← Chapters

သစ္စာဖောက်ခံရခြင်း

Vol. 57 Ch. 796

သစ္စာဖောက်ခံရခြင်း

Vol. 57 Ch. 796

"ဟား ဟား ယွမ်တ မင်း ငါ့ကို မမေ့သေးဘူး ထင်ပါတယ်။ ကောင်းကင်မူလကြယ်က ယဲ့ချန်လေ။ ငါက မင်းရဲ့သားတစ်ယောက်ကို သတ်လိုက်တာတောင် မင်းက စိတ်အေးအေးထားဖို့ တောင်းပန်နေတယ်။ မင်းက တကယ်ရယ်စရာကောင်းတဲ့ ကြယ်သခင်တစ်ယောက်ပါလား။ ဒီနေ့ ငါက အကြွေးပြန်ဆပ်ဖို့ ရောက်လာတာ"

ယဲ့ချန်၏လှောင်ရယ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ယွမ်တကို ကဲ့ရဲ့လိုက်သည်။ ယွမ်တသည် နတ်ဆိုးလှေအတွင်း၌ စွမ်းအားရှင်တစ်ယောက်ရှိနေသည်ဟု ထင်သောကြောင့် သားအရင်း အသတ်ခံလိုက်ရသည့်တိုင်အောင် မတိုက်ခိုက်ရဲပေ။ သူက သရုပ်မှန်ကို မပြောလျှင်လည်း တစ်ဖက်လူက တစ်နည်းနည်းဖြင့် သိသွားနိုင်သောကြောင့် ပွင့်ပွင့်လင်းလင်း စိန်ခေါ်လိုက်၏။

"မင်း မင်းကများ ရင်ယွမ်ကြယ်ကို လာရဲသေးတယ်"

ယွမ်တက ချက်ချင်းမျက်နှာပျက်သွားကာ ယွမ်ဖန်းမင် အသတ်ခံရသည့်မြင်ကွင်းကို ပြန်တွေးမိသောအခါ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သို့သော် ကောင်းကင်မူလကြယ်က နတ်ဆိုးတိုက်လှေ၊ တိမ်နက်ချပ်ဝတ်နှင့် မရဏအလင်းမျှော်စင်များကို မည်သို့ပိုင်ဆိုင်နေကြောင်း သူ နားမလည်ပေ။

"ငါက ဘာလို့မလာရဲရမှာလဲ။ ဒီနေ့ မင်း သေရမယ်"

ယဲ့ချန်က အေးစက်စက်ပြောလိုက်သောအခါ ယွမ်တ၏မျက်နှာက မည်းနက်သွားသည်။ သူတစ်ယောက်တည်း၏ခွန်အားဖြင့် လှေကို ထိုးဖောက်ရန် ခက်ခဲမည်ဖြစ်သောကြောင့် ဘေးမှ ကြယ်သခင်ငါးယောက်ကိုစိုက်ကြည့်၍ လက်သီးဆုပ်ကာ တောင်းဆိုလိုက်သည်။

"ရိလီ ယွမ်ပန်း ကွမ်ရောင် ကျူရှင်း ကျိချမ် ငါတို့ခြောက်ယောက်ပေါင်းပြီး ဒီလှေကို အပိုင်သိမ်းကြမယ်။ မင်းတို့ငါးယောက် အညီအမျှခွဲယူလိုက်ကြ။ ဘယ်လိုသဘောရလဲ"

သူ၏စကားကိုကြားသောအခါ ကျန်ငါးယောက်က တုံ့ဆိုင်းနေပြီး ၎င်းကို သိမ်းပိုက်လိုလျှင် ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ကာ တိုက်ခိုက်ရမည်ဖြစ်သည်။ ဤအကြံက အန္တရာယ်များသော်လည်း အဆင့်မြင့်ကြယ်သခင်ခြောက်ယောက် ပူးပေါင်းလျှင် အောင်မြင်နိုင်ချေရှိသည်။ သို့သော် သူတို့က လောဘတက်နေသော်လည်း တုံ့ဆိုင်းနေကြပြီး မစော်ကားသင့်သူတစ်ယောက်ကို စော်ကားမိမည် စိုးရိမ်သောကြောင့် မဆင်မခြင် မလုပ်ရဲပေ။

"မင်းတို့က ငါ့ကို တိုက်ခိုက်ချင်တယ်ဆိုရင် မင်းတို့ကိုပါ သတ်ပစ်မယ်။ ငါ့အရှင်ပိုင်တဲ့ ဒီနတ်ဆိုးတိုက်လှေအစွမ်းကို စမ်းသပ်ကြည့်ရသေးတာပေါ့"

ယဲ့ချန်က တုံ့ဆိုင်းနေသူများထံ လှန့်လုံးတစ်ခု ပစ်သွင်းလိုက်သည်။

"သူ့စကားကို မယုံကြနဲ့။ ဒီကောင်က သာမန်နတ်အစေခံတစ်ယောက်ပဲ။ ဘယ်က အရှင်တွေ ဘာတွေရှိမှာလဲ"

ယွမ်တက ချက်ချင်းအော်ဟစ်လိုက်သော်လည်း ကျန်ငါးယောက်၏မျက်နှာများက အတွေးနက်နေသည်။ နတ်အစေခံတစ်ယောက်က အစွမ်းထက်နောက်ခံမရှိလျှင် ဤသို့ရတနာများစွာကို ပိုင်ဆိုင်ထားရန် အကြောင်းမရှိချေ။ အကယ်၍ ယဲ့ချန်ကိုယ်တိုင်ပင် သူက နိမ့်ကျသော ကောင်းကင်မူလကြယ်မှ သာမန်နတ်အစေခံတစ်ယောက်ပါဟု ပြောလာလျှင်ပင် သူတို့က ယုံမည်မဟုတ်ချေ။ တိမ်နက်ချပ်ဝတ်တစ်စုံကိုပင် သာမန်ကြယ်သခင်များ ဝယ်ယူခွင့်မရှိရာ အစုံတစ်ရာပိုင်ဆိုင်ထားသူက သေချာပေါက် အဆင့်အတန်းမြင့်မားနိုင်သည်။ တစ်စုံတစ်ယောက်က ကောင်းကင်ကို ဆန့်ကျင်နိုင်လောက်အောင် ခွန်အားကြီးမနေလျှင် သူ၏နောက်လိုက်များကို တိမ်နက်ချပ်ဝတ်တစ်စုံစီ တပ်ဆင်ပေးနိုင်မည် မဟုတ်ချေ။ ကြယ်သခင်ငါးယောက်က တွန့်ဆုတ်နေသောအခါ ယွမ်တက စိုးရိမ်သွားပြီး သူ၏ခွန်အားသက်သက်ဖြင့်ဆိုလျှင် လှေ၏ခံစစ်ကို ဖြိုခွင်းနိုင်မည်မဟုတ်ပေ။ သို့သော် ဤအရာက သူ၏စိတ်ကူးသက်သက်သာဖြစ်ပြီး ကောင်းကင်ကြယ်သခင်တစ်ယောက်ပင် လှေကိုယ်ထည်ကို ထိုးဖောက်ရန် ခက်ခဲသောကြောင့် ယွမ်တမဆိုထားနှင့်၊ အဆင့်မြင့်ကြယ်သခင်ခြောက်ယောက်လုံး လှုပ်ရှားလျှင်ပင် အောင်မြင်နိုင်ချေမရှိပေ။ ဤအရာက စွမ်းအားရှင်များသာ အသုံးပြုနိုင်စွမ်းရှိသော နတ်ဆိုးတိုက်ပွဲလှေ ဖြစ်ပေတော့သည်။

ယွမ်တသည် ကျန်ကြယ်သခင်ငါးယောက်က သူ့ကို ကူညီမည့်ပုံမရှိသောကြောင့် လှုပ်ရှားချင်သော်လည်း ထိတ်လန့်နေသည်။

"မင်းတို့က ယွမ်တနဲ့အတူမသေချင်ရင် ဝေးဝေးနေကြ။ ငါက ဒီနေ့ကိစ္စကို ရမယ်မရှာတော့ဘူး"

ဤမြင်ကွင်းကြောင့် ယွမ်တကဲ့သို့လူမျိုး၌ မိတ်ဆွေကောင်းများ မပိုင်ဆိုင်ထားနိုင်ဟု တွက်မိသောအခါ ဖြေရှင်းရန် အလွန်လွယ်ကူသွား၍ ယဲ့ချန်က သတိပေးလိုက်သည်။ သူ့စကားကြောင့် ယွမ်တက ရင်ထိတ်သွားပြီး ခံစားချက်များ ဆိုးရွားသွားသကဲ့သို့ ကျန်ငါးယောက်ကလည်း အလျင်အမြန်နောက်ဆုတ်ပြီး ယွမ်တနှင့် ခပ်ခွာခွာ နေလိုက်ကြသည်။

"ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့ သခင်လေး။ ငါက ယွမ်တနဲ့ သိပ်မရင်းနှီးပါဘူး။ ငါ့ကို သူက ဧည့်ခံချင်တယ်ဆိုပြီး ဖိတ်ခေါ်ခဲ့တာပါ။ သူက မင်းကိုသာ စော်ကားမိကြောင်းသိရင် ငါ လိုက်မလာပါဘူး"

"ဟုတ်တယ်၊ ဟုတ်တယ် ငါတို့က မင်းနဲ့ ယွမ်တကြားက ပြဿနာမှာ ဝင်မပါဘူး"

"ငါတို့က ယွမ်တရဲ့မိတ်ဆွေ မဟုတ်ဘူး။ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့"

ကြယ်သခင်နှစ်ယောက်က ပြတ်ပြတ်သားသားပြောလိုက်ပြီး ကျန်သုံးယောက်ကလည်း ယွမ်တနှင့် မရင်းနှီးကြောင်းပြသရန် ခေါင်းတညိတ်ညိတ် လုပ်လိုက်သည်။ ထိုစကားများကို ကြားလိုက်ရသောအခါ ယွမ်တက အသိစိတ်ပျောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ဒေါသနှင့်စိုးရိမ်စိတ်က တပြိုင်နက် ဖြစ်ပေါ်လာသည်။

"မင်းတို့ မင်းတို့ ကောက်ကျစ်ယုတ်မာတဲ့ကောင်တွေ တကယ့်ကို မြေခွေးကောင်တွေ"

သူက ကြယ်သခင်ငါးယောက်ကို လက်ညှိုးညှိုးငေါက်ငေါက်ထိုး၍ တုန်တုန်ယင်ယင်နှင့် ဆဲဆိုလိုက်သည်။

"ယွမ်တ ငါနဲ့ မင်းကြားမှာ ဘာကျေးဇူးကြွေးရှိလို့လဲ"

"ဟမ့် ကျေးဇူးကြွေးမရှိတဲ့အပြင် ငါတို့က မင်းလိုလူယုတ်မာတစ်ယောက်နဲ့ အပေါင်းအသင်းမလုပ်ဘူး။ ငါတို့က အရမ်းရင်းနှီးသလိုမျိုး ဟန်ဆောင်မနေစမ်းပါနဲ့။ မင်းက တစ်ကိုယ်ကောင်းဆန်တဲ့ ငကြောက်ပဲ။ သားအရင်း အသတ်ခံလိုက်ရတာတောင် စကားတစ်ခွန်းမှ မဟရဲတော့ ငါတို့ဒုက္ခရောက်နေရင်လည်း ကူညီမယ်လို့ မယုံဘူး"

"မှန်တယ်။ သစ္စာမရှိ၊ ရက်စက်ပြီး ကောက်ကျစ်တဲ့ နင့်လိုလူက လူကောင်းယောင်ဆောင်မနေပါနဲ့။ ငါတို့က နင့်အတွက် ညစ်ပတ်တဲ့အလုပ်တွေ မလုပ်ပေးနိုင်ဘူး"

"မင်းကြောင့် ငါတို့ပါ အရှက်ရတယ်။ မင်းကိုယ်မင်း အပိုင်းတစ်ထောင်လောက်တောင် ဖြတ်ပစ်သင့်တယ်"

ကြယ်သခင်ငါးယောက်က ယွမ်တကို တက်ညီလက်ညီ နှိပ်ကွပ်လိုက်ကြသဖြင့် သူက အလွန်ဒေါသထွက်နေသည်။ အဆင့်မြင့်ကြယ်သခင်တစ်ယောက် ဖြစ်သောကြောင့် သူက စော်ကားမခံရဖူးပေ။ နားရွက်များသာမက မျက်လုံးများပင် နီရဲလာသောကြောင့် ဒေါသူပုန်ထနေကြောင်း သိသာသည်။ နတ်ဆိုးလှေအတွင်းမှ ယဲ့ချန်သည် ဤမြင်ကွင်းကို အရသာခံကြည့်နေပြီး တစ်ကွက်ရွှေ့လိုက်ရုံဖြင့် ရန်သူများက အချင်းချင်းထကိုက်မည်ဟု ထင်မထားခဲ့ပေ။

"ကြယ်သခင်တွေ မင်းတို့က ကောက်ကျစ်တဲ့လူကို ရှင်းပစ်ချင်တယ်ဆိုရင် ငါ့ကိုကူညီပြီး ယွမ်တကို ရှင်းပစ်ကြ။ ရင်ယွမ်ကြယ်ရဲ့ စည်းစိမ်တွေ မင်းတို့ကို အားလုံးပေးမယ်။ ဘယ်လိုလဲ"

ယဲ့ချန်က ကမ်းလှမ်းလိုက်သောအခါ ကြယ်သခင်ငါးယောက်၏ မျက်လုံးများက ချက်ချင်းတောက်ပလာပြီး စိတ်ထဲမှ လောဘကို မထိန်းချုပ်ထားနိုင်တော့ပေ။ သူ၏မိတ်ဆွေများက ယဲ့ချန်၏စကားကြောင့် နောက်ကျော ဓားနှင့်ထိုးရန် ပြင်နေသောအခါ ယွမ်တက စိတ်ဓာတ်ကျသွားသည်။ ဤတစ်ကြိမ်တွင် သူက သစ္စာဖောက်ခံရခြင်း၏ ခံစားချက်ကို ကောင်းကောင်းကြီးသိသွားခဲ့သည်။ ယွမ်တ၏မျက်နှာထားကြောင့် ယဲ့ချန်က အလွန်ပျော်ရွှင်နေပြီး ကြယ်သခင်ငါးယောက်သာ အမှန်တကယ်လှုပ်ရှားလျှင် သူ့အတွက် အချိန်ကုန်လူပန်း သက်သာပေလိမ့်မည်။ ထာဝရပြည်ထောင်အတွင်းရှိ ကြယ်သခင်တိုင်းက ဤသို့မယုတ်မာတတ်သော်လည်း တူရာတူရာစုတတ်သော သဘောကြောင့် ယွမ်တ၏မိတ်ဆွေများကလည်း လေယူရာယိမ်းကြသူများဖြစ်သည်။ ယွမ်တအတွက် အမုန်းဆုံးရန်သူမှာ ယဲ့ချန်ဖြစ်နေသောကြောင့် နတ်ဆိုးတိုက်လှေကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

"မင်းက ကောက်ကျစ်လှချည်လား"

"မင်းအတိုင်းပဲလေ"

ယဲ့ချန်က အေးစက်စက်ပြုံး၍ တုံ့ပြန်လိုက်သည်။

"ငါက မင်းတို့ကို ဒီကိစ္စလုပ်ပေးဖို့အတွက် တောင်းဆိုပါတယ်။ ငါသာ ယွမ်တကိုသတ်နိုင်ရင် ဒီနေ့ကျေးဇူးကို မှတ်ထားပြီး နောက်ထပ်ဆုလာဘ်တွေပေးဖို့ ပြင်ဆင်ထားပါတယ်"

ယဲ့ချန်၏စကားကို ကြားသောအခါ ကြယ်သခင်ငါးယောက်က တစ်ယောက်ပြီးတစ်ယောက် သဘောတူလာကြသည်။

"မင်းက ကြင်နာလွန်းနေပါပြီ သခင်လေး"

"ယွမ်တ မင်း ငါတို့ငါးယောက်ကို အနိုင်မယူနိုင်ဘူး။ အညံ့ခံစမ်း"

ရိလီက မောက်မာစွာ ပြောလိုက်ခြင်းဖြစ်သည်။

"ငါက မင်းတို့ကို ဘာကြောင့် အနိုင်မယူနိုင်ရမှာလဲ။ ဒါက ငါ့ပိုင်နက်ဆိုတာကို မမေ့နဲ့။ မင်းတို့နောက်ဆုတ်မယ်ဆိုရင် အသက်ချမ်းသာပေးမယ်။ မဟုတ်ရင်တော့ မင်းတို့ရဲ့အသက်တွေကို ချမ်းသာမပေးတဲ့အတွက် ငါ့ကို အပြစ်မတင်ကြနဲ့"

ယွမ်တက ခြိမ်းခြောက်လိုက်သည်။ ရင်ယွမ်ကြယ်ထက်တွင် ရှင်းဟွမ်၏အထောက်အပံ့ကြောင့် ယွမ်တကို ရင်ဆိုင်ရန် ပုံမှန်ထက် ပို၍ခက်ခဲနိုင်ပြီး ရှင်းဟွမ်၌လည်း ဝှက်ဖဲများ ရှိနေနိုင်သည်။

"ရင်ယွမ်ကြယ်ရဲ့ ရှင်းဟွမ်က ငကြောက်တစ်ယောက်ပါကွာ။ မင်းက ဘယ်သူ့ကို ခြောက်လှန့်ချင်နေတာလဲ။ မစိုးရိမ်ပါနဲ့ ကြယ်သခင်တွေ။ မရဏအလင်းမျှော်စင်ရဲ့ အကူအညီနဲ့ဆိုရင် ဒီကောင့်ကိုသတ်ဖို့ လွယ်လွယ်လေးပါ"

ယဲ့ချန်က အော်ပြောလိုက်သောအခါ လေးကြိုးကို တင်းထားပြီးဖြစ်သောကြောင့် ကြယ်သခင်ငါးယောက်က အဆုံးထိသွားရန် ဆုံးဖြတ်လိုက်ကြသည်။

"သတ်ကြ"

ရိလိ၏စကားအဆုံးတွင် ကြယ်သခင်ငါးယောက်က ယွမ်တကို ခုန်အုပ်လိုက်ကြသည်။

"​ကောက်ကျစ်တဲ့ အမှိုက်ကောင်တွေ"

ယွမ်တက ပြန်လည်တိုက်ခိုက်ရင်း ကျိန်ဆိုနေသည်။ ကောင်းကင်ထက်တွင် ပုံရိပ်ခြောက်ခုက တိုက်ခိုက်နေပြီး စွမ်းအင်လှိုင်းများကြောင့် လေထုက အက်ကွဲနေကာ အရာရာကို ပိုင်းဖြတ်နိုင်သည့် အချိန်လေဟာနယ်တာအိုရုန်းများ လွင့်ပျံနေသည်။ ယွမ်တက ကြယ်သခင်ငါးယောက်ကို တစ်ကိုယ်တော်တိုက်ခိုက်နေရပြီး အစွမ်းထက်သော်လည်း မယှဥ်နိုင်ခဲ့ပေ။ သူက အဆင့်မြင့်ကြယ်သခင်များကြားတွင် အစွမ်းထက်သူဟု ဆိုနိုင်သော်လည်း အဆင့်မြင့်ကြယ်သခင်ငါးယောက်ကို အနိုင်ယူရန် မဖြစ်နိုင်ချေ။ သူက ရင်ဘတ်ကို လက်ဝါးတစ်ချက်ထိမှန်သွား၍ သွေးများ အန်ချလိုက်ရသည်။

"မင်းတို့ သိပ်လွန်နေပြီ"

လက်ဝါးချက်က ရိလိထုတ်ဖော်လိုက်သောကြောင့် ယွမ်တက သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"ယွမ်တ မင်း ငါတို့ကို အပြစ်မတင်နဲ့။ ဒီကိစ္စက မင်းကြောင့် ဖြစ်လာတာပဲ"

ရိလီက နှာခေါင်းရှုံ့လိုက်သည်။

"မင်းတို့အားလုံးကို သတ်ပစ်မယ်။ အရှင်ရှင်းဟွမ် ကျုပ်ကို ရင်ယွမ်ကြယ်အမြုတေရဲ့ စွမ်းအားတွေ ပေးသနားပါ။ ယွမ်တက အရှင့်အတွက် အသက်နဲ့ရင်းပြီး တိုက်ခိုက်ပေးချင်ပါတယ်"

ယွမ်တ၏အော်သံက ရင်ယွမ်ကြယ်ကို တုန်ခါသွားစေပြီး နေရာအနှံ့ ပဲ့တင်ထပ်သွားလေသည်။

All Chapters