← Chapters

စီးပွားရေး လုပ်တဲ့နေရာမှာ မင်းက အရှက်မရှိမှကို ဖြစ်မှာ..

Vol. 63 Ch. 940

စီးပွားရေး လုပ်တဲ့နေရာမှာ မင်းက အရှက်မရှိမှကို ဖြစ်မှာ..

Vol. 63 Ch. 940

အရောင်းဝန်ထမ်း ကောင်လေးမှ ကြက်သီးမွေးညင်းတို့ ထောင်ထသွားခဲ့သည်အထိ အံ့ဩမှင်တက်သည့် မျက်နှာထားနှင့် ဖြစ်သွားခဲ့၏။

“ ဒါကြီးက မယုံကြည်နိုင်စရာကြီးပဲ.. ဥက္ကဌကြီးက ဘာပြောလဲတဲ့…”

“ သူပြောတာ သူကိုယ်တိုင် ဒီလာခဲ့မယ်တဲ့.. ခု လမ်းမှာတောင်ရောက်နေလောက်ပြီ.. ဖောက်သည်တွေကို ကောင်းကောင်းမွန်မွန် ဧည့်ခံထားဖို့လည်း မှာထားတယ်… ပြီးတော့ တိုက်ခန်းရှေ့က မြေကွက်လပ်ကိုလည်း အလကားပေးလိုက်တဲ့…”

“ အဲ့တာတော့ ပေးသင့်တယ် ထင်တာပဲ.. အစကတည်းကနေ အဲ့ မြေကွက်လပ်က အဲ့ဒီ အဆောက်အဦးနဲ့ တွဲလျက် ပါတာလေ… ခု အဆောက်အအုံတစ်ခုလုံးကြီး ဝယ်လိုက်မှတော့ သူ့အပိုင် ဖြစ်သင့်တာ သဘာဝပါပဲ…”

“ ကောင်းပြီ.. စကားပြောနေတာတွေ တော်လိုက်တော့ အမြန် သူတို့ကို အပေါ်ထပ် သွားဖိတ်လိုက်….”

“ နေဦး… ငါပါလိုက်ခဲ့မယ်…”

သို့နှင့် နှစ်ယောက်သား အောက်ထပ်သို့ အူးယားဖားယား ပြေးဆင်းလာခဲ့ကြသည်။ ထိုအချိန် တိုက်ဆိုင်ချင်းသားကောင်းစွာဖြင့် အမျိုးသမီး အရောင်းသမ တစ်ဦးမှ သူတို့ထံ ရောက်လာခဲ့လေသည်။

“ဂျာကြီး.. ဖောက်သည်တစ်ယောက်က အိမ်နှစ်လုံး ဝယ်သွားခဲ့တယ်… ကျွန်မဒီကို ၂ ရာခိုင်နှုန်း ဒစ်စကောင့်ပေးဖို့ လာတောင်းတာ..”

ထိုသို့ပြောပြီးနောက် သူမ မျက်တောင်ပုတ်ခတ် ပုတ်ခတ် လုပ်၍ ချစ်စဖွယ်ကောင်းအောင် ပြုမူလိုက်သည်။

စည်းမျဉ်းစည်းကမ်းတို့အရ အိမ်နှစ်လုံး ဝယ်ယူသည်နှင့် ၂ ရာခိုင်နှုန်း ဒစ်စကောင့်မရနိုင်ချေ။

သို့သော်လည်း စည်းမျဉ်းဆိုသည်က လူတို့၏ လက်ထဲတွင်သာ ရှိသောကြောင့် ခြွင်းချက်ဆိုသည်ကလည်း အမြဲတစေ ရှိလျက်ပင်။

“ ရတယ် ပေးလိုက် ပေးလိုက်.. မင်း ပြန်လာတဲ့အချိန်ကျ စာချုပ်တာ ကောင်းကောင်းလေး ချုပ်လာခဲ့…”

အရောင်းဝန်ထမ်း အမျိုးသမီးမှ ကြက်သေသေသွားခဲ့ပြီး “ ဂျာကြီး… ဘာသတင်းကောင်းတွေများ တွေ့လာခဲ့လို့ ဒီလောက် အလျင်အမြန်ကြီး ခွင့်ပြုပေးလောက်ရအောင် ပျော်နေတာ..”

“ ဒီနေ့ တိုင်ကွန်းတစ်ယောက် ရောက်လာပြီး အဆောက်အဦးတစ်ခုလုံး ဝယ်သွားတယ်လေ… ဒီလောက်ကောင်းတဲ့ ကိစ္စကြီးကို ငါက မပျော်ဘဲ နေမလားဟ…”

“ ဟင်… အဆောက်အဦးတစ်ခုလုံးဆို အနည်းဆုံး ယွမ် တစ်ဘီလီယမ်လောက် ရှိနေတာကို တကယ်ကြီး ဝယ်တဲ့သူ ရှိတယ်ပေါ့…”

“ အင်း… တကယ်ကြီး ဝယ်လိုက်တာ….” အရောင်း မန်နေဂျာမှ ပြောလိုက်ပြီး “ စွန်းလေး… ငါမင်းကို ဝေဖန်တောတော့ မဟုတ်ဘူးကွ… ဒါပေမယ့် မင်း ဒီမှာ အလုပ်လုပ်လာတာ နှစ်နှစ်တောင်ရှိနေပြီ… ချိန်လေးကို ကြည့်လိုက်စမ်း.. သူဆို တရားဝင် ဝန်ထမ်း ဖြစ်တာတောင် မကြာသေးဘူး ဒီလို ဧရာမ အရောင်းအဝယ်ကြီးကို လုပ်နေနိုင်ပြီ… မင်း နောက်ခါကျရင် သူ့ဆီကနေ များများသင်ယူ…”

အရောင်းဝန်ထမ်း အမျိုးသမီးမှ ချိန်လေး ဆိုသူအား ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။

“ ဘာတွေဖြစ်နေတာ…”

အရောင်းဝန်ထမ်းကောင်လေးမှ ရှက်ကိုးရှက်ကန်းဖြင့် “ အဆောက်အဦးတစ်ခုလုံး ဝယ်သွားတဲ့သူတွေက ခုလေးတင် တိုက်ခန်းဝယ်ဖို့ ပြောတဲ့ လူသုံးယောက်လေ…”

အရောင်းဝန်ထမ်း အမျိုးသမီးမှာ မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့ပြီး “ ငါနင့်ဆီ လွှဲပေးလိုက်တဲ့ သုံးယောက်လား…”

“ ဟုတ်တယ်.. သူတို့….”

အရောင်းဝန်ထမ်း အမျိုးသမီးမှ အသက်ရှူသံတို့ မြန်ဆန်လာခဲ့၏။ ရင်ဘက်ထဲတွင်လည်း ကောင်းကင်ကြီး ပြိုကျနေသကဲ့သို့ ခံစားနေရကာ အသက်ရှူမဝချင်သလိုတောင် ဖြစ်လာခဲ့လေသည်။

“ ဂျာကြီး… ဒါက ဒီလိုပါရှင့်.. အဲ့လူသုံးယောက်က အစတုန်းက ကျွန်မရဲ့ ဖောက်သည်တွေပါ… ဒါပေမယ့် ကျွန်မလည်း နည်းနည်း အလုပ်များနေတော့ ချိန်‌လေးလက်ထဲ ထည့်ပေးလိုက်တာ… ယုတ္တိကျကျ ပြောကြေးဆို ဒါ ကျွန်မ ရောင်းတာ ဖြစ်သင့်တာလေ…”

ထိုအခိုက်အတန့်တွင်တော့ အရောင်းဝန်ထမ်း အမျိုးသမီးမှ သူမ၏ သွင်ပြင် မည်သည့် ရုပ်ပေါက်နေလဲဆိုတာကို ဆက်လက်ဂရုမစိုက်နိုင်တော့ချေ။

ငွေနှင့် နှိုင်းယှဉ်လာပါက အရှက်တရားဆိုသည်မှာ စားသောက်၍ မရသည့် အရာပင်။

“ မင်း ဘာပေါက်တတ်ကရတွေ လာပြောနေတာ..” အရောင်းမန်နေဂျာလည်း အထာနပ်၏။

“ မင်း ငါ ချမှတ်ထားတဲ့ စည်းကမ်းတွေကို မေ့နေတာလား… ဒီအရောင်းအဝယ်က မင်းနဲ့ ဘာမှမဆိုင်ဘူး… မင်းရဲ့ ဖောက်သည်နှစ်ယောက်ကိုသာ ကောင်းကောင်းကိုင်တွယ်… ဒီကိစ္စ စိတ်မပူနဲ့…”

ပြောပြီးနောက် အရောင်းမန်နေဂျာမှ ကောင်လေးနှင့်အတူ အောက်သို့ ဆက်လက်ဆင်းသွားကြလေသည်။

အခြားတစ်ဖက်တွင်တော့ အရောင်းဝန်ထမ်းအမျိုးသမီးမှ အရောင်းအဝယ်စာချုပ်ကို မည်းမှောင်နေသည့် အမူအရာတို့ဖြင့် ပြင်ဆင်နေခဲ့၏။

နောင်တအလီလီနှင့် စိတ်လွတ်ကိုယ်လွတ် ရူးသွပ်လုနီးနီး ဖြစ်နေလေသည်။

ငါ သူတို့ကို ဝန်ဆောင်မှုပေးလိုက်လို့ ဘာဖြစ်သွားမှာမို့လို့… နည်းနည်းလေးလည်း ပိုက်ဆံပဲ မဟုတ်ဘူးလား..

အောက်ထပ်တွင်တော့ အရောင်းမန်နေဂျာမှ လင်းရီတို့ထံ အားတက်သရော အမူအရာဖြင့် ရောက်လာခဲ့ပြီး

“ ဟယ်လို ဥက္ကလင်း.. ကျွန်တော်က ထျန်းရွှမ်ဖုန်းရှန်းရဲ့ အရောင်းမန်နေဂျာပါ… ကျွန်တော် ဒီကိစ္စကို ရုံးချုပ်ဆီ တင်ပြပြီးသွားပြီ… ဥက္ကဌကလည်း ခု လာတဲ့လမ်းပေါ်မှာပါဗျ.. သူက ဥက္ကလင်းနဲ့ ကိုယ်တိုင်ကိုယ်ကျ စကားပြောပါလိမ့်မယ်..”

“ အာ… ဒီလို အသေးအမွှားကိစ္စလေးနဲ့ မင်းတို့ ဥက္ကဌကို အသိပေးဖို့ မလိုပါဘူးဟ… သူ သေချာပေါက် အလုပ်များနေမှာပေါ့..”

အရောင်းမန်နေဂျာ “…… “

အရောင်းကောင်လေး “ ….. “

နှစ်ဦးလုံး ကြက်သေသေသွားကြပြီး လင်းရီ၏ စကားကို မည်သို့ ခွန်းတုံ့ပြန်ရမှန်း မသိဖြစ်နေလေသည်။

မည်သို့ပင်ဆိုစေ ဤသည်က ယွမ်တစ်ဘီလီယမ်ကျော်တန်သည့် ပရောဂျက်ကြီး ဖြစ်သည်။ အဘယ်ကြောင့် ထိုသူက တိုလီမှုတ်စ ဝယ်သလိုမျိုး ပြုမူနေရသနည်း။

“ ဟားဟား… ဥက္ကဌလင်းက အရမ်းနောက်တတ်တာပဲ… ကျွန်တော်တော့ဖြင့် အဲ့လောက် ငွေပမာဏကို အိပ်မက်ထဲမှာတောင် မမြင်ဖူးဘူး….ဘယ်လိုမျိုး ညှိနှိုင်းဆွေးနွေးရမလဲလည်း မသိဘူး.. ဒီတော့ ဥက္ကဌရောက်အလာကို စောင့်လိုက်တာက ပိုကောင်းပါတယ်….”

“ကောင်းပြီလေ.. ဘာပဲဖြစ်ဖြစ်ပေါ့…”

နောက်ထပ် မိနစ်နှစ်ဆယ်လောက် စောင့်ဆိုင်းပြီးတော့ ကော်ပိုရေးရှင်း၏ ဥက္ကဌကိုယ်တိုင် ရောက်လာခဲ့ပြီး သူ၏ မိသားစု ဆွေမျိုးသားချင်းနှင့် တွေ့ဆုံနေရသကဲ့သို့ စိတ်အား ထက်သန်စွာဖြင့် လက်ဆွဲနှုတ်ဆက်လာခဲ့သည်။

“ ဟိုးဟိုး.. ဖမ်းရခက်တဲ့ ဥက္ကဌလင်းနဲ့ ဒီမှာ တွေ့ဆုံရတယ်ဆိုတာ ရှားပါး အခွင့်အရေးပဲ… ကျွန်တော်တို့ရဲ့ ကော်ပိုရေးရှင်းကို အလည်လာလိမ့်မယ်လို့တောင် ထင်မထားဘူး…ခင်များ ဒီညတော့ ကျုပ်ကို ညစာဧည့်ခံတဲ့ အခွင့်အရေး ပေးမှ ဖြစ်မယ်နော…”

“ ဟားဟား…. ကရိကထ များနေပါမယ်…. ကျုပ် ဥက္ကဌဖုန်းရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို မယူတော့ပါဘူး…”

အချင်းချင်း နှစ်လိုဖွယ်ကောင်းသည့် စကားတစ်ချို့ ဖလှယ်ပြီးနောက် နှစ်ယောက်မှာ လက်ရှိကိစ္စသို့ အာရုံစိုက်လိုက်ကြ၏။

တစ်ဖက်သူမှ လင်းရီကို ဧရာမ မျက်နှာသာကြီး ပေးခဲ့လေသည်။ အဆောက်အဦးရှေ့ရှိ မြေကွက်လပ်ကို လက်ဆောင်ပေးရုံတင်သာမက ဒစ်စကောင့်အများကြီးလည်း ပေးလာခဲ့၏။

အဆုံးတွင် ၁.၀၅ ဘီလီယမ်ဟူသော ပမာဏနှင့် အရောင်းအဝယ်တည့်သွားခဲ့ပြီး လင်းရီပင် ထိုဈေးနှင့် ယူရန် အားတောင့်အားနာ ဖြစ်နေခဲ့ရတော့သည်။

ယခု အဆောက်အဦးကို ဝယ်ယူပြီး ဖြစ်သော်လည်း ပတ်ဝန်းကျင် အနေအထားကတော့ ပြောင်းလဲရန် လိုအပ်နေသေးလေသည်။ သို့သော်လည်း အဆိုပါ ကိစ္စသေးသေးလေးကို ကျီချင်းရန် တစ်ယောက်တည်း ကိုင်တွယ်သည်က လိုအပ်သည်ထက်ပင် ပိုနေသေး၏။

“ အစ်ကိုနဲ့ အဲ့လူနဲ့က အသိတွေလား…” ကားထဲသို့ ဝင်ပြီးနောက် ကော်နင်ယွဲ့မှ မေးလိုက်သည်။

“ မသိပါဘူး… “ လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ သိရင် ဘာလို့ ဒီအထိ လာနေတော့မှာ… ဖုန်းပဲ တိုက်ရိုက်ဆက်လိုက်တော့မှာပေါ့…”

“ ဒါပေမယ့် ခုနလေးတင် ညီမ မြင်နေရတာတော့ အချင်းချင်း မိတ်ဟောင်းရင်းချာကြီးတွေလို စကားပြောနေကြတယ်ရော… “ ကော်နင်ယွဲ့ ပြောလိုက်ပြီး “ ညီမတောင် ယောင်းမလေးနဲ့ တွေ့တုန်းက အဲ့လောက်ထိ ဟက်ဟက်ပက်ပက် ရှိမနေပါဘူး…”

“ စီးပွားရေး လောကဆိုတာ အဲ့လိုမျိုးပဲ… မင်း သူများနဲ့ မသိရင်တောင် မိသားစုတွေလိုမျိုး ပြောဆိုဆက်ဆံတတ်ဖို့ လိုတယ်…”

“ ဒါဆို အစ်ကို နောင်ကျ ဘယ်နေရာပဲသွားသွား မိတ်ဆွေချည်း ဖြစ်နေတော့မှာပေါ့…”

“ အဲ့လောက် ရိုးရှင်းတယ်လို့ ထင်နေတာလား…” လင်းရီ ပြုံးလိုက်ပြီး “ မင်းအစ်ကိုက သောက်ရမ်း အံ့ဩဖို့ ကောင်းနေလွန်းလို့သာ အဲ့ဘိုးတော်က ဒီလောက်ထိ မျက်နှာသာပေးနေတာ… တစ်နေ့ ငါပြုတ်ကျကြည့် နောက်ကျော ဓားနဲ့ထိုးမယ့်လူတွေက အဲ့လိုလူတွေချည်းပဲ….”

ကော်နင်ယွဲ့ သိမ့်သိမ့်တုန်အောင် ထိတ်လန့်သွားခဲ့ပြီး “ လုပ်ငန်းရှင်တွေက အဲ့လောက်တောင် ကြောက်ဖို့ကောင်းတယ်လား..”

“ ဒါက ဘာမှမဟုတ်သေးဘူး… ဒီနယ်ပယ်ထဲမှာ ဒီလိုကိစ္စတွေက နေ့တိုင်း ဖြစ်နေကြအရာတွေပဲ… အရာအားလုံးက နေ့ချင်းညချင်းပဲ ပြောင်းလဲသွားနိုင်တယ်…”

“ ဒါပေမယ့် ညီမတော့ ယောင်းမလေးကို အဲ့လိုမျိုး ဖြစ်မယ်လို့ မထင်ပါဘူး..” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ ယောင်းမလေးက မိသားစု အပေါ်မှာ ကောင်းကောင်းဆက်ဆံတယ်… ဒါပေမယ့် အပြင်လူတွေ အပေါ်မှာတော့ အရမ်းကို အေးတိအေးစက်နိုင်လွန်းတယ်… ဒီတိုင်းနေလျက်သားနဲ့ကို သူများတွေ စကားလာမပြောရဲအောင် ခြောက်လန့်နေသလိုပဲ…”

“ အဲ့တာကြောင့်လည်း မင့်ယောင်းမ ကုမ္ပဏီက ဒီလောက် နှစ်တွေကြာတာတောင် ဈေးကွက်တန်ဖိုး သုံးဘီလီယမ်လောက်ပဲ ရှိသေးတာပေါ့…. အဲ့တာက သူတို့ရဲ့ နောက်ဆုံး အထွတ်အထိပ်တောင်မှ ဖြစ်နေပြီ…”

“ အား… နားလည်ပြီ…” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ ဒီတော့ အရှက်မရှိတဲ့သူတွေပဲ လုပ်ငန်းကြီးကြီး လုပ်နိုင်မှာပေါ့နော်…. ကြည့်ရတာတော့ အစ်ကိုကြီးနဲ့ ညီမက ဖြစ်နိုင်မယ့်ပုံ မပေါ်ဘူးပဲ…”

လင်းရီ “……… “

“ ငါမင်းကို အခု ကားပေါ်ကနေ ကန်ချပစ်တော့မယ်ဆိုတာ ယုံလား…”

အဆောက်အဦးကိစ္စ ဖြေရှင်းပြီးနောက် သုံးယောက်သား ဂေဟာသို့ အပြုံးကိုယ်စီဖြင့် ပြန်လာပြီး ဝမ်ချွေ့ပင်းနှင့် ကျောက်ချွမ်းဖူတို့ထံ ဤသတင်းကောင်းကို ပါးလိုက်သည်။

သို့သော်လည်း လင်းရီ ယွမ် တစ်ဘီလီယမ်ကျော် သုံး၍ ဝယ်ခဲ့ကြောင်းတော့ မပြောလိုက်ပေ။ မိတ်ဆက်ပေးသူနှင့် ရင်းနှီးနေသောကြောင့် ယွမ်ဆယ်သန်းမျှနှင့် ရရှိခဲ့သည်ဟုသာ မုသားသုံးလိုက်၏။

မဟုတ်ပါက ဝမ်ချွေ့ပင်း သွေးမည်မျှ ဆောင့်တက်သွားလိမ့်မည်လောဆိုတာ မည်သူကမျှ ကြိုမသိနိုင်ချေ။

ဂေဟာ၏ နေရာထိုင်ခင်း ကိစ္စ ဖြေရှင်းသွားပြီး ဖြစ်ကြောင်း ဝမ်ချွေ့ပင်းသိတော့ ကခုန်လုမတတ် ပျော်ရွှင်သွားခဲ့၏။

ဤကိစ္စက သူမရင်ထဲ အစိုင်အခဲ အဖြစ်နှင့် အချိန်အတော်ကြာအောင် တည်ရှိနေကာ ယခု ဖြေရှင်းသွားပြီး ဖြစ်သောကြောင့် အနာဂတ်၌ မည်သည်ကိုမျှ စိုးရိမ်ပူပန်နေရန် မလိုအပ်တော့ချေ။

ညရောက်တော့ အောင်ပွဲခံသည့် အထိမ်းအမှတ်အနေဖြင့် ဝမ်ချွေ့ပင်းမှ အရသာရှိသည့် ဟင်းပွဲများကို ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပေးလေသည်။

“ သားကြီး…. အမေနင့်ကို ပြောဖို့မေ့နေတာ…” ဝမ်ချွေ့ပင်းမှ ထမင်းစားရင်း တန်းလန်းဖြင့် ပြောလိုက်ပြီး “ အမေတို့ နင့် ဦးလေးအိမ် သွားလည်တုန်းက သူ့မှာ မြေးမလေး တစ်ယောက်ရှိတယ်… အသက်က ၃၁နှစ်… ဘွဲ့လည်း ရပြီးသား… သူက နင်တို့နှစ်ယောက်ကို တွေ့စေချင်နေတာ… မနက်ဖြန်ကျရင် အဲ့ဒီ ဆံပင်ဘုတ်သိုက်ကြီးကိုညှပ်.. ရေမိုးချိုးပြီး သေချာ သပ်သပ်ရပ်ရပ်လေး ဝတ်ထား…. ပေါက်တတ်ကရတွေ လျှောက်မလုပ်နဲ့…”

“ ဟမ်… ကျွန်တော့်ကို ကြင်ဖက် တွေ့စေချင်နေတယ်လား..”

ဝူဖေးယွဲ့ ကြက်သေသေသွားခဲ့၏။ သူ ကြင်ဖက်တွေ့မည့် ကိစ္စအား ယောင်မှားလို့ပင် မစဉ်းစားခဲ့ဖူးချေ။

“ အင်း… သွားလည်တဲ့ နေ့တုန်းကတော့ အမေလည်း ဒီတိုင်း စနောက် ပြောနေတယ်ထင်လို့ စိတ်ထဲ မထားလိုက်ဘူး… “ ဝမ်ချွေ့ပင်း ပြောလိုက်ပြီး “ ဒါပေမယ့် ဒီနေ့ နေ့လည်ပိုင်းကျ သူ့မြေးမလေး မနက်ဖြန် အားတယ်… နင်နဲ့ လာတွေ့ချင်တယ်တဲ့…”

All Chapters