထားပေးလိုက်ချင်းပင်။

ယခုလို ဆွေမျိုးသားချင်း အများကြီး ရှေ့မှောက်နောက် ဖုန်းထဲမှ မည်သည့် ရလဒ်မျှ ထွက်မလာခဲ့ဘူးဆိုပါက မဆိုင်သည်ဆိုသော်ငြား အနည်းငယ်တော့ ကိုးရို့ကားယား နိုင်ပေမည်။

“ ကျားကျားက ကျားကျားလေ…. ကျစ်ရွေ့က ကျစ်ရွေ့ပဲ…. သူတို့နှစ်ယောက်က ဘယ်လိုလုပ်ပြီး တူနိုင်မှာ…” စွန်းကွေ့လျန် သူမသားကို ဂုဏ်ယူစွာ အမွှန်းတင်လိုက်ပြီး “ ပြီးတော့ လင်းရီက အရမ်း လွှမ်းမိုးမှုရှိိတယ်… တကယ်လို့ ကျစ်ရွေ့အတွက် တစ်ခုခု ကောင်းတာမှ မစီစဉ်ပေးဘူးဆိုရင် ရီလေးအပေါ် မလေးစားရာ ကျတာပဲ မဟုတ်ဘူးလား..”

“ မြန်မြန်.. စပီကာဖွင့်ပြီး နင့်အစ်ကို ဘယ်လောက် အာဏာရှိလဲ လူတိုင်း ကြားအောင်ပြလိုက်….”

စွန်းကွေ့လျန်၏ လှည့်ကွက်သေးသေးလေးက လင်းရီ၏ သတိအာရုံမှ လွတ်မြောက်သွားခဲ့ခြင်း မရှိချေ။ သို့သော်လည်း တုံ့ပြန်ရန် ပျင်းရိနေခဲ့ကာ အိပ်ရာပေါ်၌ ဆက်လက်လဲလျောင်းနေရင်း အိပ်မောကျရန် ကြိုးစားနေလေသည်။

ကျောက်ကျစ်ရွေ့ ခေါင်းညိမ့်လိုက်ပြီး ဖုန်းကိုင်လိုက်၏။ မည်သည့် တစ်စုံတစ်ရာမျှ ကြိုမသိထားသကဲ့သို့ တည်ငြိမ်သည့် လေသံပေါက်အောင် ဖန်တီးထားလိုက်သည်။

“ ဟယ်လို ခေါင်းဆောင်စုန့်…. ဘာကိစ္စလဲဗျ….”

“ အေး ကျောက်လေး…. မင်း ငါတို့ဆီ နှစ်သစ်ကူး မတိုင်ခင် ပို့လာတဲ့ အကောင့်တွေက ပြဿနာ နည်းနည်းတက်နေတယ်ကွ… အထက်ကြီးပိုင်းတွေက မင်း အရည်အချင်း မပြည့်မီဘူးလို့ ထင်နေကြတယ်…. နှစ်သစ်ကူး ရှစ်ရက်မြောက်နေ့ မင်းအလုပ်လာဆင်းတဲ့အချိန်ကျ ကိုယ့်ပစ္စည်းကိုယ်သိမ်းပြီး ဘဏ္ဍာရေး ဌာနမှာ လစာ သွားထုပ်လိုက်တော့….”

ကျောက်ကျစ်ရွေ့ ကြက်သေသေသွားခဲ့ပြီး “ ဗျာ….ဗျာ ဆိုလိုချင်တာ ကျွန်တော့်ကို အလုပ်ထုတ်လိုက်ပြီဆိုတဲ့ သဘောပေါ့နော်…”

“ ငါလည်း ဘာဖြစ်နေမှန်း မသိဘူးကွာ…. ငါသိတာဆိုလို့ ရှစ်ရက်မြောက်နေ့ကျရင် မင်း အထုပ်တွေသိမ်းပြီး ဂျောင်းတော့ ဆိုတာပဲ…”

“ ရှင်တို့ ကျွန်မသားကို ဘာလို့ အလုပ်ထုတ်နိုင်ရတာလဲ…” စွန်းကွေ့လျန်မှ ဝင်ပြောလိုက်၏။

“ သူ့ကို ဘာလို့ အလုပ်မထုတ်နိုင်ရမှာ… ဒီတိုင်း စာချုပ်အလုပ်သမားကိုပဲ… အမြဲတမ်း ဝန်ထမ်းလဲမဟုတ်…. ဒါတွေဆိုတာ ဖြစ်ရိုးဖြစ်စဉ်တွေ… ဘာမှ ဆန်းကြယ်မနေဘူး…”

ပြောပြီးနောက် တစ်ဖက်မှ ဖုန်းချသွားခဲ့လေသည်။

ထို့နောက် အခန်းထဲတွင်လည်း လူတိုင်း တိတ်ဆိတ်သွားခဲ့ကြပြီး အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

ထိုအခါမှသာ ကျောက်ကျစ်ရွေ့၏ အလုပ်က သူတို့ စိတ်ကူးထားသလောက် ကောင်းမွန်မနေကြောင်း သတိပြုမိသွားကြလေသည်။ သူသည်က အချိန်မရွေး အလုပ်ဖြုတ်ခံရနိုင်ချေရှိသည့် စာချုပ် အလုပ်သမား တစ်ဦးမျှသာ ဖြစ်သည်။

“ ကွေ့လျန်…. နင်ပြော‌တော့ ဒါက သေချာတဲ့ အလုပ်ဆို… နင့်သားက ဘယ်လိုလုပ်ပြီး အလုပ်ထုတ်ခံလိုက်ရတာတုန်း…” ကျောက်ကျယ်ဖန်း ပြောလိုက်ပြီး “ အဲ့လိုလုပ်လို့ရနေမှတော့ ဘယ်လိုလုပ်ပြီး သေချာတဲ့ အလုပ်ဖြစ်တော့မှာ.. ငါတို့ ကျားကျားကော ဒီလိုမျိုး ကြုံတွေ့နိုင်ချေရှိလား….”

“ အဘိုး… ဘာမှ စိတ်မပူနဲ့..” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ ကျားကျားရဲ့ အလုပ်က ညီမ အစ်ကို ကိုယ်တိုင် စီစဉ်ပေးထားတဲ့ အစိုးရဝန်ထမ်း အလုပ်လေ… ကျောက်ကျစ်ရွေ့ရဲ့ စာချုပ်အလုပ်နဲ့ ခြားနားတယ်…”

စွန်းမိသားဖ သုံးယောက်လုံးကတော့ မျက်နှာမဖော်တမ်း ရှက်ရွံ့နေကြတော့၏။

“ ရီလေး… ခု ဘာတွေလဲဖြစ်နေတာ… နင့်ညီလေးက ဘာလို့ အလုပ်ထုတ်ခံလိုက်ရတာလဲတဲ့….” စွန်းကွေ့လျန် မေးမြန်းလိုက်၏။

“ ကျွန်တော့်ကို လာမေးနေတယ်လား..” လင်းရီ ပြောလိုက်ပြီး “ သူတို့ သူဌေးပြောနေတာ သူ ကိုင်တဲ့ အကောင့်တွေက ပြဿနာ ရှိနေပါတယ်ဆိုမှ … ဒေါ်လေး နားလည်အောင် စာလုံးပေါင်းပြပေးရဦးမှာလား….”

“ နင် တစ်ခုခု ပြောလိုက်တာပဲ ဖြစ်ရမယ်…” စွန်းကွေ့လျန်မှ ဒေါသူပုန်ထစွာ အော်ပြောလိုက်ပြီး “ ငါ့သားက ဒီတစ်လျောက်လုံး အဆင်ပြေနေခဲ့တာကို နင် ဖုန်းဆက်ပြီးတော့မှ အလုပ်ဖြုတ်ခံလိုက်ရတယ်… နင် ကျစ်ရွေ့ အကြောင်း မကောင်းတာတွေ ပြောခဲ့တာမလား…”

All Chapters