← Chapters

ယွမ်တ ပြန်ရောက်လာခြင်း

Vol. 57 Ch. 795

ယွမ်တ ပြန်ရောက်လာခြင်း

Vol. 57 Ch. 795

ကောင်းကင်၌ နတ်ဆိုးတိုက်လှေကြီး ရပ်နားထားစဥ် ပုံရိပ်တစ်ခုက မနီးမဝေးတွင် ထွက်ပေါ်လာကာ သက်လတ်ပိုင်းအရွယ် လူဝတစ်ယောက်ဖြစ်နေ၍ ၎င်းကို ဒေါသတကြီး စိုက်ကြည့်နေသည်။

"ကောင်းကင်မူလကြယ်ကလူတွေ မောက်မာလှချည်လား။ ရင်ယွမ်ကြယ်ကို စော်ကားရဲတယ်ပေါ့"

ထိုလူက ဒေါသတကြီးဆဲဆိုနေသဖြင့် လေသံက တင်းမာနေသည်။ ထို့ကြောင့် တစ်ဖက်လူက ရင်ယွမ်ကြယ်၏ ရှင်းဟွမ်ဖြစ်ကြောင်း ယဲ့ချန်က နားလည်လိုက်သည်။ သာမန်လူများကသာ ရှင်းဟွမ်ကို ကြောက်လန့်မည်ဖြစ်သော်လည်း သူက ထိုလူများအတွင်း မပါချေ။

"မင်းက ဟာသလုပ်နေတာလား။ ငါတို့က အမြဲတမ်း အေးအေးဆေးဆေးနေခဲ့တယ်။ အရင်တုန်းက ယွမ်တဟာ ငါတို့အားလုံးကိုဖိနှိပ်ပြီး ငါ့ကို လူမြင်ကွင်းမှာ သတ်ချင်ခဲ့တယ်။ ငါတို့ရှင်းဟွမ်သာ ကြယ်ဝိညာဥ်ပိုင်နက်ကို အသက်မသွင်းခဲ့ရင် အကုန်သေနေလောက်ပြီ။ မောက်မာတဲ့နေရာမှာ ရင်ယွမ်ကြယ်ကို မယှဥ်နိုင်ပါဘူး"

ယဲ့ချန်က နှာခေါင်းရှုံ့လိုက်သည်။

"မင်းနဲ့ ယွမ်တကြားမှာ ဘာဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ဒီနေ့ မင်းလုပ်ရပ်ကို သေချာပေါက်မှတ်ထားတယ်။ အခု နောက်ပြန်မဆုတ်ဘူးဆိုရင် ငါ့အကြောင်း သိစေရမယ်"

ရှင်းဟွမ်က ခြိမ်းခြောက်လိုက်သည်။

"ဒါဆိုရင် မင်းက ဘယ်လိုလုပ်မလဲဆိုတာ မြင်ချင်တယ်။ ငါ့အရှင်လိုမျိုး ကြယ်ဝိညာဥ်ပိုင်နက်ကို အသက်သွင်းမလို့လား။ ဒါဆိုရင်လည်း ငါ ပြဿနာသိပ်မများတော့ဘူးပေါ့။ လုပ်စမ်းပါဟ"

ရှင်းဟွမ်များ၌ လျှို့ဝှက်ကျင့်စဥ်များမှလွဲလျှင် တိုက်ခိုက်ရေးစွမ်းအားမရှိသောကြောင့် ယဲ့ချန်က ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်ကို ကိုင်ထားရင်း စိန်ခေါ်လိုက်သည်။ အကယ်၍ တစ်ဖက်လူသာ ပိုင်နက်ကို အသက်သွင်း၍ အမြုတေကို ဖောက်ခွဲမည်ဆိုလျှင် ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများနှင့်အတူ ၎င်းအတွင်းပုန်းရန် အသင့်ပြင်ထားသည်။ ရှင်းဟွမ်သည် ဤမျှစော်ကားမခံရဖူးသောကြောင့် ရူးသွပ်မတတ် ဒေါသထွက်နေသည်။ သို့သော် ရှင်းဟွမ်များတွင် အဆင့်မြင့်များမှလွဲလျှင် သာမန်အဆင့်များက ရုပ်ခန္ဓာအသွင် မပြောင်းနိုင်ပေ။ သူတို့က ကိုယ့်ကိုကိုယ်ကာကွယ်ရန်အတွက် ဖန်တီးထားသော အဆင့်သုံးမျိုးနွယ်များကို အားကိုးရသည်။ ရင်ယွမ်ကြယ်၏ အသန်မာဆုံးကာကွယ်သူက ယွမ်တဖြစ်သော်လည်း ကံမကောင်းစွာဖြင့် သူက အပြင်ရောက်နေပြီး နတ်အစေခံများနှင့် စစ်ဧကရာဇ်များက ဖမ်းဆီးခံထားရသည်။ ကြယ်ဝိညာဥ်ပိုင်နက်ကို အသက်သွင်းရန် မူလစွမ်းအင်ကို လိုအပ်သောကြောင့် သူက အသုံးမပြုရဲပေ။ သူက အသက်သွင်းရဲလျှင်ပင် အမြုတေကို ဖောက်ခွဲရန်အတွက် သတ္တိမရှိချေ။ သူ့အတွက် အမြုတေကို ဖောက်ခွဲပြီး အဆင့်သုံးမျိုးနွယ်များနှင့်အတူ အ​သေမခံရဲပေ။

"ဒီနေ့ မင်းလုပ်ရပ်ကို လုံးဝမမေ့ဘူး။ ယွမ်တပြန်လာရင် မင်း ဘယ်လိုရင်ဆိုင်မလဲ ကြည့်ဦးမယ်"

စကားအဆုံးတွင် ရှင်းဟွမ်က အဆင့်နှစ်မရဏအလင်းမျှော်စင်များကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် စိုးရိမ်သွားသည်။ တစ်ဖက်လူက နတ်ဆိုးတိုက်လှေနှင့် မရဏအလင်းမျှော်စင်များကို ယူဆောင်လာသောကြောင့် ယွမ်တနှင့်ရင်ဆိုင်ရန် ပြင်ဆင်ထားကြောင်း သိသာသည်။

"ယွမ်တ ပြန်ရောက်လာတာကို ငါလည်း စောင့်နေတာပဲ။ အခုက ရန်ကြွေးတွေကို ဖြေရှင်းဖို့ အချိန်ကောင်းရောက်နေပြီ"

ယဲ့ချန်ထံမှ သတ်ဖြတ်လိုစိတ်များ ပြင်းထန်စွာ ထွက်ပေါ်လာသောအခါ ရှင်းဟွမ်က နှာခေါင်းရှုံ့၍ ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

"ဒါဆိုရင် ရင်ယွမ်ကြယ်မှာ အကုန် ငကြောက်တွေချည်းပေါ့ ဟား ဟား"

ယဲ့ချန်၏ ဟက်ဟက်ပက်ပက်ရယ်မောသံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ရင်ယွမ်ကြယ်မှ လူတိုင်း အရှက်ရသွားပြီး ဒေါသထွက်နေသော်လည်း ခွန်းတုံ့မပြန်ရဲချေ။ ကောင်းကင်မူလကြယ်၏ ရှင်းဟွမ်က ယွမ်တနှင့်ရင်ဆိုင်ရစဥ် သူမ၏ရင်သွေးများကို ကယ်တင်ရန်အတွက် ကိုယ့်ကိုကိုယ်သတ်သေရန် တုံ့ဆိုင်းမနေခဲ့ပေ။ ရင်ယွမ်ကြယ်၏ရှင်းဟွမ်ကမူ မလုပ်ဝံ့သောကြောင့် သတ္တိအရာတွင် သူမက အပြတ်အသတ်သာလွန်နေသဖြင့် ယဲ့ချန်က အလွန်လေးစားမိသည်။ ကောင်းကင်မူလကြယ်ရှိ အဆင့်သုံးမျိုးနွယ်များက သူမ၏ဖန်တီးမှုလက်ရာဖြစ်ပြီး ငကြောက်အနည်းငယ်ရှိသော်လည်း အများစုက သူရဲကောင်းများဖြစ်သည်။ နဂါးဘုရင်၊ ဘုရင်ချင်၊ ထန်းယွမ်စသော ယောကျ်ားသားများအပြင် နတ်မြေခွေးဘုရင်မ၊ ဖီးနစ်ဘုရင်မစသည့် အမျိုးသမီးများကလည်း ရဲဝံ့ကြသည်။ ထို့ကြောင့် ရင်ယွမ်ကြယ်၏ ငကြောက်များကို သူက အလွန်အထင်အမြင်သေးနေခဲ့သည်။

"အခုကစပြီး ရင်ယွမ်ကြယ်ရဲ့ အရေးကိစ္စကို ကောင်းကင်မူလကြယ်က ဆုံးဖြတ်မယ်။ စောက်အဓိပ္ပါယ်မရှိတာတွေ လာပြောရင် ချက်ချင်းသတ်ပစ်မယ်"

ရင်ယွမ်ကြယ်၏ရှင်းဟွမ်က ယဲ့ချန်ကို တိုက်ရိုက်မတိုက်ခိုက်နိုင်သော်လည်း သူ၏လူများကို ပုန်ကန်ရန် ထောက်ပံ့ပေးနိုင်သည်။ သူက ရှင်းဟွမ်ကို မည်သည်မှမလုပ်နိုင်သကဲ့သို့ တစ်ဖက်ကလည်း သူ့ကို ထိခိုက်အောင် မလုပ်နိုင်ပေ။ သို့သော် အနာဂတ်၌ စိတ်အေးရန်အတွက် စစ်ဧကရာဇ်နှင့်အထက်အဆင့် ကျင့်ကြံသူများ၏ကိုယ်တွင်းသို့ ဝိညာဥ်ကောင်များ ပေါင်းစပ်ရန် ကြံစည်ထားသည်။ ဤလုပ်ရပ်က အနည်းငယ်ရက်စက်သော်လည်း စကြဝဠာအတွင်း ရပ်တည်နိုင်ရန် ရက်စက်ရပေလိမ့်မည်။ ယဲ့ချန်က ကြင်နာတတ်သူ ဖြစ်သောကြောင့်သာမဟုတ်လျှင် ရင်ယွမ်ကြယ်က သွေးချောင်းစီးပြီး ဖြစ်နေပေလိမ့်မည်။ အကယ်၍ သူက အကြောင်းမပြထားလျှင် အခြားကြယ်များ၏အမြင်၌ ကောင်းကင်မူလကြယ်က အနိုင်ကျင့်ရလွယ်ကူသည်ဟု ထင်နေပေလိမ့်မည်။ ထိုအချိန်၌ ထိန်းချုပ်ခြင်းမခံရသေးသူမှာ အဆင့်တစ်ဆယ်နတ်အစေခံတစ်ယောက်နှင့် စစ်ဧကရာဇ်အနည်းငယ်သာ ကျန်ရစ်ပြီး ထိုနတ်အစေခံက အဆင့်အတန်းမြင့်မားပုံရသည်။ သူက နောက်လိုက်များကို မြန်မြန်လုပ်ရန် အမိန့်ပေးနေစဥ် ရင်ယွမ်ကြယ်သို့ စကြဝဠာအတွင်းမှ ကောင်းကင်လှေတစ်စီး ချဥ်းကပ်လာကြောင်း အာရုံခံမိလိုက်သည်။ သူ၏ဝိညာဥ်အသိစိတ်က နတ်ဆိုးတိုက်လှေနှင့် တစ်သားတည်းဖြစ်နေသောကြောင့် အဝေးမှ အရာများကို အာရုံခံနိုင်စွမ်းရှိလာသည်။

"နောက်ဆုံးတော့ ရောက်လာပြီ"

ယဲ့ချန်က ခပ်တိုးတိုးရေရွတ်လိုက်ရင်း မျက်လုံးများ အေးစက်တင်းမာလာသည်။ ကောင်းကင်လှေက ရင်ယွမ်ကြယ်၏ ကောင်းကင်ထက်တွင် ဖြတ်ခနဲ ထွက်ပေါ်လာကာ အဆင့်မြင့်ကြယ်သခင်ခြောက်ယောက်က တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။

"ဘယ်လိုလုပ် ကြယ်သခင်တွေ အများကြီးရှိနေရတာလဲ"

ယဲ့ချန်က ရင်ထိတ်သွားသည်။ ယွမ်ချင်းယု၏သေဆုံးမှုကို စုံစမ်းရန်အတွက် ယွမ်တက အဆက်အသွယ်များစွာရှာဖွေခဲ့ပြီး အခြားကြယ်သခင်ငါးယောက်ကိုလည်း လူသတ်တရားခံအား စုံစမ်းပေးရန် အကူအညီတောင်းခဲ့သည်။ သူက ထိုငါးယောက်ကို ရင်ယွမ်ကြယ်၌ ဧည့်ခံတည်ခင်းရန်အတွက် ဖိတ်ခေါ်လာသော်လည်း နတ်ဆိုးတိုက်လှေကြီးက အနက်ရောင် တဖိတ်ဖိတ်တောက်လျက် ကြိုဆိုနေခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ။ စွမ်းအားရှင် တစ်ယောက်ယောက်များ ရောက်နေတာလား"

ယွမ်တက ထိတ်လန့်သွားပြီး ပထမဆုံးအတွေးက ဤသို့ပင်ဖြစ်သည်။ ကျန်ကြယ်သခင်ငါးယောက်ကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး အကြောင်းအရင်းကို မသိသောကြောင့် စိုးရိမ်နေကြသည်။ သူတို့က နတ်ဆိုးတိုက်လှေကို ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်း၏ စုဝေးပွဲ၌သာ မြင်ဖူးခဲ့ပြီး ပိုင်ရှင်က စွမ်းအားရှင်များဖြစ်ကြသည်။ အတိတ်တွင် သူတို့က တစ်ကြိမ်သာ မြင်ဖူးခဲ့ခြင်းဖြစ်သော်လည်း ၎င်း၏ပုံရိပ်က စိတ်အတွင်း မေ့ဖျောက်မရအောင် စွဲထင်လာခဲ့သည်။ ဤလှေမျိုးတစ်စင်းစီက ကြွယ်ဝမှုနှင့် အဆင့်အတန်းကို ကိုယ်စားပြုပြီး သာမန်ကျင့်ကြံသူများဝယ်ယူရန် မတတ်နိုင်သောကြောင့် ရင်ယွမ်ကြယ်၌ မြင်လိုက်ရသောအခါ စွမ်းအားရှင်များအကြောင်း ချက်ချင်းတွေးမိကြခြင်းဖြစ်သည်။ ထို့အပြင် ၎င်း၌ တပ်ဆင်ထားသော မရဏအလင်းမျှော်စင်များကလည်း သူတို့ကို ကြောက်လန့်သွားစေပြီး အဆင့်မြင့်ကြယ်သခင်တစ်ယောက်ကို တစ်ချက်တည်းဖြင့် မသတ်နိုင်သော်လည်း အထင်သေး၍မရချေ။

ကြယ်သခင်ခြောက်ယောက်၏ အကြည့်များက အဓိကကျွန်းပေါ်သို့ ကျရောက်သွားပြီး တိမ်နက်ချပ်ဝတ်ကိုယ်စီ ဝတ်ဆင်ထားသော နတ်အစေခံတစ်ရာကျော်က ယွမ်ဖန်းမင်နှင့် အခြားလူများကို ဖမ်းချုပ်ထားကြောင်း တွေ့လိုက်ရသည်။ သူတို့အားလုံး၏ ဒန်တန်များ ထိခိုက်နေပြီး ကျင့်ကြံခြင်းကို ချိတ်ပိတ်ထားကြောင်း သိလိုက်ရသည်။ ယွမ်တ၏ သားခုနစ်ယောက်အနက် နှစ်ယောက်က ပျောက်ဆုံးနေပြီး ရင်ပြင်ထက်တွင် ယွမ်ဖန်းမင်တစ်ယောက်တည်းသာ အသက်ရှင်လျက် ကျန်ရစ်သည်။ တိမ်နက်ချပ်ဝတ်များကို မြင်သောအခါ ကြယ်သခင်ခြောက်ယောက်လုံး မင်သက်သွားကြပြီး အ​ကြောင်းအရင်းမှာ ချပ်ဝတ်တစ်စုံ၏တန်ဖိုးက ကြောက်ခမန်းလိလိ မြင့်မားသောကြောင့်ဖြစ်သည်။

"ဘယ်သူက ဒီလောက်ချမ်းသာကြွယ်ဝနေတာလဲ"

သူတို့က နတ်ဆိုးတိုက်လှေကို ကြောက်လန့်စွာ ပြိုင်တူကြည့်လိုက်မိကြသည်။ မည်သည့်စွမ်းအားရှင်က ရင်ယွမ်ကြယ်သို့ ရောက်လာကြောင်း မသိရသော်လည်း ကျင့်ကြံသူများကို ဖမ်းဆီးနှိပ်စက်ထားသဖြင့် ယွမ်တနှင့် ရန်ငြှိုးရှိကြောင်း သိသာနေသည်။ သူတို့၏အစွမ်းဖြင့် လှေကိုယ်ထည်ကို ဖောက်မမြင်နိုင်သကဲ့သို့ မြင်နိုင်လျှင်လည်း မကြည့်ဝံ့ပေ။ ယွမ်တ၏မိတ်ဆွေငါးယောက်မှာ စိတ်များလေးလံနေပြီး စောစောကသာသိထားလျှင် လိုက်လာရဲမည်မဟုတ်ပေ။ ယွမ်တက စွမ်းအားရှင်တစ်ယောက်ကို စော်ကားခဲ့ပြီး တစ်ဖက်လူကသာ ဒေါသူပုန်ထသွားလျှင် တစ်ယောက်မှ အသက်ရှင်နိုင်မည်မဟုတ်ဟု ထင်မြင်နေကြသည်။ ယွမ်တသည်လည်း စိုးရိမ်ကြောက်လန့်နေပြီး စွမ်းအားရှင်ကို မည်သို့စော်ကားမိခဲ့ကြောင်း တွေးမရပေ။ သူ၏သားနှင့် ငယ်သားများကို ကြည့်နေသော်လည်း ပြန်လည်တိုက်ခိုက်ရဲသော သတ္တိမရှိသည့်အပြင် ငကြောက်ပီပီ ရင်ယွမ်ကြယ်သို့ ပြန်လာမိသည်ကိုပင် နောင်တရနေခဲ့သည်။

ယွမ်ဖန်းမင်သည် ကျင့်ကြံဆင့်ဖျက်ဆီးခံရရန် အလှည့်ကျကာနီးတွင် ယွမ်တ ပြန်ရောက်လာသောကြောင့် အပျော်လွန်သွားခဲ့သည်။ တိမ်နက်တပ်ဖွဲ့က ကောင်းကင်လှေထံ အာရုံစိုက်နေသည်ကို အခွင့်ကောင်းယူ၍ ရုတ်တရက်ထွက်ပြေးကာ ကောင်းကင်သို့ ပျံတက်လိုက်သည်။

"အဖေ ဒါက ကောင်းကင်မူလကြယ်ကကောင်တွေ"

သူက အော်ဟစ်ရင်း ထွက်ပြေးလိုက်ပြီး သူ၏အမြင်၌ မရဏအလင်းမျှော်စင်များသည် ယွမ်တကို မခြိမ်းခြောက်နိုင်သောကြောင့် လုံခြုံသည်ဟု ထင်နေခဲ့သည်။ ထိုအချိန်မှာပင် အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ့ကို ဘုန်းခနဲ ထိမှန်သွားသည်။ ထို့ကြောင့် စကားသံက တစ်ဝက်တစ်ပျက်ရပ်တန့်သွားကာ ပြာကျသွားပြီး အလောင်းပင် မကျန်ရစ်ချေ။

"ဘယ်စွမ်းအားရှင်များ ရင်ယွမ်ကြယ်ကို ရောက်နေသလဲ သိပါရစေ။ အရှင်က ဒီလောက်အများကြီး သတ်ထားပြီးပြီဆိုတော့ ကျုပ်တို့က စော်ကားမိတာရှိရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်"

မျက်စိရှေ့မှောက်တွင် သားအရင်းဖြစ်သူ အသတ်ခံလိုက်ရသော်လည်း ယွမ်တက ဒေါသထွက်ရမည့်အစား နတ်ဆိုးလှေထံ လက်နှစ်ဖက်ဆုပ်၍ ဦးညွှတ်ကာ လေးလေးစားစား ပြောလိုက်လေသည်။

All Chapters