← Chapters

အခန်း (၁၀၁၉)

Vol. 73 Ch. 1019

အခန်း (၁၀၁၉)

Vol. 73 Ch. 1019

“အစ်ကိုခြောက်က အဲဒီလို အခွင့်အရေးမျိုးကို တကယ်ရခဲ့တာလား”

“အစ်မခြောက်ကတော့ ခံစားရအုံးမှာပဲ။ အရင်တုန်းကလိုမျိုး တစ်ယောက်တည်း ကျန်နေခဲ့ပြန်ပြီ”

“အကြီးအကဲလီမူပိုင်က ဇနီးသည်နဲ့အတူ ရှိနေတာ ကောင်းတယ်”

မူဝမ်က ရှုပ်ထွေး‌သောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ခေါင်းမော့ကြည့်သည်။

မယုံကြည်နိုင်စရာကောင်းသော ထိုဖြစ်ရပ်များအားလုံးကို သူမ၏ အစ်ကိုဟန်က ကိုယ်တိုင် ကြုံတွေခဲ့သည်။

“အစ်ကိုဟန်၊ ညီမမှာ စွမ်းရည်မရှိဘူး။ အာခီမီအခန်းထဲမှာနေပြီး ဆေးလုံးသန့်စင်ဖို့ပဲ တတ်နိုင်တယ်”

‘အစ်ကိုဟန်ရဲ့ဘဝက စိတ်လှုပ်ရှားစရာပဲ”

သူမက ဟန်မူယဲ့ကို ကမ္ဘာဆုံးအထိ အဖော်ပြုပေးချင်သည်။

သို့သော် သူမက တိုက်ခိုက်နိုင်စွမ်း မကောင်းပေ။

ဟန်မူယဲ့အတွက် ပြဿနာဖြစ်မှာ စိုးရိမ်သည်။

ယွင်ကျင်းကလည်း ထိုသို့ပင်ဖြစ်သည်။ သူမတို့က နောက်တွင် ဂရုတစိုက်နေပြီး ဟန်မူယဲ့ကို ဒုက္ခမပေးရဲကြပေ။

ဟန်မူယဲ့က မူဝမ်၏ မျက်ခုံးနှစ်ဖက်ကြားတွင်ရှိသော အနီရောင်ပန်းပွင့်ကို ကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။

သူက ကောင်းကင်သစ်ပင်၏အကြောင်းကို မပြောခဲ့ပေ။

သူမ၏ သွေးမျိုးဆက်က ကပ်ဘေးနှင့် ပတ်သတ်နေနိုင်သော အကြောင်းကိုလည်း မပြောခဲ့ပေ။

တစ်နေ့တွင် မူဝမ်၏ နောက်ခံကြောင့် ပြဿနာတက်လာလိမ့်မည်။

သို့သော် ဟန်မူယဲ့က မကြောက်ပေ။

သူက လုံလောက်အောင် သန်မာလျှင် အရာအားလုံးကို ဖြေရှင်းနိုင်သည်။

“‌ကောင်းပြီ။ အာခီမီကိုပဲ ဂရုစိုက်မနေနဲ့။ ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ပြန်သွားရအောင်”

ဟန်မူယဲ့က မူဝမ်ကို ဆွဲခေါ်ပြီး လှည့်ထွက်သွားသည်။

‘ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ပြန်သွားမှာလား’

မူဝမ်၏မျက်နှာက ပျော်ရွှင်မှုကြောင့် တောက်ပသွားသည်။

ရက်အနည်းငယ်အကြာတွင် မူဝမ်၊ ယွင်ကျင်းနှင့် ဟန်မူယဲ့တို့က ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ပြန်ရောက်လာပြီး အင်မော်တယ်သင်္ဘောတစ်စင်းဖြင့် မြစ်ထဲတွင် လျှောက်သွားနေခဲ့သည်။

ဖြည်းဖြည်းချင်း မြစ်ထဲတွင် ဒဏ္ဍာရီများပေါ်ထွက်လာသည်။

အင်မော်တယ်သင်္ဘောတစ်စင်းသည် မြစ်ထဲတွင် ရွက်လွှင့်နေပြီး သင်္ဘောပေါ်သို့ ဖိတ်ခေါ်ခံရသော လူများက ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းနိုင်လိမ့်မည်။

သာမန်လူသားဖြစ်စေ ကျင့်ကြံသူဖြစ်စေ အခွင့်အရေးရလိမ့်မည်။

ထိုဒဏ္ဍာရီသည် နှစ်ပေါင်းဆယ်ချီ၊ နှစ်ပေါင်းရာချီအထိ ပျံ့နှံ့နေခဲ့သည်။

....

ထိုက်ချန်ဝိညာဉ်ကမ္ဘာသည် ဖူယွီအင်မော်တယ်ကမ္ဘာ၏ လက်အောက်တွင်ရှိသော ကမ္ဘာတစ်ခု ဖြစ်သည်။

အင်မော်တယ်ကမ္ဘာတွင် ဝိညာဉ်ကမ္ဘာကို အင်မော်တယ်နှင့် သေမျိုးများအား ခွဲခြားပေးနိုင်သော အင်မော်တယ်အသွင်ပြောင်းရေကန်ဟု ခေါ်သည်။

ထိုဝိညာဉ်ကမ္ဘာသည် ကိုယ်ပိုင်ကမ္ဘာကို မပိုင်ဆိုင်ပဲ အင်မော်တယ်ကမ္ဘာနှင့် ပူးတွဲတည်ရှိသည်။

ဝိညာဉ်ကမ္ဘာသည် အင်မော်တယ်တက်လှမ်းစင်မြင့်မှတစ်ဆင့် မရေမတွက်နိုင်သော လူသားကမ္ဘာများနှင့် ချိတ်ဆက်နေသည်။

ဖူယွီအင်မော်တယ်ကမ္ဘာ၏ လက်အောက်တွင် ထိုက်ချန်ဝိညာဉ်ကမ္ဘာကဲ့သို့ များပြားသော ဝိညာဉ်ကမ္ဘာများ ရှိနေသည်။

သို့သော် ထိုက်ချန်အင်မော်တယ်ကမ္ဘာသို့ ကျင့်ကြံသူများလက်ခံရန် တခြားအင်အားစုများ ရောက်မလာပဲ သွေးစစ်ပွဲဂိုဏ်း၏ တပည့်တချို့ ရှိနေသည်။

ထိုအရာသည် အင်မော်တယ်ဂိုဏ်းများအတွက် ပုံမှန်သာဖြစ်သည်။ ဝိညာဉ်ကမ္ဘာအများအပြားကို ပိုင်ဆိုင်ထားသောကြောင့် တစ်ခု၊ နှစ်ခုကို မစောင့်ရှောက်နိုင်လျှင်လည်း ကိစ္စမရှိပေ။

ဝိညာဉ်ကမ္ဘာတွင် အခြေချနေသော တပည့်များကလည်း ကမ္ဘာ၏ အရေးကိစ္စနှင့် ပတ်သတ်၍ ဝင်မပါကြပေ။

“ဒီတစ်ကြိမ်မှာ အင်မော်တယ်တက်လှမ်းစင်မြင့် ပွင့်လာရင် သွေးစစ်ပွဲဂိုဏ်းက လူသားကမ္ဘာတစ်ခုကို ဖျက်ဆီးပစ်မယ်လို့ ငါကြားထားတယ်”

အဝေးတစ်နေရာတွင်ရှိသော အင်မော်တယ်တက်လှမ်းစင်မြင့်တွင် ထွက်ပေါ်လာသည့် ချီစွမ်းအင်အလင်းကို ကြည့်လိုက်ပြီး လူတစ်ယောက်က တီးတိုးပြောသည်။

“ငါသိတယ်။ အရင်နှစ်တွေမှာ လူသားကမ္ဘာတစ်ခုက ဖရိုဖရဲဖြစ်ခဲ့တယ်။ သူတို့က အင်မော်တယ်တက်လှမ်းစင်မြင့်ကို ပိတ်လိုက်ပြီး သွေးစစ်ပွဲဂိုဏ်းကို ဒေါသဖြစ်စေခဲ့တယ်”

“အဲဒီကမ္ဘာကနေ တက်လှမ်းလာတဲ့ ကျင့်ကြံသူတွေက အင်မော်တယ်ချုပ်နှောင်ရေကန်မှာ ဖမ်းဆီးခံထားရတယ်။ နှစ်ပေါင်းတစ်ထောင်အတွင်း အင်မော်တယ်အဖြစ် အသွင်မပြောင်းနိုင်ရင် သေဆုံးရလိမ့်မယ်”

သူတို့၏ စကားသံနှင့်အတူ အင်မော်တယ်တက်လှမ်းစင်မြင့်သည် ပိုမိုတောက်ပလာခဲ့သည်။

အလင်းတန်းထဲမှ ပုံရိပ်များ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။

လူအများစုက ကောင်းမွန်စွာ ဝတ်စားထားပြီး အားကောင်းသော ချီစွမ်းအင်နှင့် တော်ဝင်ဆန်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

သူတို့က အင်မော်တယ်တက်လှမ်းစင်မြင့်မှ ထွက်လာသောအခါတွင် မတူညီသော မျက်နှာထားကို ပြသလိုက်ကြသည်။

တချို့က အရိုင်းဆန်စွာ ရယ်မောနေသည်။ တချို့က ငိုကြွေးလိုက်သည်။ တချို့က တည်ငြိမ်ချင်ယောင်ဆောင်နေပြီး တချို့က နက်ရှိုင်းစွာ သက်ပြင်းချသည်။

ဝိညာဉ်ကမ္ဘာတွင်ရှိသော လူများက သူတို့၏ မျက်နှာထားအမျိုးမျိုးနှင့် ရင်းနှီးနေသည်။

ဝိညာဉ်ကမ္ဘာ၏ နယ်မြေခံကျင့်ကြံသူများအတွက် ဝိညာဉ်ကမ္ဘာသည် မထူးဆန်းပေ။ အင်မော်တယ်ကမ္ဘာ၏ လက်အောက်ခံနယ်မြေတစ်ခုသာဖြစ်ပြီး အင်မော်တယ်ကမ္ဘာသို့ တက်ရောက်သွားနိုင်မည့် အခွင့်အရေးကို သယ်ဆောင်ထားသည်။

သို့သော် လူသားကမ္ဘာမှ တက်လှမ်းလာသော ကျင့်ကြံသူများအတွက် ဤနေရာသည် သူတို့၏ အင်မော်တယ်ကျင့်ကြံခြင်းလမ်းစဉ်အစ ဖြစ်သည်။

“ဟားဟား၊ ငါက နှစ်ပေါင်း ၃၂၀,၀၀၀ကြာအောင် ကျင့်ကြံပြီး တက်လှမ်းဖို့ အခွင့်အရေးနှစ်ခုကို လွဲချော်ခဲ့ရတယ်။ အခုတော့ ကပ်ဘေးကို ကျော်ဖြတ်ပြီး ဝိညာဉ်ကမ္ဘာကို ရောက်လာခဲ့ပြီ”

“ဟားဟား၊ အဲဒါဆိုရင် ငါက မင်းကို အစ်ကိုကြီးလို့ ခေါ်ရတော့မှာပဲ။ ငါက နှစ်ပေါင်း ၂၄၈,၀၀၀ ကျင့်ကြံပြီး လူသားကမ္ဘာရဲ့ အထွတ်အထိပ်ကို ရောက်ခဲ့တယ်။ အခု အင်မော်တယ်တက်လှမ်းစင်မြင့်ကို ဝင်ရောက်နိုင်ခဲ့ပြီ။ တကယ်ပျော်စရာပဲ”

“ဟမ့်၊ မင်းတို့အားလုံးက ငါ့ထက်ငယ်တယ်”

....

အင်မော်တယ်တက်လှမ်းစင်မြင့်၏ရှေ့တွင် မရေမတွက်နိုင်သော ဘဝဇာတ်ကြောင်းများ ပေါ်ထွက်လာသည်။

ထိုအချိန်တွင် အင်မော်တယ်တက်လှမ်းစင်မြင့်တစ်ခု၏ ရှေ့၌ အနီရောင်ချပ်ဝတ်နှင့် အနီရောင်လှံရှည်ကို ကိုင်ဆောင်ထားသော သွေးစစ်ပွဲဂိုဏ်း၏ တပည့်များ ရပ်နေကြသည်။

သူတို့၏နောက်တွင် စိတ်လှုပ်ရှားနေသော ကျင့်ကြံသူများ ရှိကြသည်။

သွေးစစ်ပွဲဂိုဏ်းမှ တပည့်များ၏ပြောစကားအရ အင်မော်တယ်တက်လှမ်းစင်မြင့် ပွင့်လာသောအချိန်တွင် ကမ္ဘာတစ်ခုကို ဖျက်ဆီးပစ်မည်ဖြစ်သည်။

ထိုကမ္ဘာသည် သွေးစစ်ပွဲဂိုဏ်းကို ဆန့်ကျင်ခဲ့သည်။

ကမ္ဘာတစ်ခုကို ဖျက်ဆီးခြင်းသည် အရင်းအမြစ်များကို သိမ်းပိုက်ခြင်း ဖြစ်သည်။

ဤနေရာတွင် စုဝေးနေသော တက်လှမ်းလာသည့်လူများ၊ နယ်မြေခံများ အားလုံးသည် လုယက်ရန် ရောက်လာကြသည်။

“ဝီ”

အင်မော်တယ်တက်လှမ်းစင်မြင့်သည် အလင်းတန်းကို ထုတ်လွှတ်ပေးလိုက်သည်။

အနီရောင်ချပ်ဝတ်နှင့် ပုံရိပ်များက အင်မော်တယ်တက်လှမ်းစင်မြင့်ဆီသို့ ဝင်ရောက်သွားသည်။

နောက်တွင်ရှိနေသော ကျင့်ကြံသူများကလည်း လျင်မြန်စွာ လိုက်လာကြသည်။

ပတ်ဝန်းကျင်တွင်ရှိသော အလင်းတန်းက စုစည်းနေသောအချိန်တွင် အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူတစ်ယောက်က အလင်းတန်းထဲသို့ ရုတ်တရက် ဝင်သွားသည်။

“အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ ကျင့်ကြံသူတွေ၊ မြန်မြန်နောက်ဆုတ်သွားကြတော့။ သွေးစစ်ပွဲဂိုဏ်းရဲ့ တပည့်တွေက ဒီကမ္ဘာကို ဖျက်ဆီးဖို့ ရောက်လာကြပြီ။ ငါ ကျောက်ယန်က နတ်ဘုရားခုံရုံးရဲ့ စစ်သူကြီးတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ ဒီနေ့မှာ ငါက အသက်စွန့်ပြီး ဒီသတင်းကို .... အမ် ....”

ကျောက်ယန်က သိပ်သည်းသော အင်မော်တယ်စွမ်းအားကြောင့် ရပ်တန့်သွားသည်။

သူ့ရှေ့တွင် ရင်းနှီးနေသော အင်မော်တယ်ရင်းမြစ်ကမ္ဘာက အင်မော်တယ်အငွေ့အသက်ဖြင့် ပြည့်နှက်နေသည်။

‘အင်မော်တယ်စွမ်းအားလား’

‘လူသားကမ္ဘာက ဘယ်လိုလုပ်ပြီး အင်မော်တယ်စွမ်းအားကို ပိုင်ဆိုင်နိုင်မှာလဲ’

“ဘုန်း ....”

အားကောင်းသောစွမ်းအားတစ်ခုသည် ကျောက်ယန်၏နောက်တွင်ရှိသော အလင်းတန်းအတွင်းမှ ပေါက်ကွဲထွက်လာပြီး သူ့ကို တွန်းထုတ်သည်။

လှံရှည်ကိုင်ထားသော သွေးစစ်ပွဲဂိုဏ်း၏ တပည့်များက ရှေ့တက်လာပြီး အံ့အားသင့်စွာ ရပ်တန့်လိုက်ကြသည်။

‘အင်မော်တယ်စွမ်းအင် ....”

“ငါတို့က အင်မော်တယ်ကမ္ဘာကို ရောက်လာတာလား”

“သွေးစစ်ပွဲဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေက ငါတို့ကို အင်မော်တယ်ကမ္ဘာဆီ ခေါ်လာတာပဲ”

လူအုပ်က ပျော်ရွှင်နေကြသည်။ သို့သော် သွေးစစ်ပွဲဂိုဏ်း၏ တပည့်များက စိတ်ရှုပ်ထွေးနေကြသည်။

ဤနေရာသည် အင်မော်တယ်ရင်းမြစ်ကမ္ဘာ ဖြစ်သင့်သည်။

“အင်မော်တယ်တက်လှမ်းစင်မြင့် ပွင့်လာပြီ။ ခင်ဗျားတို့အားလုံး အင်မော်တယ်အသွင်ပြောင်းရေကန်ကို သွားလို့ရပြီ”

“ဂရုစိုက်ကြပါ”

အင်မော်တယ်တက်လှမ်းစင်မြင့်၏ အပြင်ဘက်တွင် အသံတစ်သံ ထွက်လာသောကြောင့် လူတိုင်းက ခေါင်းမော့ကြည့်လိုက်သည်။

ကျင့်ကြံသူများက လေးနက်သော မျက်နှာထားဖြင့် တန်းစီလျက် ရှိနေကြသည်။

အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ကျင့်ကြံသူများ ဖြစ်ကြသည်။

ကျောက်ယန်က ထိုလူများကို ကြည့်လိုက်ပြီး လူအိုကြီးတစ်ယောက်ကို မြင်ရသည်။ သူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“တာအိုရောင်းရင်းကျူးချန်ယွီ၊ ငါ ကျောက်ယန်ပါ”

သူ့စကားကို ကြားလိုက်ရသောအခါတွင် လူအိုကြီးက ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။

“စစ်သူကြီးကျောက်၊ မတွေ့ရတာ ကြာပြီ”

‘ဒါပဲလား’

ကျောက်ယန်က လေထုထဲသို့ ခုန်တက်လိုက်ပြီး အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ ကျင့်ကြံသူများဆီသို့ ရောက်သွားသည်။

“အားလုံးပဲ မြန်မြန်နောက်ဆုတ်ကြပါ။ သွေးစစ်ပွဲဂိုဏ်းရဲ့ တပည့်တွေက ဒီကမ္ဘာကို ဖျက်ဆီးပစ်ချင်နေတယ်”

သူ့စကားကို ကြားလိုက်ရသောအခါတွင် အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပြုံးသည်။

ကျောက်ယန်က စကားပြောရန် ပြင်လိုက်သော်လည်း နောက်ကျသွားသည်။

သွေးစစ်ပွဲဂိုဏ်း၏ တပည့်များက ရူးသွပ်စွာ ရယ်မောနေကြသည်။ သူတို့၏ လှံရှည်များက သွေးနဂါးအဖြစ် ပြောင်းလဲသွားပြီး အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ ကျင့်ကြံသူများဆီသို့ ပြေးဝင်လာသည်။

ထိုတိုက်ခိုက်မှုသည် နတ်ဘုရားဘုရင်အဆင့်ထက် ကျော်လွန်နေသည်။

လူအများအပြား သေဆုံးသွားရလိမ့်မည်။

ကျောက်ယန်က မျှော်လင့်ချက်ကင်းမဲ့သွားသည်။

‘ငါက အသက်စွန့်ပြီး သတိပေးခဲ့ရင်တောင် အသုံးမဝင်ဘူး’

သူက အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ကံကြမ္မာကို မပြောင်းလဲနိုင်ခဲ့ပေ။

‘အင်မော်တယ်ရင်းမြစ်ကမ္ဘာမှာ အင်မော်တယ်စွမ်းအင်ရှိနေရင်ရော ဘာဖြစ်လဲ’

‘အခု ဖျက်ဆီးခံရတော့မှာပဲ’

‘နတ်ဘုရားခုံရုံးခေတ်မှာ နတ်ဘုရားဧကရာဇ်က သူ့ကိုယ်သူ စတေးခဲ့တယ်။ ဒါပေမဲ့ နတ်ဘုရားခုံရုံးကို မကာကွယ်နိုင်ခဲ့ဘူး’

‘တချို့ကိစ္စတွေအတွက် ကံကြမ္မာက ကြိုတင်သတ်မှတ်ပြီးသားလား’

ကျောက်ယန်က မျက်လုံးမှိတ်ပြီး အမှန်တရားကို လက်ခံတော့မည့်အချိန်တွင် မျက်လုံးပြူးသွားသည်။

သူ့ရှေ့တွင်ရှိနေသော ကျူးချန်ယွီနှင့် တခြားလူများက ကြွယ်ဝသော အင်မော်တယ်စွမ်းအင်ကို ထုတ်လွှတ်နေကြသည်။

သူတို့အားလုံးက ကောင်းကင်အင်မော်တယ်အဆင့်တွင် ရှိကြသည်။

‘သူတို့က ကောင်းကင်အင်မော်တယ်တွေလား’

‘သူတို့က ကောင်းကင်အင်မော်တယ်တွေပဲ’

“ဘုန်း ....”

သွေးနဂါးသည် ကောင်းကင်အင်မော်တယ်များ၏ အင်မော်တယ်အလင်းနှင့် ထိတွေ့ပြီး ပျက်စီးသွားသည်။

တိုက်ခိုက်လိုက်သော သွေးစစ်ပွဲဂိုဏ်း၏ တပည့်များက ကိုယ်ပိုင်စွမ်းအား၏ တန်ပြန်မှုကြောင့် ဗလာအဖြစ် ပျောက်ကွယ်သွားသည်။

သူတို့၏ တိုက်ခိုက်မှုက ပစ်မှတ်ကို လွဲချော်သွားလျှင် သူတို့က သေဆုံးရလိမ့်မည်။

အစမှအဆုံးအထိ အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ကျင့်ကြံသူများက အရှိန်အဝါကို ထုတ်လွှတ်ခဲ့ရုံသာ ရှိသည်။

သူတို့က အဆင့်နိမ့်ကျင့်ကြံသူများအတွက် လှုပ်ရှားရန် မလိုအပ်ပေ။

တောက်ပနေသော အင်မော်တယ်အလင်းကြောင့် အင်မော်တယ်တက်လှမ်းစင်မြင့်တွင်ရှိသော ဝိညာဉ်ကမ္ဘာ၏ ကျင့်ကြံသူများက နားမလည်နိုင် ဖြစ်နေကြသည်။

‘ဒါက တကယ်ကို အင်မော်တယ်ကမ္ဘာပဲ’

“အားလုံးပဲ ဝိညာဉ်ကမ္ဘာကို ဝင်ရောက်ပြီး ချီစွမ်းအင်ကို ချေဖျက်ကြပါ။ အချိန်ကျလာရင် ခင်ဗျားတို့အားလုံးက ဒီဖြစ်စဉ်ကို နားလည်သွားမှာပါ”

အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ ကျင့်ကြံသူများ၏ရှေ့တွင် အစိမ်းပုပ်ရောင်တာအိုဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က လက်နှစ်ဖက်ကိုဆုပ်ကိုင်လျက် ပြောသည်။

“တခြားအင်မော်တယ်ကမ္ဘာကို တိုက်ရိုက်ဝင်ရောက်လိုက်ရင် ဒီအင်မော်တယ်ကမ္ဘာရဲ့ စွမ်းအားကို ဆွဲယူသွားလိမ့်မယ်။ အဲဒါကြောင့် ဝိညာဉ်ကမ္ဘာမှာ အင်မော်တယ်စွမ်းအားကို ဖိနှိပ်ဖို့ လိုအပ်တယ်”

“ငါက ထုံဟယ်အင်မော်တယ်ကမ္ဘာမှာ မကျင့်ကြံခင် ဝိညာဉ်ကမ္ဘာမှာ သန့်စင်မှု ခံယူခဲ့တယ်”

“သခင်မလေးကျစ်ဟူက ဝိညာဉ်ကမ္ဘာမှာရှိတဲ့ ငါ့ရဲ့ ကျင့်ကြံခြင်းအတွေ့အကြုံကို တန်ဖိုးထားလို့ မင်းတို့အတွက် လမ်းညွှန်လုပ်ခိုင်းခဲ့တယ်”

လူအိုကြီးက အလွန်ယဉ်ကျေးပြီး အင်မော်တယ်ကမ္ဘာတွင် ကျင့်ကြံခဲ့သော ကောင်းကင်အင်မော်တယ်အဆင့် ကျွမ်းကျင်သူတစ်ယောက်နှင့် မတူပေ။

All Chapters