← Chapters

အခန်း (၁၀၁၃)

Vol. 73 Ch. 1013

အခန်း (၁၀၁၃)

Vol. 73 Ch. 1013

သို့သော် ခေါင်းဆောင်တောက်ရင်၏ ဘေးတွင်ရှိနေသော ကျင့်ကြံသူများက ကံမကောင်းကြပေ။

ရာချီနေသော ကျင့်ကြံသူများအားလုံးက ပျော့ခွေသွားပြီး မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နှင့် နားရွက်မှ သွေးများစီးကျလာကြသည်။ သူတို့အားလုံးက အသက်ရှူရပ်သွားသည်။

ဝိညာဉ်တိုက်ခိုက်မှုတစ်ခုသည် ရာချီနေသော ကျင့်ကြံသူများကို သတ်ဖြတ်လိုက်သည်။

ထိုဝိညာဉ်စွမ်းအားသည် ခေါင်းခုနစ်လုံး နဂါးရုပ်တုသားရဲထက် အဆပေါင်းများစွာ သန်မာနေသည်။

အကယ်၍ ယခုအချိန်တွင် ပထမအကြီးအကဲက နဂါးရုပ်တုသားရဲနှင့် ရင်ဆိုင်ရလျှင် သေချာပေါက် ဖိနှိပ်နိုင်လိမ့်မည်။

ထိုအရာသည် ဝိညာဉ်စွမ်းအား၏ ကြောက်မက်ဖွယ်ကောင်းပုံ ဖြစ်သည်။ ဝိညာဉ်စွမ်းအားက တိုက်ရိုက်ကျပြီး မရှောင်လွှဲနိုင်ပေ။

ပထမအကြီးအကဲ၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် လူတိုင်းက ကြောင်အသွားကြသည်။

“ခယ်ရှို့အန်၊ ဝိညာဉ်ဖိနှိပ်ခြင်းအလံကို သန့်စင်ဖို့ ကူညီပေးရင် ငါတို့ကိုမသတ်ဖူးလို့ ပြောခဲ့တယ်မဟုတ်လား”

ရှေ့တွင် လှေသမားအကြီးအကဲတစ်ယောက်က တီးတိုးပြောသည်။

သူ့စကားအဆုံးတွင် ပထမအကြီးအကဲက စိတ်မရှည်စွာ လက်ကို ဝှေ့ယမ်းလိုက်သည်။

ရွှေအလင်းသည် စကားပြောလိုက်သော အကြီးအကဲပေါ်သို့ ကျရောက်သွားသည်။ အလင်းရောင် ပျောက်ကွယ်သွားသောအခါ လူအိုကြီး၏ခန္ဓာကိုယ်က အရိုးစုဖြစ်သွားပြီး ရွှေရောင်ဝိညာဉ်သာ ကျန်ခဲ့သည်။

လေဟာနယ်က တုန်ခါနေပြီး မရေမတွက်နိုင်သော ဝိညာဉ်များက ထိတ်လန့်သွားကြသည်။

ပထမအကြီးအကဲက အလွန်သန်မာပြီး သူ့ကို မည်သူမှ မတားဆီးနိုင်ကြပေ။

သူက ခေါင်းဆောင်တောက်ရင်၏ ပတ်ဝန်းကျင်တွင်ရှိသော ရွှေရောင်အလင်းလွှာကို ကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။

“ဝိညာဉ်ဖိနှိပ်ခြင်းအလံရဲ့ ဝိညာဉ်အင်းကွက် နှစ်ခုသုံးခုလောက်ကိုပဲ နားလည်ပြီး ဝိညာဉ်ဖိနှိပ်ခြင်းနည်းစနစ်ကို တတ်မြောက်သွားတဲ့လူ ရှိနေတာလား”

“မင်းက ဘယ်သူလဲ ကြည့်ပါရစေ”

သူက လက်မြှောက်ပြီး ဝှေ့ယမ်းလိုက်သည်။ သူ့ရှေ့တွင် တင်ပျဉ်ခွေထိုင်နေသော လှေသမားများထဲမှ ဆယ်ယောက်က မတ်တပ်ရပ်လာသည်။

သူတို့၏မျက်လုံးများက တောင့်တင်းနေသော်လည်း သူတို့၏ ခန္ဓာကိုယ်က ရွှေအလင်းဖြင့် တောက်ပနေသည်။ သူတို့က လက်နက်များကို ကိုင်ဆောင်ထားပြီး သွေးချီကို ထုတ်လွှတ်လျက် ပျံသန်းလာသည်။

“ဘန်း”

လှံတစ်လက်က အလင်းလွှာကို အရင်ဆုံး ရိုက်နှက်လိုက်ပြီး တုန်ခါသွားစေသည်။

ထို့နောက် လက်နက်အမျိုးမျိုးက မိုးရွာနေသကဲ့သို့ ကျဆင်းလာသည်။

အလင်းလွှာက သန်မာသော်လည်း ဆက်တိုက် တိုက်ခိုက်မှုကို မခုခံနိုင်ပေ။

တင်ပျဉ်ခွေထိုင်နေသော ခေါင်းဆောင်တောက်ရင်က မျှော်လင့်ချက်မဲ့သွားသည်။

“ဝီ”

လက်နက်များအားလုံးက ဆက်လက်ကျဆင်းလာတော့မည့်အချိန်တွင် တုန်ခါသံတစ်ခု ပေါ်ထွက်လာသည်။

တိုက်ခိုက်‌နေသော လှေသမားအကြီးအကဲများ၏ ခန္ဓာကိုယ်က တုန်ခါနေပြီး ရပ်တန့်သွားသည်။

သူတို့၏ မှုန်မှိုင်းနေသော မျက်လုံးထဲတွင် အသိစိတ်တချို့ ပြန်ရောက်လာသည်။

ဗလာဖြစ်နေသော မျက်လုံးများက အသက်စွမ်းအားကို ဖော်ပြနေပြီး ဖြည်းဖြည်းချင်း စတင်လှုပ်ရှားလိုက်သည်။

သူတို့သာမက ဝင်္ကပါထဲတွင်ရှိနေသော ကျင့်ကြံသူများ၊ ရှေ့တွင်ထိုင်နေသော လှေသမားအကြီးအကဲများကလည်း ဖိနှိပ်ခြင်းစွမ်းအား‌ လျော့ကျသွားသည်ကို ခံစားလိုက်ရသည်။

ပထမအကြီးအကဲ၏အောက်တွင်ရှိသော အလံက လေမတိုက်သော်လည်း တဖျပ်ဖျပ်လှုပ်ခါနေသည်။

အလံ၏ မရေမတွက်နိုင်သော အင်းကွက်များက တောက်ပလာပြီး ပထမအကြီးအကဲအား ထောက်ပံ့ပေးနေသော စွမ်းအားကို ရုတ်သိမ်းလိုက်သည်။

ဝိညာဉ်ဖိနှိပ်ခြင်းအလံ၏ စွမ်းအားက ဆွဲယူခံလိုက်ရသည်။

“ဝိညာဉ်ဖိနှိပ်ခြင်းအလံရဲ့ ပထမအကြီးအကဲကို စိန်ခေါ်ရဲတယ်လား”

ပထမအကြီးအကဲက ရုတ်တရက် ထရပ်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထို့နောက် သူက လက်မြှောက်ပြီး ရွှေရောင်လက်ဝါးချက်ဖြင့် ခေါင်းဆောင်တောက်ရင်ကို ရိုက်ချသည်။

သို့သော် ရွှေရောင်လက်ဝါးချက် ကျဆင်းလာသောအခါ ဝိညာဉ်ဖိနှိပ်ခြင်းအလံက ရွှေအလင်းကို ထုတ်လွှတ်ပြီး ဖယ်ရှားလိုက်သည်။

ထိုမြင်ကွင့်ကြောင့် ပထမအကြီးအကဲက မျက်လုံးပြူးသွားသည်။

“ဒါ .... ဝိညာဉ်ဖိနှိပ်ခြင်းအလံကို ဘယ်လိုလုပ်ပြီး ထိန်းချုပ်နိုင်တာလဲ ....”

သူက ဝိညာဉ်ဖိနှိပ်ခြင်းအလံကို လှည့်ကြည့်ပြီး အော်ဟစ်လိုက်သည်။

“မင်းက ရူးနေတာလား”

“မင်းက အင်မော်တယ်ဘုရင် နိုးထမလာအောင် သူ့ဝိညာဉ်ကို ဖိနှိပ်ထားရမှာလေ”

“မင်းက မလွတ်မြောက်ချင်တော့ဘူးလား”

ဝိညာဉ်ဖိနှိပ်ခြင်းအလံက လှုပ်ရှားလာသည်။ ရွှေအလင်းစီးကြောင်းက ပထမအကြီးအကဲကို တိုက်ရိုက်ဖျက်ဆီးပစ်ချင်ပုံရသည်။

ဝိညာဉ်စွမ်းအားနှစ်ခုက တိုက်ခိုက်နေပြီး လေဟာနယ်ကို ပျက်စီးသွားစေသည်။

ဝိညာဉ်များ၏အသံကို ကြားရသည်။

ဝိညာဉ်နှစ်ခု၏ တိုက်ပွဲတွင် ကျင့်ကြံသူများအားလုံး၏ ဝိညာဉ်လည်း ရောပါနေပြီး ပျက်စီးသွားတော့မည်ဟု ထင်ရသည်။

အသက်ရှူကြိမ်ဆယ်ခါအတွင်း၌ သူတို့၏ဝိညာဉ်က ဗလာဖြစ်သွားလိမ့်မည်။

မည်သူမှ မလွတ်မြောက်နိုင်ပေ။

ဝိညာဉ်နှစ်ခုက ရေစီးကြောင်းကဲ့သို့ တိုက်ခိုက်နေသည်။ ချုပ်နှောင်ခံထားရသော ဝိညာဉ်များက ပိုမိုအားနည်းလာကြသည်။

“မဟုတ်ဘူး”

မရေမတွက်နိုင်သော လူများက မျှော်လင့်ချက်ကင်းမဲ့နေကြသည်။

“မင်းတို့ အသက်ရှင်ချင်လား”

ထိုအချိန်တွင် ဟန်မူယဲ့၏ အသံက ကျင့်ကြံသူများအားလုံး၏ စိတ်နယ်ပယ်ထဲတွင် ပေါ်ထွက်လာသည်။

လိုဏ်ဂူထဲတွင်ရှိနေသော လူများ၊ ဝင်္ကပါဖြင့် ဝိညာဉ်ဖိနှိပ်ခြင်းအလံကို သန့်စင်ပေးနေသောလူများ အားလုံးက သူ့အသံကို ကြားလိုက်ရသည်။

‘အသက်ရှင်ချင်လား’

သူတို့က အသက်ရှင်ချင်ကြသည်။

“ဝိညာဉ်ဖိနှိပ်ခြင်းအလံက မင်းတို့ရဲ့ဝိညာဉ်စွမ်းအားကို စုပ်ယူထားတဲ့အတွက် မင်းတို့ရဲ့ ဝိညာဉ်အမှတ်အသားနဲ့ စွန်းထင်းနေတယ်။ ငါက အဲဒီအလံကို ထိန်းချုပ်ဖို့ နည်းလမ်းပြောပြမယ်။ ဝိညာဉ်ဖိနှိပ်ခြင်းအလံရဲ့ ပိုင်ရှင်ဖြစ်လာမယ့်လူကတော့ ကံကောင်းခြင်းအပေါ်မှာပဲ မူတည်တယ်”

ဝိညာဉ်ဖိနှိပ်ခြင်းအလံကို ထိန်းချုပ်နိုင်မည့်နည်းလမ်း ....

လူတိုင်းက မျက်လုံးပြူးသွားသည်။

သူတို့၏စိတ်ထဲတွင် ရွှေရောင်စာလုံးများ ပေါ်လာသည်။

ဝိညာဉ်ဖိနှိပ်ခြင်းအလံကို ထိန်းချုပ်နိုင်မည့် အစစ်အမှန်နည်းလမ်း ဖြစ်သည်။

လိုဏ်ဂူ၏အပြင်ဘက်တွင် ရှိနေသော လီမူပိုင်ကလည်း ဟန်မူယဲ့၏ သတိပေးချက်ကို ရလိုက်သည်။

သူက စဉ်းစားကြည့်နေပြီး တင်ပျဉ်ခွေထိုင်ချလိုက်သည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် သေဆုံးခြင်းအငွေ့အသက် ရှိနေသည်။

‘ဘုန်း”

မရေမတွက်နိုင်သော ဝိညာဉ်များက လှုပ်ရှားနေကြသည်။ ပထမအကြီးအကဲနှင့် တိုက်ခိုက်နေသော ဝိညာဉ်ဖိနှိပ်ခြင်းအလံက ရူးသွပ်စွာ လူးလွန့်နေသည်။

မရေမတွက်နိုင်သော ဝိညာဉ်များက ပိုင်ရှင်ဖြစ်လာရန် ကြိုးစားနေကြသည်။

ပထမအကြီးအကဲက လူးလွန့်နေသေ ဝိညာဉ်ဖိနှိပ်ခြင်းအလံကို ကြည့်လိုက်ပြီး တုံ့ဆိုင်းနေသည်။ ထို့နောက် ပတ်ဝန်းကျင်ကို ကြည့်သည်။

ပတ်ဝန်းကျင်တွင်ရှိသော လှုပ်ရှားနေသည့်ဝိညာဉ်များက သူ့ကို ခြောက်လှန့်နိုင်သည်။

လူတိုင်းက သူ့ကို ဝါးမြိုချင်ပုံပေါ်သည်။

“ဝူး ....”

ဝိညာဉ်ဖိနှိပ်ခြင်းအလံက ကျယ်လောင်စွာ အသံပေးသည်။

မရေမတွက်နိုင်သော ဝိညာဉ်များက ပိုင်ဆိုင်ခွင့်အတွက် ယှဉ်ပြိုင်နေကြသောကြောင့် လွှမ်းမိုးနိုင်သော အတွေးတစ်ခု မရှိသေးပေ။

သို့သော် ယခုအချိန်တွင် လူတိုင်းက ဝိညာဉ်ဖိနှိပ်ခြင်းအလံကို အသုံးပြုပြီး ညီညွတ်စွာ ပထမအကြီးအကဲကို ဖိနှိပ်ချင်နေသည်။

ဝိညာဉ်ဖိနှိပ်ခြင်းအလံက ရွှေရောင်ပိုက်ကွန်ကို ထုတ်လွှတ်ပြီး ပထမအကြီးအကဲကို လွှမ်းခြုံလိုက်သည်။

ထိုပိုက်ကွန်ထဲသို့ ရောက်သွားလျှင် သူက သေဆုံးရလိမ့်မည်။

ပထမအကြီးအကဲက အံကြိတ်ထားပြီး ဟိန်းဟောက်လိုက်သည်။ ရွှေရောင်ဝိညာဉ်စွမ်းအင်က ပိုက်ကွန်နှင့် ထိတွေ့သွားသည်။

“ဘန်း”

ဝိညာဉ်စွမ်းအင်က ပြိုကွဲသွားပြီး ပိုက်ကွန်က ပြဲသွားသည်။

သို့သော် ချက်ချင်းဆိုသလိုပင် ပိုက်ကွန်က ပြန်လည်စုစည်းလိုက်ပြီး ပထမအကြီးအကဲ၏ ဦးခေါင်းကို လွှမ်းခြုံသည်။

ပထမအကြီးအကဲက ကြမ်းတမ်းသောမျက်နှာထားဖြင့် ခန္ဓာကိုယ်ကို ဖောက်ခွဲပစ်လိုက်သည်။

သူက ပြန်ပေါ်လာသောအခါတွင် အေးစက်ပြီး တင်းမာသောမျက်နှာထားနှင့် အနက်ရောင်ဝတ်စုံဝတ်ထားသော ခါးကုန်းနေသည့် လူအိုကြီးတစ်ယောက် ဖြစ်သွားသည်။

“မင်း စောင့်နေလိုက်”

သူက ဟိန်းဟောက်လိုက်ပြီး ပျောက်ကွယ်သွားသည်။

ပထမအကြီးအကဲ ထွက်ပြေးသွားသောအခါ ဝိညာဉ်ဖိနှိပ်ခြင်းအလံက ဆက်လက်လူးလွန့်နေသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများက ဝိညာဉ်ဖိနှိပ်ခြင်းအလံကို ထိန်းချုပ်နိုင်ရန်အတွက် အပြင်းအထန် တိုက်ခိုက်နေကြသည်။

ဟန်မူယဲ့က ထိုပြိုင်ပွဲတွင် ဝင်မပါခဲ့ပေ။

သူ၏ ဝိညာဉ်က ဝိညာဉ်ဖိနှိပ်ခြင်းအလံကို ဖြတ်ကျော်ပြီး ပုံရိပ်ယောင်ဆန်သော ခရမ်းရောင်နယ်မြေထဲသို့ ရောက်သွားသည်။

ထိုနေရာတွင် ပေသောင်းချီကျယ်ဝန်းသော ကုန်းမြေတစ်ခု လွင့်မျောနေသည်။

“ဒါက အင်မော်တယ်ဘုရင်ရဲ့ အစစ်အမှန်ပုံစံလား”

အင်မော်တယ်ဘုရင်တစ်ပါး ကျဆုံးသွားသောအခါတွင် ကိုယ်ပိုင်ကမ္ဘာငယ်နှင့် ပေါင်းစပ်ပြီး ကမ္ဘာသစ်တစ်ခုကို ဖန်တီးပေးလိမ့်မည်။

ဟန်မူယဲ့က ကပ်ဘေးကို မြင်ခဲ့သည်။ ထိုကပ်ဘေးက လောက၏ အသန်မာဆုံးလူကို သတ်ဖြတ်ပြီး လောကသစ်တစ်ခုကို ပြန်လည်မွေးဖွားပေးသည်။

ထိုအရာသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို သုံးစွဲခဲ့သောကြောင့် တန်ပြန်ဒဏ် ခံစားရခြင်း ဖြစ်သည်။

ထိုအခြေအနေကို မဖြေရှင်းနိုင်ပေ။

မဟုတ်သေးပေ။

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

အကယ်၍ သူက အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူများနှင့် အဆင့်မြင့်ကျင့်ကြံသူများ၏ အရေအတွက်ကို ထိန်းချုပ်ထားနိုင်လျှင် ကပ်ဘေး ဖြစ်လာတော့မည်မဟုတ်ပေ။

သူက နတ်ဘုရားကမ္ဘာကို တွေးမိသွားသည်။

နတ်ဘုရားများက တခြားလောကများကို ထိန်းချုပ်နေကြသည်။

သူတို့က နတ်ဘုရားကမ္ဘာ၊ အင်မော်တယ်ကမ္ဘာနှင့် လူသားကမ္ဘာတွင် ကျင့်ကြံသူများ၏ အရေအတွက်ကို ထိန်းချုပ်နေသည်။

သို့သော် နောက်ကွယ်တွင် ပုန်ကန်သူများ ရှိနေကြသည်။

ကပ်ဘေးသည် ထာဝရရှင်သန်သော ကျင့်ကြံသူကြီးများ အစွမ်းကုန်သုံး၍ ရင်ဆိုင်ရသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။

သူတို့က လောကကြီးကို ပြောင်းလဲပစ်ရန်အတွက် ကပ်ဘေးကို ဖြစ်ပေါ်စေချင်လိမ့်မည်။

‘သူတို့က ဘယ်သူတွေလဲ’

ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

“ဘုန်း”

ရွှေရောင်လှံတစ်ချောင်း ပေါ်ထွက်လာသည်။

ထိုလှံက နတ်ဘုရားအလင်းကို ထုတ်လွှတ်နေပြီး ပေတစ်‌သောင်းရှည်လျားသည်။

လှံရှည်က လျင်မြန်စွာ ပြောင်းလဲနေပြီး ဆယ်ပေအထိ ရောက်သွားသည်။ လှံရှည်၏ အသွားနှစ်ဖက်နှင့် ထိပ်ဖျားက တောက်ပနေသည်။

ဟွမ်ခြောက်က ထိုလှံကို ကိုင်ထားသည်။

“ဟူး၊ ငါက သူ့ကို အမွေအနှစ် ပေးချင်ခဲ့တယ်။ ဒါပေမဲ့ အဆုံးမှာတော့ သူက ကောင်းကင်သတ်ဖြတ် အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်ကို ရွေးသွားတယ်”

“သူက ကောင်းကင်သတ်ဖြတ် အင်မော်တယ်ဘုရင်ရဲ့ ထိန်းချုပ်မှုကို ခံရနိုင်တယ်။ ဒါမှမဟုတ် သူက ကောင်းကင်သတ်ဖြတ် အင်မော်တယ်ဘုရင်ရဲ့ ကိုယ်ပွား ဖြစ်လာလိမ့်မယ်။ သူက ကိုယ်တိုင်ဖြစ်နေပါအုံးမလား မသေချာဘူး”

ဟန်မူယဲ့က အသံတစ်သံကို ကြားလိုက်ရသည်။

သူက ရင်ဘတ်အထိကျနေသော အဖြူရောင်မုတ်ဆိတ်များနှင့် အဖြူရောင်ဝတ်စုံဝတ်ထားသော လူအိုကြီးတစ်ယောက်ကို မြင်ရသည်။

နတ်ဘုရားဘုရင်မင်ဟယ် ဖြစ်သည်။

မြေအောက်မြစ်တွင် နတ်ဘုရားဘုရင်မင်ဟယ်က ဟန်မူယဲ့ကို ကပ်ဘေးမှလွတ်မြောက်ရန် ကူညီပေးခဲ့သည်။

“အင်မော်တယ်ဘုရင်၊ အစ်ကိုခြောက်က လှံရှည်ရဲ့အမွေအနှစ်ကို ကိုယ်တိုင်ရွေးခဲ့တာလား။ ဒါမှမဟုတ် အင်မော်တယ်ဘုရင်က တွန်းအားပေးလို့ ရွေးလိုက်ရတာလား”

All Chapters