← Chapters

အခန်း (၁၀၁၈)

Vol. 73 Ch. 1018

အခန်း (၁၀၁၈)

Vol. 73 Ch. 1018

“ဟားဟား၊ မင်းက တိုးတက်တာမြန်တယ်”

လူအိုကြီးက ခံစားချက်များနှင့် ဟန်မူယဲ့ကို ပြုံးပြသည်။

သို့သော် သူ့မျက်လုံးများက ပြုံးမနေပေ။

“မင်းက အင်မော်တယ်ကမ္ဘာမှာ သောင်းကျန်းနေခဲ့တယ်။ နတ်ဘုရားကမ္ဘာမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကိုလည်း ငါကြည့်နေတယ်”

“မင်းရဲ့ နည်းလမ်းတွေက ထူးခြားတယ်။ မင်းက သတ္တိရှိတယ်”

သူက လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး အလင်းစီးကြောင်းကို ထုတ်ဖော်သည်။

အလင်းရောင်ပုံရိပ်များ ပေါ်လာသည်။ ယွင်လန်မြို့နှင့် သင်္ချိုင်းအင်မော်တယ်မြို့တွင်ရှိသော ဟန်မူယဲ့၏ ပုံရိပ်များ ဖြစ်ကြသည်။

နတ်ဘုရားလောကတွင် ဓာတ်စင်ငါးပါးမီးပြင်းဖိုအား သိမ်းယူခဲ့သောမြင်ကွင်းလည်း ပါဝင်သည်။

“ဓာတ်စင်ငါးပါးမီးပြင်းဖိုက အစစ်အမှန်ရတနာတစ်ပါးပဲ”

“မင်းရဲ့ ဓားကျင့်ကြံမှုက ဘာဖြစ်လို့ အရမ်းတိုးတက်လာတာလဲ ငါသိချင်တယ်”

လူအိုကြီးက သိချင်နေပုံပေါ်သည်။

“ပြီးတော့ ငါ့လက်အောက်မှာရှိတဲ့ မိစ္ဆာလောကလန်က မင်းကို ဘာဖြစ်လို့ သခင်အဖြစ် အသိအမှတ်ပြုထားတာလဲ”

“သူတို့က ငါ့ကိုပဲ အသိအမှတ်ပြုတယ်။ ဒါမှမဟုတ် နတ်ဘုရားရင်းမြစ်နန်းတော်မှာ ချုပ်နှောင်ခံထားရတဲ့ လူကိုပဲ အသိအမှတ်ပြုတယ်”

လူအိုကြီးက လက်မြှောက်သည်။ အစိမ်းပုပ်ရောင်နတ်ဘုရားအလင်းက ဟန်မူယဲ့၏ နဖူးဆီသို့ တိုးဝင်သွားသည်။

“ငါက မင်းရဲ့ဝိညာဉ်နဲ့ ရုပ်ခန္ဓာကို ဖိနှိပ်ပြီး လျှို့ဝှက်ချက်တွေအားလုံးကို ထုတ်ဖော်မယ်”

နတ်ဘုရားအလင်းသည် ဟန်မူယဲ့၏ နဖူးမှတစ်ဆင့် စိတ်နယ်ပယ်ထဲသို့ ရောက်သွားသည်။

“ဝီ”

ဓာတ်စင်ငါးပါးမီးပြင်းဖို၏ မီးပြင်းဖိုငါးခုက လွင့်မျောလာကြသည်။

သို့သော် ထိုမီးပြင်းဖိုများက နတ်ဘုရားဘုရင်ကို မယှဉ်နိုင်ကြပေ။ ချက်ချင်း တွန်းထုတ်ခံလိုက်ရသည်။

ထို့နောက် အစိမ်းပုပ်ရောင်စွမ်းအားသည် စိတ်နယ်ပယ်ထဲသို့ အပြည့်အဝ ဝင်ရောက်လာသည်။

“ခလွမ်”

မူလဝိညာဉ်ဓားရှည်သည် အစိမ်းပုပ်ရောင်အလင်းကို တားဆီးလိုက်သည်။

ဓားအလင်းက ဖျတ်ခနဲလှုပ်ရှားပြီး အလင်းတန်းကို ဖြတ်တောက်သည်။

လူအိုကြီးက အံ့အားသင့်သွားသည်။ သို့သော် ထိတ်လန့်မနေပဲ ပျော်ရွှင်သွားသည်။

“ကောင်းတယ်။ မျှော်လင့်ထားတဲ့အတိုင်း မင်းရဲ့ ဓားတာအိုကျင့်ကြံခြင်းက ထူးခြားတာပဲ။ မူလဝိညာဉ်ဓားကို ဖွဲ့စည်းထားနိုင်တယ်”

သူက ဟန်မူယဲ့က မျက်ခုံးနှစ်ဖက်ကို လှမ်းထိသည်။

ပိုမိုခမ်းနားသော အစိမ်းပုပ်ရောင်အလင်းသည် စိတ်နယ်ပယ်ထဲသို့ ဆင်းသက်လာခဲ့သည်။

ဟန်မူယဲ့၏ ခန္ဓာကိုယ်က တုန်ခါသွားသည်။ အင်မော်တယ်သတ်ဖြတ်ခြင်းဓားက ထိုစွမ်းအားကို မခုခံနိုင်ပဲ နောက်ဆုတ်လိုက်ရသည်။

လူအိုကြီးက ကျယ်လောင်စွာရယ်သည်။ အစိမ်းပုပ်ရောင်စွမ်းအားသည် ပိုက်ကွန်အဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့၏ အင်မော်တယ်သတ်ဖြတ်ခြင်းဓားကို လွှမ်းခြုံသည်။

သို့သော် သူက အင်မော်တယ်သတ်ဖြတ်ခြင်းဓားကို ထုတ်မယူနိုင်ခင် ဓားအလင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ပိုက်ကွန်ကို ဖျက်ဆီးလိုက်သည်။ ထို့နောက် သန်းချီသော ဓားအလင်းများအဖြစ် ပြောင်းလဲပြီး အစိမ်းပုပ်ရောင်စွမ်းအားကို ဖိနှိပ်သည်။

ထောင်ချောက်ဓား ဖြစ်သည်။

လူအိုကြီးက စိတ်နယ်ပယ်ထဲတွင်ရှိသော အစိမ်းပုပ်ရောင်စွမ်းအားနှင့် အဆက်သွယ်ပြတ်သွားသည်။ သူက ကြောင်အသွားခဲ့သည်။

“ကောင်းတယ်။ ကောင်းတယ်”

သူက ကျယ်လောင်စွာရယ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“မင်းမှာ ဒီလိုစွမ်းရည်မျိုး ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

“ငါ့စွမ်းအားက ဒီကပ်ဘေးခေတ်နဲ့ ယှဉ်တွဲမရှိနိုင်ဘူး။ ဒါပေမဲ့ မင်းလိုလူငယ်တစ်ယောက် ဖိနှိပ်နိုင်တဲ့အရာမဟုတ်ဘူး”

“စည်းမျဉ်းကို စည်းမျဉ်းကပဲ ဖိနှိပ်နိုင်တယ်”

သူက ပြုံးလိုက်ပြီး တတိယအကြိမ်မြောက် လက်ဆန့်ထုတ်သည်။

သို့သော် သူ့လက်က လေထုထဲတွင် ရပ်တန့်သွားသည်။

သူ့ရှေ့တွင် သူနှင့် ဆင်တူသော အစိမ်းရောင်စွမ်းအားသည် ဟန်မူယဲ့၏ ကိုယ်ပေါ်တွင် တောက်ပနေသည်။

ဟန်မူယဲ့က သူ့စွမ်းအားကို ချေဖျက်လိုက်သည်။

“အင်မော်တယ်ဘုရင်တစ်ပါးရဲ့ စွမ်းအားကို ချေဖျက်နိုင်တာလား”

လူအိုကြီးက ရှုပ်ထွေးနေသောမျက်နှာထားဖြင့် ဟန်မူယဲ့၏ ကိုယ်ပေါ်တွင်ရှိသော အစိမ်းပုပ်ရောင်စွမ်းအားကို ကြည့်သည်။

“တကယ်လို့ မင်းကို အရင်ကပ်ဘေးခေတ်မှာ တွေ့ခဲ့ရင် သေချာပေါက် ပျိုးထောင်ပေးလိမ့်မယ်”

“ဒါပေမဲ့ ငါ့စွမ်းအားက ဒီကပ်ဘေးခေတ်နဲ့ ယှဉ်တွဲမရှိနိုင်ဘူး။ ငါက တပည့်တွေကို ပျိုးထောင်ပေးဖို့လည်း စိတ်မဝင်စားဘူး”

သူက ရပ်တန့်မနေပဲ ဟန်မူယဲ့၏နဖူကို ဖိချရန် ကြိုးစားသည်။

“ဝီ”

ဟန်မူယဲ့က လက်‌မြှောက်ပြီး လူအိုကြီး၏လက်ကို တားဆီးလိုက်သည်။

“ကောင်လေး၊ မင်းက အင်မော်တယ်ဘုရင်ရဲ့စွမ်းအားကို နားလည်မှာမဟုတ်ဘူး။ စည်းမျဉ်းကိုလည်း နားလည်မှာမဟုတ်ဘူး”

သို့သော် လူအိုကြီးက မျက်လုံးပြူးသွားပြီး ဟန်မူယဲ့၏ လက်ချောင်းများကြားတွင် လှည့်ပတ်နေသော အဖြူအနက်စက်ကွင်းကို ကြည့်သည်။

ထိုစွမ်းအားနှစ်ခုက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။

ဟန်မူယဲ့က အင်မော်တယ်ဘုရင်မင်ဟယ်၏ စွမ်းအားကို ထိန်းချုပ်နိုင်ကြောင်း သူသိထားသည်။

ဟန်မူယဲ့က သူ့စွမ်းအားကိုလည်း သန့်စင်လိုက်သည်။

သို့သော် ထိုအရာက အရေးမပါပေ။

စည်းမျဉ်းများ၏ရှေ့တွင် အင်မော်တယ်ဘုရင်တစ်ပါး၏ စွမ်းအားက မပြောပလောက်ပေ။

သူက ယခင်ကပ်ဘေး၏ အသန်မာဆုံးလူ ဖြစ်သောကြောင့် စည်းမျဉ်းများကို နားလည်ထားသည်။

သို့သော် ထိုစည်းမျဉ်းများက တခြားခန္ဓာကိုယ်ဆီသို့ ရောက်သွားသည်။

ထိုသို့မဟုတ်လျှင် သူက ယခင်ကပ်ဘေးတွင် ရှုံးနိမ့်သွားမည်မဟုတ်ပေ။

သို့သော် ယခုအချိန်တွင် သူက စည်းမျဉ်းအား ထိန်းချုပ်ထားသော လူငယ်တစ်ယောက်ကို မြင်နေရသည်။

“ကပ်ဘေးစွမ်းအားက စည်းမျဉ်းတွေနဲ့ ပေါင်းစပ်နိုင်တယ်”

ဟန်မူယဲ့၏ လက်ချောင်းထိပ်တွင် အစိမ်းရောင်အလင်းက တောက်ပနေပြီး လူအိုကြီး၏လက်ဝါးကို ညွှန်ပြလျက် ညင်သာစွာပြောသည်။

လူအိုကြီးက တစ်ခုခုပြောချင်သော်လည်း မပြောနိုင်တော့ပေ။

သူ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပြိုကွဲသွားသည်။

သူက ထိုခံစားချက်မျိုးကို မကြုံဖူးပေ။

ယခင်ကပ်ဘေး၏ အားကောင်းသော အင်မော်တယ်သခင်တစ်ပါးသည် ဗလာအဖြစ် ပျောက်ကွယ်ပြီး အရိပ်အယောင်မကျန်ပဲ အဆုံးသတ်သွားခဲ့သည်။

ကပ်ဘေးစွမ်းအား၏ရှေ့တွင် အင်မော်တယ်ဘုရင်များက ပုရွက်ဆိတ်နှင့် တူသည်။

ဟန်မူယဲ့က ကပ်ဘေးစွမ်းအားကို ထိန်းချုပ်ထားကြောင်း သူသိနေခဲ့လျှင် ရောက်လာမည်မဟုတ်ပေ။

အားကောင်းသော စွမ်းအားတစ်ခုက ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။

ထိုစွမ်းအားက အလွန်နက်နဲသောကြောင့် သူက မချေဖျက်နိုင်ခဲ့ပေ။

ထိုစွမ်းအားသည် ကပ်ဘေးစွမ်းအားနှင့် ရောယှက်ပြီး ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲတွင် အစိမ်းရောင်သလင်းကျောက်များအဖြစ် ပြောင်းလဲသွားသည်။

အစိမ်းရောင်သလင်းကျောက် တစ်သန်း ရှိနေသည်။

ထိုသလင်းကျောက်တစ်ခုချင်းစီသည် ကြွယ်ဝသော စည်းမျဉ်းစွမ်းအားကို ထုတ်လွှတ်နေသည်။

ထိုသလင်းကျောက်များက စည်းမျဉ်းစွမ်းအားကို သယ်ဆောင်ထားသည်။

ဟန်မူယဲ့က ထိုသလင်းကျောက်များ၏ အသုံးပြုပုံကို မသိပေ။ သို့သော် အင်မော်တယ်ဘုရင်တစ်ပါး၏ စွမ်းအားများဖြစ်ကြောင်း နားလည်သည်။

ယခင်ကပ်ဘေးမှ အသန်မာဆုံးအင်မော်တယ်ဘုရင် ဖြစ်သည်။

“ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်နဲ့ ကောင်းကင်သစ်ပင်”

ဟန်မူယဲ့က တီးတိုးပြောလိုက်ပြီး ပြန်လည်ကြည်လင်လာသော ကောင်းကင်ကို ကြည့်သည်။

သူတို့နှစ်ယောက်က တစ်ခုခု ပတ်သတ်နေလိမ့်မည်။

သူက ပတ်သတ်မှု အတိအကျကို မခန့်မှန်းနိုင်ပေ။

သို့သော် တချို့အရာများကိုတော့ သိလိုက်ရသည်။

ပထမအချက်၊ လွန်ခဲ့သော နှစ်ပေါင်းငါးသန်း၏ တာအိုသင်ပြမှုကို ကောင်းကင်သစ်ပင်က မသိပေ။

ဒုတိယအချက်၊ ဓားတာအိုအမွေအနှစ်၏ နားလည်သဘောပေါက်နိုင်စွမ်းကိုလည်း မသိပေ။

တတိယအချက်၊ သူက ကပ်ဘေးစွမ်းအားကို ထိန်းချုပ်ထားကြောင်း မသိပေ။

အကယ်၍ လူတစ်ယောက်က ထိုအချက်အလက်များကို တမင်သက်သက် တားဆီးထားလျှင် အင်မော်တယ်ဘုရင်၏အထက်တွင် ရှိနေလိမ့်မည်။

ဥပမာအနေဖြင့် ကပ်ဘေးဖြစ်သည်။

“အစ်ကိုကြီး”

ပြန်လည်လှုပ်ရှားနိုင်သော ဟန်ချီက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

သူက ဘဝတစ်ခုကို ဖြတ်သန်းလိုက်ရသကဲ့သို့ ဖြစ်နေသည်။

သူက အင်မော်တယ်ဘုရင်တစ်ပါးနှင့် ရင်ဆိုင်လိုက်ရသောကြောင့် သေသွားလိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့သော် အထိအခိုက်မရှိပဲ ပြန်ထွက်လာခဲ့သည်။

‘အစ်ကိုကြီးက ဘယ်လောက်တောင်သန်မာတာလဲ’

“တာအိုရောင်းရင်ဟန်”

အကြီးအကဲကျူးနဲ့ အကြီးအကဲဖုန်းက ဦးညွတ်လိုက်ကြသည်။

သူတို့က မည်သည့်အရာကိုမှ အာရုံမခံနိုင်ခဲ့ပေ။

သူတို့က ဖိနှိပ်မှုကို ခံနေရသောကြောင့် ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ယောက်နှင့် ရင်ဆိုင်မိကြောင်း နားလည်လိုက်သည်။

သူတို့ကို ဖိနှိပ်ထားနိုင်သောလူက အင်မော်တယ်ဘုရင်ပင် ဖြစ်လိမ့်မည်။

သို့သော် သူတို့က အင်မော်တယ်ဘုရင်၏လက်မှ ရှင်သန်လာခဲ့ကြသည်။

“သွားကြစို့”

ဟန်မူယဲ့က မည်သည့်အရာကိုမှ မပြောချင်သောကြောင့် ခေါင်းခါသည်။ သူက ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အသက်သွင်းလိုက်သည်။

သူကြုံတွေ့ခဲ့သောအရာကို တခြားလူများ မသိသင့်ပေ။

‘နတ်ဘုရားကမ္ဘာက ဘာကို ကြံစည်နေတာလဲ’

‘ကောင်းကင်သစ်ပင်က ဒီလိုပဲ သေဆုံးသွားတာလား’

သူက ကျင့်ကြံဆင့်မြင့်သွားသောအခါတွင် ထိုအရာများအားလုံးကို နားလည်လာလိမ့်မည်။

‘ပြီးတော့ ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ’

ဟန်မူယဲ့က ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်နှင့် သွားတွေ့သင့်သည်ဟု ခံစားရသည်။

သူက တချို့အရာများကို အတည်ပြုရန် လိုအပ်နေသည်။

ဟန်မူယဲ့က အင်မော်တယ်ရင်းမြစ်ကမ္ဘာသို့ ပြန်ရောက်လာသောအခါ လုချန်းဖျင်နှင့် ဟွမ်ကျစ်ဟူကို သွားတွေ့ခဲ့သည်။

ဟွမ်ခြောက်က နတ်ဘုရားကမ္ဘာသို့ ရောက်သွားသည်။ သူတို့နှင့် ပြန်တွေ့နိုင်မည့်အချိန်ကို သေချာမပြောနိုင်ပေ။ ထို့ကြောင့် လုချန်းဖျင်နှင့် ဟွမ်ကျစ်ဟူက အနည်းငယ် စိုးရိမ်နေကြသည်။

သို့သော် ဟွမ်ခြောက်က မြေအောက်မြစ်အင်မော်တယ်ဘုရင်၏ အစစ်အမှန်ခန္ဓာကိုယ်ကို ရရှိပြီး နတ်ဘုရားကမ္ဘာ၏ အကူအညီဖြင့် ခန္ဓာကိုယ်ကို သန့်စင်မည်ဖြစ်ကြောင်း သိလိုက်ရသောအခါတွင် စိတ်သက်သာသွားကြသည်။

ကျင့်ကြံသူများသည် စိတ်ကူးမယဉ်နိုင်သော အခွင့်အရေးများကို ရကြသည်။

အင်မော်တယ်ဘုရင်အဆင့်သည် ဤလောက၏ အထွတ်အထိပ် ဖြစ်သည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများက နတ်ဘုရားကမ္ဘာသို့ သွားချင်ကြသည်။

မိသားစုဝင်များဖြစ်သော လုချန်းဖျင်နှင့် ဟွမ်ကျစ်ဟူက ဟွမ်ခြောက်၏ အခွင့်အရေးကြောင့် ပျော်ရွှင်နေကြသည်။

“အစ်ကိုခြောက်က ငါ့ကို လူသားကမ္ဘာမှာ နှစ်ပေါင်းများစွာကြာအောင် အဖော်ပြုပေးပြီး အချိန်ဖြုန်းလိုက်တာပဲ”

လုချန်းဖျင်က ညင်သာစွာ သက်ပြင်းချလိုက်ပြီး ဟွမ်ကျစ်ဟူကို ကြည့်သည်။

“ကျစ်ဟူ၊ ကောင်းကင်ကျင့်ကြံပါ။ သမီးအဖေကို စိတ်မပျက်စေနဲ့”

“သမီးအဖေကို ပြန်တွေ့ရင် ကောင်းကင်နင်းခြေအင်မော်တယ်ဘုရင် ဖြစ်နေလောက်ပြီ”

ဟွမ်ခြောက်၏ အခွင့်အရေးနှင့်ဆိုလျှင် အင်မော်တယ်ဘုရင် ဖြစ်သွားနိုင်သည်။

ဟန်မူယဲ့ကပင် ကောင်းမွန်စွာ မကျင့်ကြံလျှင် ဟွမ်ခြောက်ကို မယှဉ်နိုင်လောက်ဟု ခံစားမိသည်။

ဟွမ်ကျစ်ဟူက ယခုအချိန်တွင် ထုံဟယ်အင်မော်တယ်ကမ္ဘာအား တိုက်ခိုက်နေသော ဓားကျင့်ကြံသူများကို တာဝန်ယူထားသည်။ သူမက ခွန်အားကောင်းသည်။

ဟန်မူယဲ့၏ ညွှန်ကြားချက်အရ အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ကျင့်ကြံသူများက ထုံဟယ်အင်မော်တယ်ကမ္ဘာ၏ တိုက်ပွဲတွင် လေ့ကျင့်နေကြသည်။

လီယွင်ကန်းနှင့် အင်မော်တယ်သခင်များက စောင့်ကြပ်နေသောကြောင့် အမှားအယွင်းမရှိနိုင်ပေ။

ဟန်မူယဲ့က ဓားစံအိမ်သို့ ပြန်သွားပြီး အာခီမီလမ်းစဉ်တွင် စိတ်နစ်ထားသော မူဝမ်ကို တွေ့လိုက်သည်။

သူက မြေအောက်မြစ်တွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပြောပြလိုက်သည်။

All Chapters