အခန်း (၁၀၁၇)
Vol. 73 Ch. 1017
“ဘုန်း”
အစိမ်းရောင်မြစ်သည် စုတ်တံနှင့်စာအုပ်ကို ထိတွေ့သွားပြီး အန္တရာယ်မဖြစ်စေပဲ အားကောင်းသော အသက်စွမ်းအားဖြင့် အားဖြည့်ပေးခဲ့သည်။
တော်ဝင်မြို့တွင် ဆံပင်ဖြူနေသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများက အသက်စွမ်းအားကို ထုတ်လွှတ်နေကြသည်။
သေဆုံးခြင်းမှ ပြန်လည်ရှင်သန်မည်။
ရှင်သန်ခြင်းသို့ ပြောင်းလဲမည်။
ထိုအရာသည် သေခြင်းရှင်ခြင်း၏ အစစ်အမှန်စွမ်းအားဖြစ်ပြီး ထိုအခွင့်အရေးအတွက် သူတို့က မြေအောက်မြစ်သို့ ရောက်လာကြသည်။
ကမ္ဘာဖျက်ကပ်ဘေး ဖြစ်ပေါ်မလာပဲ သေခြင်းရှင်ခြင်းကို ပြောင်းလဲပေးနိုင်သည့် ရှားပါးသော အခွင့်အရေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ကောင်းကင်ထက်တွင် အံ့အားသင့်နေသောအသံ ပေါ်ထွက်လာသည်။
ကောင်းကင်သတ်ဖြတ်သူ၏ မျက်လုံးများက တောက်ပသွားကြသည်။
ဟန်မူယဲ့က လက်မြှောက်ပြီး ဆုပ်ကိုင်လျက် ညင်သာစွာပြောသည်။
“အကြီးအကဲမင်ဟယ်၊ အခုထိ နားမလည်သေးဘူးလား”
အစိမ်းရောင်တုတ်တစ်ချောင်းသည် သူ့လက်ထဲတွင် ပေါ်လာသည်။
ထိုတုတ်က သူကိုင်ဆောင်ခဲ့သော မြက်ရိတ်တံနှင့် ဆင်တူသည်။
သို့သော် ဤတုတ်ထဲတွင်ရှိနေသော စွမ်းအားက အဆပေါင်းထောင်ချီ၍ သာလွန်သည်။
ဟန်မူယဲ့၏ရှေ့တွင် ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် အင်မော်တယ်ဘုရင်မင်ဟယ်က ခေါင်းညိတ်သည်။ သူက သက်ပြင်းချလိုက်ပြီး ပျောက်ကွယ်သွားသည်။
သူက မြေအောက်မြစ်ထဲသို့ ဝင်ရောက်ပြီး ဆက်လက်မတည်ရှိတော့ပေ။
ယခင်ကပ်ဘေးကတည်းက တည်ရှိခဲ့သော အင်မော်တယ်ဘုရင်တစ်ပါးသည် ပျောက်ကွယ်သွားခဲ့သည်။
နောက်ဆုံးအချိန်တွင် အမှန်တကယ်နားလည်သွားသလား မသိနိုင်ပေ။
အင်မော်တယ်ဘုရင်မင်ဟယ် သေဆုံးသွားသောအခါ ဟန်မူယဲ့၏ဘေးတွင် ရပ်နေသော ဟွမ်ခြောက်က တစ်ကိုယ်လုံး တုန်ခါလာသည်။ ခေါင်းသုံးလုံး လက်ရှစ်ဖက် မိစ္ဆာပုံရိပ်က သူ့နောက်တွင် ပြန်ပေါ်လာသည်။
ထိုရုပ်တု ပြန်ပေါ်လာသောအခါ ရွှေအလင်းသည် ဖျတ်ခနဲ လှုပ်ရှားလိုက်သည်။ ကိုးခုမြောက်လက်၊ ဆယ်ခုမြောက်လက်၊ ဆယ့်ခြောက်ခုမြောက်လက်အထိ ဆက်တိုက်ပေါ်လာသည်။
ခေါင်းသုံးလုံးကလည်း ခေါင်းခြောက်လုံး ဖြစ်သွားသည်။
ဟွမ်ခြောက်က ကောင်းကင်သတ်ဖြတ်လှံကို ကိုင်ဆောင်လျက် ခေါင်းခြောက်လုံး လက်ဆယ့်ခြောက်ဖက် မိစ္ဆာပုံရိပ်ဖြင့် အစိမ်းရောင်မြစ်ထဲမှ ထွက်လာသည်။ ရွှေအလင်းသည် သူ့ခန္ဓာကိုယ်တွင် တောက်ပနေသည်။
ခေါင်းဆောင်တောက်ရင်နှင့် တခြားလူများ သန့်စင်လိုက်သော ဝိညာဉ်ဖိနှိပ်ခြင်းအလံမှလွဲ၍ အင်မော်တယ်ဘုရင်မင်ဟယ် ချန်ထားခဲ့သော အခွင့်အရေးများအားလုံးကို ဟွမ်ခြောက်က ရရှိသွားသည်။
အင်မော်တယ်ဘုရင်၏ ဝိညာဉ်သည် မိစ္ဆာပုံရိပ်၏ စွမ်းအားကို အသက်သွင်းပေးခဲ့သည်။
အင်မော်တယ်ဘုရင်၏ အစစ်အမှန်ခန္ဓာကိုယ်ကလည်း ချပ်ဝတ်အဖြစ် အသွင်ပြောင်းသွားသည်။
ကောင်းကင်သတ်ဖြတ်သူ၏ လှံရှည်ကိုပင် ဟွမ်ခြောက်က သန့်စင်ခဲ့သည်။
ဟန်မူယဲ့က ဟွမ်ခြောက်၏ ကံကောင်းခြင်းကို အနည်းငယ် အားကျသွားသည်။
သို့သော် သူကလည်း အကျိုးအမြတ်ရခဲ့သည်။
ယခင်ကပ်ဘေး၏ အသန်မာဆုံးသက်ရှိ ကောင်းကင်သစ်ပင် ချန်ထားခဲ့သော စည်းမျဉ်းစွမ်းအား ....
အင်မော်တယ်ဘုရင်မင်ဟယ်၏ သေခြင်းရှင်ခြင်းစည်းမျဉ်း ....
ထိုစွမ်းအားများကို အင်မော်တယ်ဘုရင်များကပင် အပြည့်အဝနားလည်နိုင်အောင် ရှာဖွေနေကြသည်။
ထို့အပြင် သူက အင်မော်တယ်ဘုရင်များ၏စွမ်းအားကို စည်းမျဉ်းအဖြစ် အသွင်ပြောင်းနိုင်သော ကပ်ဘေးစွမ်းအားကိုလည်း သယ်ဆောင်ထားသည်။
ကပ်ဘေးစွမ်းအားကြောင့် သူက ပိုမိုများပြားသော စည်းမျဉ်းများကို ထိန်းချုပ်ပြီး ပေါင်းစပ်နိုင်သည်။
“သူတို့က ငါ့ကို နတ်ဘုရားကမ္ဘာဆီ ဖိတ်ခေါ်နေကြတယ်။ ငါသွားလိုက်ရမလား”
ဟွမ်ခြောက်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး မေးသည်။
‘နတ်ဘုရားကမ္ဘာကိုလား’
‘ဖိတ်ခေါ်နေတာလား’
ထိုဖိတ်ခေါ်ချက်က ရိုးရှင်းမည်မဟုတ်ပေ။
ကပ်ဘေး၏စတင်မှုအား တားဆီးနိုင်သော တည်ရှိမှုကို လူသားကမ္ဘာတွင် နေခွင့်ပြုမည်မဟုတ်ပေ။
ကံကောင်းစွာဖြင့် အပြင်လူများက မြေအောက်မြစ်ကို မစစ်ဆေးနိုင်ကြပေ။ ကပ်ဘေးကို တားဆီးပြီး အင်မော်တယ်ဘုရင်မင်ဟယ်အား သေဆုံးသွားစေသောလူကို သူတို့က မသိကြပေ။
ယခုအချိန်တွင် ဟွမ်ခြောက်က အခွင့်အရေးများအားလုံးကို ရရှိထားပုံပေါ်သည်။ ထို့ကြောင့် နတ်ဘုရားကမ္ဘာက သူ့ကို ဖိတ်ခေါ်ခဲ့သည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။ သူ့အသံက ဟွမ်ခြောက်၏ စိတ်နယ်ပယ်ထဲတွင် ပေါ်ထွက်လာသည်။
“သွားလိုက်ပါအစ်ကိုခြောက်။ အခုအချိန်မှာ အစ်ကိုခြောက်က ကိုယ်ပိုင်စွမ်းအားကို မထိန်းချုပ်နိုင်သေးဘူး။ နတ်ဘုရားကမ္ဘာမှာ ကျင့်ကြံဆင့်တည်ငြိမ်အောင် လုပ်လိုက်ပါ”
“ကျွန်တော်တို့ နတ်ဘုရားကမ္ဘာမှာ ပြန်တွေ့ကြမယ်”
ယနေ့လုပ်ဆောင်ချက်ကြောင့် ဟွမ်ခြောက်က နတ်ဘုရားကမ္ဘာတွင် အရင်းအမြစ်များကို သုံးစွဲနိုင်လိမ့်မည်။
ထိုအရင်းအမြစ်များဖြင့် ဟွမ်ခြောက်က အင်မော်တယ်ဘုရင်မင်ဟယ်၏ အစစ်အမှန်ခန္ဓာကိုယ်ကို သန့်စင်နိုင်သည်။
ထိုခန္ဓာကိုယ်ကို သန့်စင်ပြီး အင်မော်တယ်ဘုရင်အဆင့်သို့ မရောက်လျှင်ပင် သိပ်ဝေးတော့မည်မဟုတ်ပေ။
မြေအောက်မြစ်ခရီးစဉ်မှ အကျိုးအမြတ်အများဆုံး ရခဲ့သောလူသည် ဟွမ်ခြောက် ဖြစ်နေသည်။
ဟွမ်ခြောက်က အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်သည်။
“ကောင်းပြီ။ ငါ ကောင်းကင်နင်းခြေမိစ္ဆာဘုရင်က နတ်ဘုရားလောကမှာ ကမ္ဘာတစ်ခုကို ဖန်တီးမယ်”
“ငါက နတ်ဘုရားကမ္ဘာကို စွန့်စားခန်းထွက်သွားတယ်လို့ ချန်းဖျင်နဲ့ ကျစ်ဟူကို ပြောလိုက်ပါ”
သူက လက်မြှောက်ပြီး လော့ရန်နှင့် ကျင့်ကြံသူတစ်ထောင်ခန့်ကို လှမ်းခေါ်သည်။ ထို့နောက် ကောင်းကင်တွင်ပေါ်လာသော နတ်ဘုရားအလင်းမှတစ်ဆင့် ထွက်သွားကြသည်။
ထိုအရာသည် တာအိုရရှိပြီး ကောင်းကင်သို့ တက်လှမ်းသွားသော လူတစ်ယောက်နှင့် တူသည်။
လော့ရန်နှင့် တခြားလူများက ဟွမ်ခြောက်၏နောက်သို့လိုက်ပြီး နတ်ဘုရားလောကတွင် အခွင့်အရေးများ ရလိမ့်မည်။
အင်မော်တယ်ဘုရင်၏ အစစ်အမှန်ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော ဟွမ်ခြောက် ရှိနေသောကြောင့် သူတို့က ခံစားရမည်မဟုတ်ပေ။
နတ်ဘုရားအလင်း ပျောက်ကွယ်သွားသောအခါ ဟန်မူယဲ့၏ မျက်နှာထားက မည်းမှောင်သွားသည်။
ဟွမ်ခြောက်က သူ့အစား နတ်ဘုရားလောကသို့ ရောက်သွားခဲ့သည်။
နတ်ဘုရားလောကသည် နေရာကောင်းတစ်ခုဖြစ်သော်လည်း တခြားလူများ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။
အင်မော်တယ်ဘုရင်မင်ဟယ်ကို သတ်ဖြတ်ပြီး ကပ်ဘေးကို တားဆီးခဲ့သောလူက မည်သူပင် ဖြစ်ပါစေ အကျိုးဆောင်မှုကို ထည့်တွက်မည်မဟုတ်ပေ။
နတ်ဘုရားလောကသို့ ရောက်သွားသောလူက အနီးကပ်စောင့်ကြည့်ခံရလိမ့်မည်။
ဟွမ်ခြောက်က ဟန်မူယဲ့ လျှို့ဝှက်စွာ တိုးတက်လာနိုင်ရန်အတွက် နတ်ဘုရားလောကသို့ ကိုယ်စားလိုက်သွားခဲ့သည်။
တိမ်မြုံကမ်းပါးတိုက်ပွဲကဲ့သို့ ဖြစ်သည်။ ဟွမ်ခြောက်က တုံ့ဆိုင်းခြင်းမရှိပဲ မိစ္ဆာနယ်မြေသို့ ဝင်ရောက်သွားသည်။
အကယ်၍ ဟွမ်ခြောက်က အကျိုးဆောင်မှုများအားလုံးကို မယူခဲ့လျှင် သူတို့နှစ်ယောက်လုံးက နတ်ဘုရားလောကသို့ သွားရလိမ့်မည်။
နတ်ဘုရားလောကသည် အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်လာနိုင်သော ဟွမ်ခြောက်ကို လူသားလောကတွင် နေခွင့်ပြုမည်မဟုတ်ပေ။
ကံကောင်းစွာဖြင့် ဟွမ်ခြောက်က အင်မော်တယ်ဘုရင်၏ အစစ်အမှန်ခန္ဓာကိုယ်၊ ကောင်းကင်သတ်ဖြတ်ခြင်းလှံ၊ လက်ဆယ့်ခြောက်ဖက် မိစ္ဆာပုံရိပ်နှင့် သေခြင်းရှင်ခြင်းစည်းမျဉ်းကို ရရှိထားသည်။
သူက နတ်ဘုရားလောကတွင် တိုးတက်လာလိမ့်မည်။
သို့သော် သက်တောင့်သက်သာ ရှိမည်မဟုတ်ပေ။
ဟန်မူယဲ့၏မျက်လုံးများက တောက်ပသွားသည်။ သူက ကိစ္စရပ်များကို လျင်မြန်စွာဖြေရှင်းပြီး နတ်ဘုရားကမ္ဘာသို့ သွားရမည်။
အစစ်အမှန်ကျွမ်းကျင်သူများသည် နတ်ဘုရားကမ္ဘာတွင် ရှိနေကြသည်။
ဟန်မူယဲ့က အောက်တွင်ရှိသော တော်ဝင်မြို့ကို လှမ်းကြည့်သည်။
စုတ်တံနှင့် စာအုပ်က တုန်ခါနေပြီး အဖြူရောင်ရွက်တိုင်နှင့် လှေတစ်စင်းအဖြစ် ပြောင်းလဲသွားသည်။
အဖြူရောင်နှင့်အနက်ရောင်ကို ဝတ်ဆင်ထားသော လူနှစ်ယောက်က သင်္ဘောဦးထိပ်တွင် ရှိနေသည်။ ခေါင်းဆောင်တောက်ရင်က လှေဝမ်းထဲတွင် ထိုင်နေသည်။
လှေသည် သေခြင်းရှင်ခြင်းစွမ်းအားနှင့် အလွန်နီးစပ်သော ကြောက်မက်ဖွယ်အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
ထိုလှေသည် သေခြင်းရှင်ခြင်းကို ပြောင်းလဲပေးနိုင်သည်။
ယခုအချိန်မှစ၍ မြေအောက်မြစ်တွင် ထိုလှေတစ်စင်းသာ ရှိတော့မည်။ အခွင့်အရေးကို အမှန်တကယ် လိုအပ်သူများကသာ လှေပေါ်သို့ တက်ရောက်ပြီး သေခြင်းရှင်ခြင်းအတားအဆီးကို ကျော်ဖြတ်နိုင်လိမ့်မည်။
လီမူပိုင်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“သူ့အမေကို ရှာတွေ့ပြီလို့ စုကျန်းကို ပြောလိုက်ပါ။ ငါတို့က ပြန်မလာတော့ဘူး”
အနက်ရောင်ဝတ်စုံနှင့် လီမူပိုင်က ဘေးတွင်ရှိသော အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီး၏လက်ကို ဆုပ်ကိုင်ထားပြီး ပြုံးသည်။
သေခြင်းရှင်ခြင်းသည် အတူယှဉ်တွဲနေပြီး ကွဲပြားမှုမရှိပေ။
လူသားလောကတွင် ဝိညာဉ်ဖိနှိပ်ခြင်းအလံ မရှိတော့ပေ။ မြေအောက်မြစ်၏ လှေသာ ကျန်တော့သည်။
သို့မဟုတ် သေခြင်းရှင်ခြင်းစာအုပ်ဟု ခေါ်နိုင်သည်။
ထိုပစ္စည်းသည် သေခြင်းရှင်ခြင်းစွမ်းအားမှ ဖြစ်ပေါ်လာပြီး ခေါင်းဆောင်တောက်ရင်နှင့် လီမူပိုင်က ထိန်းချုပ်ထားသည်။
သူတို့က လူများကို သေခြင်းရှင်ခြင်း ပြောင်းလဲသွားအောင် ကူညီပေးနိုင်သည်။
ထိုအရာသည် စည်းမျဉ်း၏စွမ်းအား ဖြစ်သည်။
ထို့အပြင် ကျင့်ကြံခြင်းတစ်မျိုးလည်း ဖြစ်သည်။ ကောင်းကင်ကို ခြေတစ်လှမ်းဖြင့် တက်လှမ်းခြင်း ဖြစ်သည်။ ထိုစွမ်းအားသည် အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်ထက် အားမနည်းပေ။ အင်မော်တယ်ဘုရင် တစ်ဝက်အဆင့်များကပင် ခုခံနိုင်မည်မဟုတ်ပေ။
အဓိကအချက်သည် သူတို့က သေခြင်းရှင်ခြင်းစွမ်းအားကို ထိန်းချုပ်ထားသောကြောင့် မသေဆုံးနိုင်ကြပေ။
ထိုအရာသည် ကျင့်ကြံသူများအတွက် အစစ်အမှန်အခွင့်အရေး ဖြစ်သည်။
ခေါင်းဆောင်တောက်ရင်နှင့် လီမူပိုင်တို့ ဇနီးမောင်နှံက ထိုလမ်းကြောင်းကို ရွေးချယ်ခဲ့သည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ နှုတ်ဆက်သည်။
သူက ဤနေရာမှ ထွက်သွားနိုင်ပြီဖြစ်သည်။
အောက်တွင် ဟိန်းဟောက်သံ ပေါ်ထွက်လာသည်။ ခေါင်းခုနစ်လုံး နဂါးရုပ်တုသားရဲ ဟန်ချီက ပျံသန်းလာပြီး ဟန်မူယဲ့ကို သယ်ဆောင်လိုက်သည်။
တစ်ဖက်တွင် အကြီးအကဲကျူး၊ အကြီးအကဲဖုန်းနှင့် တခြားလူများက ပျံသန်းလာကြသည်။
သူတို့က မြေအောက်မြစ်မှ ထွက်ခွာပြီး ဟန်မူယဲ့၏နောက်သို့ လိုက်ပါရန် ဆန္ဒရှိကြသည်။
တော်ဝင်မြို့တွင်လည်း လူတချို့က ထွက်ခွာပြီး လူတချို့က ဆက်နေကြလိမ့်မည်။
ဟန်မူယဲ့က နဂါးရုပ်တုသားရဲကို စီးနင်းပြီး မိုင်ထောင်ချီအကွာအထိ ပျံသန်းလာသည်။ ရုတ်တရက်ဆိုသလိုပင် သူ့တစ်ကိုယ်လုံးက တုန်ခါသွားသည်။
သူ့ရှေ့တွင် ကောင်းကင်ကို လွှမ်းခြုံထားသော ဧရာမသစ်ပင်ကြီးတစ်ပင် ရှိနေသည်။
ကောင်းကင်သစ်ပင် ဖြစ်သည်။
သစ်ပင်၏ သစ်ရွက်များက တုန်ခါနေပြီး ဟန်မူယဲ့၊ ဟန်ချီနှင့် တခြားလူများကို လွှမ်းခြုံလိုက်သည်။
“ဟားဟား၊ ဒီပြိုင်ပွဲရဲ့ နောက်ဆုံးအနိုင်ရသူက ငါပဲ”
အိုမင်းနေသောအသံ ပေါ်ထွက်လာသည်။
ဟန်ချီက ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်တော့ပေ။
သူက ရုပ်ခန္ဓာနှင့် ဝိညာဉ်စွမ်းအားတွင် သန်မာသော်လည်း ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို သိပ်နားမလည်ပေ။
မည်သို့ပင်ဖြစ်စေ သူက အင်မော်တယ်ဘုရင်တစ်ပါး၏ရှေ့တွင် လှုပ်ရှားရန် မဖြစ်နိုင်ပေ။
ယခုအချိန်တွင် အဖြူရောင်မုတ်ဆိတ်နှင့် အနက်ရောင်ဝတ်စုံကို ဝတ်ထားသော လူအိုကြီးတစ်ယောက်က ဟန်မူယဲ့၏ရှေ့တွင် ရပ်နေသည်။
အနက်ရောင်ဝတ်စုံတွင် သစ်ရွက်အကြောမျှင်များ ရှိနေပြီး အနက်ရောင်အလင်းဖြင့် တောက်ပနေသည်။
သူ့မျက်လုံးများက နတ်ဘုရားအလင်းကို သယ်ဆောင်ထားသကဲ့သို့ တောက်ပနေကြသည်။
“ကောင်းကင်သစ်ပင်”
ဟန်မူယဲ့က တီးတိုးရေရွတ်သည်။
အကယ်၍ သူက ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်ကို သေချာမသိလျှင် သူ့ရှေ့တွင်ရှိသော လူအိုကြီးကို ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်ဟု ထင်မိလိမ့်မည်။
သူတို့နှစ်ယောက်က ဝတ်စုံမှလွဲ၍ အလွန်ဆင်တူသည်။
သို့သော် ဟန်မူယဲ့က ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ပိုင်ဆိုင်ထားသောကြောင့် စွမ်းအားကွဲပြားမှုကို ခံစားမိသည်။
သူက ကောင်းကင်သစ်ပင်၏ စွမ်းအားကိုလည်း သယ်ဆောင်ထားသည်။
ယခင်ကပ်ဘေးမှစွမ်းအား ဖြစ်သည်။
ကောင်းကင်သစ်ပင်က ယခင်ကပ်ဘေးတွင် အသန်မာဆုံးဖြစ်သော်လည်း ရှုံးနိမ့်သွားခဲ့သည်။
“မင်းရဲ့ ကံစွမ်းအားက ခရမ်းရောင်နဲ့အနီရောင်ဖြစ်နေတယ်။ ကောင်းကင်ရဲ့ ရွေးချယ်ခံတစ်ယောက်ပဲ”
လူအိုကြီးက အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“ငါက မင်းကို ဘယ်တုန်းက သတိထားမိတာလဲ တွေးကြည့်ရအောင်”
“မြက်ရိတ်တံကို ကိုင်ထားတုန်းကလား”