← Chapters

ရတနာများကို ထုတ်ယူခြင်း

Vol. 57 Ch. 791

ရတနာများကို ထုတ်ယူခြင်း

Vol. 57 Ch. 791

နောက်ဆုံးတွင် ရှဲ့ချောင်၏လက်စွပ်သည် ယဲ့ချန်လက်တွင်း ကျဆင်းခဲ့ရပြီး အတွင်းသို့ စစ်ဆေးလိုက်သောအခါ ထောင်ချီသော နတ်ဆိုးလက်နက်များ၊ မရေမတွက်နိုင်သော ဆေးပင်များနှင့် အဖိုးတန်ကုန်ကြမ်းများစွာ တွေ့လိုက်ရသည်။ ၎င်းတို့က မရဏကြယ်တစ်ခုလုံးနှင့်ညီမျှသော ရှဲ့ချောင်၏ ပိုင်ဆိုင်မှုများ ဖြစ်သည်။ ကောင်းကင်မူလကြယ်က ပိုင်နက်သားရဲအမြုတေများကြောင့် ချမ်းသာလာသော်လည်း နတ်အစေခံများစွာ ဝယ်ယူလိုက်သောကြောင့် ပြန်လည်ကျပ်တည်းသွားခဲ့သည်။ သို့သော် လက်စွပ်အတွင်းမှ ရတနာများကို ရောင်းချလိုက်လျှင် ပြန်လည်ချမ်းသာလာမည်ဖြစ်သော်လည်း အစစ်အမှန်ကြွယ်ဝမှုက ကျောက်စိမ်းနန်းတော်အတွင်းရှိ ရတနာများနှင့် ပိုင်နက်သားရဲများဖြစ်သည်။ ထို့ကြောင့် သူက ကျောက်စိမ်းနန်းတော်အတွင်း ဝင်ရောက်လာခဲ့ပြီး ခဏအတွင်း ခုနစ်ထပ်သို့ ရောက်လာကာ သက်တန့်ရောင်အလင်းများအောက်တွင် တင်ပျဥ်ခွေထိုင်ကာ ကျင့်ကြံနေသော အစောင့်အဘိုးအိုကို တွေ့လိုက်ရသည်။

"မင်း ရောက်လာပြီလား"

ယဲ့ချန်ကို အာရုံခံမိလိုက်သောအခါ အဘိုးအို၏မျက်လုံး ပွင့်လာခဲ့ပြီး တည်ငြိမ်သော အသံ ထွက်ပေါ်လာခဲ့သည်။

"စီနီယာ ကျုပ်က နတ်အစေခံအဆင့်တစ်ဆယ်ကို ရောက်ပါပြီ"

ယဲ့ချန်က စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခဲ့ပေ။ နောက်ဆုံးတွင် သူက ကျောက်စိမ်းနန်းတော်မှ ရတနာများကို ထုတ်ယူသုံးစွဲနိုင်ပြီဖြစ်ပြီး မည်သည့်အရေအတွက် ရရှိမည်ကို သိချင်နေခဲ့သည်။ သို့သော် သူရရှိသမျှ ရတနာတိုင်းက မြို့တစ်မြို့၏တန်ဖိုး ရှိပေလိမ့်မည်။

"မင်းဘာသာ ဝင်ယူလိုက်ပါ"

"ကျုပ် ဘာကိုယူသင့်လဲ"

အဘိုးအိုက ခွင့်ပြုပေးလိုက်သောအခါ ယဲ့ချန်က အကြံတောင်းလိုက်သည်။ အဘိုးအို၏စကားအရ သူက အတူတကွလိုက်ပါမည့်ပုံ မရှိချေ။

"မင်းယူနိုင်ရင် အဲ့တာက မင်းအပိုင် ဖြစ်သွားမယ်။ မင်းမယူနိုင်သေးရင်တော့ လုံလောက်အောင် အစွမ်းမထက်သေးတဲ့အတွက် လောလောဆယ် ယူနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ရှစ်ထပ်နဲ့ ကိုးထပ်ကို အခုကစပြီး မင်းစိတ်ကြိုက် ဝင်ထွက်သွားလာနိုင်ပြီ"

အဘိုးအိုက သာမန်ကိစ္စတစ်ခုပမာ သဘောထား၍ ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။

"ကျေးဇူးတင်ပါတယ် စီနီယာ"

ယဲ့ချန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီး ကောင်းကင်ဓားပျံတစ်လက် ဖန်တီးလိုက်သောအခါ ရှစ်ထပ်၏တံခါးက ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

"ကျုပ် ဝင်ပါတော့မယ်"

ယဲ့ချန်က အစောင့်အဘိုးအိုကို အသိပေးလိုက်စဥ် သူက ခေါင်းသာညိတ်ပြခဲ့ပြီး စကားထပ်မပြောခဲ့သောကြောင့် တစ်ကိုယ်တော် ဝင်ရောက်လာခဲ့သည်။ အလင်းတန်းများ တရိပ်ရိပ်ဖြတ်သန်းသွားပြီးနောက် သူ၏မျက်လုံးရှေ့တွင် မရေမတွက်နိုင်သော ရတနာများက စစ်သားတန်းစီနေသကဲ့သို့ ညီညီညာညာညာ ပြန်လည်ထွက်ပေါ်လာသည်။ ၎င်းက ရတနာများကို ခင်းကျင်းထားသော စတုရန်းပုံအစီအရင်ဖြစ်ကာ အရေအတွက်က ဘီလီယံဆယ်ချီပေသည်။ သူက ပထမအကြိမ် ရောက်ဖူးထားသော်လည်း အံ့သြနေဆဲဖြစ်ကာ အဘိုးအို၏စကားအရ မည်သည့်ချပ်ဝတ်ကို သူက ယူဆောင်နိုင်ပြီး မည်သည့်ချပ်ဝတ်ကို မယူနိုင်ကြောင်း မသိထားပေ။

"လာစမ်း"

သူက မိုးကြိုးလက်စွပ်၏ နေရာလပ်ကို ဖွင့်လိုက်သောအခါ ချပ်ဝတ်များထံမှ အရေအတွက်တစ်ခုက သူ့ထံ ချက်ချင်းပျံသန်းလာခဲ့ပြီး ရွှေခေါင်းလောင်းချပ်ဝတ်များ ဖြစ်နေခဲ့သည်။ ၎င်းတို့က အရေအတွက်သိန်းချီအထိ ထွက်ပေါ်လာခဲ့ပြီး လက်စွပ်အတွင်းသို့ ပင်လယ်အတွင်း စီးဆင်းနေသော မြစ်တစ်စင်းပမာ တဟုန်ထိုး ဝင်ရောက်သွားခဲ့သည်။ ၎င်း၏ခုခံနိုင်စွမ်းက အဆင့်တစ်ဆယ်နတ်အစေခံများပင် ထိုးဖောက်ရန် မဖြစ်နိုင်သောကြောင့် အလွန်တန်ဖိုးကြီးသည်။ ချပ်ဝတ်တစ်စုံကပင် အဖိုးတန်နေသည်ဖြစ်ရာ ဤပမာဏဆိုလျှင် ငွေများစွာရနိုင်သည့်အပြင် ပြုလုပ်ထားသော လက်ရာကလည်း အံ့မခန်း ကောင်းမွန်လွန်းနေ၏။ ၎င်းတို့အပြင် အဆင့်ကိုးနှင့်တစ်ဆယ် တာအိုလက်နက်များလည်း ပါဝင်နေသောကြောင့် အစွမ်းထက်စစ်တပ်တစ်ခု ဖွဲ့စည်းရန် လုံလောက်နေသည်။ ၎င်းကို ဝတ်ဆင်ထားလျှင် နတ်အစေခံများကြားတွင် ပြိုင်ဘက်ကင်းနေမည်ဖြစ်ပြီး ယဲ့ချန်ကိုယ်တိုင်ပင် ထိုးဖောက်ရန် အချိန်ယူရပေလိမ့်မည်။ မိုးကြိုးလက်စွပ် ပြည့်လုခမန်းဖြစ်လာသောအခါ သူက ကျောက်စိမ်းနန်းတော်ပိုင်ရှင်၏အကြံကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ ထိုလူက အစွမ်းထက်စစ်တပ်တစ်ခု ဖွဲ့စည်းလိုနေခြင်းဖြစ်ပြီး ရည်ရွယ်ချက်ကိုမူ သူ မသိနိုင်ပေ။ သို့သော် ရတနာများ၏အရေအတွက်က များလွန်းသောကြောင့် အားလုံးကို ဝတ်ဆင်ရန်အတွက် ကျင့်ကြံသူအရေအတွက် များစွာလိုအပ်နေသည်။

ကျောက်စိမ်းနန်းတော်ပိုင်ရှင်က နတ်ဘုရားတစ်ပါးကဲ့သို့ အစွမ်းထက်သော်လည်း စစ်တပ်တစ်ခု ဖွဲ့စည်းချင်နေသည်ဖြစ်ရာ ပြည်ထောင်ကြီးများကို ချေမှုန်းလိုသည်လည်း ဖြစ်နိုင်သည်။ သူ၏ရည်ရွယ်ချက်က မည်သို့ပင်ဖြစ်စေကာမူ၊ ရတနာများအားလုံးက ယဲ့ချန်အပိုင် ဖြစ်လာသောကြောင့် ဝမ်းသာမဆုံးဖြစ်နေခဲ့သည်။ မိုးကြိုးလက်စွပ်ပြည့်ကာနီးတွင် သူက ရပ်တန့်လိုက်ပြီး ပို၍အဆင့်မြင့်သော တိမ်နက်ချပ်ဝတ်နှင့် ကောင်းကင်ငွေချပ်ဝတ်များကို ရယူနိုင်မလား စမ်းသပ်ချင်နေခဲ့သည်။ တိမ်နက်ချပ်ဝတ်က ရွှေခေါင်းလောင်းချပ်ဝတ်ထက် တစ်ဆင့်ပိုမြင့်ပြီး အဆင့်မြင့်ကြယ်သခင်တစ်ယောက်ပင် အလွယ်တကူ မထိုးဖောက်နိုင်ချေ။ ကောင်းကင်ငွေချပ်ဝတ်က ပို၍အစွမ်းထက်ပြီး ကောင်းကင်ကြယ်သခင်၏ တိုက်ခိုက်မှုကိုပင် အချိန်တစ်ခု ကာကွယ်ပေးနိုင်သည်။ ကောင်းကင်ငွေချပ်ဝတ်ထက် ပို၍အဆင့်မြင့်သော ချပ်ဝတ်တစ်မျိုး ရှိနေသော်လည်း သူက ၎င်း၏အမည်ကို မသိထားချေ။

သူက တိမ်နက်ချပ်ဝတ်များထံ ပျံသန်းသွားလိုက်သောအခါ ရာချီသော အရေအတွက်တစ်ခု ပျံထွက်လာကာ ငါးရာအရောက်တွင် ရပ်တန့်သွားပြီး နောက်ထပ်မရယူနိုင်တော့ပေ။ အဆင့်တစ်ဆယ် နတ်အစေခံအဆင့်တွင် တိမ်နက်ချပ်ဝတ်ငါးရာသာ ရယူခွင့်ရှိသော်လည်း ယဲ့ချန်က အလွန်ကျေနပ်နေသည်။ ၎င်းက အဆင့်မြင့်ကြယ်သခင်များကိုပင် ဆန့်ကျင်နိုင်သည် ဖြစ်သောကြောင့်ပင်။ သူက ကောင်းကင်ငွေချပ်ဝတ်များထံ သွားရောက်၍ ရယူရန် ကြိုးစားလိုက်သော်လည်း ၎င်းတို့က လေထဲတွင် မျောလွင့်နေဆဲဖြစ်ပြီး တစ်လက်မပင် မရွေ့ချေ။ ထို့ကြောင့် သူ၏လက်ရှိခွန်အားဖြင့် ကောင်းကင်ငွေချပ်ဝတ်ကဲ့သို့ အဆင့်မြင့်ရတနာမျိုးကို ရယူနိုင်စွမ်းရှိသေးပုံ မရပေ။ အရေအတွက်ဘီလီယံချီသော အဆင့်မြင့်ချပ်ဝတ်များကို ကြည့်နေရင်း တစ်နေ့တွင် ၎င်းတို့ကိုရယူနိုင်လျှင် အလွန်အစွမ်းထက်လာမည်ကို သူက တွေးနေမိသည်။ ကျောက်စိမ်းနန်းတော်ရှိ ချမ်းသာမှုက ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို ယှဥ်နိုင်ပြီး ထာဝရနတ်ပြည်ထောင်နှင့်ယှဥ်လျှင်မူ သူက မသိနိုင်ပေ။ ထိုပြည်ထောင်က အဆုံးအစမရှိကျယ်ဝန်းပြီး မည်သူမှ ၎င်း၏လျှို့ဝှက်ချက်များကို အတိအကျ မသိသောကြောင့်ဖြစ်သည်။

ယဲ့ချန်သည် ရတနာများကို ရယူလာနိုင်သော်လည်း ၎င်းတို့ကိုရောင်းချရန် ဝယ်လက်ရှာရ ခက်ပေလိမ့်မည်။ ထို့အပြင် ကျောက်စိမ်းနန်းတော်အကြောင်း လျှို့ဝှက်ထားသင့်သည်ဟု သူက ခံစားနေရပြီး ဤရတနာများ၏ဇစ်မြစ်က ကျောက်စိမ်းနန်းတော်ဖြစ်ကြောင်း အစွမ်းထက်ကြယ်သခင်များသိသွားလျှင် ကောင်းကျိုးမရှိချေ။ ထို့ကြောင့် သူက လက်ရှိတွင် ငွေမလိုအပ်သည်ဖြစ်ရာ ၎င်းတို့ကိုရောင်းချမည့်အစား ကိုယ်တိုင်အတွက် အသုံးချရန် ဆုံးဖြတ်လိုက်၏။ တိမ်နက်ချပ်ဝတ်ငါးရာနှင့် ရွှေခေါင်းလောင်းချပ်ဝတ်နှစ်သိန်းကျော်ကို ရယူပြီးနောက် သူက အစောင့်အဘိုးအိုကို နှုတ်ဆက်ကာ ကျောက်စိမ်းနန်းတော်မှ ပြန်လည်ထွက်ခွာခဲ့သည်။ ကောင်းကင်မူလကြယ်တစ်ခုလုံးတွင် လက်ရှိ၌ နတ်အစေခံသုံးရာကျော်နှင့် စစ်ဧကရာဇ်သောင်းချီသာ ရှိသောကြောင့် အရေအတွက်က ပိုနေသော်လည်း ကျင့်ကြံဆင့်နိမ့်သူများကို ဝတ်ဆင်ခိုင်းလျှင် အသုံးမဝင် ဖြစ်ပေလိမ့်မည်။

ယဲ့ချန်သည် နတ်အစေခံများကို တိမ်နက်ချပ်ဝတ်များပေးအပ်ကာ စစ်ဧကရာဇ်များကို ရွှေခေါင်းလောင်းချပ်ဝတ်များ ဝတ်ဆင်စေသည်။ အတိတ်တွင် သူက ဆင်းရဲမည်ကို စိုးရိမ်နေခဲ့ရသော်လည်း ပြည်ထောင်နှစ်ခုကြား ကုန်သွယ်ရေးကြောင့် ချမ်းသာမှုကို စတင်တွေ့ရှိခဲ့သည်။ ထို့အပြင် ကျောက်စိမ်းနန်းတော်အတွင်း ရွှေခေါင်းလောင်းချပ်ဝတ်များ မရေမတွက်နိုင်အောင် ကျန်ရစ်နေခဲ့ပြီး ဧရာမရတနာသိုက်ကြီးက သူ့အပိုင် ဖြစ်လာခဲ့သည်။ ချပ်ဝတ်များကို လက်ခံပြီးနောက် ကောင်းကင်မူလကြယ်မှ ကျင့်ကြံသူများမှာ ဝမ်းသာမဆုံးဖြစ်နေခဲ့သည်။ ချမ်းသာကြွယ်ဝသော ကြယ်များ၌ပင် ဤချပ်ဝတ်များက အလွန်ရှားပါးပြီး သာမန်ကျင့်ကြံသူများ အသုံးပြုနိုင်စွမ်းမရှိပေ။ သို့သော် ကောင်းကင်မူလကြယ်တွင် စစ်ဧကရာဇ်များက ရွှေခေါင်းလောင်းချပ်ဝတ်ကို တပ်ဆင်ခွင့်ရသောကြောင့် သာမန်နတ်အစေခံများကို အထင်သေးနိုင်စွမ်းရှိလာသည်။ နတ်အစေခံများအတွက်လည်း အဆင့်နိမ့်ကြယ်သခင်များကို လျစ်လျူရှုနိုင်သော တိမ်နက်ချပ်ဝတ်များ ရှိခဲ့သည်။

"နောက်ထပ်အင်အားတွေ လိုအပ်နေသေးတယ်"

ချပ်ဝတ်များကို အပြင်လောကသို့ ရောင်းချမည်မဟုတ်သောကြောင့် ယဲ့ချန်က ပြည်ထောင်နှစ်ခုကြားမှ ကုန်သွယ်ရေးကို ငွေရှာရန်အတွက် အားထားနေရသည်။ ထို့ကြောင့် သူက အင်အားစုဆောင်းရန်အတွက် စစ်ဧကရာဇ်များနှင့် နတ်အစေခံများ ထပ်မံဝယ်ယူရန် လိုအပ်ပြီး တစ်ယောက်ချင်းစီကို အစွမ်းထက်ချပ်ဝတ်များ တပ်ဆင်ပေးရပေလိမ့်မည်။ စျေးကွက်အတွင်း အစွမ်းအထက်ဆုံးကျွန်များမှာ နတ်အစေခံများသာဖြစ်ပြီး ကြယ်သခင်များက အလွန်တရာရှားပါးသည်။ တိုက်ပွဲများအတွင်း ဖမ်းဆီးခံရလျှင် ကြယ်သခင်များက ကျွန်ဖြစ်ရမည့်အစား ကိုယ့်ကိုကိုယ်သတ်သေရန် ရွေးချယ်ကာ သူတို့၏အဆင့်အတန်းကြောင့် ထိန်းချုပ်မခံလိုကြပေ။ ထို့ကြောင့် သာမန်စျေးကွက်အတွက် ကြယ်သခင်များကိုဝယ်ယူရန် မဖြစ်နိုင်သကဲ့သို့ ရှိလျှင်ပင် စျေးက ခေါင်ခိုက်အောင် များပြားပေလိမ့်မည်။ အကယ်၍ စျေးကွက်အတွင်း ကြယ်သခင်ကျွန်တစ်ယောက် ထွက်ပေါ်လာလျှင် လက်ရှိကြွယ်ဝမှုဖြင့် ယဲ့ချန်က ချက်ချင်းဝယ်ယူရန် စီစဥ်ထားသည်။

နောက်ဆုံးတွင် သူက နတ်အစေခံအဆင့်တစ်ဆယ်သို့ ရောက်ခဲ့ပြီး ကျောက်စိမ်းနန်းတော်မှ ရတနာများကို ရယူနိုင်ခဲ့ကာ ရွှေခေါင်းလောင်းချပ်ဝတ်နှင့် တိမ်နက်ချပ်ဝတ်များ တပ်ဆင်ထားသော စစ်တပ်နှင့်ဆိုလျှင် ကောင်းကင်မူလကြယ်၏လုံခြုံရေးကို စိုးရိမ်ရန် မလိုအပ်တော့ပေ။ အရာရာက အဆင်သင့်ဖြစ်နေပြီး ရင်ယွမ်ကြယ်နှင့် စာရင်းရှင်းရန် အချိန်ကျပြီဖြစ်သောကြောင့် သူ၏မျက်လုံးများက အေးစက်လာသည်။ ရန်ကြွေးများကို တွေးမိသောအခါ သူက အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည့်အပေါ် စိတ်မရှည်တော့ပေ။

"ယွမ်တ ရင်ယွမ်ကြယ်မှာ မင်း ရှိနေလား"

အကယ်၍ ယွမ်တမရှိလျှင်လည်း ယဲ့ချန်က ရင်ယွမ်ကြယ်ကို လက်အောက်ခံအဖြစ် သိမ်းပိုက်မည်ဖြစ်ကာ ယွမ်တ ပြန်ရောက်လာလျှင် အသေသတ်ပေလိမ့်မည်။ ဤကား ကြယ်နှစ်ခုကြားမှ ညှိုနှိုင်းမရနိုင်သော စစ်ပွဲမျိုးဖြစ်ကာ တစ်ဖက်ဖက် ပျက်သုဥ်းသွားမှသာ ပြီးဆုံးပေလိမ့်မည်။

All Chapters