← Chapters

၂၀ နှင့် ၁ ယောက်

Vol. 63 Ch. 943

၂၀ နှင့် ၁ ယောက်

Vol. 63 Ch. 943

“ မင်းက ဝမ်ရှင်းလုံရဲ့သားလား..”

ဝမ်ရှင်းလုံဆိုသည့် နာမည်ကြားတော့ ကျောက်ကွမ်းလီ၏ အမူအရာမှာ အနည်းငယ် ကောင်းမွန်လာခဲ့သည်။

ဝမ်ရှင်းလုံသည်က ရန်ချိန်၏ ထိပ်တန်း ဒိတ်ဒိတ်ကျဲ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး အောင်မြင်သည့် နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ပင်။ ထိုသူ၏ ဇနီးကလည်း အစိုးရ ရုံး၌ အလုပ်လုပ်ပြီး အရေးကြီးသည့် ရာထူးတစ်နေရာအား ဆုပ်ကိုင်ထားလေသည်။

သူနှင့် မာစတာဝူကြား ကွာဟမှုတစ်ချို့ ရှိနေသေးသော်လည်း လွှမ်းမိုးမှု တစ်ချို့ ရှိနေသည်ကတော့ ငြင်းပယ်၍ မရသည့် အချက်ပင်ဖြစ်၏။ ထို့ကြောင့် ကျောက်ကွမ်းလီပင် လေးစားမှုတစ်ချို့တော့ ပေးရသည်။

“ ဟုတ်တယ် ဟုတ်တယ်.. ဝမ်ရှင်းလုံက ကျုပ်အဖေပါ…”

“ သိပြီ.. ဆိုတော့ မင်းလည်း ငါတို့လူပဲကိုး..” ကျောက်ကွမ်းလီ ပြောလိုက်ပြီး “ မင်း ရှာနေတဲ့လူက နာမည်ဘယ်သူလဲ… ငါမင်းအစား ခေါ်ထုတ်လာပေးမယ်… ပြီးရင် လူရှင်းတဲ့ နေရာမှာ မင်းဘာမင်း ကိုင်တွယ်လိုက်ပေါ့..”

ထိုစကားကြားတော့ ဝမ်ဝေ့စီ ပျော်မြူးသွားခဲ့တော့၏။

ကျောက်ကွမ်းလီကိုယ်တိုင် ဝင်ပါ၍ လက်ကမ်းပေးလာလိမ့်မည်လို့ သူ မျှော်လင့်မထားချေ။

ဖားသားကြီးရဲ့ လွှမ်းမိုးနိုင်စွမ်းက အံ့မခန်း ဖြစ်နေပါရောလား…

“ ကျေးဇူးပါ အစ်ကိုလီ… သူ့နာမည်က ဝူဖေးယွဲ့.. အဲ့ကောင် အထဲမှာ ရှိတယ်..”

ကျောက်ကွမ်းလီ ဂရုမထားစွာဖြင့် မျက်နှာထားခပ်တင်းတင်းဖြင့်သာ ခေါင်းညိမ့်လိုက်သည်။

“ ဒီမှာ စောင့်နေ… ငါ သွားပြီး ခေါ်လာခဲ့ပေးမယ်…”

“ ဟုတ် ဟုတ်… အစ်ကိုလီကို ဒုက္ခများစေမိပြီ…”

သို့သော်လည်း ကျောက်ကွမ်းလီနှင့် တင်းဖန့်တို့က နားပင် မထောင်တော့ပဲ ရေချိုးစင်တာထဲသို့ ဝင်သွားနှင့်ပြီး ဖြစ်လေသည်။

“ အစ်ကိုဝမ်ရဲ့ မိသားစုကတော့ လုံးဝကို ဩချလောက်စရာပါပဲ… ကျောက်ကွမ်းလီလို လူမျိုးတောင် အစ်ကို့အဖေနာမည်ပြောလိုက်တော့ မျက်နှာသာ ပေးလာရတယ်…”

“ ပါးပါးလေးပါ…” ဝမ်ဝေ့စီ ပြုံးလိုက်ပြီး “ မင်းတို့ ကောင်တွေ ရယ်ဒီလုပ်ထားကြ… သူ ထွက်လာတာနဲ့ ချက်ချင်း ခေါ်သွားကြမယ်…”

“ နားလည်ပြီ… အိုး ပြီးတော့ သူက ဒီကို အဖော်နဲ့ လာခဲ့တာဗျ…. ကျုပ်တို့ချင်း ဝင်တိုက်မိတော့ သူ့ကောင်က ဟောက်လားငေါက်လားတောင် လုပ်လိုက်သေး…. တကယ်လို့ သတိထားမိမှာ ကြောက်လို့ကြောင့်သာ မဟုတ်ရင် နေရာမှာတင် ရိုက်နှက်ပစ်တယ်..”

“ အဆင်ပြေတယ်… သူတို့ ခဏနေ ထွက်လာလို့ရှိရင် မင်းတို့ကိုယ်စား ငါ လက်စားချေပေးမယ်…”

“ ဟားဟား… ကျေးဇူးတင်ပါတယ် အစ်ကိုဝမ်…”

ရေချိုးစင်တာထဲတွင်တော့ ကျောက်ကွမ်လီမှ ခန်းမမန်နေဂျာကို ဆင့်ခေါ်လိုက်သည်။

“ သူတို့ ရှာနေတဲ့လူက ဝူဖေးယွဲ့တဲ့… ခု အနှိပ်ခန်းထဲမှာနဲ့ တူတယ်… မင်းသွားရှာလိုက်… ပြီးရင် ခေါ်ထုတ်ပြီး အပြင်ဘက်က လူတွေလက်ထဲ ထည့်ပေးလိုက်…”

“ ဟုတ် ဟုတ် … နားလည်ပါပြီ ဘော့စ်လီ…”

စီစဉ်စရာ ရှိသည်များ စီစဉ်ပြီးနောက် ကျောက်ကွမ်းလီ ဓာတ်လှေကားမှတစ်ဆင့် ခြောက်လွှာသို့ ပြန်တက်ကာ တင်းဖန့်နှင့် ပရောဂျက် အကြောင်း ဆွေးနွေးလေသည်။

ထိုအခိုက်အတန့်တွင်တော့ ခန်းမ မန်နေဂျာမှ လင်းရီနှင့် ဝူဖေးယွဲ့တို့၏ အချက်အလက်များကို ရှာဖွေတူးဆွနေလိုက်၏။

သီးသန့်ခန်းထဲတွင်တော့ နှိပ်နှယ်မှုပြီး၍ လင်းရီ သက်တောင့်သက်သာ ဖြစ်စွာဖြင့် အညောင်းဆန့်လိုက်သည်။

“ သွားစို့…. အစ်ကိုကြီး.. ဆံပင်ညှပ်ဖို့ ဆိုင်ကောင်းကောင်းလေး တစ်ဆိုင်လောက် လိုက်ရှာရအောင်…. ပြီးရင် အားလုံး ပြည့်စုံပြီ…”

“ နေစမ်းပါကွာ…. ငါ နှစ်သစ်ကူး မရောက်ခင်ကတည်းကရင် ဆံပင်ညှပ်ထားတာ ဘာလုပ်ဖို့ နောက်တစ်ခေါက် ထပ်ညှပ်ရမှာလဲ…”

“ လုပ်စမ်းပါ…” လင်းရီ ပြောလိုက်ပြီး “ အိမ်ရောက်လို့ အစ်ကို့ ဆံပင် ပုံစံ ပြောင်းမနေဘူးဆိုရင် အမေက ကျွန်တော့်ကို စက်သေနတ်ပစ်တော့မှာ…”

“ ဟားဟား… ဒါဆိုလည်း သွားကြတာပေါ့..”

ဒေါက် ဒေါက် ဒေါက်…

နှစ်ယောက်သား အဝတ်စားဝတ်၍ ထွက်ခွာရန် ဟန်ပြင်နေစဉ် တစ်စုံတစ်ယောက်မှ သီးသန့်ခန်းတံခါး လာခေါက်သံကို ကြားလိုက်ရလေသည်။

“ ဝင်ခဲ့..”

ခန်းမမန်နေဂျာမှ တံခါးတွန်းဖွင့်၍ ဝင်လာခဲ့ပြီး လင်းရီနှင့် ဝူဖေးယွဲ့တို့အား အပြုံးလေးဖြင့် “ မင်္ဂလာပါ… ဆရာတို့နှစ်ယောက်က ဝူဖေးယွဲ့နဲ့ လင်းရီဆိုတာလား မသိဘူး…”

“ ဟုတ်တယ်… ဘာလို့လဲ…” လင်းရီ ပြောလိုက်သည်။

“ ဆရာတို့နှစ်ယောက်ကို အပြင်မှာ တစ်ယောက်ယောက် လာရှာနေလို့ လာအသိပေးတာပါ…”

“ ငါတို့ကို လာရှာနေတယ်…” လင်းရီ ရေရွတ်လိုက်ရင်း “ ယောက်ျားလေးလား မိန်းကလေးလား…”

“ အမျိုးသားတစ်ဦးပါ…”

“ ကောင်တစ်ကောင်က ငါ့ကို လာရှာနေတယ်လားဟ…”

လင်းရီ ဇဝေဇဝါ ဖြစ်သွားခဲ့တော့၏။

ဘာလား… ငါ ရန်ချိန်က တစ်ယောက်နဲ့မှလည်း မသိထားပါဘူး…

ဝူကျောင်းယိုများလား… ဝူကျောင်းယိုဆိုရင်တော့ ဒီနေရာထိ ရောက်လာခဲ့မှာ မဟုတ်လောက်ဘူး…

“ ရပြီ… စိတ်နဲ့ ခန့်မှန်းမနေနဲ့တော့…” ဝူဖေးယွဲ့ ပြောလိုက်ပြီး “ ဘာပဲပြောပြော ငါတို့လည်း ကိစ္စပြီးပြီပဲ … အပြင်သွားကြည့်ရအောင်…”

“ အင်း…”

သို့နှင့် အဝတ်စားဝတ်ပြီး တစ်ယောက်ပြီး တစ်ယောက် ထွက်လာခဲ့ကြသည်။

ခန်းမ မန်နေဂျာမှ နှစ်ယောက်အား တံခါးဝအထိ လိုက်ပို့ပေးပြီး တည်ငြိမ်စွာဖြင့် “ ဆရာတို့နှစ်ယောက်ကို စောင့်နေတဲ့သူက အပြင်မှာပါ…”

လင်းရီ ခေါင်းညိမ့်ပြ၍ ဝူဖေးယွဲ့နှင့် အတူ ထွက်လာခဲ့လိုက်သည်။

လင်းရီတို့ ထွက်ခွာသွားပြီးသည့်နောက် မန်နေဂျာမှ တံခါး လော့ခ်ချထားလိုက်လေသည်။

“ မန်နေဂျာစွန်း … ရှင် ဘာတွေလည်း လုပ်နေတာ… တံခါး ပိတ်ထားမှတော့ ဧည့်သည်တွေကို ဘယ်လို ကြိုဆိုရတော့မှာလဲ…”

“ တစ်ဖက် အဖွဲ့က လူ ၂၀‌ တောင် … သူတို့ အဲ့ကောင်စုတ်လေး နှစ်ယောက်ကို အမေပါ မမှတ်မိလိုက်တဲ့ အထိ ရိုက်နှက်ကြလိမ့်မယ်ဆိုတာ ငါပြောရဲတယ်…” ခန်းမ မန်နေဂျာမှ ပြောလိုက်ပြီး “ တကယ်လို့ ငါ့ တံခါး သော့မခတ်ထားဘူးဆိုရင် စင်တာထဲ သေချာပေါက် ပြေးဝင်လာမှာလေ… အဲ့လိုဆို ငါတို့ စီးပွားရေးတွေ အနှောင့်အယှက် ဖြစ်ကုန်‌တာပေါ့..”

ဧည့်ကြိုမိန်းကလေးမှ မျက်လုံးအရောင် လက်သွားခဲ့သည်။

“ ရှင်က မန်နေဂျာဖြစ်နေတာ မဆန်းတော့ပါဘူး… ဒီလို ဖြစ်ရပ်မျိုးတွေကိုတောင်မှ ကြိုမြင်ကြိုတွေးနိုင်တယ်…”

“ ဒါ အလုပ်လုပ်ရင် သိထားရမယ့် လှည့်ကွက်အသေးစားလေးတွေပါကွာ… မင်းလည်း ငါဒီမှာရှိတုန်း ကောင်းကောင်းသင်ယူထား… နောင်တစ်ချိန် ခန်းမ မန်နေဂျာ မဖြစ်လာနိုင်ဘူးလို့ ဘယ်သူက ပြောနိုင်မှာ…”

ထိုအချိန် ရေချိုးစင်တာ အပြင်ဘက်တွင်တော့ ဝမ်ဝေ့စီနှင့် သူ့လူများအားလုံး ကားထဲမှ ပြေးထွက်လာကြလာ လင်းရီတို့နှစ်ယောက်ကို ချက်ချင်းလက်ငင်း ဝိုင်းရံလိုက်ကြသည်။

“ ဝမ်ဝေ့စီ…” ဝူဖေးယွဲ့ အာမေဋိတ်သံဖြင့် မြည်တမ်းမိသွားခဲ့၏။

“ ဟမ့် မင်းငါ့ကို မှတ်မိသေးတာ ကောင်းတယ်… ဒီတော့ လေကုန်ခံနေစရာ မလိုတော့ဘူးပေါ့…” ဝမ်ဝေ့စီ အထင်တသေး နှာခေါင်းရှုံ့လိုက်ပြီး “ ငါဒီလောက် လူတွေ အများကြီး ခေါ်လာခဲ့တာ မင်းဒီနေ့တော့ ဘယ်ပြေးမလဲ ပြေးစမ်း… အသားမနာချင်ရင်တော့ အသာတကြည် လိုက်ခဲ့လိုက်ပေါ့… ပြီးတော့ မင်းဘေးက ကောင်လည်း ခုလေးတင် ငါ့ညီလေးတွေကို ဟောက်လားငေါက်လား လုပ်ထားသေးတယ်… သူ့ပါ တစ်ခါတည်းခေါ်ခဲ့….”

“ ဒီမှာဟျောင့် … မင်းငါ့ကို ငေါက်တုန်းက ငါပြန်မပြောတာကို သွေးကြောင်တယ်ထင်မနေနဲ့… ဟိုကောင် ငါတို့ရုပ် မှတ်မိသွားမှာစိုးလို့သာ ဘာမှမပြောပဲ ထွက်လာခဲ့တာ… အဲ့တာကို ဂုဏ်ဆာပြမနေနဲ့…. ခဏနေ လူရှင်းတဲ့ နေရာ ရောက်တော့မှ မင်းကို ဘယ်လို ကိုင်တွယ်ပြမလဲဆိုတာ စောင့်နေလိုက်…” လင်းရီတို့နှင့်တိုက်မိခဲ့သည့် လူငယ်လေးမှ ပြောလိုက်သည်။

လင်းရီ ထိုလူငယ်၏ စကားကို အမှုမထား။ ဝမ်ဝေ့စီကိုသာ တစ်ချက်ကြည့်လိုက်သည်။

“ ငါလည်း မင်းနဲ့ တွေ့ချင်နေတာ အတော်ပဲ… ကိုယ်တိုင် ရောက်လာတော့ အလုပ်ရှုပ်စရာ မလိုတော့ဘူးပေါ့…”

“ မင်းက ငါနဲ့ တွေ့ချင်နေတယ်…”

ဝမ်ဝေ့စီ လင်းရီကို ကြည့်လိုက်ပြီး “ မင်းအခု ဘယ်လိုအခြေအနေရောက်နေလဲ သိနေတာတောင် သူ့အတွက် ရပ်တည်ပေးချင်နေသေးတယ်ပေါ့…”

“ အဟုတ်ပဲ…. ငါ့အစ်ကိုကြီးအတွက် ရပ်တည်ပေးရမှာ သဘာဝပဲ မဟုတ်ဘူးလား..” လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ ပြီးတော့ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ကျောင်းပေါက်ဝမှာ မင်းတို့ စစနေခဲ့ကြတဲ့ ကောင်မလေးကလည်း ငါ့ညီမပဲ… ကိစ္စနှစ်ခုကို တစ်ခါတည်း ပေါင်းရှင်းလိုက်ကြတာပေါ့…”

ဝမ်ဝေ့စီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီး “ ဆိုတော့ မင်းတို့ကောင်တွေက မောင်နှမတွေကိုး…”

လင်းရီ ပြုံးပြီး ခေါင်းညိမ့်လိုက်၏။ လူအများကြီး ရှိနေ၍ ဖိအားဖြစ်နေသည့် အရိပ်အယောင်တို့ သူ့ထံ ရှိမနေချေ။

“ ပိုကောင်းသွားတာပေါ့.. ငါ ငါ့လူတွေကို ခေါ်လာခဲ့ပြီးပြီ… သီးသန့်နေရာတစ်ခု ရှာပြီး စကားအေးဆေး ပြောကြတာပေါ့…”

“ မလိုဘူး… ဒီနေရာနဲ့တင် အဆင်ပြေပြီ…” လင်းရီ ပြောလိုက်၏။

“ ဘာလဲ.. မင်းက ဒီလမ်းပေါ်မှာ တိုက်ခိုက်ချင်နေတာလား..” ဝမ်ဝေ့စီ ပြောလိုက်ပြီး “ ငါမင်းကို ပြောလိုက်မယ်…. ဒါ ငါ့အစ်ကိုလီရဲ့ ပိုင်နက်… တကယ်လို့ တစ်ခုခု ဖြစ်သွားခဲ့ရင် ငါမင်းကို သတိမပေး……………”

ဘုန်း…

လင်းရီ ခြေထောက်မြောက်၍ ဝမ်ဝေ့စီ၏ ခန္ဓာကိုယ်ကို ကန်ကျောက်လိုက်၏။ တစ်ဖက်သူမှာ နောက်ရှိ သစ်ပင်နှင့် ဝင်တိုက်သွားခဲ့ပြီး သွေးအန်လုနီးပါး နာကျင်သွားခဲ့တော့သည်။

“ မြေနိုး… မင်းက သေဖို့တောင်းဆိုနေတာပဲကွ…”

ဝမ်ဝေ့စီ ရင်ဘက်ကို ဖိထားလျက် ကြိမ်းမောင်းလိုက်ပြီး “ အဲ့ကောင်တွေကို ရိုက်ကြစမ်း..”

ထိုအချိန်တွင်တော့ ဝမ်ဝေ့စီ ကျောက်ကွမ်းလီ မပျော်မရွှင် ဖြစ်မည့် အရေးအား စိုးရိမ်မနေနိုင်တော့ချေ။

ဝမ်ဝေ့စီ အမိန့်ပေးပြီးနောက် ခေါ်လာသည့် လူ အယောက်နှစ်ဆယ်ကျော်မှာ လက်နက်ကိုယ်စီနှင့် လင်းရီထံ တိုးဝင်လာကြ၏။

လင်းရီ ထိုအထဲက သံတုတ်ကိုင်ထားသူကို ခေါင်းဖြတ်ရိုက်လိုက်ပြီး သူ့တုတ်နှင့် ခေါင်းပြန်ခွဲပေးလိုက်သည်။

သွေးတို့က ချက်ချင်း ပန်းထွက်လာခဲ့ပြီး အရိုက်ခံလိုက်ရသူမှာတော့ အခြေအနေကောင်းမနေပဲ ချက်ချင်း မေ့မြောသွားခဲ့တော့၏။

“ နောက်ဘယ်သူ လာချင်သေးလဲ…” လင်းရီ သံတုတ်ကိုင်ထားရင် “ ဒီကောင်လေးက ကိုင်ရ လက်ဝင်တယ်ဆိုပေမယ့် မင်းတို့ အကုန်လုံးကို ကိုင်တွယ်ဖို့တော့ အေးဆေး လုံလောက်တယ်..”

သွေးထွက်သံယို မြင်ကွင်းကို မြင်တော့ ပြေးလာနေကြသည့် လူတိုင်း ထိတ်လန့်ပြီး တုံ့ဆိုင်းသွားခဲ့ကြတော့သည်။

လက်ရှိအခြေအနေက ဝမ်ဝေ့စီနှင့် သူ့လူမိုက်များ စိတ်ကူးယဉ်ထားသည်နှင့် သောက်တလွဲ ဖြစ်နေလေသည်။

ငါတို့ လူအုပ်အများကြီးနဲ့ လာရင် ဒီကောင် ကြောက်ပြီး ငါတို့ ရိုက်နေတာကို ခေါင်းမထိအောင် လက်နဲ့ကာနေရမှာမဟုတ်ဘူးလား… အဲ့ခါကျ သူ့ အဖေအမေ တတဲ့အထိ မှတ်သားလောက်အောင် ရိုက်နှက်ပေးမယ်…

ခုကျတော့ သူခေါ်လာတဲ့ ဒီလောက်လူအများကြီးက တစ်ယောက်တည်းရှိနေတဲ့လူကို ကြောက်နေကြတယ်လား…

“ ဘာလို့ တစ်ယောက်မှ ရှေ့တက်မလာကြတော့တာ…” လင်းရီ သံတုတ်ကို ပခုံးပေါ်ထမ်းရင်း ပြောလိုက်ပြီး “ ခုလေးတင် အနှိပ်ခံခဲ့ပြီးတာဆိုတော့ အရမ်းသက်တောင့်သက်တာ ဖြစ်နေတာ… သွေးလေးပါ နွေးသွားအောင် မင်းတို့နဲ့ ကစားပေးရသေးတာပေါ့…”

All Chapters