အခန်း (၁၀၁၁)
Vol. 73 Ch. 1011
ဟွမ်ခြောက်က တော်ဝင်မြို့သို့ ရောက်လာသောအခါတွင် လော့ရန်နှင့် တခြားလူများကိုခေါ်ဆောင်ပြီး ယဇ်ပလ္လင်ဆီသို့ သွားခဲ့သည်။
သူက အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ရယူပြီး ဟန်မူယဲ့အတွက် လက်စားချေပေးချင်သည်။
“ငါ့ကို ယဇ်ပလ္လင်ဆီ လိုက်ပို့ပါ”
ဟန်မူယဲ့က အေးစက်စွာပြောသည်။
အကြီးအကဲများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိတ်သည်။
ပထမအကြီးအကဲနှင့် တခြားလူများက ဟန်မူယဲ့နှင့် ရင်ဆိုင်ရလျှင် ပိုကောင်းသည်။
သူတို့က တားမြစ်နယ်မြေတွင် ဖြစ်ပျက်သွားသော အကြောင်းအရာများကို ဂရုစိုက်နေရန် မလိုအပ်ပေ။
“ဟန်ချီ၊ အကြီးအကဲကျူးနဲ့ တခြားလူတွေဆီကို သတင်းပို့လိုက်ပါ။ တကယ်လို့ ငါတို့က တစ်နှစ်အတွင်း ပြန်ရောက်မလာရင် သူတို့က တော်ဝင်မြို့ကို ဖျက်ဆီးပစ်နိုင်တယ်”
ဟန်မူယဲ့က ခန်းဆောင်ထဲမှထွက်သွားပြီး အော်ပြောလိုက်သည်။
ဟန်ချီက ခေါင်းညိတ်လိုက်ပြီး ခေါင်းခုနစ်လုံး တောင်ပံလေးစုံ နဂါးရုပ်တုသားရဲအဖြစ် ပြောင်းလဲ၍ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။ ထို့နောက် ကျယ်လောင်စွာ ဟိန်းဟောက်သည်။
ဝါးပုလွေတစ်ခုသည် လေထုထဲတွင် လွင့်မျောနေပြီး ထူးဆန်းသောအသံကို ထုတ်လွှတ်သည်။
နဂါးရုပ်တုသားရဲ၏ ဟိန်းဟောက်သံနှင့် ပုလွေသံကြောင့် အဝေးတစ်နေရာတွင်ရှိသော သွေးနီရောင်မြေအောက်မြစ်တွင် သားရဲများ လှုပ်ရှားလာကြသည်။
သူတို့က မြို့ကို ဝိုင်းရံထားလိမ့်မည်။
သားရဲများ တော်ဝင်မြို့ကို ဝိုင်းရံခဲ့သော နောက်ဆုံးအကြိမ်သည် လွန်ခဲ့သော နှစ်ပေါင်းသုံးသိန်းတွင် ဖြစ်သည်။
ထိုအချိန်တွင် တော်ဝင်မြို့၏ လှေသမားနှင့် ကျင့်ကြံသူများ တစ်ဝက်ခန့် သေဆုံးခဲ့ပြီး မရေမတွက်နိုင်သော ဝိညာဉ်များ ပျက်စီးခဲ့ရသည်။
ယခုအချိန်တွင် သားရဲများက ထပ်မံစုစည်းရန် လှုပ်ရှားနေကြပြန်သည်။
တော်ဝင်မြို့တွင်ရှိသော လူတိုင်းက ထိတ်လန့်သွားကြသည်။
‘ဒါက လွယ်လွယ်ကူကူ အဆုံးသတ်သွားမှာမဟုတ်ဘူး’
လှေသမားအကြီးအကဲများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းခါသည်။
ဟန်ချီက အချက်ပြလိုက်ပြီး အေးစက်သော အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်အဖြစ် အသွင်ပြောင်း၍ ပြန်ဆင်းလာသည်။
တော်ဝင်မြို့၏ ယဇ်ပလ္လင်သည် မြို့အောက်တွင် ရှိနေသည်။ ထိုနေရာကို မြို့၏ရင်ပြင်မှတစ်ဆင့် သွားရောက်နိုင်သည်။
သောင်းချီသော ကျင့်ကြံသူများသည် ရင်ပြင်တွင် စုဝေးနေကြသည်။
သူတို့အားလုံးက အခွင့်အရေးများ ရှာဖွေရန်အတွက် တော်ဝင်မြို့သို့ ရောက်လာကြသည်။
တချို့က သေခြင်းရှင်ခြင်းကို ပြောင်းလဲချင်ကြသည်။ တချို့က အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို လိုချင်ကြသည်။ တချို့က ကံစမ်းရန် ရောက်လာကြသည်။
ဟန်မူယဲ့က အကြီးအကဲများခြံရံလျက် ရောက်လာသောကြောင့် ကျင့်ကြံသူများက ချက်ချင်း လမ်းဖယ်ပေးလိုက်ကြသည်။
“အဲဒါက သူပဲ”
ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက ထိတ်လန့်စွာ နောက်ဆုတ်ကြသည်။
ခေါင်းခုနစ်လုံး နဂါးရုပ်တုသားရဲအား ထိန်းချုပ်ထားသော ကျွမ်းကျင်သူတစ်ယောက်နှင့် မည်သူက ရင်ဆိုင်ရဲမည်နည်း။
ထိုလူက မြို့တော်ခန်းမ၏ ခေါင်မိုးကိုပင် ဖျက်ဆီးပစ်ခဲ့သည်။ ယခု အကြီးအကဲများနှင့်အတူ ရင်ပြင်သို့ ရောက်လာသည်။
‘သူက ဘာလုပ်ဖို့ကြိုးစားနေတာလဲ’
“သူက တော်ဝင်နယ်မြေကို သွားမလို့ပဲ”
“ဒီလိုကျွမ်းကျင်သူမျိုးက အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်ကို တိုက်ရိုက်ရသွားမှာလား”
လူအများအပြားက ကြောက်ရွံ့မှု၊ မနာလိုမှုများကို ထုတ်ပြလိုက်ကြသည်။
အခွင့်အရေး၏ရှေ့တွင် လူတိုင်းက ရန်သူပင်ဖြစ်သည်။
ဟန်မူယဲ့က သူတို့၏အတွေးကို ဂရုမစိုက်ပေ။
သူတို့က သနားစရာကောင်းသော ပုရွက်ဆိတ်များသာ ဖြစ်ကြသည်။
သူက ကြောင်လိမ်လှေကားပေါ်သို့ ခြေချလိုက်ပြီး လျင်မြန်စွာ ရွေ့လျားသွားသည်။
ဟန်ချီက သူ့နောက်မှ လိုက်လာပြီး ပတ်ဝန်းကျင်ကို ကြည့်နေသည်။
လှေကားထစ်တစ်ထောင်အရောက်တွင် လှေကားက အဆုံးသတ်သွားပြီး ပေတစ်ထောင်ကြီးမားသော ယဇ်ပလ္လင်တစ်ခုကို မြင်ရသည်။
ထိုယဇ်ပလ္လင်ကြောင့် ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
နတ်ဘုရားဉာဏ်အလင်းဖွင့် ယဇ်ပလ္လင် ဖြစ်သည်။
ယဇ်ပလ္လင်၏ပုံစံနှင့် စွမ်းအားကူးပြောင်းမှုက ကွာခြားနေသော်လည်း နတ်ဘုရားယဇ်ပလ္လင် ဖြစ်သည်။
ဝင်ရောက်ရမည့် နည်းလမ်းများက အနည်းငယ် ကွာခြားသွားရုံသာ ဖြစ်သည်။
နတ်ဘုရားကမ္ဘာတွင်ရှိသော ယဇ်ပလ္လင်က နတ်စွမ်းအားကို သယ်ဆောင်ထားသည်။ ဤယဇ်ပလ္လင်က မည်သည့်စွမ်းအားကို သယ်ဆောင်ထားသနည်း။
ဟန်မူယဲ့က ရှေ့တစ်လှမ်းတိုးပြီး ယဇ်ပလ္လင်ပေါ်တွင် ရပ်လိုက်သည်။
သွေးအလင်းသည် သူ့ပတ်ဝန်းကျင်တွင် စုစည်းလာသည်။
မြေအောက်မြစ်၏စွမ်းအား ဖြစ်သည်။
မြေအောက်မြစ်တွင် ကြီးထွားလာသော ခေါင်းခုနစ်လုံး နဂါးရုပ်တုသားရဲက ထိုစွမ်းအားနှင့် ပိုမိုရင်းနှီးသည်။
ဟန်မူယဲ့၏ ခန္ဓာကိုယ်ကလည်း မြေအောက်မြစ်နှင့် လိုက်ဖက်ညီသည်။ ချက်ချင်းဆိုသလိုပင် သွေးအလင်းက သူတို့နှစ်ယောက်လုံးကို လွှမ်းခြုံပြီး ပျောက်ကွယ်သွားသည်။
ထို့ကြောင့် ယဇ်ပလ္လင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ကျင့်ကြံသူများက မျက်လုံးပြူးသွားကြသည်။
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ သူတို့က တားမြစ်နယ်မြေကို ချက်ချင်းဝင်သွားတာပဲ”
အဖြူရောင်ဆံပင်နှင့် ယိုယွင်းခြင်းအငွေ့အသက်များကို ထုတ်လွှတ်နေသော လူအိုကြီးတစ်ယောက်က စိတ်ဓာတ်ကျစွာ ပြောသည်။
သူက ယဇ်ပလ္လင်တွင် အချိန်ကြာမြင့်စွာရှိခဲ့သော်လည်း တော်ဝင်နယ်မြေသို့ မဝင်ရောက်နိုင်ခဲ့ပေ။
“သူက ဘယ်သူလဲ။ အရင်ရက်တစ်ရာမှာ ရောက်လာတဲ့ လူတွေထက်တောင် ပိုမြန်သေးတယ်။ သူ့မှာ အင်မော်တယ်ဘုရင်ရဲ့ တံဆိပ်ပြား ရှိနေတာလား”
လူတစ်ယောက်က မျက်လုံးများတောက်ပသွားပြီး စဉ်းစားနေသည်။
ဟန်မူယဲ့က ယဇ်ပလ္လင်ကိုဖြတ်ကျော်ပြီး စင်မြင့်တစ်ခုပေါ်သို့ ရောက်လာသည်။
ဟန်ချီက သူ့ထက် အနည်းငယ် နှေးကွေးသည်။
စင်မြင့်သည် အစိမ်းပုပ်ရောင်သန်းနေပြီး သွယ်ယှက်နေသောအမှတ်အသားများ ရှိသည်။
သွေးအငွေ့အသက်သည် ပတ်ဝန်းကျင်တွင် ရစ်ဝဲနေသည်။
အင်မော်တယ်ဘုရင်မင်ဟယ်၏ စွမ်းအား ဖြစ်သည်။
ဟန်မူယဲ့က ယခုအချိန်တွင် အင်မော်တယ်ဘုရင်မင်ဟယ်ကို ပိုမိုရှင်းလင်းစွာ အာရုံခံနိုင်ခဲ့သည်။
သေခြင်းရှင်ခြင်း၏ ပြောင်းလဲမှုသည် ဤနေရာတွင် ရှိနေသည်။ ဤနေရာသည် သေခြင်းရှင်ခြင်း၏ စည်းမျဉ်းကို သယ်ဆောင်ထားသည်။
သို့သော် စည်းမျဉ်းစွမ်းအားက ဖျော့တော့နေပြီး သေခြင်းရှင်ခြင်းကို အမှန်တကယ် ပြောင်းလဲမပေးနိုင်ပေ။
“အချိန်ဆွဲမနေနဲ့။ မင်းက တော်ဝင်နယ်မြေကို ရောက်လာပြီဆိုမှတော့ ငါတို့နဲ့ လိုက်ခဲ့ပါ”
စင်မြင့်၏အောက်တွင် အနက်ရောင်ချပ်ဝတ်နှင့် လှံရှည်ကိုင်ထားသော ကျင့်ကြံသူတစ်ယောက်က အော်ပြောလိုက်သည်။
စစ်သည်များက ရှေ့တွင်ရပ်နေသော ကျင့်ကြံသူဆယ်ယောက်ခန့်ကို ကာကွယ်ပေးထားသည်။
“ဟားဟား။ တာအိုရောင်းရင်း၊ စိတ်ကူးမနေပါနဲ့တော့။ သွားကြရအောင်”
“အခွင့်အရေးက ငါတို့ရှေ့မှာ ရှိနေတယ်။ အချိန်ဆွဲမနေပါနဲ့”
ထိုကျင့်ကြံသူများက ရယ်မောလိုက်ပြီး စကားပြောသည်။
သူတို့ကလည်း တော်ဝင်နယ်မြေသို့ ရောက်လာသောအချိန်တွင် ငေးမောနေခဲ့သည်။
ဟန်မူယဲ့က တိတ်ဆိတ်နေပြီး ဟန်ချီကိုဦးဆောင်၍ စင်မြင့်ပေါ်မှ ဆင်းသွားသည်။ သူက ကျင့်ကြံသူများနှင့် ပူးပေါင်းလိုက်ပြီး အနက်ရောင်ချပ်ဝတ် စစ်သည်များ၏နောက်မှ လိုက်လာသည်။
သူတို့က ဆယ်မိုင်ကျော် လမ်းလျှောက်လာပြီး ကျောက်ဆောင်များနှင့်ပြည့်နေသော တောင်စောင်းတစ်ခုကို မြင်ရသည်။
တောင်စောင်းက အစိမ်းရောင်နှင့်အနက်ရောင် ရောနှောနေပြီး သွေးအငွေ့အသက်ကိုလည်း သယ်ဆောင်ထားသည်။
တောင်စောင်းပေါ်တွင် လိုဏ်ဂူလေးများ ရှိနေကြသည်။
“လိုဏ်ဂူတွေထဲမှာ ဘိုးဘေးတွေရဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေ ရှိတယ်။ အခွင့်အရေးကို အရယူနိုင်ဖို့ မင်းတို့အပေါ်မှာပဲ မူတည်တယ်”
ခေါင်းဆောင်စစ်သည်က နောက်လှည့်ကြည့်ပြီး ကျယ်လောင်စွာပြောသည်။
“မင်းတို့တွေ သုံးသပ်ဖို့ ဆယ်ရက်အချိန်ရမယ်။ တကယ်လို့ ထပ်ပြီး သုံးသပ်ကြည့်ချင်တယ်ဆိုရင် ဝိညာဉ်ပုတီးစေ့တစ်ရာ ပေးရမယ်”
“ဝိညာဉ်ပုတီးစေ့မရှိဘူးဆိုရင် ကိုယ်ပိုင်ဝိညာဉ်စွမ်းအားနဲ့ တော်ဝင်မြို့ရဲ့ အစီအရင်ကို အားဖြည့်ပေးရမယ်”
စစ်သည်က လှံရှည်ကို ဝှေ့ယမ်းလိုက်ပြီး တင်းမာသောမျက်နှာထားဖြင့် ပြောသည်။
“အခကြေးငွေမပေးပဲ ဘယ်သူမှ အခွင့်အရေးမယူချင်ဘူးမဟုတ်လား”
“တကယ်လို့ အဲဒီလိုလူမျိုး ရှိနေရင်လည်း မင်းတို့က သဘောတူမှာမဟုတ်ဘူးမလား”
ထိုစကားကြောင့် ကျင့်ကြံသူများက ခေါင်းညိတ်လိုက်ကြသည်။
လူသားများသည် ထိုသို့ပင် ဖြစ်သည်။
ဝိညာဉ်ပုတီးစေ့များကို ထုတ်မပေးနိုင်လျှင်လည်း ဝိညာဉ်စွမ်းအားကို အသုံးပြုနိုင်သည်။
လူတိုင်းက ခေါင်းညိတ်လိုက်သောအခါတွင် စစ်သည်က တောင်စောင်းကို ညွှန်ပြသည်။
“လိုဏ်ဂူတစ်ခုမှာ လူဆယ်ယောက်ဆန့်တယ်။ သွားရှာကြည့်လိုက်ပါ”
ထိုသို့ဖြင့် သူက တခြားစစ်သည်များကို ဦးဆောင်ပြီး ထွက်သွားသည်။
စစ်သည်များ ထွက်သွားသောအခါ ကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ရင်းနှီးသောလူများက အုပ်စုဖွဲ့ပြီး တချို့လူများက တစ်ယောက်တည်း ထွက်သွားကြသည်။
“တာအိုရောင်းရင်း၊ ငါတို့ အတူတူသွားကြမလား”
မီးခိုးရောင်ဆံပင်နှင့် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော တာအိုတန်ခိုးရှင်တစ်ယောက်က ဟန်မူယဲ့၏ဘေးသို့ ရောက်လာပြီး တီးတိုးပြောသည်။
ဟန်မူယဲ့က မငြင်းခဲ့ပေ။
“ငါက ဖုန်းယန်နယ်မြေရဲ့ တောက်ဝူပါ။ ငါက နှစ်ပေါင်းကိုးသောင်း ကျင့်ကြံခဲ့ပြီး သူတော်စင်အဆင့်မှာ ပိတ်မိနေတယ်”
တာအိုတန်ခိုးရှင်က တီးတိုးပြောသည်။
“ငါက သေခြင်းရှင်ခြင်းကို ပြောင်းလဲဖို့အတွက် မြေအောက်ကမ္ဘာကို ရောက်လာခဲ့တယ်။ တကယ်လို့ အောင်မြင်သွားရင် ဂိုဏ်းကိုပြန်သွားမယ်”
“တကယ်လို့ ပြန်မသွားနိုင်ဘူးဆိုရင်လည်း ငါ့ရဲ့ နှစ်ကိုးသောင်းကျင့်ကြံခြင်းက လုံလောက်ပါတယ်လေ”
သူက ဟန်မူယဲ့နှင့် သူ့ကိုယ်သူ ပြန်ပြောနေပုံပေါ်သည်။
သူက ဟန်မူယဲ့ကို လှည့်ကြည့်သည်။
“တာအိုရောင်းရင်းကို ဘယ်လိုခေါ်ရမလဲ။ တာအိုရောင်းရင်းကရော သေခြင်းရှင်ခြင်းကို ပြောင်းလဲဖို့ ရောက်လာတာလား”
ဟန်မူယဲ့က ယိုယွင်ခြင်းအငွေ့အသက်ကို ထုတ်လွှတ်မနေပေ။
ထို့ကြောင့် တောက်ဝူက သူနှင့်အတူသွားရန် ဆန္ဒရှိခဲ့သည်။
ဟန်မူယဲ့က ခွန်အားကို အပြည့်အဝ ထုတ်သုံးနိုင်သောကြောင့် အန္တရာယ်များကို ဖြေရှင်းနိုင်လိမ့်မည်။
“ဟန်မူယဲ့ပါ”
“လူတစ်ယောက်ရှာဖို့ ရောက်လာတာ”
ဟန်မူယဲ့က ရပ်တန့်လိုက်ပြီး တောက်ဝူ၏ စိတ်ရှုပ်ထွေးနေသော အကြည့်အောက်တွင် တည်ငြိမ်စွာပြောသည်။
‘အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်ကိုလည်း စိတ်ဝင်စားတယ်”
အမှန်ပင်ဖြစ်သည်။
သူက အင်မော်တယ်ဘုရင်၏ အမွေအနှစ်နှင့် သေခြင်းရှင်ခြင်းစည်းမျဉ်းကို စိတ်ဝင်စားနေသည်။
သို့သော် သူက စွန့်စားမည်မဟုတ်ပေ။
တောက်ဝူက ဆွံ့အနေသည်။
‘အမွေအနှစ်ကို စိတ်ဝင်စားတယ်ဆိုတာက ဘာပြောချင်တာလဲ’
‘လူတစ်ယောက်ကို လာရှာတာလား’
‘သာမန်ကျင့်ကြံသူဆိုရင် ထားလိုက်ပါတော့။ မင်းက အရှိန်အဝါအားကောင်းတဲ့ ကျွမ်းကျင်သူတစ်ဦးလေ။ လူရှာဖို့ပဲ ရောက်လာတာတဲ့လား’
‘အဲဒါကို ဘယ်သူက ယုံမှာလဲ’
ဟန်မူယဲ့၏ အငွေ့အသက်နှင့် ဟန်ချီ၏ လွှမ်းမိုးနိုင်စွမ်းရှိသောပုံစံကြောင့် မဟုတ်ခဲ့လျှင် သူက လှည့်ထွက်သွားမိလိမ့်မည်။
သို့သော် ဟန်မူယဲ့က ကျောက်စိမ်းပြားတစ်ခုကို အမှန်တကယ်ပင် ထုတ်ယူလိုက်သည်။
ကျောက်စိမ်းပြားပေါ်တွင် အလင်းတချို့ရှိနေပြီး ဟန်မူယဲ့ကို လိုဏ်ဂူတစ်ခုဆီသို့ ညွှန်ပြသည်။
ချက်ချင်းဆိုသလိုပင် သူက ကျင့်ကြံသူဆယ်ယောက်နှင့် ပြည့်နေသော လိုဏ်ဂူဆီသို့ ရောက်လာသည်။
ထိုကျင့်ကြံသူများက တင်ပျဉ်ခွေထိုင်နေကြသည်။ တချို့က အမှတ်အသားများကို ကြောင်အစွာ ငေးကြည့်နေကြသည်။ တချို့က မြေပြင်တွင် ပုံဆွဲနေပြီး တချို့က ပျော်ရွှင်နေသော မျက်နှာထားဖြင့် သွေးအငွေ့အသက်ကို ထုတ်လွှတ်နေသည်။
ဟန်မူယဲ့က လိုဏ်ဂူရှေ့တွင် ရပ်တန့်လိုက်သည်။ လူတိုင်းက သူ့ကို လှမ်းကြည့်သည်။
“လူပြည့်နေပြီ”
လူတစ်ယောက်က ပြောသည်။
လိုဏ်ဂူက သိပ်မကြီးပေ။ စစ်သည်များ ပြောခဲ့သည့်အတိုင်း လူဆယ်ယောက်သာ နေနိုင်သည်။
ဟန်မူယဲ့က ဂရုမစိုက်ဘဲ လိုဏ်ဂူထဲသို့ ဝင်လာသည်။
ကျင့်ကြံသူတချို့က မျက်မှောင်ကြုတ်လိုက်ပြီး မတ်တပ်ရပ်သည်။
“မင်းမကြားဘူး ....”
စကားမဆုံးခင် ဟန်ချီက ထိုလူကို အပြင်ဘက်သို့ ပစ်ထုတ်လိုက်သည်။
ထိုမြင်ကွင်းကြောင့် လိုဏ်ဂူထဲတွင်ရှိနေသော လူတိုင်းက မျက်နှာထားပြောင်းလဲသွားသည်။
“တာအိုရောင်းရင်း၊ ဒီလိုဏ်ဂူတွေမှာရှိတဲ့ အခွင့်အရေးက အတူတူပါပဲ။ တိုက်ခိုက်နေဖို့ မလိုဘူးမဟုတ်လား”
အနက်ရောင်မုတ်ဆိတ်နှင့် လူအိုကြီးတစ်ယောက်က မျက်မှောင်ကြုတ်သည်။
ဟန်ချီက စိုက်ကြည့်လိုက်သောကြောင့် လူအိုကြီးက တစ်ကိုယ်လုံး တုန်ခါနေပြီး နောက်ဆုတ်သွားသည်။