အခန်း (၁၀၁၀)
Vol. 73 Ch. 1010
ချူချန်က ရှေ့တက်လာပြီး တီးတိုးပြောသည်။
“တာအိုရောင်းရင်းဟန်၊ တာအိုရောင်းရင်းဟွမ်နဲ့ တခြားလူတွေက တော်ဝင်မြို့ရဲ့စွမ်းအားကို ရရှိဖို့အတွက် တော်ဝင်နယ်မြေယဇ်ပလ္လင်ကို စိန်ခေါ်နေပါတယ်”
‘တော်ဝင်နယ်မြေယဇ်ပလ္လင်လား’
ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။
သူက မျက်မှောင်ကြုတ်လိုက်သောကြောင့် ဟန်ချီက အားကောင်းသော သွေးချီစွမ်းအင်ကို ထုတ်လွှတ်သည်။
ခန်းဆောင်ထဲတွင်ရှိသော လေထုက ချက်ချင်းတင်းကျပ်လာသည်။
လှေသမားများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ရှေ့ဆုံးတွင်ရပ်နေသော အဖြူရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ပြောလိုက်သည်။
“အဲဒါက သူတို့ရဲ့ ရွေးချယ်မှုပါပဲ။ တော်ဝင်မြို့ကို ရောက်လာတဲ့ ကျင့်ကြံသူတွေအားလုံးက အဲဒီနေရာမှာ အခွင့်အရေးရှာဖွေကြတယ်”
ယဇ်ပလ္လင်သည် တော်ဝင်နယ်မြေသို့ ဝင်ရောက်နိုင်မည့်လမ်းကြောင်း ဖြစ်သည်။
ထိုနေရာတွင် မြေအောက်မြစ်၏ မူလရင်းမြစ် ရှိနေသည်။
ထိုနေရာတွင် ကျင့်ကြံနိုင်လျှင် အင်မော်တယ်ဘုရင်မင်ဟယ်၏ အသိအမှတ်ပြုခြင်းကို ရလိမ့်မည်။ သေဆုံးခြင်းကို ကျော်လွှားပြီး ပြန်လည်ရှင်သန်နိုင်သည်။
‘တော်ဝင်နယ်မြေတဲ့လား’
ဟန်မူယဲ့၏ မျက်လုံးများက အလင်းရောင်ဖြင့် တောက်ပနေသည်။
ထိုတော်ဝင်နယ်မြေသည် နတ်ဘုရားဘုရင်မင်ဟယ်နှင့် ဆက်သွယ်နေလိမ့်မည်။
ထိုနေရာတွင် အင်မော်တယ်ဘုရင်မင်ဟယ်၏ ခန္ဓာကိုယ် ရှိနိုင်သည်။
မည်သို့ပင်ဖြစ်စေ ပထမအကြီးအကဲက အင်မော်တယ်ဘုရင်မင်ဟယ်ကို သန့်စင်ရန် ကြိုးစားနေသောကြောင့် ထိုနေရာက အန္တရာယ်များလိမ့်မည်။
ဟွမ်ခြောက်နှင့် တခြားလူများက ထိုနေရာတွင် အခွင့်အရေးရရန် မသေချာသော်လည်း သေချာပေါက် အန္တရာယ်နှင့် ကြုံတွေ့ရလိမ့်မည်။
“တော်ဝင်နယ်မြေ”
ဟန်မူယဲ့က ရှေ့တွင်ရှိသော လှေသမားအကြီးအကဲကို ကြည့်လိုက်သည်။
“တကယ်လို့ အစ်ကိုခြောက်က အန္တရာယ်ရှိနေရင် ငါက မင်းတို့ရဲ့မြို့ကို ဖျက်ဆီးပစ်မယ်”
သူ့ပတ်ဝန်းကျင်တွင်ရှိသော လေထုက အေးစက်လာသည်။
ဟန်ချီ၏မျက်လုံးများက ရွှေအလင်းကို ထုတ်လွှတ်သည်။ ခန်းဆောင်ထဲတွင် မရေမတွက်နိုင်သော ဝိညာဉ်စွမ်းအားမျးက ထိတွေ့သွားကြသည်။
ဟန်မူယဲ့က လှုပ်ရှားရန် မလိုအပ်ပေ။ ဟန်ချီက သူတို့အားလုံးကို သတ်ပစ်နိုင်သည်။
ခေါင်းခုနစ်လုံး နဂါးရုပ်တုသားရဲကို ထိုလှေသမားများက ခုခံနိုင်မည်မဟုတ်ပေ။
“တာအိုရောင်းရင်းဟန်၊ အကောင်းအဆိုးက ကံစမ်းကြည့်တဲ့လူတွေနဲ့ပဲ သက်ဆိုင်ပါတယ်”
ချူချန်က ဖြူဖျော့နေသောမျက်နှာဖြင့် ခေါင်းခုနစ်လုံးနဂါးရုပ်တုသားရဲ၏ ဝိညာဉ်ဖိနှိပ်မှုကို အကောင်းဆုံးကြိုးစားခုခံလျက် ပြောသည်။
“သူတို့ကို အန္တရာယ်တွေအကြောင်း သတိပေးလိုက်ပါတယ် ....”
ဟန်မူယဲ့က သတ်ဖြတ်လိုစိတ်များဖြင့် ချူချန်ကို ကြည့်သည်။
“အဲဒါဆိုရင် မြေအောက်မြစ်ရဲ့ အခွင့်အရေးတွေက အင်မော်တယ်ဘုရင်ကို ဝိညာဉ်ဖိနှိပ်ခြင်းအလံထဲမှာ သန့်စင်နိုင်ဖို့အတွက် ခယ်ရှို့အန်ထုတ်လွှတ်ထားတဲ့ သတင်းအတုတွေဆိုတာကိုရော ပြောပြလိုက်လား”
သူ့စကားကြောင့် ခန်းဆောင်ထဲတွင်ရှိနေသော လှေသမားများအားလုံးက မျက်နှာထားပြောင်းလဲသွားသည်။
“ပထမအကြီးအကဲလား”
“မင်းက ဘာပြောချင်တာလဲ”
“ပေါက်ကရတွေ။ ပထမအကြီးအကဲက အင်မော်တယ်ဘုရင်ရဲ့ရုပ်ခန္ဓာကို သန့်စင်ဖို့အတွက် ဝိညာဉ်ဖိနှိပ်ခြင်းအလံကို ဘယ်တော့မှ သုံးမှာမဟုတ်ဘူး”
“ပထမအကြီးအကဲက ဝိညာဉ်ဖိနှိပ်ခြင်းအလံကို အသုံးပြုပြီး အင်မော်တယ်ဘုရင်ကို သန့်စင်မယ်လို့ မင်းဘယ်လိုသိလဲ”
ခန်းဆောင်သည် ချက်ချင်းဆိုသလိုပင် ဖရိုဖရဲဖြစ်သွားသည်။
ဟန်မူယဲ့က အေးစက်စွာ နှာမှုတ်သည်။ ဟန်ချီက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လက်သီးဖြင့် ထိုးချသည်။
“ဘုန်း”
ဝိညာဉ်စွမ်းအားကို သယ်ဆောင်ထားသော လက်သီးချက်ကြောင့် ခန်းဆောင်ထဲတွင် လေပြင်းများ တိုက်ခတ်လာသည်။
သူတို့က လက်သီးချက်ကို မခုခံနိုင်ပဲ ဆက်တိုက် နောက်ဆုတ်လိုက်ကြသည်။
သူတို့က ရွှေအလင်းဖြင့် တောက်ပနေသော ဝိညာဉ်စွမ်းအားကို ထုတ်ဖော်ပြီး အချင်းချင်း ချိတ်ဆက်လိုက်ကြသည်။ ထိုမှသာ လက်သီးချက်ကို အနည်းငယ် တားဆီးထားနိုင်ခဲ့သည်။
“ငါက မင်းတို့တော်ဝင်မြို့ရဲ့ ရန်ပွဲတွေကို ဂရုမစိုက်ဘူး။ အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်ကိုလည်း စိတ်မဝင်စားဘူး။ တကယ်လို့ အစ်ကိုခြောက်နဲ့ တခြားလူတွေက ဒီနေရာမှာ တစ်ခုခုဖြစ်သွားခဲ့ရင် တော်ဝင်မြို့က ပျက်စီးသွားပြီလို့သာ မှတ်လိုက်တော့”
ဟန်မူယဲ့က ဟိန်းဟောက်လိုက်ပြီး လက်မြှောက်သည်။
“ခလွမ်”
သူ့နောက်ကျောတွင်ရှိသော ဓားရှည်က အပြင်ဘက်သို့ ရောက်လာသည်။ အစိမ်းရင့်ရောင် ဓားအလင်းသည် ပြင်းထန်စွာ ခုတ်ချလိုက်သည်။
“ဘန်း”
ခန်းဆောင်၏ခေါင်မိုးက ပြတ်တောက်သွားပြီး အပြာရောင်သန်းနေသော ကောင်းကင်ကို ဖော်ပြသည်။
ပထမအကြီးအကဲ ခယ်ရှို့အန်က မရေမတွက်နိုင်သောလူများ၏ ဝိညာဉ်ကို နုတ်ယူပြီး ဝိညာဉ်ဖိနှိပ်ခြင်းအလံကို သန့်စင်နေကြောင်း သူတို့အားလုံး သိကြလိမ့်မည်။
မြေအောက်မြစ်လှေသမားများက တခြားလူများ၏ဝိညာဉ်ကို နုတ်ယူပြီး နေရာအနှံ့မှ ကျင့်ကြံသူများကိုပင် တော်ဝင်မြို့သို့ ခေါ်လာကြသည်။ သူတို့က ကြံရာပါများပင် ဖြစ်ကြသည်။
ဟန်မူယဲ့က သတိပေးသည့်အနေဖြင့် ခန်းဆောင်၏ခေါင်မိုးကို ဖျက်ဆီးပစ်လိုက်သည်။
ဟန်မူယဲ့က ဖရိုဖရဲရေလက်ကြားမှ ထွက်လာသောအခါတွင် ထိုသို့လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
နောက်ကွယ်တွင် ပုန်းအောင်းနေသော အင်မော်တယ်ဘုရင်မင်ဟယ်၊ ဝိညာဉ်ဖိနှိပ်ခြင်းအလံကို ထိန်းချုပ်ထားသော ပထမအကြီးအကဲနှင့် ဖရိုဖရဲရေလက်ကြားတွင်ရှိနေသော သားရဲများအားလုံးက အကွက်ချနေကြသည်။
သို့သော် မည်သို့ပင်ဖြစ်စေ ဓားတစ်ချက်ကဲ့သို့ ထိရောက်မည်မဟုတ်ပေ။
သူက ကိုယ်ပိုင်ခွန်အားဖြင့် သူတို့အားလုံး၏ အကြံအစည်ကို ဖျက်ဆီးပစ်နိုင်သည်။
ကျင့်ကြံခြင်းလောကတွင် လက်သီးကသာ စကားပြောသည်။
“သူတို့က တိုက်ခိုက်နေကြပြီ”
မြို့တော်ခန်းမ၏ခေါင်မိုး လွင့်ထွက်သွားကြောင်း မြင်လိုက်ရသောအခါတွင် မရေမတွက်နိုင်သော လူများက ကြောက်ရွံ့စွာ ထွက်ပြေးသွားကြသည်။
“ဘယ်လိုကျွမ်းကျင်သူမျိုးက မြို့တော်ခန်းမရဲ့ခေါင်မိုးကို ဖျက်ဆီးပစ်နိုင်တာလဲ”
လူတစ်ယောက်က ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသော ဓားအလင်းကို ကြည့်လိုက်ပြီး တီးတိုးရေရွတ်သည်။
‘မြေအောက်မြစ်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှိနေခဲ့တဲ့ တော်ဝင်မြို့က ပျက်စီးသွားတော့မှာလား’
‘တကယ်လို့ တော်ဝင်မြို့ ပျက်စီးသွားရင် နတ်ဘုရားဘုရင်ရဲ့အမွေအနှစ်တွေ ထွက်လာမှာလား’
လူအများက ထိုသို့ တွေးမိကြသည်။
“တာအိုရောင်းရင်း၊ စကားပြောကြရအောင်ပါ”
ခန်းဆောင်ထဲတွင် အဖြူရောင်ဝတ်စုံနှင့် အကြီးအကဲတစ်ယောက်က ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။ သူ့ခန္ဓာကိုယ်တွင်ရှိသော ရွှေရောင်ဝိညာဉ်စွမ်းအားက ပေါက်ကွဲထွက်လာပြီး အလင်းလွှာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုစွမ်းအားက ဟန်မူယဲ့၏ဓားချက်ကို မတားဆီးနိုင်ပေ။ ခေါင်းခုနစ်လုံး နဂါးရုပ်တုသားရဲ၏ အငွေ့အသက်နှင့်လည်း မယှဉ်နိုင်ပေ။ သို့သော် အားကောင်းနေသေးသည်။
သူက ထိုခြေလှမ်းဖြင့် လူတိုင်း၏ဝိညာဉ်စွမ်းအားကို စုစည်းပြီး ဟန်မူယဲ့နှင့် ရင်ဆိုင်သည်။
အကယ်၍ သူတို့အားလုံး ပူးပေါင်းမထားလျှင် ဟန်မူယဲ့ကို စကားပြောရန် အခွင့်အရေးမရှိပေ။
ထိုအရာသည် ခွန်အားဖြစ်သည်။
ဟန်မူယဲ့က ရှေ့တွင်ရှိသော လှေသမားကို ကြည့်လိုက်ပြီး ဓားဆန္ဒကို ဖြည်းဖြည်းချင်း သိမ်းဆည်းသည်။
ဟန်ချီကလည်း ခွန်အားကို ဖိနှိပ်ထားလိုက်သည်။
လှေသမားများက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
အကယ်၍ သူတို့ တိုက်ခိုက်ခဲ့လျှင် အကျိုးဆက်ကို တွေးကြည့်နိုင်မည်မဟုတ်ပေ။
“တာအိုရောင်းရင်း၊ မြေအောက်မြစ်လှေသမားမျိုးနွယ်မှာလည်း အခက်အခဲတွေ ရှိပါတယ်”
အဖြူရောင်ဝတ်စုံနှင့် လူအိုကြီးက သက်ပြင်းချသည်။
သူတို့က မြေအောက်မြစ်ကို စောင့်ကြပ်ထားပြီး ဝိညာဉ်စွမ်းအားဖြင့် ခွန်အားတိုးမြှင့်နိုင်သည်။
ထိုအရာသည် မြေအောက်မြစ်လှေသမားများ၏ ကံကြမ္မာဖြစ်သည်။
သို့သော် လွန်ခဲ့သော နှစ်ပေါင်းနှစ်သန်းတွင် နေရာအသီးသီးမှ ကျင့်ကြံသူများသည် အခွင့်အရေးရှာဖွေရန်အတွက် မြေအောက်မြစ်သို့ ရောက်လာခဲ့သည်။ အပြင်လောကသည် မြေအောက်မြစ်လှေသမားများ၏ရှေ့တွင် ပေါ်လာပြီး လူတိုင်း၏အတွေးက ပြောင်းလဲသွားသည်။
အထူးသဖြင့် ပထမအကြီးအကဲက သေချာစုံစမ်းလိုက်သောအခါတွင် အင်မော်တယ်ဘုရင်မင်ဟယ်က ပြန်လည်နိုးထလာရန်အတွက် ပြင်ပလောကကျင့်ကြံသူများကို ဆွဲဆောင်ခဲ့ကြောင်း နားလည်သွားသည်။
အစပိုင်းတွင် မြေအောက်မြစ်လှေသမားများက ပျော်ရွှင်နေကြသည်။
အင်မော်တယ်ဘုရင်မင်ဟယ်က သူတို့မျိုးနွယ်၏ အခြေခံအုတ်မြစ် ဖြစ်သည်။ သူတို့အားလုံးက အင်မော်တယ်ဘုရင်မင်ဟယ်ကို လေးစားကြသည်။
သို့သော် ပထမအကြီးအကဲက ဝိညာဉ်ဖိနှိပ်ခြင်းအလံမှတစ်ဆင့် လျှို့ဝှက်ချက်တချို့ကို ရှာတွေ့ခဲ့သည်။
အကယ်၍ အင်မော်တယ်ဘုရင်မင်ဟယ် နိုးထလာလျှင် မြေအောက်မြစ်လှေသမားများအားလုံး သေဆုံးသွားကြလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် အင်မော်တယ်ဘုရင်မင်ဟယ်၏ ဝိညာဉ်က အလွန်သန်မာသောကြောင့် အိပ်စက်မသွားခင် ဝိညာဉ်စွမ်းအားကို ဝိညာဉ်ဖိနှိပ်ခြင်းအလံထဲသို့ ထည့်သွင်းထားခဲ့သည်။
ဝိညာဉ်ဖိနှိပ်ခြင်းအလံမှ လွတ်ထွက်လာသော ဝိညာဉ်စွမ်းအားသည် မြေအောက်မြစ်လှေသမားမျိုးနွယ်ကို မွေးဖွားပေးခဲ့သည်။
မြေအောက်မြစ်လှေသမားများက အင်မော်တယ်ဘုရင်မင်ဟယ်၏ ဒဏ်ရာများ ဆိုးဝါးမလာအောင် မြေအောက်မြစ်ကို ဖိနှိပ်ပေးရသည်။ သူတို့က သားရဲများကို ထိန်းချုပ်ပြီး ထူးခြားသော စွမ်းအားများကို ဖယ်ရှားရမည်။
ထိုတာဝန်သည် အင်မော်တယ်ဘုရင်မင်ဟယ်၏ ဝိညာဉ်မှတစ်ဆင့် ရောက်လာသည်။
အင်မော်တယ်ဘုရင်မင်ဟယ် နိုးထလာသောအခါ ဝိညာဉ်စွမ်းအားများကို ပြန်လည်သိမ်းဆည်းပြီး ဝိညာဉ်ဖိနှိပ်ခြင်းအလံကို ထိန်းချုပ်လိမ့်မည်။
ထိုအကြောင်းကို ထိန်းချုပ်မခံချင်သော ဝိညာဉ်ဖိနှိပ်ခြင်းအလံက ပထမအကြီးအကဲကို ပြောပြခဲ့သည်။
ပထမအကြီးအကဲက တခြားအကြီးအကဲများကို ပြန်ပြောခဲ့သည်။
ထိုသို့ဖြင့် အုပ်စုနှစ်စု ကွဲသွားသည်။ ပထမအုပ်စုက အသက်စတေးရလျှင်ပင် အင်မော်တယ်ဘုရင်မင်ဟယ်ကို နိုးထလာအောင် လုပ်ပေးသင့်သည်ဟု ယုံကြည်ထားသည်။
ပထမအကြီးအကဲဦးဆောင်သော တခြားလူများက အင်မော်တယ်ဘုရင်မင်ဟယ်ကို တားဆီးနိုင်သည်ဟု ယုံကြည်ကြသည်။
အစပိုင်းတွင် ပထမအကြီးအကဲတို့အုပ်စုက အင်မော်တယ်ဘုရင်မင်ဟယ် နိုးထလာခြင်းကို တားဆီးရုံသာ ဖြစ်သည်။ သူတို့က မြေအောက်မြစ်သားရဲများနှင့် ထူးခြားသောစွမ်းအားများကို သိပ်ပြီး မခုခံတော့ပေ။
သို့သော် ဝိညာဉ်ဖိနှိပ်ခြင်းအလံ၏ ဆက်တိုက်အားဖြည့်မှုကြောင့် ပထမအကြီးအကဲတို့အုပ်စုက အင်အားကောင်းလာသည်။
အင်မော်တယ်ဘုရင်မင်ဟယ်သည် အတိတ်တွင် ကျန်ရစ်ခဲ့သည်။ သူတို့က အဘယ်ကြောင့် သူ့ကို ကူညီပေးရမည်နည်း။
အင်မော်တယ်ဘုရင်၏ စွမ်းအားကို ထိန်းချုပ်နိုင်လျှင် ပိုကောင်းသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်သန်းတွင် အလွန်သန်မာလာသော ပထမအကြီးအကဲက အင်မော်တယ်ဘုရင် ကျဆုံးသွားသောနေရာသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။
တခြားလူများကလည်း ပထမအကြီးအကဲနှင့်အတူ တော်ဝင်မြို့၏ တားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်သွားကြသည်။
သူတို့က အင်မော်တယ်ဘုရင်၏ခန္ဓာကိုယ်ကို သန့်စင်ပြီး ရတနာများအားလုံးကို အပိုင်သိမ်းချင်ကြသည်။
နောက်ပိုင်းတွင် တားမြစ်နယ်မြေမှ ရှင်သန်ခြင်း၏လျှို့ဝှက်ချက်၊ အင်မော်တယ်ဘုရင်၏အမွေအနှစ် စသည်ဖြင့် သတင်းအမျိုးမျိုးထွက်လာပြီး နေရာတိုင်းတွင် ပျံ့နှံ့သွားခဲ့သည်။
တော်ဝင်မြို့ကို စောင့်ကြပ်နေသော အုပ်စုက ထိုသတင်းများကို မတားနိုင်ခဲ့ပေ။
တားမြစ်နယ်မြေတွင်ရှိသော အုပ်စုက သူတို့ကို ဖိနှိပ်ထားသောကြောင့် သူတို့က ရွေးချယ်စရာမရှိပဲ ကျင့်ကြံသူများကို ယဇ်ပလ္လင်ဆီသို့ ပို့ပေးနေရသည်။
ယဇ်ပလ္လင်သို့ ဝင်ရောက်သွားသော ကျင့်ကြံသူများထဲတွင် သေခြင်းရှင်ခြင်းကို ပြောင်းလဲပြီး လူတချို့ကသာ ပြန်ထွက်လာနိုင်ကြသည်။
ထို့ကြောင့် ကျင့်ကြံသူများက ပိုမိုဝင်ရောက်လာကြသည်။ လူတစ်သောင်းတွင် တစ်ယောက်သာ သေခြင်းရှင်ခြင်းကို ပြောင်းလဲနိုင်လျှင်လည်း သူတို့အားလုံးက ရောက်လာကြမည်ဖြစ်သည်။
တော်ဝင်မြို့သည် အမှန်တကယ်ပင် တော်ဝင်မြို့ ဖြစ်လာသည်။
“တာအိုရောင်းရင်ဟန်၊ တားမြစ်နယ်မြေမှာ တကယ်ပဲ အင်မော်တယ်ဘုရင်ရဲ့အမွေအနှစ် ရှိပါတယ်”
အဖြူရောင်ဝတ်စုံနှင့် လူအိုကြီးက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“အင်မော်တယ်ဘုရင်က အဲဒီသတင်းကို ချန်ထားခဲ့တာပါ”
ခန်းဆောင်ထဲတွင် တခြားအကြီးအကဲများက ခေါင်းညိတ်လိုက်ကြသည်။
လွန်ခဲ့သော နှစ်သောင်းချီအကွာတွင် သားရဲများက တော်ဝင်မြို့ကို ဝိုင်းရံတိုက်ခိုက်ခဲ့သည်။ ထိုအချိန်တွင် အင်မော်တယ်ဘုရင်က နည်းလမ်းတချို့ဖြင့် သူတို့ကို နှိမ်နင်းခဲ့ပြီး ပါရမီရှင်များက အမွေအနှစ်ကို လက်ခံနိုင်သည်ဟု ပြောခဲ့သည်။
အကြီးအကဲများက ထိုအကြောင်းကို သေချာစစ်ဆေးခဲ့ပြီး တခြားအကြီးအကဲများ လုပ်ကြံထားသော သတင်းမဟုတ်ကြောင်း သိခဲ့ရသည်။
‘အမွေအနှစ်ကို လက်ခံရမှာလား’
ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။
သူကလည်း အင်မော်တယ်ဘုရင်၏အမွေအနှစ်ကို ပိုင်ဆိုင်ထားသည်။
နတ်ဘုရားကမ္ဘာတွင် ချုပ်နှောင်ခံထားရသော အင်မော်တယ်ဘုရင် ဖြစ်သည်။
သို့သော် သူ့အမြင်တွင် ထိုကျွမ်းကျင်သူများ၏ အမွေအနှစ်ကို လက်မခံလျှင် အကောင်းဆုံးဖြစ်သည်။
အမွေအနှစ်ကို ရှာဖွေရန်အတွက် အသက်စွန့်ရန် လိုအပ်သော်လည်း သေချာပေါက် ရရှိမည်ဟု မပြောနိုင်ပေ။
အမွေအနှစ်အတွက် မရေမတွက်နိုင်သော လူများက သေဆုံးခဲ့ရသည်။
“အစ်ကိုခြောက်က အမွေအနှစ်ကို သွားရှာတာလား”
ဟန်မူယဲ့၏ မျက်လုံးများက အေးစက်နေသည်။
“တာအိုရောင်းရင်းဟွမ်က တာအိုရောင်းရင်းဟန်ကို ကူညီမပေးနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေခဲ့တယ်။ သူက တော်ဝင်မြို့ကို ရောက်လာတဲ့အချိန်မှာ သူ့နောက်ကိုလိုက်လာတဲ့ ကျင့်ကြံသူတွေနဲ့အတူ တော်ဝင်ယဇ်ပလ္လင်ဆီကို သွားခဲ့တယ်”
ချူချန်က ညင်သာစွာပြောသည်။