← Chapters

ရန်ချိန်မှာ ဘယ်ကောင် ငါ ကျောက်ကွမ်းလီကို စော်ကားဝံ့လဲ

Vol. 63 Ch. 942

ရန်ချိန်မှာ ဘယ်ကောင် ငါ ကျောက်ကွမ်းလီကို စော်ကားဝံ့လဲ

Vol. 63 Ch. 942

ရေချိုးစင်တာ၏ အပြင်ဘက် ဝင်ပေါက်ဝတွင်တော့ ကားသုံးစင်း ထိုးရပ်ထားသည်။

ဦးဆောင်နေသူကတော့ ဟူဒီနှင့် ဂျင်း တွဲလျက် ဝတ်ထားသည့် BMW 7 စီးရီးပိုင်ရှင် လူငယ်လေးတစ်ယောက်ဖြစ်၏။ သူ၏ ဆံပင်တို့က ဖွာတာနေပြီး သေချာ သပ်သပ်ရပ်ရပ်လေးပင် မပြုလုပ်နိုင်ပဲ အဆောတလျှင် ရောက်လာခဲ့ကြောင်း သိသာလေသည်။

အဆိုပါ လူငယ်လေးကတော့ ဝူဖေးယွဲ့ ယခင်က ဓားနှင့်ထိုးခဲ့ဖူးသည့် ဝမ်ဝေ့စီသာဖြစ်၏။

တစ်ချိန်တည်းတွင် ကားအသီးသီးမှ လူများ ထွက်လာခဲ့ကြပြီးစုစုပေါင်း အယောက် ၂၀ခန့်လောက်တော့ ရှိနေကာ အကုန်လုံးကလည်း အသက်သိပ်မကြီးကြသေးပဲ အသက်ကြီးဆုံးသူမှာ သုံးဆယ် အရွယ်ခန့်မျှလောက်သာ ရှိသေး၏။အကုန်လုံးမှာ လူမိုက်များဖြစ်ကြပြီး အနက်ရောင် ဂျက်ကတ်အတွင်း၌ ကိုယ်စီ လက်နက်များအား သိုဝှက်ထားကြလေသည်။ သူတို့၏ ပတ်ဝန်းကျင်ကို ကြည့်သည့် အကြည့်တို့က သားကောင်ကို ရှာဖွေနေသည့် မုဆိုးတစ်ယောက်၏ အကြည့်များနှင့်ပင် ဆင်တူနေတော့၏။

အဆိုပါ မြင်ကွင်းက လမ်းသွားလမ်းလာ လူတစ်ချို့အား ထိတ်လန့်သွားစေလေသည်။

နှစ်သစ်ကူးကြီးကို လူတွေ ဒီလောက်အများကြီး စုဖွဲ့နေတယ်ဆိုတော့ သေချာပေါက် ရန်ဖြစ်ကြတော့မလို့နဲ့တူတယ်..

စပ်စပ်စုစု ရှိသည့် လူတစ်ချို့မှလည်း မလှမ်းမကမ်း အန္တရာယ်ကင်းသည့် နေရာ၌ ရပ်နေ၍ မြင်ကွင်းအား ကြည့်ရှုနေကြ၏။

သို့သော်လည်း လူမိုက်တစ်ချို့၏ မောင်းထုတ်ခြင်းကို ခံရလိုက်ကာ မည်သူမျှ ရပ်ကြည့်မနေဝံ့ကြတော့ချေ။

ငါးနှစ်တာ ကြာညောင်းပြီး ဖြစ်သော်လည်း ဝမ်ဝေ့စီ သူ့အား သေရာပါ အမာရွတ်ပေးသွားခဲ့သည့် ဝူဖေးယွဲ့အား အငြိုးမပြေနိုင်သေးချေ။ သူနှင့် သူ့မိဘတို့မှ အဆိုပါ ကိစ္စကို လွယ်လွယ်နှင့် အလွှတ်မပေးသည့် အပြင် လက်စားချေမည့် ကိစ္စကိုလည်း ဘယ်တုန်းကမှ မမေ့လျော့ခဲ့ဖူးပေ။

ဝမ်ဝေ့စီ ထွက်လာသည်ကို မြင်တော့ ကားထဲမှ လူနှစ်ယောက်ကလည်း ဆင်းလာခဲ့ကြပြီး “ အစ်ကိုဝမ် နောက်ဆုံးတော့ ဒီရောက်လာပြီပေါ့….”

“ ဟိုကောင် ဘယ်မလဲ…” ဝမ်ဝေ့စီ မေးမြန်းလိုက်၏။

“ သူ ဟိုအထဲဝင်သွားတာ ခုထိ ပြန်ထွက်မလာသေးဘူး… တကယ်လို့ ခုချိန် ဝင်စီးလိုက်မယ်ဆို ကျုပ်တို့ သေချာပေါက် ဖမ်းမိတယ်..”

“ ဝင်စီးလို့မဖြစ်ဘူး…” ဝမ်ဝေ့စီ ပြောလိုက်ပြီး “ ဒီနေရာက မာစတာဝူရဲ့ ပိုင်နက်… တကယ်လို့ တစ်ခုခု ဖြစ်သွားခဲ့ရင် မာစတာဝူ သေချာပေါက် ပျော်ရွှင်မှာ မဟုတ်ဘူး…”

“ အစ်ကိုဝမ်ရဲ့ အဖေက ကျောက်ကွမ်လီနဲ့ သိတယ်မဟုတ်ဘူးလား… သူက မာစတာဝူရဲ့ မွေးစားသားပဲလေ… တကယ်လို့ သူ့အကြောင်းကြားလိုက်ရင် ဒီကိစ္စ အေးဆေးပဲ မဟုတ်ဘူးလား…”

“ ငါ့အဖေ သိတာတော့ ဟုတ်တယ်… ဒါပေမယ့် ဒီလို အသေးမွှား ကိစ္စလေးလောက်ကို အရေးတကြီးလုပ်ပြီး သွားပြောလို့ ဘယ်သင့်တော်မှာ… အကူအညီတစ်ခုကို ဒီလိုနေရာမျိုးမှာ အသုံးချတယ်ဆိုတာ အတော်ကြီး ဖြုန်းတီးရာကျတယ်…” ဝမ်ဝေ့စီ ပြောလိုက်ပြီး “ ဒီမှာပဲ စောင့်ကြတာပေါ့.. အဲ့ကောင်တွေ သူ့အလိုလို ထွက်လာလိမ့်မယ်…”

“ အဲ့လိုလည်း အဆင်ပြေတာပဲ… ရေချိုးစင်တာမှာက အနောက်ပေါက် မရှိတော့ ဒီကောင်တွေ ဘယ်လိုမှ ထွက်ပြေးလို့ရမှာ မဟုတ်ဘူး..”

ဝမ်ဝေ့စီ ခေါင်းညိမ့်လိုက်ပြီး သူ့နောက်ရှိ လူတို့အား “ မင်းတို့.. ကားထဲ ဝင်ပြီး စောင့်နေကြ… သူ ထွက်လာတာနဲ့ ချက်ချင်း အငိုက်ဖမ်းပြီး ခေါ်သွားကြမယ်.. ဒီတစ်ခေါက်တော့ လွှတ်ပေးလိုက်လို့ လုံးဝ လုံးဝ မဖြစ်ဘူး..”

“ မပူနဲ့… ဒီတစ်ကြိမ်တော့ အဲ့ကောင် ဘယ်ကိုမှလည်း ပြေးလို့ မရတော့ပါဘူး…”

စုဝေးနေကြသည့် လူတိုင်း ကားကိုယ်စီသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်သွားခဲ့ကြသည်။

နှစ်သစ်ကူး ပွဲတော်အတွင်း ဥပဒေမူဝါဒတို့ တင်းတင်းကြပ်ကြပ် ချမှတ်ထားသောကြောင့် ဂရုစိုက်သည်က ပိုကောင်း၏။ မဟုတ်ပါက ဘာမျှ မလုပ်ရသေးခင် ရဲများ အာရုံလာစား နိုင်လေသည်။

ရေချိုးစင်တာထဲတွင်တော့ ဧည့်ကြိုမိန်းကလေးမှာ တံခါးဝမှနေ၍ သော့သော့လေး ပြေးသွားခဲ့ပြီး ခန်းမ မန်နေဂျာအား ကြောက်ကြောက်လန့်လန့်ဖြင့် သွားခေါ်လိုက်၏။

“ မန်နေဂျာစွန်း.. အပြင် တံခါးဝမှာ လူတွေအများကြီးပဲ… သူတို့ကြည့်ရတာ ရန်ဖြစ်ဖို့ ရောက်လာကြတယ်နဲ့ တူတယ်…”

ခန်းမ မန်နေဂျာမှ အပြင်သို့ လှမ်းမျှော်ကြည့်လိုက်တော့ ဝမ်ဝေ့စီ၏ BMW နှင့် နောက်ရှိ ကားသုံးစီးကို သတိပြုမိလိုက်သည်။

သူချက်ချင်းပဲ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိလိုက်လေသည်။

“ မဖြစ်နိုင်တာ… ဒီနေရာက မာစတာဝူရဲ့ ပိုင်နက်ဆိုတာ လူတိုင်းသိတယ်… ဒါကို ဘယ်လိုလုပ်ပြီး ပြဿနာ လာရှာဝံ့နေကြတာ….”

“ ကျွန်မလည်း အဲ့တာကို နားမလည်နိုင်ဖြစ်နေတာလေ… လူတွေက အများကြီးပဲ ၂၀တောင် ကျော်တယ်… တစ်ခုခု ဖြစ်မှာဆိုးလို့ မန်နေဂျာစွန်းကို သတင်းလာပို့တာ…”

“ အင်း… အောက်က အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ထား.. ဘော့စ်လီက အပေါ်ထပ်မှာ.. ငါ သူ့ကို သွားတင်ပြလိုက်ဦးမယ်…”

“ ဒါဆို မြန်မြန်လေး သွားနော်.. တကယ်လို့ အဲ့အုပ်စု အထဲကို ကြမ်းကြမ်းတမ်းတမ်းကြီး ဝင်လာပြီး ပြဿနာလာရှာရင် တခြား ကတ်စတန်မာတွေ လန့်ပြီး သေသွားကြလိမ့်မယ်..”

“ ငါပြန်လာမှာပါ…”

ဝဖိုင့်ဖိုင့်နှင့် မန်နေဂျာမှာ သူ၏ ကိုယ်ကြီးကို သယ်ရင်း ဓာတ်လှေကားမှတစ်ဆင့် ခြောက်လွှာသို့ တန်းမတ်စွာ ဦးတည်သွားလိုက်သည်။

ခြောက်လွှာ၌ ရေနွေးရေချိုးခန်းရှိနေပြီး VIP မန်ဘာများကသာ ဤအခန်းအား အသုံးပြုခွင့်ရှိလေည်။

ရန်ချိန်၌ ထင်ထင်ရှားရှားရှိသည့် လူတိုင်း နီးပါးက ဤစီးပွားရေး လုပ်ငန်းများထဲတွင် မာစတာဝူ၏ ရှယ်ယာများလည်း ပါဝင်နေကြောင်း သိထားကြသောကြောင့် မန်ဘာကဒ်များ ပြုလုပ်၍ ဝိုင်းဝန်း ပံ့ပိုးပေးထားကြ၏။

ရလဒ်အနေဖြင့် ဤအလွှာသို့ တက်ရောက်နိုင်သူတိုင်းက အဆင့်အတန်းတစ်ခုစီ ရှိထားသူများ အဖြစ်သို့ မပြောဘဲ နားလည်ထားသည့် မူဝါဒတစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။

ထိုအခိုက်အတန့်တွင် ကျောက်ကွမ်းလီမှာ အရက်ဖြူ သောက်လျက် ရေနွေးကန်ထဲ စိမ်နေပြီး သူ့ဘေးတွင်တော့ အဆီဗိုက်ကြီးနှင့် သက်လတ်ပိုင်း အမျိုးသား တစ်ဦး ရှိနေကာ နှစ်ယောက်လုံးမှ ရယ်ရယ်မောမော စကားလက်ဆုံ ကျနေခဲ့ကြ၏။

သက်လတ်ပိုင်းအမျိုးသား၏ နာမည်ကတော့ တင်းဖန့်ပင်။ သူသည်လည်း ကျောက်ကွမ်းလီကဲ့သို့ ဒုစရိုက် လောက၏ စီးပွားရေးလုပ်ငန်းများထဲ၌ ရှေးယခင်ကတည်းက ပါဝင်ပတ်သက်နေသူ တစ်ဦး ဖြစ်သည်။ သို့သော် တင်းဖန့်သည်က ကျိုးဟိုင်မှ ဖြစ်ပြီး လတ်တလော ပူးပေါင်းဆောင်ရွက်မှု တစ်ခုကြောင့်သာ ကျောက်ကွမ်းလီနှင့် နီးကပ်စွာ ရှိနေခြင်းပင်။

“ ဘော့စ်လီ…”

ဓာတ်လှေကားထဲမှ ထွက်လာခဲ့ပြီးနောက် ခန်းမ မန်နေဂျာမှ တံခါးခေါက်၍ ရောက်လာခဲ့ပြီး “ အပြင်မှာ လူအုပ်ကြီး တစ်အုပ်စု ရောက်နေတယ်… သူတို့ပုံစံ ကြည့်ရတာတော့ ရန်ရှာဖို့ လာခဲ့ကြတဲ့ ပုံပဲ… ကျုပ်လည်း မူမမှန်သလို ခံစားနေရတာကြောင့် ဘော့စ်လီကို ကြိုပြီး အသိလာပေးထားတာ…”

“ ဒီကို ပြဿနာ လာရှာဖို့ ဟန်ပြင်နေတဲ့ လူတွေ ရှိနေတယ်လား..” ကျောက်ကွမ်းလီ မတ်တပ်ရပ်လိုက်ပြီး သူ၏ အမူအရာကတော့ အနည်းငယ် အကျည်းတန်နေလေသည်။

သူ၏ မိတ်ဆွေက ဤနေရာသို့ ရောက်နေပြီး သူလည်း ရန်ချိန်၌ မည်သို့ လွှမ်းမိုးမှုရှိထားကြောင်း ကြွယ်ထားလေရာ ယခုလို လာလုပ်သည်က သူ့အား အရူးတစ်ယောက်ဖြစ်စေလိုသည့် သဘောဖြင့် မျက်နှာဖြတ်ရိုက်လိုက်ခြင်းပင် မဟုတ်ပါလော။

“ လောင်ကျောက်….. ဒါကြီးက မဖြစ်နိုင်လိုက်တာ…” တင်းဖန့် ပြောလိုက်ပြီး “ မင်း မာစတာဝူနဲ့ ဒီလောက်နှစ်တွေအကြာကြီး ရှိလာတာတောင် လူတွေက မင်းနာမည် မသိကြသေးဘူးလားကွ…”

“ ဒီကောင်တွေ ကြည့်ရတာ နာမည်လိုချင်နေလို့နဲ့တူတယ်…” ကျောက်ကွမ်းလီ အေးစက်စက် ပြောလိုက်ပြီး “ အောက်ဆင်းပြီး ဘယ်ကောင်စုတ်လေးက ဒီလောက်ထိ ဆိုးသွမ်းရဲနေလဲ ကြည့်လိုက်စမ်းမယ်…”

“ သွားစို့… ငါပါ မင်းနဲ့ လိုက်ခဲ့မယ်…”

“ ဘာလဲ… ငါ့ကို လှောင်ဖို့လား...”

ကျောက်ကွမ်းလီ တင်းဖန့်အား မလိုက်စေလိုပေ။

ရန်ချိန်၌ ဝူထျန်းဖူက ဘော့စ်ဖြစ်ပြီး သူက ဒုတိယ အာဏာအရှိဆုံး လူပင်။ သို့သော် လတ်တလော လင်းရီ ဆိုသူမှ ဌာနေမသိ ရောက်လာခဲ့ပြီး သူ၏ မွေးစားအဖေအား အနိုင်ယူသွားခဲ့၏။

အကယ်၍ ရောက်လာခဲ့သူသာ လင်းရီ ဖြစ်နေမည်ဆိုပါက သူပင် လေးစားသမှုနှင့် ဆက်ဆံရမည်ဖြစ်ပြီး လောလောလတ်လတ် ကြွယ်ပြထားသည့် မိတ်ဆွေရှေ့၌ တစ်ပါးသူကို ထိုသို့ ဦးညွှတ်ပြရသည်က ရှက်ရွံ့ဖွယ်ရာပင်။

“ ငါတို့ချင်း သိလာတာ ဒီလောက်ကြာနေပြီကို ဘယ်သူ့အကြောင်း ဘယ်သူမသိလို့တုန်း…” တင်းဖန့် ပြောလိုက်ပြီး “ အရင်တုန်းက ငါတို့နှစ်ယောက် ခေါက်ဆွဲတစ်ပန်းကို အတူမျှစားခဲ့ရတဲ့ ဘဝကို မှတ်မိပါသေးတယ်…”

“ ငိုးပဲ… လာမပြောစမ်းနဲ့… မင်းပဲ ခေါက်ဆွဲတွေ အကုန်စားသွားပြီးတော့မှ ငါဆို အရည်ပဲ သောက်လိုက်ရတယ်..”

“ ဟားဟား… တော်ပြီ… အချိန်ဖြုန်းမနေနဲ့တော့… ဒီကို ပြဿနာ လာရှာတဲ့သူ ရှိနေတယ်ဆိုမှတော့ ဘာဖြစ်နေလဲ သွားကြည့်ကြတာပေါ့…”

“ သွားစို့…”

နောက်ဆုံးတွင်တော့ ကျောက်ကွမ်းလီ မငြင်းပယ်လိုက်ပေ။ သူ၏ အတွေးနှင့် လုံးဝ တိုက်ဆိုင်လိမ့်မည်လို့လည်း မထင်ချေ။

လင်းရီဆိုသူက သူ့ကိုယ်ပိုင် ခွန်အားနှင့် လွှမ်းမိုးမှု ရှိသူဖြစ်၏။ အကယ်၍ တစ်စုံတစ်ယောက်မှ သူ့အား အပြစ်ပြုခဲ့လျှင်တောင် လူအများကြီး ခေါ်လာသည်ကတော့ လုံးဝ မဖြစ်နိုင်ချေ။ နေရာ၌တင် ပွဲသိမ်းသွားလောက်သည်။

မည်သို့ပင်ဆိုစေ ထိုသူက သူ့မွေးစား အဖေ၏ မွေးနေ့ပွဲသို့ပင် တစ်ကိုယ်တည်း လာရောက်ခဲ့သူပင်။

နှစ်ယောက်သား အဝတ်များ ပြန်ဝတ်လိုက်ကြပြီး ဓာတ်လှေကားထဲသို့ ဝင်ကာ ပထမထပ်သို့ ဆင်းလာခဲ့ကြ၏။

“ ဘော့စ်လီ… သူတို့ အပြင်မှာပဲ ရှိနေသေးတယ်…” ခန်းမ မန်နေဂျာမှ ပြောလိုက်ပြီး “ ရှေ့ဆုံးက BMW နဲ့ နောက်က ကားသုံးစင်းက သူတို့ တစ်အုပ်စုတည်း အတူတူပဲ…”

ကျောက်ကွမ်းလီ ခေါင်းညိမ့်လိုက်၏။

“ ဧည့်သည်တွေကို ဆက်ပြီး လက်ခံထားလိုက်… ငါ သွားကြည့်လိုက်ဦးမယ်..”

“ ကျုပ် အကူအညီ ခေါ်ထားသင့်လား..”

“ ငါ့-ီးကို အကူအညီခေါ်….” ကျောက်ကွမ်းလီ ပြောလိုက်ပြီး “ ရန်ချိန်မှာ ဘယ်မြေနိုးက ငါ ကျောက်ကွမ်းလီကို စော်ကားဝံ့လဲ…”

ထိုသို့ ပြောပြီးနောက် ကျောက်ကွမ်းလီနှင့် တင်းဖန့်တို့ အေးအေးလူလူ အမူအရာဖြင့် အပြင်သို့ ထွက်ခွာသွားခဲ့ကြသည်။

တစ်ချိန်တည်းတွင် ကားထဲ ရှိနေသည့် ဝမ်ဝေ့စီသည်လည်း ကျောက်ကွမ်းလီကို မြင်တော့ ချက်ချင်း ကျောမတ်သွားခဲ့၏။

“ အစ်ကိုဝမ်… ကျောက်ကွမ်းလီ…”

“ ငါ မြင်တယ်…” ကျောက်ကွမ်းလီ စိတ်လှုပ်ရှားစွာ ပြေလိုက်ပြီး “ ငါ ဆင်းပြီး သွားနှုတ်ဆက်လိုက်ဦးမယ်…”

ပြောပြီးနောက် ဝမ်ဝေ့စီနှင့် ကျန်သူများ အားလုံး ကားထဲမှ ထွက်ကာ ကျောက်ကွမ်းလီအား နှုတ်ဆက်ကြလေသည်။

“ အစ်ကိုလီ… မင်္ဂလာပါ မင်္ဂလာပါ..” ဝမ်ဝေ့စီ အားတက်သရော နှုတ်ဆက်လိုက်၏။

ကျောက်ကွမ်းလီ ကားသုံးစင်းကို ပုပ်သိုးနေသည့် မျက်နှာအမူအရာဖြင့် ကြည့်လိုက်ပြီး “ လူတွေ ဒီလောက်အများကြီး ခေါ်လာပြီးတော့ မင်းက ယီးလာလုပ်တာလား…”

ဝမ်ဝေ့စီ ရှော့ခ်ရသွားခဲ့ပြီး အလျင်အမြန် ရှင်းပြလိုက်ရတော့၏။

“ အစ်ကိုလီ… အထင်မလွဲလိုက်ပါနဲ့… ဒါက ဒီလိုပါ… အရင်က ကျုပ်ကို ဓားနဲ့ထိုးသွားခဲ့ဖူးတဲ့လူက ခု အစ်ကိုလီရဲ့ နေရာမှာ အနားယူနေတာ.. ဒါကြောင့်မို့ ကျုပ်လူတွေကို ခေါ်ပြီး သူတို့ထွက်အလာကို စောင့်နေကြတာ… ကျုပ် အစ်ကိုလီရဲ့ စီးပွားရေးကို လာနှောင့်ယှက်တာ မဟုတ်ပါဘူး.. ပြီးတော့ ကျုပ်အဖေက ဝမ်ရှင်းလုံလေ…. အစ်ကိုလီ သူနဲ့ သိပါတယ်….”

All Chapters