← Chapters

ရင်ယွမ်ကြယ်ကို အမြတ်ထုတ်ခြင်း

Vol. 57 Ch. 798

ရင်ယွမ်ကြယ်ကို အမြတ်ထုတ်ခြင်း

Vol. 57 Ch. 798

“အရှင် ကျေးဇူးပြုပြီး စိတ်ထိန်းပါဦး”

“အရှင် ရင်ယွမ်ကြယ်ရဲ့သက်ရှိတွေအတွက် စဉ်းစားပါဦး”

ရှင်းဟွမ်ကပိုင်နက်ကို ပြန်လည်သိမ်းလိုက်သောအခါ ကြယ်သခင်ငါးယောက်က စိတ်အေးသွားသော်လည်း နောက်တစ်ကြိမ် ပြန်လည်စိုးရိမ်သွားခဲ့သည်။

“အဘိုးယဲ့ချန်‌ရေ မင်းပါးစပ်လေးပိတ်ထားရင် ဘာဖြစ်လို့လဲကွာ”

သူတို့က ထိုအခိုက်တွင် ဤအတိုင်း အော်ဟစ်ငိုယိုချင်နေကြသည်။ သို့သော်လည်း သူတို့က မည်မျှစိုးရိမ်နေပါစေ ယဲ့ချန်၏ အေးစက်စက်စကားသံက ထပ်မံထွက်ပေါ်လာသည်‌။

“ကောင်းတယ်၊ အနည်းဆုံးတော့ မင်းကငကြောက်တစ်ကောင် မဟုတ်တော့ဘူးပေါ့။ ငါ မင်းကို လေးစားသွားပြီ။ ကိုယ့်ကိုကိုယ် မြန်မြန်ဖောက်ခွဲလိုက်စမ်း”

ထိုအချိန်တွင် သူက နတ်ဆိုးတိုက်လေှအတွင်း ရှိမနေလျှင် ကြယ်သခင်ငါးယောက်က ပြေး၍ရိုက်နှက်ပြီးဖြစ်ပေလိမ့်မည်။ ရှင်းဟွမ်က လက်ရှိတွင် ရူးသွပ်ချင်နေပြီး တစ်ဖက်လူမှ ဆက်တိုက်ရန်စနေသောကြောင့် သည်းမခံနိုင်တော့ပေ။

“ငါဒေါသအရမ်းထွက်နေပြီ”

ရှင်းဟွမ်သည် အမြုတေကို ဖောက်ခွဲချင်နေသော်လည်း သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါ နှစ်ပေါင်းများစွာရှင်သန်လာသောကြောင့် သတ္တိမရှိပေ။ အချိန်ကြာမြင့်စွာရှင်သန်လာသော သက်ရှိများက အသက်ရှည်လေလေ၊ သေရမည်ကို ပို၍ကြောက်လေလေဖြစ်သည်။

“ဟိတ်ကောင်ကြီး မြန်မြန်မလုပ်နိုင်ဘူးလား‌။ ငါ့အချိန်က အဖိုးတန်တယ်။ အသက်တစ်ရှိုက်မှာ ငါက မိစ္ဆာရွှေဆယ်သန်းရှာနိုင်တယ်။ မင်းအချိန်ဆွဲနေရင် ငါ့အတွက် အကျိုးမရှိဘူး”

ယဲ့ချန်က တစ်ချက်ပြုံးလိုက်ရင်း ယွမ်တကို မရဏအလင်းမျှော်စင်များနှင့် ပစ်ခတ်နေသည်။ သနားစရာကောင်းလောက်အောင် ပစ်ခတ်ခံနေရသော ရန်သူက သေလုမျောပါးဖြစ်နေကာ ဝိညာဉ်ပင် ပျက်ပြယ်ကာနီးဖြစ်နေသည်။ သူက အမြုတေကို မဖောက်ခွဲရဲသော ရှင်းဟွမ်ကို စိတ်ထဲမှ ကျိန်ဆဲနေသည်။

“ငကြောက် မင်းရဲ့နောက်လိုက်တွေကလည်း ငကြောက်တွေ၊ တကယ်သတ္တိမရှိတဲ့ကောင် မင်းက ရှင်းဟွမ်မျိုးနွယ်အတွက် ရှက်စရာပဲ၊ အမှိုက်ကောင်”

ယဲ့ချန်က စကားဖြင့် တိုက်ခိုက်နေသောကြောင့် ရှင်းဟွမ်က ဒေါသထွက်နေသော်လည်း အချိန်တစ်ခုကြာသည်အထိ မလှုပ်ရှားသောကြောင့် ကြယ်သခင်များက အခြေမနေကို သဘောပေါက်သွားကြသည်။

“မင်းက တကယ်မဖောက်ခွဲရဲရင် ဘာကိစ္စခြိမ်းခြောက်နေတာလဲ”

“ကြယ်သခင်တွေ ယွမ်တကို မင်းတို့လက်ထဲ ထည့်ပေးလိုက်မယ်”

ယဲ့ချန်၏ အမိန့်သံ ထွက်ပေါ်လာခြင်းဖြစ်သည်။

“စိတ်ချပါ သခင်လေး”

သူတို့က လက်သီးဆုပ်၍ ဦးညွှတ်လိုက်ပြီး အသားပြားဖြစ်နေသော ယွမ်တကို ရိုက်ရန်အတွက် အလင်းတန်းများပမာ ပြေးထွက်သွားကြသည်။ ပစ်မှတ်က တဘန်းဘန်းရိုက်နှက်ခံလိုက်ရပြီး ရက်စက်သော မြင်ကွင်းတစ်ခု အမှန်တကယ်ဖြစ်ပေါ်လာသည်။ သူက အခြေအနေဆိုးရွားနေကာ လူရုပ်ပင် မပေါ်တော့ချေ။ သို့သော် သူတို့က အားကုန်သုံး၍ ရိုက်နေကြပြီး ယဲ့ချန်က အာရုံစိုက်ထားပြီး ရှင်းဟွမ်ကို မည်သူမျှ ဂရုမစိုက်ကြပေ။

“ငါက အမြုတေကို တကယ်ဖောက်ခွဲလိုက်မယ်”

သူက အော်ဟ်၍ ခြိမ်းခြောက်လိုက်သည်။

“လုပ် လုပ် မြန်မြန်လုပ်ရင် ပိုကောင်းတယ်”

ရိလီက လှည့်ကြည့်လာပြီး အထင်သေးစွာ ပြောနေခြင်းဖြစ်သည်။ သူ၏စကားကို ကြားသောအခါ ရှင်းဟွမ်က ချီးစားလိုက်ရသကဲ့သို့ ရှုံ့မဲ့သွားပြီး အလွန်အရုပ်ဆိုးသွားသည်။ သူက မျက်နှာမပြဝံ့သောကြောင့် ယွမ်တကို တစ်ချက်ကြည့်ကာ ပျောက်ကွယ်သွားခဲ့သည်။ ကြယ်သခင်များ၏စကားကြောင့် သူက အလွန်အရှက်ရသွားကာ နှစ်ပေါင်းသောင်းချီ ပုန်းအောင်းနေပေလိမ့်မည်။ ယနေ့က သူ၏ဘဝတွင် အရှက်အရဆုံးဖြစ်ကာ ငကြောက်ဟူသော စကားလုံးကို တစ်သက်လုံးမေ့မည်မဟုတ်ပေ။ ထိုအချိန်တွင် ယွမ်တသည် ဝိညာဉ်ပင် ပျက်စီးအောင် ရိုက်နှက်ခံလိုက်ရပြီး အလောင်းက ကောင်းကင်မှ မြေပြင်သို့ အရုပ်ကြိုးပြတ်ပြုတ်ကျသွားလေသည်။

“ပြီးပါပြီ သခင်လေး”

ရိလီက လက်သီးနှစ်ဖက်ဆုပ်၍ ကျေနပ်စွာ ပြောလိုက်သည်။

“ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။

“မင်းက ယဉ်ကျေးလွန်းနေပါပြီ။ ဒါက ငါတို့လုပ်သင့်တာပါ”

ရိလီက ပြောလိုက်သည်။ ယွမ်တအသတ်ခံရပြီးနောက် ယဲ့ချန်၏ဒေါသများပြေပျောက်သွားကာ ရင်ယွမ်ကြယ်၏စည်းစိမ်များကိုမူ ကြယ်သခင်ငါးယောက် စိတ်ကြိုက်ခွဲယူစေသည်။ ပြည်ထောင်နှစ်ခုကြားမှ ကုန်သွယ်ရေးလမ်းကြောင်းကို ပိုင်ဆိုင်ပြီးနောက် သူက သေးငယ်သော ငွေပမာဏကို အ‌ရေးမလုပ်တော့ပေ။ သူကတိပေးထားသော လက်ဆောင်များအတွက်မူ ဤငါးယောက်က ယွမ်တကဲ့သို့ လူညစ်များဖြစ်သောကြောင့် သူက လျစ်လျူရှုထားသည်။ ရင်ယွမ်ကြယ်၏စည်းစိမ်များကို ရယူပြီးနောက် သူတို့က သူ့ကို နှုတ်ဆက်၍ ကျေနပ်စွာ ထွက်ခွာသွားကြသည်။ သူကတိပေးထားသော လက်ဆောင်များအကြောင်း မေးလိုသော်လည်း နတ်ဆိုးယာဉ်ကို ရွံ့နေသောကြောင့် ပြောချင်သည့် စကားများကို ပြန်လည်မြိုချလိုက်ကြသည်။ အကယ်၍ သူတို့က သူ့ကို စော်ကားမိလျှင် ရက်စက်စွာ သတ်ဖြတ်ခံရမည်ဖြစ်ကြောင်း ယွမ်တက ဥပမာဖြစ်သည်။ ရှင်းဟွမ်က ပုန်းအောင်းနေပြီး ကြယ်သခင်က မရဏအလင်းမျှော်စင်လက်ချက်ဖြင့် အပိုင်းပိုင်းအစစဖြစ်သွားသောကြောင့် ကျင့်ကြံသူများက စိတ်ဓာတ်ကျသွား၍ မျှော်လင့်ချက်များ‌ပျောက်ကွယ်ကုန်သည်။

“အခုကစပြီး ရင်ယွမ်ကြယ်ကို ငါအုပ်ချုပ်မယ်”

ယဲ့ချန်၏ သြဇာအာဏာပြည့်ဝသော အသံက ကြယ်တစ်ခွင် ရောက်ရှိသွားသောကြောင့် ဘီလီယံချီသော သက်ရှိများ တုန်ယင်သွားကြသည်။ သူက တိမ်နက်ချပ်ဝတ်ကို ဝတ်ဆင်ပြီး လှေအပြင်ဘက်ထွက်ကာ မိုးကြိုးလက်စွပ်အတွင်း ၎င်းကို သိမ်းဆည်းလိုက်၏။ ကျင့်ကြံဆင့်ဖျက်ဆီးခံထားရသောကြောင့် ကျင့်ကြံသူများက ခေါင်းငိုက်စိုက်ကျနေပြီး သူက ရုပ်ခန္ဓာများအတွင်း ဝိညာဉ်ကောင်များကို ပေါင်းစပ်လိုက်သည်။ စစ်ဧကရာဇ်အဆင့်နှင့်အောက် ကျင့်ကြံသူတိုင်းက သူ၏ထိန်းချုပ်မှုအောက် အလုံးစုံကျရောက်သွားကာ ဤကြယ်က ကောင်းကင်မူလကြယ်၏ လက်အောက်ခံဖြစ်သွားခဲ့သည်။ ၎င်းက ရေပြင်ပမာဏများစွာကို ပိုင်ဆိုင်သောကြောင့် နတ်ငါးများကို မွေးမြူရေးလုပ်နိုင်သည်။ ၎င်းတို့ကို မှောင်ခိုဈေးတွင် ငွေကြေးအတွက် ရောင်းချနိုင်ပြီး ကျောက်စိမ်းနန်းတော်မှတန်ဖိုးနှင့် ယှဉ်လျှင် ဝင်ငွေက နည်းပါးသော်လည်း ကျောက်စိမ်းနန်းတော်က လက်ရှိတွင် ကန့်သတ်ခံထားရသည်။ တစ်နေ့တွင် သူက အရာအားလုံးကို ထုတ်ယူနိုင်မည်ဖြစ်သော်လည်း ထိုင်စောင့်နေ၍ မဖြစ်ပေ။

ရင်ယွမ်ကြယ်ကို ဦးစီးရန်အတွက် သူက လင်ယုကို ချက်ချင်းတွေးမိလိုက်သည်။ သူက ကောင်းကင်မူလကြယ်သို့ စရောက်စဉ်က လင်ယုသည် ကျင့်ကြံခြင်း၌ များစွာမထူးချွန်သော်လည်း စီးပွား‌ရေးအကွက်မြင်သူဖြစ်သည်။ အတိတ်တွင် သူက ရန်ယွင်မြို့တွင် နတ်သစ်သီးများကို စိုက်ပျိုးခဲ့ပြီး စီးပွားရေးကျွမ်းကျင်သောကြောင့် ဤကြယ်တွင် စီးပွားရေးလုပ်ကိုင်တတ်ပေလိမ့်မည်။ ခဏတာစဉ်းစားပြီးနောက် ယဲ့ချန်က လင်ယုအတွက် နတ်အစေခံအစောင့်တစ်ရာနှင့် တိမ်နက်ချပ်ဝတ်တစ်စုံ စီစဉ်ပေးရန် ဆုံးဖြတ်လိုက်သည်။ ဤသို့ဆိုလျှင်ပင် သူက အသက်အန္တရာယ်ကြုံရသည့်တိုင်အောင် ရှင်သန်နိုင်ပြီး ကောင်းကင်လှေဖြင့် ထွက်ပြေးနိုင်ကာ သတင်းပြန်ပို့နိုင်ပေလိမ့်မည်။ ဆယ်ရက်အကြာတွင် လင်ယုက ရင်ယွမ်ကြယ်သို့ ကောင်းကင်လှေတစ်စီးဖြင့် ရောက်ရှိလာခဲ့သည်။

“အစ်ကိုကြီး ဒါက ဘယ်နေရာလဲ‌။ ကျုပ်ဘာလုပ်ပေးရမလဲ”

ဤခရီးက လင်ယုအတွက် စကြဝဠာအတွင်း ပထမဆုံးအကြိမ် သွားလာဖူးခြင်းဖြစ်ကာ ကောင်းကင်တွင်ရပ်ပြီး ‌ရေပြင်ကျယ်ကြီးကို စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။ လက်ရှိတွင် သူက ကျစ်ဟွာနတ်တိုင်းပြည်အတွင်း အဆင့်အတန်းအလွန်မြင့်နေကာ သူ၏‌ယောက္ခမဖြစ်သော ဘုရင်ကိုယ်တိုင်ပင် သူ့အနားတွင် လေမလည်ရဲပေ။ သူက ကြယ်သခင်၏ဖခင် ကောင်းကင်မူလကြယ်၏ အုပ်စိုးသူ ယဲ့ချန်အတွက် ညီအစ်ကိုအရင်းပမာဖြစ်ကြောင်းကို လူတိုင်း သိထားသည်မဟုတ်ပါလော။ လက်ရှိတွင် ပိုင်ဆိုင်ထားသောအရာများအတွက် သူက ယဲ့ချန်ကို အလွန်ကျေးဇူးတင်နေမိသည်။

“ဒါက ရင်ယွမ်ကြယ်”

ယဲ့ချန်က တစ်လုံးချင်း ဖြေလိုက်သည်။

“ယွမ်တရဲ့ကြယ်လား”

လင်ယုသည် ကောင်းကင်မူလကြယ်တစ်ခုလုံးကို ဖိနှိပ်ခဲ့သော ယွမ်တအကြောင်း အမှတ်ရလိုက်သဖြင့် ရင်ထိတ်သွားခဲ့သည်။

“ယွမ်တ သေပြီ”

သူက တည်တည်ငြိမ်ငြိမ် ဖြေလိုက်၏။

“ဗျာ”

လင်ယုက အလွန်အံ့သြသွားခဲ့သည်။ သို့သော် နတ်ဆိုးတိုက်လှေကြီးက ကောင်းကင်မူလကြယ်သို့ ကျူးကျော်လာသော ကြယ်သခင်များကို သတ်ပစ်လိုက်သော မြင်ကွင်းကို မှတ်မိသွားသောကြောင့် အဆန်းမဟုတ်ကြောင်း နားလည်လိုက်၏။ သူက ယွမ်တ မည်သို့အသတ်ခံလိုက်ရကြောင်း ခန့်မှန်းလိုက်ပြီး စိတ်လှုပ်ရှားနေကာ တိုက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ မြင်လိုနေခဲ့သည်။

“ငါ မင်းကို ခေါ်လိုက်တာက အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ။ အခုကစပြီး မင်းက ဒီကြယ်ကို အုပ်ချုပ်ရမယ်”

ယဲ့ချန်က လင်ယု၏ပခုံးကို တစ်ချက်ပုတ်ကာ တောင်းဆိုလိုက်သည်။

“ကြယ်တစ်ခုလုံးကို အုပ်ချုပ်ရမှာလား”

လင်ယုက သူ့ကိုယ်သူ လက်ညှိုးထိုး၍ မယုံနိုင်ဟန်ဖြင့် တုန်လှုပ်သွားခဲ့သည်။

“မင်းအတွက် နတ်အစေခံတစ်ရာကို အစောင့်ထားပေးမယ်။ အခုကြယ်တစ်လုံးသာ ရှိပေမယ့် အနာဂတ်မှာ မင်းက ကြယ်များစွာကို စိုးမိုးအုပ်ချုပ်ရလိမ့်မယ်”

သူ၏စကားကြောင့် လင်ယုက အချိန်အတန်ကြာသည်အထိ တွေဝေသွားပြီး သတိပြန်ဝင်မလာခဲ့ပေ။ လင်ယုက စိတ်ထဲတွင် အလွန်ဝမ်းသာနေပြီး ယဲ့ချန်ကို ပို၍လေးစားလာခဲ့သည်။ အတိတ်တွင် ဘုရင်ဖြစ်လိုသော သူ့ကို အမြင်ကျဉ်းသည်ဟု ပြောခဲ့ပြီး လက်ရှိတွင် ထိုစကားကို သဘောပေါက်သွားခဲ့သည်။ တစ်ဖက်လူ၏ အကြံနှင့်ယှဉ်လျှင် ဘုရင်ဖြစ်လိုသော သူ၏စိတ်ကူးက သေးငယ်လွန်းနေသည်။

“အစ်ကိုကြီး မင်းခိုင်းသမျှကို ငါလုပ်မယ်”

လင်ယုက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ငါက မင်းကို ရင်ယွမ်ကြယ်ကနေ ကျင့်ကြံခြင်းအရင်းအမြစ်တွေ ရသလောက်ယူစေချင်တယ်”

ယဲ့ချန်က ရင်ယွမ်ကြယ်ကို တစ်ချက်ဝေ့ကြည့်၍ ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

“ကျုပ်နားလည်ပြီ။ မစိုးရိမ်ပါနဲ့ အစ်ကိုကြီး။ ဒီကြယ်ကနေ တစ်လက်မမကျန်အောင် အရင်းအမြစ်တွေကို ညှစ်ထုတ်ပေးမယ်”

သူ၏ဆိုလိုရင်းကို လင်ယုက ချက်ချင်းသဘောပေါက်သွားသဖြင့် ခပ်ညစ်ညစ်ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

‌”ကောင်းတယ်”

အကင်းပါးသော ညီဖြစ်သူကြောင့် ယဲ့ချန်က ကျေနပ်သွားလေသည်။

All Chapters